Background
ဈေးကွက်ကို အဝင်လှိုင်တဲ့ ရှမ်းကြက်သွန်ဖြူ ရှမ်းကြက်သွန်ဖြူတွေက ဈေးကွက်ကို အဝင်လှိုင်လာပါပြီ၊ တောင်ကြီးခရိုင်ရဲ့ မြောက်ဘက်ခြမ်းဖြစ်တဲ့ ရွှေညောင်၊ တောင်နီ၊ ဟက်ကက်စတဲ့နယ်တွေ တန်ဆောင်မုန်း စိုက်ကြက်သွန်တွေ ဈေးကွက်ကို ဝင်လာတာ ဖြစ်ပါတယ်။ တောင်ကြီးခရိုင် တောင်ဖက်ခြမ်းဖြစ်တဲ့ နောင်ကား၊ ကျောက်တလုံးကြီး၊ ဟမ်းဆီစတဲ့ နယ်တွေက သီတင်းကျွတ်စိုက် ကြက်သွန်ဖြူတွေက ဈေးကွက်ကို ဒီထက်စောပြီး ဝင်လာပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်တဲ့ ကြက်သွန်ဖြူတွေမှာလည်း တောင်ကြီး ခရိုင် တောင်ဖက်က ထွက်တဲ့မျိုးက ပိုကောင်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မြောက်ဖက်ခြမ်းကထွက်တဲ့မျိုးကတော့ ရေများတာကြောင့် အထားမခံဘဲ အနည်းငယ် ကြာရင် ပိန်သွားတယ်လို့ သိရပါတယ်။ ရှမ်းကြက်သွန်ဖြူက ပေါ်ကာစမှ အဝင်ကလည်းနည်းပြီး အစိုဓါတ်ကြောင့် လှောင်လက်သမားတွေ အဝယ်နည်းပေမဲ့ ပြည်တွင်းသုံး လက်လီသမားတွေ ဝယ်ယူ နေတာကြောင့် ဈေးတက်လာပါတယ်။ ဧပြီလဆန်းမှာ ငွေလိုတဲ့ တောင်သူတွေက ဖော်ပြီးရောင်းလာတာကြောင့် ဈေးကွက်ကို အဝင်များလာပါတယ်။ ဒီတစ်ပတ် တောင်ကြီး ဈေးကွက်မှာ ကြက်သွန်ဖြူ လတ်ခြား တစ်ပိဿာ ၈ဝဝ ကျပ်၊ (ထူး- ၁) ၉ဝဝ ကျပ်၊ (ထူး-၂) ၁ဝဝဝ ကျပ်၊ (ထူး-၃) ၁၄ဝဝ ကျပ်၊ (ထူး-၄) ၁၆ဝဝ ကျပ်ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာ (လတ်ခြား) ၉ဝဝ ကျပ်၊ (ထူး -၁) ၁၂ဝဝ ကျပ်၊ (ထူး-၂) ၁၄ဝဝ ကျပ်၊ (ထူး-၃) ၁၆ဝဝ ကျပ်၊ (ထူး -၄) ၁၇ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်းဈေးကွက် ဧပြီလ တတိယပတ်မှာ ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မိုးမရွာတော့ပေမဲ့ သြင်္ကန်ပွဲတော်ကြောင့် နနွင်းအဝင်က များမလာသေးပါဘူး။ ဟိုပုံးနနွင်းကတော့ ဝယ်လက်တွေ အကြိုက်တွေ့ပြီး ဝယ်ယူနေတာကြောင့် ဈေးကွက်မှာ လက်ကျန်သိပ်မရှိတော့ဘူးလို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မှာ နနွင်းအထွက်အများဆုံးက ပင်လောင်းမြို့နယ်က ဖြစ်ပါတယ်။ ပင်လောင်း နနွင်းက မြေကြောင့် အဖြူစတွေသာ အထွက်များပါတယ်။ အဖြူစတွေက ဈေးကွက်မှာလည်း ရောင်းပန်းသိပ်မလှပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်း နနွင်းစတွေက အဝင်များပါတယ်။ ဝယ်လက်တွေကတော့ ဒီလိုအချိန်မှာ အရည် အသွေးကောင်း၊ ပစ္စည်းကောင်းတွေကို ရွေးဝယ်ပေမဲ့ လက်ကျန်နည်းလာရင်တော့ ပင်လောင်းနနွင်းကိုပါ ဝယ်ယူလေ့ရှိပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာတော့ နနွင်းခြောက်အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၂၂ဝဝ ကျပ်မှ ၂၅ဝဝ ကျပ်ဈေးရှိပြီး တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်
မတ်လမှာ နနွင်း ၂၆၅ တန် တင်ပို့နိုင်ခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်းနနွင်းတန်ချိန် ၇၂ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၆၅၆ဝ ဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ရီမန်နိုင်ငံကို တန် ၃ဝ၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို ၂၆ တန်အသီးသီးတင်ပို့ ခဲ့တာတွေ့ရပါတယ်။ မတ်လမှာ နနွင်းတန်ချိန် စုစုပေါင်း ၂၆၅ ဒသမ ၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၇၆ တန်သာတင်ပို့နိုင်ခဲ့တာကြောင့် မတ်လမှာ ၁၈၉ ဒသမ ၃၈ တန်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ အလားတူကာလဖြစ်တဲ့ ၂ဝ၁ဝ မတ်လမှာ နနွင်းတန်ချိန် ၄၅၇ ဒသမ ၈၆ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ တန်ချိန် ၁၉၂ ဒသမ ၄၈ တန်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
သြင်္ကန်အခါကျော်လို့ အရောင်းအဝယ်အေးသွားတဲ့ ပြည်ချင်းဈေးကွက် ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို (ဂျွန်) ၁၆ဝဝ ကျပ်၊ (ရှယ်) ၁၈ဝဝ ကျပ်တို့ဖြစ်ပြီး၊ သြင်္ကန်မတိုင်ခင်ဈေးအတိုင်း ပုံမှန်ရှိနေပါတယ်။ အဝင်အားဖြင့် အောင်ပန်းဘက်မှချင်းများ အခါမတိုင်မီ တစ်ပတ်လျှင် ပိဿာ ၃ဝ ဝင် အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်အတွင်းမှာတော့ အဝင်မရှိဘဲ လက်ကျန်ချင်းများနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ပြည်ဈေးကွက် ရှိ ပွဲရုံများ၌ သြင်္ကန်ရက်အတွင်း တစ်နေ့ကို ပိဿာချိန် ၅ဝဝ ခန့်ထိ အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်နဲ့ အရောင်း အဝယ်အေးသွားပါတယ်။ ဧရာဝတီနဲ့ရခိုင်ဘက်သို့ ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၃ဝဝ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းလဲ့ဝါ
သြင်္ကန်ပြီးကာစ ရှမ်းချင်းဈေးကွက်ငြိမ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီတစ်ပတ်သီးနံှဈေးတွေ ဈေးငြိမ်နေတယ်လို့ ဆိုရပါမယ်။ သြင်္ကန်ပြီးစကာလ ဖြစ်တာကြောင့် ဈေးကွက်မှာ ရောင်းသူဝယ်သူ ဈေးငြိမ်နေတဲ့ကာလလည်းဖြစ်ပါတယ်။ ဈေးကွက်မှာ ချင်းစို က လက်ကျန်နည်း နေပြီး ချင်းခြောက်ကလည်း အဝင်နည်းနေပါတယ်။ သြင်္ကန်ပွဲတော်ပိတ်ရက် တွေကြောင့် တောင်သူတွေကလည်း ချင်းတွေကို ထပ်မဖော်ကြသေးပါဘူး။ နမ့်စန် ဈေးကွက်မှာ ချင်းစိုက တစ်ပိဿာ ၄၅ဝ ကျပ်- ၅ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက် ကတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း ချင်းအဝင်က ပုံမှန်သာရှိနေပါတယ်။ ပြည်တွင်း သုံးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့တွေက ဝယ်ယူနေကြ တယ်လို့ လည်း သိရပါတယ်။ အောင်ပန်းချင်းဈေးကတော့ ချင်းစို တစ်ပိဿာ ၅ဝဝ ကျပ်မှ ၈ဝဝ ကျပ်ဈေးရှိပြီး ပစ္စည်းကောင်းရင်တော့ ၁ဝဝဝ ကျပ် ဈေးအထိရှိပါတယ်။ ချင်းခြောက်ကတော့ ဝယ်လက်အေးနေတာကြောင့် တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပေမဲ့ တစ်ပတ်အတွင်း ချင်းပိဿာချိန် တစ်သိန်းနှစ်သောင်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
ယခုနှစ် မတ်လ တင်ပို့မှုကျ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ချင်း ၈ တန်ကို စင်ကာပူနိုင်ငံကိုတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၆၂ဝ ခန့်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၂၉၆ဝ ရရှိခဲ့ပါတယ်။ မတ်လမှာ ချင်း စုစုပေါင်း ၇၁ ဒသမ ၉၉၄ တန်တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီလမှာ ၆ဝ ဒသမ ၄ တန်သာတင်ပို့နိုင်ခဲ့တာကြောင့်မတ်လမှာ ၁၁ ဒသမ ၅၉၄ တန်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်နှစ် ၂ဝ၁ဝ မတ်လမှာ ချင်း စုစုပေါင်း ၂ဝ၈၈ ဒသမ ၂၁၈ တန်တင်ပို့နိုင်ခဲ့တာကြောင့် ယခုနှစ်မတ်လမှာ ချင်းတင်ပို့မှုအား တော်တော်လေးလျော့နည်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
မြောင်းမြမှာ သီဟိုဠ် လှိုင်လှိုင်ပေါ် မြောင်းမြမြို့နယ်တွင် သီဟိုဠ်စိုက်ပျိုးဧက ၇၈၈၄ ဧကရှိတဲ့အနက် ၄၇၃၄ ဧကရိတ်သိမ်းနိုင်ပြီး တစ်ဧကကို ၁ဝ၂ ပိဿာနှုန်းဖြင့် ၈၆၁၅၈၈ ပိဿာထွက်ရှိကြောင်းသိရပါတယ်။ ယခုအချိန်တွင် သီဟိုဠ်လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ အဝယ်ဒိုင် များမှာ လာရောက်ရောင်းချကြောင်းတွေ့ရပါတယ်။ အဝယ်ဒိုင်ပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခင်က သီဟိုဠ်အဖွင့်ဈေးဟာ ၁၄၅ဝ ရှိပြီး၊ ယခုနှစ်မှာ တစ်ပိဿာ ၁၈ဝဝ ကျပ်ထိရှိလာပြီး အရောင်းအဝယ်သွက်ကြောင်းနဲ့ ရရှိသော သီဟိုဠ်များကို ရန်ကုန်-ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ကြောင်းပြောပါတယ်။ ဆက်လက် ၍ ခြံပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခုနှစ်သီဟိုဠ်ပွင့်ချိန်တွင် အချိန်အခါ မဟုတ် မိုးရွာသောကြောင့် အပွင့်ေြွက၍ အသီးအထွက်ဆုတ်ကြောင်းပြောပါတယ်။ သီဟိုဠ်အဆံမှာ သိပ်ပြီးထူးကဲသောအရသာရှိသဖြင့် တန်ဖိုးကြီးသော သရေစာ များ၊ အစားအသောက်များမှာ ထည့်သွင်းအသုံးပြုသဖြင့် ဈေးကောင်းပြီး၊ ပြည်ပ သို့တင်ပို့ရောင်းချနိုင်သော သီးနံှဖြစ်ပါတယ်။ ကျော်လင်း
ပြောင်းဖူးစေ့ တင်ပို့မှု လျော့ကျ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒဿမ ၃၂၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၉ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ သြင်္ကန်ကာလမတ်လ ၆ ရက်မှ ၁၉ ရက်နေ့အထိ ကာလအတွင်းမှာတော့ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ပြောင်းဖူးစေ့ ၈၃ဝ၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒဿမ ၁၅ သန်းဖိုး တင်ပို့ခဲ့တာတွေ့ရပါတယ်။ တရုတ်ဈေးကွက်မှာ ဈေးကောင်းရရှိရေး ဈေးကွက်အခြေအနေစောင့် ကြည့်နေတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်မှာ နံှစားပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံဈေးများကို ယှဉ်ကြည့်ရင် မသိမသာလေးသာကွာဟမှုရှိတာတွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၃ဝ၉ဝ ၂၅၃ဝ၉၃ ၃ ဝ .ဝ၁ ၂၈၂ ၂၈ဝ ၂ ဝ .၇MIRT (DOBT)
ပင်လယ်ရေကြောင်းက တန် ၅ဝဝဝ ကျော် တင်ပို့နိုင် ဧပြီလ ၁ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၅၇၈၉ တန် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၅၂၃ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ မတ်လကုန်ရက်သတ္တပတ်မှာ တန်ချိန် ၃၆၄၅ သာတင်ပို့ခဲ့တာကြောင့် တင်ပို့မှုတန် ၁ဝဝဝ ကျော်ပိုမိုမြင့်တက်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယကို ၁၅၁၅ တန်၊ အင်ဒိုနီးရှားကို ၁၉၁၉ တန်၊ ဖိလစ်ပိုင်ကိုတန် ၃၆ဝ၊ စင်္ကာပူကို ၁၂၄၂ တန်နဲ့ ဗီယက်နမ်ကို ၇၅၃ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ၤFOB ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ၂၇ဝ နဲ့ ၂၉ဝ ကြား ဈေးရနေ ကြောင်း သတင်းရရှိပါတယ်။ KZW
မူဆယ်နဲ့ ချင်းရွှေဟော်က ပုံမှန်ပို့ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်တို့မှ ရော်ဘာ အဆင့်စုံ ၈၄၁ ဒဿမ ၂၇၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒဿမ ၉၆၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၆ ရက်မှ ၁၉ ရက်နေ့အထိမှာတော့ မူဆယ်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၇ ဒဿမ ၂၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၂၇၇ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ အမိုျးအစားတွေကတော့ မူဆယ်မှ RSS-1 ၂၅ တန်၊ RSS-3 ၅၂၅ တန်၊ RSS-5 တန် ၆ဝ၊ MSR (20) ၁၅၉ တန်နဲ့ MSR (50) ၁၆၈ တန် အသီးသီးဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ RSS-3 တန် ၂၉ဝ နဲ့RSS-5 တန် ၅ဝ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၄၁ဝ၂၆၈ဝ ၄ဝ၉၄၆၂၅ ၈ဝ၅၅ ဝ .၁ ၄၅၉၃ ၄၅၇၅ ၁၉ ဝ .၄RSS - 5 ၃၉၆၄၈၅ဝ ၃၉၅၈၅၈၅ ၆၂၆၅ ဝ .၁ ၄၄၄ဝ ၄၄၂၃ ၁၇ ဝ .၃MIRT (DOBT)
