Main menu

Background

Sunday, 20 Mar 2011

နယ်စပ်စခန်းများမှ ပဲယင်းတန် ၁၇ဝ ကျော်တင်ပို့                 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ တမူး နယ်စပ်တို့မှ မတ်လ ၉ ရက်မှ ၁၅ ရက် ထိ ကာလအတွင်း ပဲယင်းတန် ၁၇၄ ဒသမ ၅ဝ တန်ကန်ဒေါ်လာ ၁၂၅၄ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။မူဆယ်မှတန် ၁၆၄ ဒသမ ၅ တန်နဲ့ တမူးမှ ၁ဝ တန် တင်ပို့ခဲ့တာဖြစ်ပြီး၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလ ကုန်အထိ ပဲယင်းတန်ချိန် ၂၅ဝဝ နီးပါး နယ်စပ်စခန်းများမှ တင်ပို့ထားပြီးဖြစ် တယ်လို့သိရပါတယ်။MIRT(DOBT)

Sunday, 20 Mar 2011

ပြည်ပဲကြီးအဝင်များလာသလို ဈေးလည်းမြင့်လာ              ပြည်ဈေးကွက်ကို ဖေဖော်ဝါရီလဆန်းမှစပြီး ပဲကြီးအသစ်များ ဝင်ရောက် လာခဲ့ကာ ယခုမတ်လလယ်မှာ တိုင်းအတွင်းဒေသများမှ အဝင်ရှိသလို မကွေးတိုင်း ဒေသကြီးဘက်မှ အဝင်ရှိလာတာကြောင့် တစ်ရက် အိတ် ၅ဝဝ ကျော်ထိ အဝင်များ လာခဲ့တယ်လို့ သိရပါတယ်။ ပဲကြီးအသစ် အဖွင့်ဈေးမှာ တစ်တင်း ၁၈၅ဝဝ ကျပ်ဖြင့် ဈေးဖွင့် ဝယ်ယူခဲ့ကြပြီး၊ ယခုတစ်ပတ် ပဲကြီးဈေးနှုန်းမှာ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂၃၅ဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၂၂၅ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့ပါတယ်။ လှောင်လက်သမားများမှ ဝယ်ယူမှုမရှိသေးဘဲ ပဲကြော်ဖို သမားများသာ အဝယ်ရှိခဲ့တာကြောင့် တစ်ရက် အိတ် ၂ဝဝ ကျော် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 20 Mar 2011

ပဲကြီးတန် ၁ဝဝ ကျော် မူဆယ်မှ ပို့                 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ပဲကြီး ၁ဝ၆ တန်ကန်ဒေါ်လာ ၁၂၇၂ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ပဲကြီးကို ဧပြီလ၊ ဇွန်လနဲ့ စက်တင်ဘာလများမှာသာ တင်ပို့မှု ရှိခဲ့ပြီး ယခုအပတ်မှာ ပြန်လည်တင်ပို့လာတာတွေ့ရပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာ နှစ် ဧပြီလမှ ဖေဖော်ဝါရီလထိကာလအတွင်း နယ်စပ်စခန်းများမှ ပဲကြီး တန်ချိန် ၁၁ဝဝ ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ MIRT(DOBT)

Sunday, 20 Mar 2011

ထောပတ်ပဲသစ်များ လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေ            ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ထောပတ်ပဲသစ်များ ဆက်လက်ဝင် ရောက်လျက်ရှိရာ တစ်ရက် အိတ် ၅ဝ မှ ၁ဝဝ အထိ အဝင်များလာခဲ့ပါတယ်။ ထောပတ်ပဲ ပေါ်စအချိန်ဈေးနှုန်းမှာ တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်စခဲ့ပြီး၊ ယခုမတ်လတတိယပတ်အတွင်း တစ်တင်း ၂၁ဝဝဝ ကျပ်ဖြင့် ၁ဝဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ပါတယ်။ ထောပတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့ ရောင်းချမှုမရှိဘဲ ဒေသတွင်းလက်လီ သမားများဖြင့် အရောင်းအဝယ် ဖြစ်နေတာကြောင့် တစ်ရက်လျှင် အိတ် ၇ဝ၊ ၈ဝ အထိ အရောင်းအဝယ် ဖြစ် ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 20 Mar 2011

နယ်စပ်တင်ပို့မှု ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိ            မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ မြေထောက်ပဲ ၆၂ တန် တန်ဖိုးကန်ဒေါ်လာ ၄ဝ၉၂ဝ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်အတိုင်း ပုံမှန်လေး တင်ပို့နေတာတွေ့ရပါတယ်။    MIRT (DOBT)

Sunday, 20 Mar 2011

မြေထောက်ပဲတင်ပို့မှု တိုးလာပေမဲ့ ထောပတ်ပဲတင်ပို့မှုလျော့ကျ               ယခင်သီတင်းပတ်က ထောပတ်ပဲ တန်ချိန် ၂၅ဝ နဲ့ မြေထောက်ပဲ တန်ချိန် ၁၇ဝ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်) အတွင်းမှာတော့ ထောပတ်ပဲတန် ၄ဝ ကျော်ကို လျော့ကျခဲ့ပြီး မြေထောက်ပဲ ကတော့ တန်ချိန် ၂၇ဝ ကျော်ကို တိုးတက်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မြေထောက်ပဲက ဈေးကွက်တွေထဲ အဝင်များလာပြီဖြစ်လို့ တင်ပို့မှု တက်လာတာဖြစ်ပြီး ထောပတ်ပဲကတော့ ယောဘက်က အဝင်နည်းသေးတယ်လို့ သိရပါတယ်။                လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပတင်ပို့မှုကို လေ့လာရာမှာ မတ်လ ၁၁ ရက်နေ့အထိ မြေထောက်ပဲတန်ချိန် ၁ဝဝဝဝ နီးပါးနဲ့ ထောပတ်ပဲတန် ၉၆ဝဝ ခန့် တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ မြေထောက်ပဲ တန်ချိန် ၁၃ဝဝဝ ခန့်နဲ့ ထောပတ်ပဲ တန်ချိန် ၁၁ဝဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ် လက်ရှိအချိန်မှာ တင်ပို့မှု လျော့နည်းနေတာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးများနဲ့ ပြောင်းလဲခြင်းမရှိဘဲ မတ်လ ၁၈ ရက်နေ့မှာ မြေထောက်ပဲ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ထောပတ်ပဲ FAQ  တစ်တန်ကို ကန် ဒေါ်လာ ၉၁ဝ-၉၃ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 20 Mar 2011

မန္တလေးမြို့မှ Wet Polishing စနစ်သုံး ကုလားပဲ ဈေးကွက်အတွင်း ရောင်းအားသွက်            မန္တလေးမြို့၊ စက်မှုဇုန်အမှတ်-၂ မှာတည်ရှိတဲ့ ငြိမ်းချမ်းရေး ပဲခွဲစက်ဟာ တစ်နာရီကို ၃ဝ ပိဿာဝင် ကုလားပဲအိတ် ၂၆ဝ ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ တစ်ရုံဖြစ်ပြီး၊ တပ်ဆင်ထားတဲ့ စက်ယူနစ်တွေဟာလည်း ပြည့်စုံကောင်းမွန်တာ ကို တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ စက်ယူနစ်တွေကတော့ အကြိုပဲအခွံချွတ်စက် ၂ လုံး (Pre-Husking Unit)  အပြီးသတ် ပဲအခွံချွတ်စက် ၄ လုံး (Final Husking Unit)  ဖုံ၊ သဲ၊ ခဲခွဲခြားစက် (De-Stoner)  ပဲအဆင့်ခွဲဆန်ကာ (Grading Unit) နဲ့ လေစုပ်စနစ် (Absorbing Fan Unit) တို့အပြင် ပဲအရောင်တင်စက် (Wet Polishing Unit) နှစ်လုံးကိုလည်းတီထွင်တပ်ဆင်ထားတာကိုတွေ့ရှိရပါတယ်။           ''ပဲအရောင်တင်စက် (Wet Polishing Unit) ကို ဆန်အရောင်တင်စက် နဲ့ တည်ဆောက်မှု အလုပ်လုပ်ပုံကို အခြေခံပြီး ကိုယ့်စက်ရုံမှာ တီထွင်ထုတ်လုပ် ထားပါတယ်'' လို့ လုပ်ငန်းရှင် ဦးဝင်းထွဋ်အောင်က ဖြေကြားခဲ့ပါတယ်။ ''ဒီလို တီထွင်ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ရိုးရိုးကုလားပဲတွေထက် အရောင် ပိုမို တောက်ပကောင်းမွန်ပြီး ပဲမှုန်ကပ်မှုမရှိလို့ ကြာရှည်သိုလှောင်ထားနိုင်မှု ရှိတဲ့အပြင် သန့်ရှင်းလတ်ဆတ်မှုရှိပါတယ်'' လို့လည်းသိရပါတယ်။ ပဲအရောင်တင် စက် (Wet Polishing Unit)  ဟာ လေနဲ့ရေကို အခိုျးကျရောနှောပြီး ပဲသွားလမ်းကြောင်းကို ရေဖျန်းစနစ် (Water Spray)  တပ်ဆင်ပြီးPolisher  နဲ့ အရောင် တင်ခြင်းကို လုပ်ဆောင်ထားကြောင်း တွေ့ရှိရပါတယ်။ ထုတ်ကုန်တွေ တန်ဖိုးမြှင့်မှ ဈေးကွက်မှာ ရောင်းအားကောင်းလို့ ဈေးကွက်ခိုင်မာမှုရှိတဲ့အတွက် ပဲခွဲစက်နဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး သတင်းပေးလိုက်ပါတယ်။ ဇေယျာဆွေ

Sunday, 20 Mar 2011

မုံရွာကုလားပဲ နယ်လက်ထက် ခွဲစက်သမားပိုဆွဲ                မတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ နယ်စုံ က ကုလားပဲမျိုးစုံ အဝင်လှိုင်ခဲ့ပြီး ဝယ်လက်ကတော့ ရန်ကုန်၊ မန္တလေးနယ်လက် ထက် ဒေသတွင်းခွဲစက်သမားတွေက ပိုများခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုအပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးများကတော့ ကုလားပဲရိုးရိုး တစ်တင်း ၁၆၇ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၇၈ဝဝ ကျပ်၊ ဗွီတူး တစ်တင်း ၁၈ဝဝဝ ကျပ်မှ ၁၈၈ဝဝ ကျပ်နဲ့ 929 တစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၇၇ဝဝ ကျပ် အသီးသီးကျဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် နယ်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကာ ကုလားပဲမျိုးစုံတစ်နေ့ တင်း ၅ဝဝဝ ဝန်းကျင်ရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ အိတ်စပို့ဝယ်လက်အဆွဲနည်း လို့ ဈေးဆက်လက်အေးဖွယ်ရှိတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက သုံးသပ်ခဲ့ကြပြီး ယခုလ ၁၅ ရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ နယ်တင်ပို့မှု အားနည်း လျက်ရှိရာ မန္တလေးကို တင်း ၂ဝဝဝ ကျော်၊ ရန်ကုန်ကို တင်း ၁၅ဝဝ ကျော်နဲ့ ပခုက္ကူကို တင်း ၅ဝဝ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Sunday, 20 Mar 2011

ဟင်္သာတပဲတီစိမ်းဈေးမြင့်လာပြီး အရောင်းသွက်               ဟင်္သာတဈေးကွက်အတွင်း ပဲတီစိမ်းဈေးမှာ ယခင် တစ်ပတ်ကပိဿာ ၂ဝတစ်တင်းကို ၂၉ဝဝဝ ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တင်းကို ၃၂၅ဝဝ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်တစ်ပတ် ထက် ဈေးပိုမြင့်လာခဲ့လို့ တောင်သူများအတွက်လည်းအကျိုး အမြတ်ပိုရလာပါတယ်။ ဈေးကွက်အတွင်း ပဲတီစိမ်းများ အရောင်းအဝယ်လည်း ကောင်းနေပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ကို နေ့စဉ် တစ်တင်းခွဲဝင်အိတ် ၄ဝဝ ခန့်အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ အေးအေးခိုင် 

Sunday, 20 Mar 2011

ပြည်ပဲတီစိမ်း လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်                    ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းပဲတီစိမ်းကို ၂ဝ၁ဝ -၁၁ ခုနှစ်တွင် ၂၃ဝဝ၄ ဧကစိုက်ပျိုးခဲ့ပြီး ပြည်ခရိုင် အတွင်းမြို့နယ်များဖြစ်တဲ့ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ၌ အများဆုံးစိုက်ပိုျးထွက်ရှိခဲ့တာကို တွေ့ရပါတယ်။ အထွက်နှုန်းအနေဖြင၎င်းမြို့နယ်များ၌ တစ်ဧက ၁၄ တင်းနှုန်းနီးပါးထွက်ရှိခဲ့ကြပါတယ်။ ဈေးကွက်အတွင်းသို့ ဒီဇင်ဘာလအထိ ပဲတီစိမ်းသီးနံှအများအပြားဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလဆန်းမှစ၍ အဝင်ပါးလာကာ ယခုမတ်လအတွင်း ဝင်ရောက်မှုမရှိတော့ဘဲ ပဲလက်ကျန်များသာ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ဈေးနှုန်းအနေဖြင့် တစ်တင်း ၂၇ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်  ဖြစ်ခဲ့ကြပြီး မတ်လအတွင်း ရန်ကုန်သို့ အိတ် ၇၅ဝ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း 

Pages