Main menu

Background

Tuesday, 6 Aug 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ဇူလိုင်ပထမပတ်မှစပြီး၊ မန်ကျည်း သီးစိမ်းများ ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ပေါ်ဦးပေါ်ဖျားအချိန်က တစ် ဆယ်ကျပ်သား ၅၀၀ ကျပ်နဲ့ ဈေးကောင်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ ဈေးကွက် အတွင်း မန်ကျည်းသီးစိမ်းများအဝင်လှိုင်တာကြောင့် တစ်ဆယ်ကျပ်သား ၃၀၀ ကျပ်ကို ဈေးကျသွားပါတယ်။ မန်ကျည်းမှည့်ဈေးမှာတော့ ယခင်အပတ် ဈေး အတိုင်းလက်လီ ၁ ပိဿာ၂၀၀၀ ကျပ်၊ လက်ကား ၁ ပိဿာ ၁၅၀၀ ကျပ်နဲ့ ဈေး ငြိမ်နေပြီး၊ အရောင်းအဝယ်ကတော့ အေးနေတယ်လို့ သိရပါတယ်။အိဆွေဇင် - ပြည်

Tuesday, 6 Aug 2013

ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၃၈ ဒသမ ၅၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့ခဲ့တဲ့ တန်ချိန်မှာ တန်ချိန် တစ်ရာ့ငါးဆယ်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ မန်ကျည်းတင်ပိ့ုမှုလျော့နည်းခဲ့ပါတယ်။ ဇူလိုင်လအတွင်း မန်ကျည်းတင်ပို့ မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ ငါးသောင်းတစ်ထောင်ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။                                                                     MIRT (DTP)

Tuesday, 6 Aug 2013

ဒီတစ်ပတ်ချင်းဈေးက ပြန်ပြီးတက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ဝယ် လိုအားနည်းသွားတာကြောင့် ဈေးကလည်း သိသိသာသာကျသွားပြီး၊ အဝင်က လည်း နည်းသွားပါတယ်။ ဒီတစ်ပတ်မှာ တမူးက ဝယ်လက်တွေ ပြန်ပြီးဝယ်ယူနေ ပေမယ့် ပစ္စည်းအဝင်ကတော့ အရင်တစ်ပတ်လိုပဲ နည်းနေပါသေးတယ်။

Tuesday, 6 Aug 2013

တောင်ကြီး၊ အောင်ပန်းဈေးကွက်မှ ယခုတစ်ပတ်ပြည်ဈေးကွက်ကို ချင်း(ဥမ) များသာဝင်ရောက်ပြီး၊ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ ယခင်အပတ်အတိုင်း ဝင်ပါ တယ်။ ဈေးနှုန်းမှာ ငြိမ်လျက် တစ်ပိဿာကို ချင်း(ဥမ)ဂျွန် ၁၁၀၀ ကျပ်၊ (ရှယ်) ၁၂၀၀ ကျပ်တို့နဲ့ ရောင်းဝယ်နေပြီး၊ ချင်း(ဥမ)များကို ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ကို တင်ပို့မှု အပါအဝင် အိတ် ၂၂၀ ခန့်နဲ့ အရောင်းအဝယ်သွက်လျက်ရှိနေပါတယ်။ ချင်းတက်မှာတော့ အဝင်မရှိသလို လက်ကျန်ချင်းတက်များကို လက်လီပြန်ရောင်း မယ့်သူတွေပါ ဝယ်လိုအားနည်းနေတော့ အရောင်းအဝယ်မှာလည်း အေးနေ ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်

Tuesday, 6 Aug 2013

ရှမ်းပြည်နယ်ရဲ့ အမှတ်တံဆိပ်လို့ ပြောရမယ့် ရှမ်းပဲပုပ်(မိုးပဲပုပ်)ကလည်း ဈေးကွက်ကိုဝင်လာပါပြီ။ ရှမ်းပဲပုပ် ကိုတော့ တောင်ကြီးခရိုင်၊ လွိုင်လင် ခရိုင်၊ လင်းခေးခရိုင်က မြို့နယ်တွေမှာ အကုန် စိုက်ပျိုးကြပါတယ်။ အများဆုံး စိုက်တာကတော့ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ လွိုင်လင်ခရိုင် လင်း ခေးမြို့နယ်၊ လင်းခေးခရိုင် မိုးနဲတို့ဖြစ် ပါတယ်။

Tuesday, 6 Aug 2013

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်းများ ဈေးကွက်ကို ဆက်တိုက်ဝင်ရောက် လာခဲ့တာကို တွေ့ရပါတယ်။ မိုးပဲတီစိမ်းကို ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း မြို့ နယ်များမှာ အများဆုံးစိုက်ပျိုးကြပြီး၊ ဈေးကွက်ကို ဇူလိုင်လလယ်မှစပြီး၊ ပဲသစ်များ စတင်ဝင်ရောက်ခဲ့ကာ ယခုနှစ် ပဲတီစိမ်းအဖွင့်ဈေးမှာ တစ်တင်း ၂၄၀၀၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူခဲ့ကြပါတယ်။

Tuesday, 6 Aug 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၂၄ ရက်မှ ၃၀ ရက်အတွင်းကန်ဒေါ်လာ ၃ဒသမ ၉၄၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၄၆၃၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်းဖိုးရှိ (လုံးခြမ်း) တန် ၅၀ ကျော်ကို တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေး စခန်းမှ လည်း ကန်ဒေါ်လာ သုည ဒသမ ၉၆၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၁၁၂၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။

Tuesday, 6 Aug 2013

မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2 ကို ရန်ကုန်နဲ့ မန္တလေးဝယ် လက်ပါးပြီး၊ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်နဲ့ လက်လီသမားများ ပုံမှန်အသုံးရှိ လို့ ဈေးအေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ဇူလိုင်လ ဆန်း မှာ V2 တစ်တင်း ၁၇၃၀၀ ကျပ်မှ သြဂုတ်လ ၁ ရက်နေ့မှာ ၁၆၈၀၀ ကျပ်ကို ဈေးအေးခဲ့လို့ တောင်သူနဲ့ ကုန်သည်(လှောင်လက်)များ ထုတ်မရောင်းကြပဲ သိုလှောင်ထားကြပါတယ်။ ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင် မှာ တစ်ရက် ပျမ်းမျှ အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ သြဂုတ်လ ၁ ရက်နေ့က V2 တစ်တန် ၂၂၇၀၀ ကျပ်ဈေးပေါက်ခဲ့ကြကြောင်း သိရပါတယ်။ သန်းသန်းတင် - မုံရွာ

Tuesday, 6 Aug 2013

ဇူလိုင်လကုန် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ အကျဖက် ဦးတည် နေခဲ့တာကို တွေ့ရပါတယ်။ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်ဈေးများသာ ဈေးငြိမ် နေပြီး၊ အရောင်းအဝယ်လည်း အသင့် အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ သီးနှံမှာ ပဲအဝင်ပါးလာသလို ရန်ကုန် ဝယ်လက်အဝယ်ရှိသော်လည်းအရောင်း အဝယ်ဖြစ်မှုမှာ တစ်ရက် အိတ် ၁၅၀ ခန့်သာ ဖြစ်ခဲ့ပါတယ်။ မတ်ပဲဈေးနှုန်း များမှာ တစ်ပတ်ထက် တစ်ပတ်ဈေး လျော့ခဲ့တာကို တွေ့ရပါတယ်။

Tuesday, 6 Aug 2013

မုံရွာကုန်စည်ဒိုင် ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်း ပဲဈေးကွက်မှာ Export လက် အဆွဲလေးသလို ဒေသကုန်သည် အဝယ်အေးလို့ ပဲအများစု ကျဈေးဖြစ် ပေါ်ခဲ့တာ တွေ့ရပါတယ်။ ကုလားပဲ အုပ်စု ဈေးကွက်မှာဆိုရင် ထိုင်ဝမ် ကုလားပဲဟာ ကုန်သည်လက်ဝယ် ပဲ လက်ကျန်နည်းလာတဲ့အတွက် ရောင်း သူ ရှားကာ ဝယ်လိုအား အနည်းငယ် ကောင်းခဲ့လို့ တစ်တင်း ၁၆၇၀၀ ကျပ်၊ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

Pages