Main menu

Background

Friday, 20 May 2011

သကြားဈေးနှုန်းကျဆင်းသော်လည်း တောင်သူအရှုံးမရှိ                     သကြားဈေးနှုန်းကျဆင်းသော်လည်း တောင်သူလက်ထဲတွင် ကုန်ကြမ်းများ ရောင်းချပြီးဖြစ်ခြင်းကြောင့် အရှုံးမရှိကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ သကြားနဲ့ သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဌ ဦးဝင်း ဌေးက '' သကြားဈေး ကျတဲ့အချိန်မှာ ပွဲရုံလက်ထဲ၊ စက်ပိုင်နဲ့ လှောင်လက်မှာဘဲ ကုန်ရှိတဲ့အတွက် တောင်သူအရှုံးမရှိဘူး။ ဒီနှစ်က ကြံအထွက်နှုန်းကောင်းတယ်။ မနှစ်ကထက်စာရင် အထွက်နှုန်းတိုးတဲ့အတွက်ရော၊ ရာသီဥတု မိုးရွာနေတော့ ဖျော်ရည်သမားတွေအဆွဲနည်းနေတာကြောင့်ရော၊ ရန်ကုန်ဘက်က အဆွဲမရှိဘဲ မန္တလေးဈေးကွက်ထဲဘဲ အဝယ်ရှိနေတော့ သကြားဈေး ထိုးကျလာတယ်။ ဒီနှစ်နွေရာသီမှာ ဖျော်ရည်လုပ်ငန်းရှင်က သုံးပုံတစ်ပုံဘဲသုံးတော့ လုပ်ငန်းရှင်တစ်ဦးကို အရင်အိတ် ၃ဝဝ ရောင်းရရင် ဒီနှစ်မှာအိတ် ၁ဝဝ လောက်ဘဲရောင်းရတယ်''လို့ ပြောပါတယ်။                      သကြားဈေးနှုန်းမှာ ဧပြီလဆန်းပိုင်းက တစ်ပိဿာကို ၁၃၈ဝ ကျပ်ရှိခဲ့ရာမှ မေလဆန်းပိုင်းတွင် အနိမ့်ဆုံးဈေး ၁၂၂ဝ ကျပ်၊ အမြင့်ဆုံးဈေး ၁၂၆ဝ ကျပ်သာ ရှိကြောင်း၊ တင်လဲရည်ဈေးမှာ တစ်ပိဿာကို ၂၅ဝ ကျပ်မှ ၂၃၅ ကျပ်ထိ ဈေးကျ ဆင်းလာကြောင်း၊ ပွက်ရည်တစ်ပိဿာကို ၇၈ဝ ကျပ်မှ ၆၄ဝ ကျပ်ထိ ဈေးနှုန်း ကျဆင်းလာကြောင်း သိရပါတယ်။ ဇူးဇူး

Friday, 20 May 2011

ယခုအပတ်မှာ ပြောင်းတင်ပို့မှု ယခင်အပတ်ထက် တန်ချိန် ၅ဝဝဝ ကျော်ပိုမို                  မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ်နယ်စပ် နှစ်ခုမှ ပြောင်းဖူးစေ့ တင်ပို့နိုင်မှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၉၅ သန်းဖိုးရှိပြောင်းတန်ချိန် ၁၅ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်း ၃ ခုမှ ပြောင်းတန်ချိန် ၉၆ဝဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ တန်ချိန် ၅၃၈၉ တင်ပို့မှုပိုမိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ တန်ချိန် ၅ဝ၃၃ တန်နဲ့ လွယ်ဂျယ်နယ်စပ်မှ တန် ၅ဝဝ ကျော်တင်ပို့မှု ပိုမိုခဲ့ပြီး ယခု အပတ် ချင်းရွှေဟော်နယ်စပ်မှ တင်ပို့မှုမရှိခဲ့ပါဘူး။ မိမိဖက်ရော တစ်ဖက်နိုင်ငံမှာပါ ပြောင်းဈေးများ လျော့ကျလျက်ရှိသော်လည်း သယ်ယူစရိတ်မှာ တစ်ပိဿာ ၂ဝ ကျပ်နှုန်းသာ ရှိတဲ့အတွက် ပြောင်းတင်ပို့မှု ပိုမိုခဲ့ရတာလို့ မူဆယ်မှ ပြောင်းတင်ပို့သူ တစ်ဦးထံမှ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ဖော်ပြ ပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု            ယခင်      ပြောင်းလဲမှု     %        ယခု     ယခင်   ပြောင်းလဲမှု    %ပြောင်းဖူးစေ့      ၂၃၈၈၅ဝ       ၂၄၉၇၉ဝ     ၁ဝ၉၄ဝ        ၄ .၆     ၂၇၄     ၂၇၇          ၃           ၁နံှစားပြောင်း       ၁၉၅၂၆ဝ      ၂၂၅၁၉၁     ၂၉၉၃၁        ၁၅ .၃    ၂၆၂    ၂၇၆         ၁၄           ၅MIRT (DOBT)

Friday, 20 May 2011

တစ်ပတ်အတွင်း ပြောင်းတန် ၁၅ဝဝ နီးပါးသာ တင်ပို့နိုင်                မေလ ၆ ရက်မှ ၁၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၁၄၉ဝ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၉၁ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တန်ချိန် ၃ဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ အင်ဒိုနီးရှား နိုင်ငံကို တင်ပို့မဲ့ ပြောင်းတွေအတွက် ခွာနာလျှာနာ ရောဂါကင်းကြောင်း ထောက်ခံချက်ကိစ္စကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ လုပ်ငန်းရှင်တွေ ညှိနှိုင်းဆွေး နွေးဆောင်ရွက်ပေးပြီးပြီလို့ သိရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယကို ၅ဝ၆ တန်၊ ဗီယက်နမ်ကို ၂၄ဝ တန်နဲ့ အင်ဒိုနီးရှားကို ၇၄၄ တန်အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြားမှာ ဈေးရလျက်ရှိပါတယ်။ KZW

Friday, 20 May 2011

ကမ္ဘာ့ဂံျုအထွက်နှုန်း တန် ၆၇၆ သန်းရှိမည်ခန့်မှန်း                ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်း (FAO)က ၂ဝ၁၁ မှာ ကမ္ဘာ့ဂုံျထုတ်လုပ်မှု တန်ချိန် ၆၇၆ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ခန့်မှန်းချက်အရ ၂ဝ၁ဝ ထုတ်လုပ်မှုထက် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် ခဲ့ပြီး ၂ဝဝ၈-၂ဝဝ၉ ရိတ်သိမ်းမှုထက်လည်း သိသိသာသာ ပိုမိုခဲ့ပါတယ်။ ၂ဝ၁ဝ မှာ မိုးခေါင်မှုကြောင့် ဂံျုစိုက်ပျိုးမှုထိခိုက်ပြီး ဈေးနှုန်းတက်တာကို ကာမိဖို့အတွက် နိုင်ငံတော်တော်များများမှာ ဂံျုကို တိုးခဲျ့စိုက်ပျိုးနေကြောင်း ရုရှား/ဖက်ဒရေးရှင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း တွေ့ရပါတယ်။                   FAO ရဲ့ ပြီးခဲ့တဲ့နှစ်အစီရင်ခံစာမှာ ဖော်ပြထားတာကတော့ အစားအစာလိုအပ်တဲ့နိုင်ငံများ(LIFDCS) ရဲ့ ၂ဝ၁ဝ အထွက်နှုန်း ၅ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့တဲ့အတွက် ၂ဝ၁ဝ-၂ဝ၁၁ ဈေးကွက်နှစ်မှာ ကောက်ပဲ သီးနံှတင်သွင်းမှုလျော့ကျ ခဲ့ကြောင်း သိရပါတယ်။ တောင်အာဖရိကမှာ ၂ဝ၁၁ ပြောင်းအထွက်နှုန်းကောင်းပြီး ဈေးလဲကျတာကြောင့် အစား အစာလောက်ငှ တည်ငြိမ်မှုရှိတာတွေ့ရပါတယ်။ မာလာဝီနဲ့ ဇန်ဘီယာတို့မှာတော့ မှန်းထားတာထက် ပိုမိုထွက်ရှိခဲ့ပါတယ်။ ဒါပေမဲ့တောင်အာဖရိကရဲ့ ပြောင်းထုတ်လုပ်မှုအများဆုံးဒေသမှာ သိုလှောင်မှုများတာကြောင့် စိုက်ပျိုး မှုကို လျှော့ချလိုက်တဲ့အတွက် အထွက်နှုန်းကျခဲ့ကြောင်း သိရပါတယ်။ တောင်အမေရိကမှာတော့ လာနီညာ ရာသီဥတုဖြစ်စဉ် ကြောင့် ပုံမှန်မဟုတ်တဲ့ ခြောက်သွေ့တဲ့ ရာသီဒဏ်ကိုခံစားရပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးမှာ ပြောင်းအခြေအနေ မကောင်းခဲ့ ကြောင်း သိရပါတယ်။ ဘရာဇီးလ်မှာတော့ မိုးရွာသွန်းမှုရှိတာကြောင့် မြေအစိုဓာတ်ရရှိပြီး သီးနံှဖြစ်ထွန်းမယ့် အလားအလာ ကောင်းတွေ တွေ့နေရကြောင်း သိရပါတယ်။                ဒါပေမဲ့ ယခုလက်ရှိကာလမှာတော့ နိုင်ငံပေါင်း ၂၉ နိုင်ငံမှာ အစားအစာအထောက်အပံ့တွေ လိုအပ်လျက်ရှိကြောင်း အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။ ၎င်းနိုင်ငံများကတော့ အာဖရိကနိုင်ငံ ၂၁ နိုင်ငံ၊ ကိုရီးယားအပါအဝင် အာရှနိုင်ငံ ၇ နိုင်ငံတို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။ Source:commodityonline,KZW

Friday, 20 May 2011

ရော်ဘာဈေးကျပေမယ့် အိန္ဒိယတာယာ ဈေးမကျ             မကြာသေးမီ ကာလကတည်းက ရော်ဘာဈေးနှုန်းများ ကျဆင်းနေပေမဲ့ အိန္ဒိယတာယာ ဈေးနှုန်းတွေက တော့မြင့် တက်ဆဲဖြစ်ကြောင်းသိရပါတယ်။ ဒီလိုဖြစ်ရတာက သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဖြစ်တယ်လို့သိရပါတယ်။ ဈေးကွက်ထဲမှာ ရော်ဘာဈေးနှုန်းတွေ တဖြည်းဖြည်း ကျဆင်းနေပေမဲ့ လေးလအတွင်း တာယာဈေးနှုန်းသုံးကြိမ်တက်ခဲ့ကြောင်း တမီနာဒူးရှိ ပို့ဆောင်ရေးအဖွဲ့ရဲ့ ဥက္ကဌကပြောကြားခဲ့ပါတယ်။ ဆူနာမီကြောင့် ဂျပန်ကို တင်ပို့တဲ့ ပို့ကုန်တွေရပ်ဆိုင်းပြီး ကုန်ကြမ်းတွေ ဈေးတွေကျဆင်းခဲ့တာကြောင့် အဝေးပြေးလမ်းတိုးဂိတ်ကြေးတွေ လျှော့ချသင့်ကြောင်း ၎င်းဥက္ကဌက ပြောကြားခဲ့ပါတယ်။ ထရပ်ကား တာယာ ဈေးနှုန်းတွေက ဇန်နဝါရီလမှာ ရူပီး ၁၆ဝဝဝ ရှိပြီးယခုအချိန်မှာ ရူပီး ၂ဝဝဝဝ အထိ ခုန်တက်နေတာကြောင့် ထရပ်ကားလုပ်ငန်းရှင်တွေ အကြပ်ရိုက်နေကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက အိန္ဒိယ တာယာဈေးတွေက ရူပီး ၈ဝဝဝ လောက်ပဲရှိကြောင်းသိရပါတယ်။ အခွန်နှုန်းထားမြင့်မားမှုကြောင့် အိန္ဒိယ တာယာ ထုတ်လုပ်ရေးတွေက ပြည်တွင်းထုတ်လုပ်မှုကို လျှော့ချလိုက်တာကြောင့် အဆင့်မြင့် ထိန်းသိမ်းရေး ကော်မတီများက အစိုးရကို တာယာဈေးနှုန်း ပြန်လည်စစ်ဆေး ကြပ်မတ်ဖို့ တင်ပြခဲ့ပေမယ့်လည်း ထိရောက်မှုမရှိခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယမှာ အသုံးပြုနေတဲ့ တာယာ ၆ဝ ရာခိုင်နှုန်းက တရုတ်မှတင်သွင်းတာ ဖြစ်ပြီးဈေးနှုန်း ရူပီး ၉ဝဝဝ ခန့်သာရှိပြီး အိန္ဒိယနိုင်ငံလုပ် တာယာတွေကဈေးမြင့်ကြောင်းသိရပါတယ်။ ရော်ဘာဈေးနှုန်း ရုတ်တရက်ကျဆင်းပေမယ့်လဲ တာယာဈေးနှုန်း မကျတာ ကတော့ ဂျပန်ရဲ့ ဝယ်လိုအား ရပ်ဆိုင်းတာက ယာယီသာဖြစ်ပြီး တရုတ်ရဲ့ ဝယ်လိုအားက မြင့်တက်နေတာကြောင့်ဖြစ်ကြောင်း သုတေသီများကပြောပါတယ်။ Source:finance puzz.com ,KZW 

Friday, 20 May 2011

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့              မေလ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၇၈၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၄၅၈ တန်ကိုမူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ပေါက် ၃ ခုကတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ယခင်အပတ်ကထက် တန်ချိန် ၆၇၅ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်ပေါက်ကို ရော်ဘာကား အဝင်နည်းတယ်လို့သိရပါတယ်။ စခန်းအလိုက်ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်MSR (20)၁၃၇ တန်ကျော်၊MSR (50)တန် ၄၄၊ RSS-3 ၂၃၇ တန်ကျော်နဲ့RSS-5 ၃၃ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-1 တန် ၃ဝ နဲ့ RSS-3 တန် ၃ဝဝ ကျော် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်တို့မှာ တင်ပို့မှုလျော့တဲ့အပြင် မြိတ်နယ်စပ်မှာလည်း တင်ပို့မှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ရော်ဘာ ပေါက်ဈေးများကိုနှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု             ယခင်    ပြောင်းလဲမှု    %    ယခု       ယခင်   ပြောင်းလဲမှု      %RSS-3     ၄၁၃၅၄၂ဝ     ၄၁၃၅၄၂ဝ      -                 ၅ဝ၈၂     ၅ဝ၇၈     ၄                ဝ .ဝ၈RSS-5     ၄၁ဝဝ၂၁ဝ     ၄၁ဝဝ၂၁ဝ      -                 ၅ဝဝ၅     ၅ဝဝ၁     ၄                ဝ .ဝ၈MIRT (DOBT)

Friday, 20 May 2011

ပင်လယ်ရေကြောင်းမှ ရော်ဘာ တင်ပို့မှု လျော့ကျ              မေလ ၆ ရက်မှ ၁၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၂ဝ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းဖိုးကို စင်္ကာပူကိုသာတင်ပို့မှုရှိတာ တွေ့ရပါတယ်။ ကမ္ဘာ့ရေနံဈေး ကျဆင်းခြင်း၊ ဂျပန်နိုင်ငံရဲ့ ဆူနာမီ ဂယက်က မပြီးပြတ်သေးပဲ ကားထုတ်လုပ်ရေးများ ရပ်နားထားခြင်းနဲ့ တရုတ်နိုင်ငံမှာ အလုပ်သမားပြဿနာကြောင့် ထုတ်လုပ်မှုတွေ လျှော့ချရခြင်းတို့ကြောင့် ရော်ဘာ ဝယ်လိုအားတွေ ကျဆင်းပြီး ကမ္ဘာ့ဈေးနှုန်းပါ ကျဆင်းနေကြောင်းသိရပါတယ်။ ဝယ်လိုအားမရှိတဲ့အတွက် မြန်မာပို့ကုန်တင်ပို့သူတွေလက်ထဲမှာ ပစ္စည်းတော်တော်များများကျန်ရှိနေကြောင်းသိရပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၂ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးနှုန်းကတော့RSS-3 ၁ တန်ကို ၄၆ဝဝ ဒေါ်လာ၊RSS-5 ၁ တန်ကို ၄၅ဝဝ ဒေါ်လာ၊MSR-20 ၁ တန်ကို ၄၆ဝဝ ဒေါ်လာရှိကြောင်းသိရပါတယ်။    KZW 

Friday, 20 May 2011

ပြည်ဘိုကိတ်ပဲ ဈေးငြိမ်နေ                  ပြည်ဘိုကိတ်ပဲမှာ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၂၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ယခင်နှစ် ယခုလိုအချိန် တွင် ဘိုကိတ်တစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေးရှိပြီး ဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဝယ်လက်များ အဝယ်အေးကာ တိုင်းအတွင်းရှိ လက်လီဝယ်ယူသူများဖြင့် အနည်းသာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Friday, 20 May 2011

ဈေးငြိမ်ပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ပဲပုပ်                   ပြည်ဈေးကွက်တွင် ပဲပုပ်တစ်ပိဿာ ၂ဝ တစ်တင်း ကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေသလို အရောင်းအဝယ် လည်း ငြိမ်နေပါတယ်။ ယခင်နှစ်မတ်လက တစ်တင်းကို ၁၈၅ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်မှာတော့ ယခင် နှစ်ဈေးထက် လျော့နည်းနေတာကြောင့် အရောင်းအဝယ် အေးနေကြောင်း သိရပါတယ်။ အခြားတိုင်းမှ အဝယ်မရှိဘဲ ဒေသတွင်း လက်လီသမားများသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Friday, 20 May 2011

အဝယ်များပေမဲ့ ဈေးလျော့နေတဲ့ ပြည်မတ်ပဲ                    ပြည် ပဲဈေးကွက်မှာ ယခင်တစ်ပတ် မေလ ပထမပတ်က ပဲတစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေး ယခုတစ်ပတ် မှာတော့ ၁၉၅ဝဝ ကျပ်ဈေးသာရှိပြီး ဈေးဆက်အေးနေတယ်လို့ သိရပါတယ်။ ပြည်အနီးအနားရွာမှာ တစ်နေ့ကို အိတ် ၆ဝဝ-၇ဝဝ ခန့်သာ အဝင်ရှိပြီး အဝင်နည်းလာတယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး အောင်လံမြို့မှ အိတ် ၄ဝဝ ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်ထက် ရန်ကုန်ဝယ်လက်များ အဝယ်ရှိပြီး တစ်နေ့ကိုအိတ် ၅ဝဝ-၆ဝဝ ခန့်အဝယ်ရှိသော်လည်း ဈေးလျော့အဝယ်ရှိတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးမှ ရန်ကုန်ဘုရင့်နောင်သို့ ပဲစီးဆင်းမှုက တော့ တစ်နေ့ကို အိတ် ၁၁၆၈၈ ခန့်တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး 

Pages