Background
ပင်လယ်ရေကြောင်း အပို့လျော့ မတ်လ ၁ ရက်မှ ၇ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၉၄၂ တန်၊ တန်ဖိုး ဝ ဒသမ ၂၃၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ယခင်အပတ်က တန် ၂၅ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု သုံးပုံတစ်ပုံခန့် လျော့ကျသွား ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ ပနားမားကို တန် ၇၅ဝ နဲ့ စင်္ကာပူကို ၁၉၂ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းတင်ပို့မှုလျော့ကျပေမဲ့ နယ်စပ်တင်ပို့မှုကတော့ အားကောင်းဆဲဖြစ်ကြောင်း သိရပါတယ်။ (ရန်ကုန်) ဈေးနှုန်းကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိကြောင်း သတင်းရရှိပါတယ်။ KZW
ရော်ဘာဈေးနှုန်းများ အနည်းငယ်ကျ သဘာဝရော်ဘာဈေးနှုန်းဟာ ကမ္ဘာ့ဈေးကွက်မှာ တစ်ကီလိုဂရမ်ကို ရူပီး ၂၂၇ (၅ ဒေါ်လာ) နဲ့ အိန္ဒိယ ပြည်တွင်း ဈေးကွက်မှာ တစ်ကီလိုဂရမ်ကို ရူပီး ၂၃ဝ (၅ ဒသမ ၁၄ ဒေါ်လာ) ရောက်ရှိပြီး ဈေးအနည်းငယ် ကျဆင်းကြောင်း နဲ့ မလေးရှားကဲ့သို့သော အဓိကကမ္ဘာ့ဈေးကွက်များမှာလည်း ရော်ဘာဈေးနှုန်း အနည်းငယ် ကျဆင်းသွားကြောင်း အိန္ဒိယ ရော်ဘာရောင်းဝယ်သူများအသင်းလည်း ပြောကြားပါတယ်။ ဘန်ကောက် နိုင်ငံတကာဈေးကွက်မှာတော့ တစ်ကီလိုဂရမ်ကို ရူပီး ၂၇ဝ (၆ ဒေါ်လာ) ရှိကြောင်း သိရပါတယ်။ လစ်ဗျား မငြိမ်သက်မှုပိုမိုလာခြင်းရဲ့ အကျိုးဆက်က ရေနံဈေးနှုန်းကို သက်ရောက်ပြီး နောက်ဆက်တွဲအနေနဲ့ ကားရောင်းချမှုကို ထိခိုက်နိုင်တာကြောင့် တရုတ်ကလည်း ရော်ဘာ အဝယ် လျော့ နည်းနေပါတယ်။ ဒါ့အပြင် တောင်သူတွေကလဲ ဈေးကျမှာစိုးရိမ်ပြီး ဈေးကွက်ထဲကို လှောင်ကုန်တွေ ထုတ်ရောင်း နေကြကြောင်း သတင်းရရှိပါတယ်။ KZW, Source: Business Standard
ရော်ဘာဈေးအနည်းငယ်ပြန်ကျသွားသော်လည်း ခဏတာသာခန့်မှန်း အရှေ့အလယ်ပိုင်းဒေသမှ မငြိမ်သက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန် မှုတွေ ကြောင့် ယခုတစ်ပတ်တွင် တိုကိုျရော်ဘာကြိုပွိုင့်ဈေးနှုန်းအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ၎င်းကျဆင်းမှုက ရောင်းလိုအား တင်းကြပ်မှုကြောင့် အချိန်အကန့်အသတ်တစ်ခုအတွင်းသာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အိန္ဒိယရော်ဘာဈေးကွက်တွင် ဝယ်လိုအားနှေးကွေးမှုကြောင့် ရော်ဘာလက်ငင်းဈေးနှုန်း ကျဆင်းသွားခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့က တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် သြဂုတ်လ သင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၂ ဒသမ ၇ ယန်း (သုည ဒသမ ၆ ရာခိုင်နှုန်း) ဈေးကျသွားပြီး တစ်ကီလိုဂရမ်ကို ၄၇၃ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၅၇၃၄) နဲ့ ချုပ်ဆိုခဲ့ပါတယ်။ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးတွင်လည်း မတ်လသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းကတစ်တန်ကို ကန် ဒေါ်လာ ၅၈၅၆ ကိုဈေးကျသွားကြောင်း သတင်းရရှိပါတယ်။ မကြာခင်က တိုကျိုရော်ဘာကြိုပွိုင့်ဈေးနှုန်းက ရောင်းလိုအားတင်းကြပ်မှုနဲ့ တာယာစက်ရုံများရဲ့ ဝယ်လိုအားများမှုကြောင့် ဈေးမြင့်နိုင်ကြောင်း သုံးသပ်ရပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီလလယ်က စံချိန်တင်မြင့်တက်ခဲ့တဲ့ ဈေးနှုန်းလောက်တော့ မြင့်မားနိုင်မှာမဟုတ်ကြောင်းနဲ့ ဧပြီလတွင် ဈေးအနည်းငယ်ပြန်ကျသွားနိုင် ကြောင်း သုံးသပ်ထားပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ သဘာဝရော်ဘာဝယ်လိုအားက ကမ္ဘာ့ရော်ဘာ အသုံးပြုမှုရဲ့ ၄၈ ရာခိုင် နှုန်းကိုကိုယ်စားပြုနေပြီး ယခုနှစ်တွင် ပိုများမယ်လို့ သတင်းရရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက ၉ ဒသမ ၁ ရာခိုင်နှုန်း၊ အိန္ဒိယရဲ့ ဝယ်လိုအားက ၅ ရာခိုင်နှုန်းနဲ့ မလေးရှားရဲ့ ဝယ်လိုအားက ၇ ရာခိုင်နှုန်းအသီးသီးတက် သွားနိုင်ကြောင်း သုံးသပ် ထားပါတယ်။ အေးမွန်မွန်လှိုင်၊Source:commodityonline.com
နယ်စပ်စခန်းများမှ ရော်ဘာတန် ၁၃ဝဝ ကျော်တင်ပို့ မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ ၁၃၂ဝ တန်ကျော် ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၃၃ဝ ကျော်တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်ရော်ဘာတင်ပို့မှုများ ကတော့ မူဆယ်မှ တန် ၇၇ဝ၊ ချင်းရွှေဟော်မှ ၄၃၂ တန်ကျော်နဲ့ မြိတ်မှ တန် ၁၂ဝ တင်ပို့ခဲ့ပြီး ရော်ဘာအဆင့် အလိုက်တင်ပို့နိုင်မှုများကတော့ MSR- 50 ၂၈၃ တန်ကျော်၊MSR--20 ၁၁၆ တန်ကျော်၊RSS-3 ၈၇၉ တန်ကျော်နဲ့ RSS-5 ၄၃ တန်အသီးသီးဖြစ်ပါတယ်။ တရုတ် နိုင်ငံမှ စက်မှုလုပ်ငန်းများအတွက် ရော်ဘာဝယ်လိုအားရှိတဲ့အတွက် ဈေးကွက်အခြေအနေကို စောင့်ကြည့်ပြီး တင်ပို့လျက်ရှိပါတယ်။ယူနန်ပြည်နယ်အထိ မိမိတို့ရော်ဘာများရောက်ရှိနေတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ရော်ဘာ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ (ဒေါ်လာ/ တန်)RSS - 3 ၄၄၁၉၂၆ဝ ၅၁၆၃RSS - 5 ၄၁၆၉၇၈၅ ၄၇၈၃MIRT(DOBT)
ပင်လယ်ရေကြောင်းတင်ပို့မှု တန် ၁ဝဝဝ ကျော်ရှိ ပင်လယ်ရေကြောင်း အပို့လျော့ မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှာ ရော်ဘာ ၁၁၃၇ တန်၊ တန်ဖိုး ၄ ဒသမ ၈ဝ၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ကလည်း တန်ချိန် နှစ်ထောင်ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ရော်ဘာအထွက်နှုန်းကျတဲ့ရာသီဖြစ်တာကြောင့် လက်ကျန်နည်းနေပြီလို့ သိရပါတယ်။တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကိုRSS-3 ၂၅ဝ တန်၊ မလေးရှားကိုRSS-3 ၁၇၇ တန်၊ MSR-20 တန် ၄ဝဝ နဲ့ MSR-50 တန် ၄ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းတွေကတော့RSS-3 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ၊RSS-5 တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့MSR-20 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
အဝင်များလို့ ဈေးအေးတဲ့ ပြည်ဘိုကိတ် ပြည်ဈေးကွက်သို့ ပြည်အနီးတစ်ဝိုက်ရှိ ပန်းတောင်း၊ ဥသျှစ်ပင် မြို့နယ်များမှ ပဲသစ်များအဝင်ရှိနေပါတယ်။ ပဲသစ်တွေ ဝင်လာတာကြောင့် ဘိုကိတ် ဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးကျသွားကြောင်း သိရပါတယ်။ ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၈ဝဝဝ ကျပ်၊ ယခုတစ်ပတ်မှာတော့ တစ်တင်း ကို ၁၇ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ တစ်နေ့ကို အိတ် ၁ဝဝ မှ အိတ် ၁၅ဝ အထိ အဝင်ရှိနေသော်လည်း အရောင်း အဝယ်နေ့စဉ်မဖြစ်ဘူးလို့ သိရပါ တယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ကို အိတ် ၂ဝဝ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ပြည်ဈေးကွက်သို့ ထောပတ်ပဲများ စတင်ဝင်ရောက်လာပြီ ပဲခူးတိုင်းအနောက်ပိုင်းအတွင်း ထောပတ်ပဲစိုက်ဧက ၁၂ဝ၂ဝ၇ ဧက စိုက်ပျိုးခဲ့ပြီး ယခုမတ်လ ဒုတိယပတ်မှ စ၍ ပဲသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ရွှေတောင်မြို့နယ်တွင် ဧက ၄ဝဝဝ ကျော်စိုက်ပိုျး နိုင်ခဲ့ပြီး ယခုဝင်ရောက်လာသော ပဲသစ်များမှာ ရွှေတောင် (ကျီးသဲ) ဖက်မှ ဝင်ရောက်တယ်လို့ သိရပါတယ်။ ထောပတ်ပဲမှာ ယခင်နှစ်က ပဲလက်ကျန်ပြတ်ချိန်တွင် တစ်တင်း ၂၇ဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး ယခုပဲသစ်ပေါ်စ အဖွင့်ဈေးမှာ တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် တစ်ရက်ကို ၁ဝ အိတ် ၁၅ အိတ်ခန့် အဝင်ရှိလာခဲ့ ပါတယ်။ ပဲသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်ချိန်ဖြစ်သဖြင့် လက်လီသမားများဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
လွယ်ဂျယ်မှ မြေထောက်ပဲ ယခုအပတ်မှာ လွယ်ဂျယ်နယ်စပ်မှ မြေထောက်ပဲ စတင်တင်ပို့နိုင် ခဲ့ပြီဖြစ်ပါတယ်။ဇူလိုင်လတည်းက တင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ယခုအပတ်မှာမှ ပြန်လည် တင်ပို့လာခြင်းဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၄ဝ၉၂ဝ တန်ဖိုးရှိ မြေထောက်ပဲ ၆၂ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု ပုံမှန်ရှိ ပြည်ပဝယ်လိုအားကောင်းတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲကို ယခု တစ်ပတ် ပင်လယ်ရေကြောင်းက တန်ချိန် ၂၅ဝ နဲ့ ၁၇ဝ ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်ပဝယ်လိုအားရှိသလောက် တင်ပို့နိုင်ခြင်းမရှိတဲ့ ထောပတ်ပဲ က ရှားကုန်အနေနဲ့ ရှိနေတယ်လို့ ကုန်သည်တချို့က ဆိုပါတယ်။ ဒီတစ်ပတ် မြေထောက်ပဲကို စင်ကာပူကို တင်ပို့ခဲ့ပြီး ထောပတ်ပဲကိုတော့ ဖောက်သည်ဂျပန်ကို တင်ပို့မှုများပါတယ်။ ပြည်ပဝယ်လိုအားကောင်းပေမဲ့ ရန်ကုန် FOB ဈေးတွေကတော့ ပဲ ၂ မိုျးလုံး ငြိမ်နေပါတယ်။ မတ်လ ၁၁ ရက် FOB ဈေးအနေနဲ့ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဖြစ်ပြီး၊ ထောပတ်ပဲ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ အသီးသီးရှိတာတွေ့ရပါတယ်။ MIRT - MAPT
ပြည်ကုလားပဲသစ်များ အဝင်များသလို အဝယ်သွက် ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ၁၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်တွင် တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဈေးကွက်အတွင်း ပဲအသစ်များကို လှောင်လက်သမားများနဲ့ ပဲခွဲစက်သမားများမှ အဝယ်ရှိပြီး ပဲကြော်၊ ပဲလှော် သမား များကလည်း ပဲသစ်များကို အရောင်းအဝယ်ကောင်းနေပါတယ်။ အခြားတိုင်း များမှ အဝင်မရှိဘဲ တိုင်းအတွင်း ဒေသများမှ ပဲသစ်များသာ အဝင်များကြောင်း သိရပါတယ်။ ပြည်မှ ရန်ကုန်သို့ ကုလားပဲအိတ် ၂ဝဝ ခန့် တင်ပို့ရောင်းချမှုရှိပြီး နေ့စဉ် အိတ် ၂၅ဝ-၃ဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း