Main menu

Background

Wednesday, 14 Aug 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၃၁ ရက်မှ သြဂုတ်လ၆ ရက်တာကာလမှာကန်ဒေါ်လာ ၃ ဒသမ ၈၄၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၄၅၂၃ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၃၉ သန်းဖိုးရှိ (လုံးခြမ်း) ၃၄ တန်တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်ကူးသန်းရောင်းဝယ် ရေး စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်းတန်ဖိုးရှိ  (လုံးပြည့်) ၉၄ တန်နီးပါးကို တင်ပို့ခဲ့ပါတယ်။

Wednesday, 14 Aug 2013

မုံရွာ ကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲမျိုးစုံ ဈေးကွက်မှာ ကုလားပဲမျိုးစုံနဲ့ ပဲစင်းငုံနီတို့ မနှစ်က ကာလတူ ပေါက်ဈေးထက် ဈေးလျော့ လာခဲ့ကြပြီး၊ ပဲတီစိမ်းကြီးနဲ့ စွန်တာနီ၊ ပဲကြီးတွေကတော့ မနှစ်ကကာလတူ ပေါက်ဈေးထက် ဈေးပိုရခဲ့ကြတာတွေ့ ရ ပါတယ်။

Wednesday, 14 Aug 2013

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေး ကွက်မှာ သြဂုတ်လဆန်းအတွင်း ပဲတီ စိမ်းဈေးနှုန်းများ သိသိသာသာ ဈေး လျော့နည်းသွားခဲ့ပြီး၊ ပဲကြီး၊ ဘိုကိတ်၊ မတ်ပဲဈေးများ ဈေးငြိမ်နေကာ ပဲပုပ်နဲ့ စားတော်ပဲဈေးမြင့်တက်လာခဲ့ပါတယ်။

Tuesday, 6 Aug 2013

ဇူလိုင်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ ၉၃၈ တန်ခန့်ကို တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၂ ဒသမ ၀၆၅ သန်းဖိုးရရှိခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူနိုင်ငံကို တန် ၃၈၀ ခန့်၊ တရုတ်နိုင်ငံကို ၃၆ တန်၊  မလေးရှား နိုင်ငံကို ၅၀၂ တန်ခန့်နဲ့ ပါကစ္စတန်နိုင်ငံကို တန် ၂၀ ဖြစ်ပါတယ်။ အနီးစပ်ဆုံး ဇွန်လနဲ့နှိုင်းယှဉ်ပါက တန်ချိန် ၄၀၀ ကျော် လျော့နည်းခဲ့ပါတယ်။

Tuesday, 6 Aug 2013

တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်က စိုက်တဲ့ ရေသွင်းပြောင်းေ တွတောင်ကြီး ဈေးကွက်နဲ့ အောင်ပန်းဈေးကွက်ကိုဝင်လာပါတယ်။ တစ်ရက်ကို ပိဿာချိန် ၃၀၀၀ ခန့်သာအဝင်ရှိနေပါသေးတယ်

Tuesday, 6 Aug 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးမှ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၅၂၂ သန်းတန်ဖိုးရှိ ပြောင်း ၉၂၇၃ တန်ကျော်၊ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၉၄၁ သန်းတန်ဖိုးရှိ ပြောင်း ၂၉၄၀ တန်ကျော်နဲ့ လွယ်ဂျယ်ကူးသန်းရောင်း ဝယ်ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်းတန်ဖိုးရှိ ပြောင်း ၅၃၆ တန် ကျော်ကို အသီးသီးတင်ပို့ခဲ့ပါတယ်။

Tuesday, 6 Aug 2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားကုန်စည်ဒိုင်မှာ ဇူလိုင် နောက်ဆုံးပတ်ကစပြီး၊ ခရမ်းစွဲကြက်သွန်ဖြူမှာ တစ်နေ့တခြား ဈေးမာနေပါတယ်။ ဇူလိုင်လတတိယပတ်က လဲချားဒေသ ထွက် ခရမ်းစွဲ ကြက်သွန်ဖြူ(အမြိတ်ပါ) တစ်ပိဿာ ကို ၁၆၀၀ ကျပ်ဈေးသာရှိခဲ့ရာမှ ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ တော့(အမြိတ်ပါ) တစ်ပိဿာကို ၁၈၀၀ ကျပ်အထိ ဈေးမာခဲ့ ပြီး၊ တာချီလိတ်မြို့ခံပွဲရုံများ ဝယ်ဈေးကလည်း ခရမ်းစွဲကြက် သွန်ဖြူ(အမြိတ်ပါ) တစ်ကီလိုကို ၄၀ ဘတ်အထိ ဝယ်ဈေးရှိ နေခဲ့ပါတယ်။ အခုလို ခရမ်းစွဲကြက်သွန်ဖြူ ဈေးမာလာရခြင်း မှာ လဲချားမြို့ခံကြက်သွန်ဖြူပွဲရုံများမှာ လက်ကျန်နည်းနေပြီး၊ တောင်သူအချို့မှလည်း ကြက်သွန်ဖြူကို ထုတ်မရောင်းကြ သေးဘဲ တစ်ပိဿာကို ၂၀၀၀ ကျပ်အထိ ဈေးရရှိမှ ရောင်းချ ဖို့ ဈေးစောင့်ဆိုင်းနေမှုကြောင့် ခရမ်းစွဲကြက်သွန်ဖြူ တစ် ပိဿာကို ၁၈၀၀ ကျပ်ဈေး အထိ ဈေးပေးဝယ်ယူခဲ့သော် လည်း ပွဲရုံများကို ကြက်သွန်ဖြူအဝင်နည်းပါးနေကြောင်း လဲချား ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။    မင်းအောင် - တောင်ကြီး

Tuesday, 6 Aug 2013

ဇူလိုင်လ ၂၄ ရက်မှ  ၃၀ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၈၉၆ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၇၆၅ တန် တင်ပို့မှုရှိခဲ့ပါ တယ်။ ယခင်အပတ်ကထက် ၁၈၅ တန်ကျော်တင်ပို့မှု လျော့ နည်းခဲ့ပါတယ်။

Tuesday, 6 Aug 2013

ဒီနှစ်က နနွင်းအရောင်းအဝယ်မကောင်းတာကြောင့် နနွင်းတောင်သူတွေက ကုန်စိမ်းလိုင်းကိုပြောင်းပြီး၊ အရောင်း အဝယ်လုပ်နေရပါတယ်။ ပြည်တွင်းကတော့ ပုံမှန်ဝယ်ယူ နေပေမယ့် ပြည်ပဝယ်လိုအားမရှိတာကြောင့် ဖြုန်းအားက မကောင်းပါဘူး။ လက်ကျန်တွေလည်း အတော်များများ ကျန် နေပါသေးတယ်။ ဟိုပုံးနနွင်းလည်း နှစ်စပိုင်းမှာ မူဆယ် ဝယ် လက်တွေက မဖြစ်စလောက်သာ အဝယ်ရှိခဲ့ပါတယ်။

Tuesday, 6 Aug 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် လ ၂၁ ရက်မှ ၂၇ ရက်နေ့တာ ကာလအတွင်း နနွင်း ၄၉ ဒသမ ၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့ခဲ့တဲ့ နိုင်ငံမှာ စင်ကာပူနိုင်ငံ ၃၃ တန်နဲ့ အာရပ်စော်ဘွား များ ပြည်ထောင်စု နိုင်ငံကို ၁၆ ဒသမ ၅ တန် အသီးသီးတင်ပို့ခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးဆယ်ကျော်ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါ တယ်။ ဇူလိုင်လအတွင်းနနွင်းတင်ပို့မှုမှ ရရှိခဲ့ဝင်ငွေက ကန် ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော်ရှိခဲ့ ပြီလို့ သိရပါတယ်။           MIRT(DTP)

Pages