Main menu

Background

Sunday, 1 May 2011

ပဲကြီး ဆက်လက်တင်ပို့နေ                ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်ကနေ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၆ သန်းတန်ဖိုးရှိ ပဲကြီး ၇၄ တန်ကို တင်ပို့ခဲ့ပါ တယ်။ သြင်္ကန်နှစ်သစ်ကူးကာလမှာလည်း တန် ၄ဝဝ နီးပါး တင်ပို့ ခဲ့တာကြောင့် မပြတ်မလပ်တင်ပို့နေတာတွေ့ရပါတယ်။ MIRT (DOBT) 

Sunday, 1 May 2011

မုံရွာစိမ်းကြီး ဈေးတက်ရေးမြင်              မုံရွာကုန်စည်ဒိုင် ဧပြီလကုန်ပတ် ပဲတီစိမ်းဈေးကွက် အနေနဲ့ ဈေးကွက်ဝယ်လိုအားရှိပေမဲ့ နယ်ပစ္စည်းအဝင် အား နည်းခဲ့လို့ တက်ဈေးဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ မုံရွာ ကုန်စည်ဒိုင် ဈေးကွက်အတွင်း ပဲတီအသစ်ပေါ်စတစ်တင်း ၂၅ဝဝဝ ကျပ်နဲ့ ဈေးဖွင့်ခဲ့သလို ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတလို့ တစ်ရက်ထက်တစ်ရက် ဈေးမြင့်လာခဲ့ကာ ဧပြီ ၂၉ ရက်နေ့မှာ တစ်တင်း ၂၈ဝဝဝ ကျပ်ထိ ဈေးမြောက်လာခဲ့တာ တွေ့ရပါတယ်။ ဝယ်လက်အားဖြင့် ဒေသတွင်းလုပ်ငန်းသုံး သမားများအပြင်၊ မန္တလေး လက်ပါရှိခဲ့လို့ ပစ္စည်းဝင် သလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်လိုအပ်ချက် မြင့်မားနေပေမဲ့ ဧပြီ ၂၇၊ ၂၈၊ ၂၉ ရက်များအတွင်း မုံရွာနယ်ဝန်းကျင်မှာ ရွာခဲ့တဲ့မိုးကြောင့် ရေဝင်ဒေသနဲ့ အင်းဒေသများမှာ ရေဝင်ခဲ့လို့ နွေ ပဲတီခင်း တစ်ချို့ ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်းနဲ့ ဈေးကွက်ထဲပစ္စည်း အဝင်လည်း အနည်းငယ်ထိခိုက်နိုင်လို့ တက်ဈေးမြင်တယ်လို့ ဈေးကွက်က ဆိုပါတယ်။                    ထွန်းလှိုင်

Sunday, 1 May 2011

ပြည်ဘိုကိတ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်              ပြည်ဘိုကိတ်ပဲမှာ ဈေးကွက်တွင်း ဈေးဆက်တိုက်ကျဆင်းနေပါတယ်။ ဒေသတွင်းလုပ်ငန်းရှင်များမှာ သြင်္ကန် ပိတ်ရက်များတွင် လုပ်ငန်းများ ရပ်ဆိုင်းထားတဲ့အတွက် အရောင်းအဝယ်အေးကာ ဈေးများဆက်တိုက် ကျဆင်းနေခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ်များမှ တစ်နေ့ကို အိတ် ၃ဝ-၄ဝ ဝန်းကျင်အဝင်ရှိပြီး ပဲအရည်အသွေး အနည်းငယ်ညံ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆုမွန်ဆွေ 

Sunday, 1 May 2011

ပြည်မတ်ပဲ ဈေးဆက်လက်ကျဆင်း              ပြည်ရဲ့ မတ်ပဲဈေးကွက်မှာ ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၁ဝဝဝ ကျပ် ဈေးရှိပြီး ယခုတစ်ပတ်မှာတော့ ၂ဝဝဝဝ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ပဲဈေးမှာ သြင်္ကန်ပြီးစမှစ၍ တဖြည်းဖြည်းဈေးကျလာတာကို တွှေ့ုရပါတယ်။ ပြည်အနီးအနားမြို့များမှ တစ်နေ့ကို အိတ် ၆ဝဝ-၇ဝဝ ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်ကလည်း အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၅ဝဝ-၆ဝဝ ခန့် အဝယ်ရှိပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်များပေမဲ့ ဈေးလျှော့အဝယ်ရှိလို့ ဈေး အေးနေတယ် လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ပြည်မှ ဘုရင့်နောင်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၂၃၅ဝ ခန့်တင်ပို့တယ်လို့ သိရပါတယ်။                                  မိမိအေး 

Sunday, 1 May 2011

 ပခုက္ကူပဲတီစိမ်းနဲ့မိုး               ၂ဝ၁ဝ ခုနှစ်က ဧပြီလ ၂၆ ရက်မှာ မိုးနဲ့အတူ လေပြင်းတိုက်ခတ် ခဲ့လို့ပခုက္ကူမြို့ပေါ်မှာ အဆောက်အအုံ အချို့ သွပ်ပြားတွေလွင့်၊ သစ်ပင်တွေ လဲ ၊ လမ်းတွေပိတ်နဲ့ ဖြစ်ခဲ့ကြပါတယ်။ ဒီနှစ်လည်း ဧပြီလ ၂၇ ရက်မှာ လေမပါ ပေမဲ့ မိုးကတော့ ရေပါအောင်ရွာခဲ့ပါ တယ်။                ဒီမိုးကြောင့် မြို့ရွာတွေမှာ အပူ ဒဏ်သက်သာသွားပြီး မီးရေးထင်းရေး စိတ်အေးသွားရသလို စိုက်ပျိုးပြီးတဲ့ နွေ စပါးခင်းတွေအတွက် ရေတစ်အိုး မိုးတစ်ပေါက်ဆိုတဲ့ စကားအတိုင်း စိမ်း လန်း စိုပြေလှပနေပါတော့တယ်။ ယာ ခင်းပြင်တွေမှာလည်း ထယ်ရေးထွန် ရေးဝင်ပြီး ပဲနှမ်းများစတင်စိုက်ပျိုး လုပ်ကိုင်နေကြပါပြီ။ ဒါပေမဲ့ ဒီမိုးကို ရက်ရှည်စွေပြီး ရွာမှာစိုးရိမ်နေကြတဲ့ လူတွေလည်း ရှိပါသေးတယ်။ ပခုက္ကူခရိုင်အတွင်းက ရေသွင်း ပဲတီစိမ်း စိုက်ခင်းပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လမှာ စိုက်ခဲ့ကာ ရှေ့လာမဲ့ မေ၊ ဇွန်မှာ စပြီး ဖြိုင်ဖြိုင်ပေါ်မှာ ဖြစ်တဲ့ အညာ ရွှေဝါ ပဲတီစိမ်းလို့ နာမည်ရတဲ့ ပဲတီစိမ်း တွေဖြစ်ကြပါတယ်။ အချို့လည်း စတင်ခူးဆွတ်နေသလို အချို့ခင်းတွေ မှာ သီးကောင်းတွေ ရင့်မှည့်မဲခြောက် နေကြပါပြီ။ မိုးထိပြီး အစိုဓါတ်ဝင်သွားရင် ပဲတီစိမ်းစေ့တွေမှာ အရောင်ပြောင်း အခွံတွံ့ရွံ့သွားရင် ဈေးကောင်း မရတတ်ပါဘူး။                ပြီးခဲ့တဲ့ ဆောင်းပဲတီစိမ်းသေးတွေ ကတော့ ၂၃၅ဝဝ ကျပ်-၂၄ဝဝဝ ကျပ်နဲ့ ပစ္စည်းပြတ်သလောက်ရှိခဲ့ပြီး ယခုဈေး ကွက်မှာစတင်ဝင်ရောက်နေတဲ့ ရေသွင်းပဲတီစိမ်းကြီးတွေကတော့ ၂၉ဝဝဝ ကျပ်- ၃ဝဝဝဝ ကျပ် ပေါက်ကြောင်း သိရပါတယ်။ မောင်မောင်အေး

Sunday, 1 May 2011

ပခုက္ကူထောပတ်ပဲအရည်အသွေးကောင်း               ပခုက္ကူဈေးကွက်ကို ဂန့်ဂေါမှာစိုက်ပျိုးထွက်ရှိတဲ့ ထောပတ်ပဲတွေ မှန်မှန်ဝင်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဂန့်ဂေါမှာထောပတ်ပဲ ၁၅၈၆ဝ ဧက စိုက်ပျိုးခဲ့ပြီး တန်ချိန် ၁၃၅ဝဝ ခန့် ထွက်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ တွေ့သမျှ တောင်သူ ကုန်သည် တွေကို မေးကြည့်တော့ ရာသီဥတုနဲ့ ကိုက်ညီတဲ့အတွက် မျှော်မှန်းတာထက် ၂၅ ရာခိုင်နှုန်းခန့် ပိုထွက်နိုင်တယ်လို့ သိရပါတယ်။ အရေအတွက်တင်လားဆိုတော့ မဟုတ်ပါဘူး။ အရည်အသွေး အရလည်း ပိုးမွှားရောဂါကင်းစင်တဲ့အတွက် လုံးပိန် လုံးညှပ် ပိုးထိုးပိုးကိုက် အတော်ကင်းတယ်လို့ သိရပါတယ်။ လက်ရှိ ဂန့်ဂေါမှာ အထွက်ရဲ့ ၃ ချိုး ၁ ချိုးခန့် ကျန်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။                   လက်ရှိမှာတော့ အခြားပဲများ နည်းတူ ဈေးကျနေတာကြောင့် ထောပတ်ပဲ ဈေးက တစ်တင်းကို ၁၆ဝဝဝ ကျပ်ပဲရှိပါတယ်။ ပဲလက်ဝယ်ရှိသူတွေက ဒီဈေးနဲ့ ထုတ်မရောင်းတဲ့အတွက် အရောင်းအဝယ်နှေးနေတာ တွေ့ရပါတယ်။ ဝယ်လက် အော်ဒါရှိသူတွေကတော့ ပခုက္ကူမှာပဲ ပြာတီးသန့်စင်လုပ်ပြီး ရန်ကုန်ကို တင်ပို့ နေကြပါတယ်။ ယခုနှစ်ထောပတ်ပဲ တစ်အိတ်ကို ပြာတီးသန့်စင်လိုက်ရင် အဖျင်း အမှော်၊ ဖုံ၊ သဲခဲ၊ ၂၅ ကျပ်သားခန့်ထွက်ပါတယ်။ အဲဒါကို အပဲ့အရွဲ့ ၊ ဝါခြောက် စေ့တွေကို ရွေးလိုက်ရင် ပဲဘေးထွက်က ၁ဝ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း ထွက်ပါတယ်။ လက်ရွေးတဲ့ အလုပ်သမားတွေကို ကုန်ချော တစ်ပိဿာကို ၃ဝ ကျပ်နှုန်းပေး ငှားရပြီး တစ်နေ့ကို ၅ဝ ပိဿာခန့်ပြီးတဲ့အတွက် လုပ်အားခ တစ်ဦးကို ၁၅ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဝန်းကျင်ရပါတယ်။ ရွေးဖယ်လိုက်တဲ့ ထောပတ်ပဲ လုံးပိန်လုံးညှပ် ဝါခြောက်စေ့ အပဲ့အရွဲ့တွေဟာလည်း အလဟသတ်တော့ ဖြစ်မသွားပါဘူး။ ပဲအမှုန့်ကြိတ်စက်တွေက တစ်တင်းကို ၈ဝဝဝ ကျပ်- ၉ဝဝဝ ကျပ်နဲ့ ဝယ်ပါတယ်။ မောင်မောင်အေး

Sunday, 1 May 2011

ပြည်ထောပတ်ပဲ အဝင်နည်းပြီး ဈေးငြိမ်နေ              ပြည်ဈေးကွက်အတွင်း ပဲမျိုးစုံဈေးနှုန်းများ အသီးသီးကျဆင်းလျက်ရှိပြီး ထောပတ်ပဲ ဈေးနှုန်းကတော့ ယခင်တစ်ပတ်အတိုင်း တစ်တင်းကို ၁၅ဝဝဝ ကျပ်နှုန်းဖြင့် ဈေးငြိမ်လျက်ရှိပါတယ်။ ထောပတ်ပဲမှာ ပဲပေါ်စအချိန်တွင် တစ်တင်း ၂၁ဝဝဝ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး ပဲလှိုင်လှိုင်ပေါ်လာတဲ့အချိန်မှစလို့ ပဲဈေးမှာတဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး သြင်္ကန်မတိုင်ခင်အထိ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် ရောင်းဝယ် ခဲ့ကြပါတယ်။ သြင်္ကန်ပြီးကာလမှစလို့ ယခုဧပြီ နောက်ဆုံးပတ်ထိ တစ်တင်း ၁၅ဝဝဝ ကျပ်သို့ ဈေးကျသွားကာ ပဲအဝင်လည်း နည်းလာခဲ့ပါတယ်။ တစ်ရက်ကို ၁ဝ အိတ်- ၁၅ အိတ် ဝန်းကျင်သာ အဝင်ရှိခဲ့ပြီး လက်လီသမားများဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။                                        ခင်ဆွေဝင်း

Sunday, 1 May 2011

ထောပတ်ပဲ မူဆယ်ကပို့              မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ဧပြီ ၂ဝ မှ ၂၆ ရက်အထိကာလ အတွင်း ထောပတ်ပဲ ၁၄၆ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၃၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ပထမဆုံးအကြိမ် တင်ပို့မှုဖြစ်တာ တွေ့ရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာတော့ ထောပတ်ပဲ ၄၁၃၉ တန်တင်ပို့ ခဲ့ပါတယ်။ MIRT (DOBT)

Sunday, 1 May 2011

သြင်္ကန်အပြီးမှာလည်း တင်ပို့မှုများဆဲ              သြင်္ကန်မတိုင်မီ ပင်လယ်ရေကြောင်းက ထောပတ်ပဲတန် ၁၁ဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၅ဝဝ ထိ အများဆုံး တင်ပို့မှုရှိခဲ့ပြီး သြင်္ကန်အလွန် ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်းမှာလည်း ထောပတ်ပဲ တန်ချိန် ၉ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၂ဝဝ နီးပါးအထိ တင်ပို့မှုများနေဆဲဖြစ်တာတွေ့ရပါတယ်။ ထောပတ်ပဲ တင်ပို့မှုမှာ ဂျပန်နိုင်ငံကို ပမာဏအများဆုံးဖြစ်ပြီး တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့ကိုလည်း အနည်းငယ်စီ တင်ပို့တာတွေ့ရပါတယ်။ မြေထောက်ပဲကို အိန္ဒိယ၊ ရုရှား၊ မလေးရှားနဲ့ စင်ကာပူတို့ကို တင်ပို့ပါတယ်။ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ ထောပတ်ပဲနဲ့ မြေထောက်ပဲတန် တစ်သောင်းကျော်စီ တင်ပို့နိုင်ခဲ့တာတွေ့ရပြီး၊ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာလည်း ပဲ ၂ မျိုးလုံး တန်ချိန် တစ်ထောင်ကျော်စီ တင်ပို့မှုရှိတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ကာလတူအတွင်းမှာတော့ ထောပတ်ပဲတန်ချိန် ၁၇ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၉ဝဝ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ၤFOB ဈေးများကတော့ ယခင်ဈေးများဖြစ်တဲ့ ထောပတ်ပဲ FAQ  တစ်တန် ကန်ဒေါ်လာ ၈၅ဝ-၈၈ဝ နဲ့ မြေထောက်ပဲ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ အသီးသီးရှိကြောင်း သိရပါတယ်။                  MIRT - MAPT

Sunday, 1 May 2011

ဧပြီလအတွင်း ကုလားပဲ FOB အရောင်းအဝယ်ဖြစ်မှု များလာ                ရန်ကုန်ဈေးကွက်အတွင်း ဧပြီလမှာ ကုလားပဲကို ပြည်ပအဝယ်သိသိသာသာ လိုက်လာခဲ့ပါတယ်။ ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း ကုလားပဲဖြူလုံးကြီး( FAQ) တန်ချိန် ၁၄ဝဝဝ ခန့် FOB  အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်အပြီး နောက်ပိုင်းမှာ အရောင်းအဝယ်ဖြစ်မှု ပိုများလာတာတွေ့ရပါတယ်။                  သြင်္ကန်အပြီး စင်ကာပူကုမ္ပဏီများ ကုလားပဲ အဝယ်သွက်လာလို့ ဧပြီလ ၂၃ ရက်နေ့ တစ်ရက်ထဲမှာ တန်ချိန် ၄ဝဝဝ နီးပါးအရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပတ် အတွင်း တန်ချိန် ၈ဝဝဝ ကျော်ဝယ်ယူခဲ့တာတွေ့ရပါတယ်။ ဆက်လက်ပြီး ဝယ်လိုအား ကောင်းနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် သွက်တာကြောင့် ကုလားပဲဖြူလုံးကြီး ရန်ကုန် FOB  ဈေးမှာလည်း ဧပြီလ ၂၂ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၇ဝဝ-၇၂ဝ ရှိရာမှ ဧပြီလ ၂၉ ရက်မှာ ကန်ဒေါ်လာ ၇၅ဝ-၇၇ဝ ကို တိုးလာကြောင်း သိရပါတယ်။ MIRT - MAPT

Pages