Main menu

Background

Sunday, 13 Mar 2011

လွယ်ဂျယ်မှ မြေထောက်ပဲ                   ယခုအပတ်မှာ လွယ်ဂျယ်နယ်စပ်မှ မြေထောက်ပဲ စတင်တင်ပို့နိုင် ခဲ့ပြီဖြစ်ပါတယ်။ဇူလိုင်လတည်းက တင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ယခုအပတ်မှာမှ ပြန်လည် တင်ပို့လာခြင်းဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၄ဝ၉၂ဝ တန်ဖိုးရှိ မြေထောက်ပဲ ၆၂ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                   MIRT(DOBT)

Sunday, 13 Mar 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု ပုံမှန်ရှိ            ပြည်ပဝယ်လိုအားကောင်းတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲကို ယခု တစ်ပတ် ပင်လယ်ရေကြောင်းက တန်ချိန် ၂၅ဝ နဲ့ ၁၇ဝ ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်ပဝယ်လိုအားရှိသလောက် တင်ပို့နိုင်ခြင်းမရှိတဲ့ ထောပတ်ပဲ က ရှားကုန်အနေနဲ့ ရှိနေတယ်လို့ ကုန်သည်တချို့က ဆိုပါတယ်။ ဒီတစ်ပတ် မြေထောက်ပဲကို စင်ကာပူကို တင်ပို့ခဲ့ပြီး ထောပတ်ပဲကိုတော့ ဖောက်သည်ဂျပန်ကို တင်ပို့မှုများပါတယ်။             ပြည်ပဝယ်လိုအားကောင်းပေမဲ့ ရန်ကုန် FOB  ဈေးတွေကတော့ ပဲ ၂ မိုျးလုံး ငြိမ်နေပါတယ်။ မတ်လ ၁၁ ရက် FOB ဈေးအနေနဲ့ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဖြစ်ပြီး၊ ထောပတ်ပဲ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ အသီးသီးရှိတာတွေ့ရပါတယ်။ MIRT - MAPT

Sunday, 13 Mar 2011

ပြည်ကုလားပဲသစ်များ အဝင်များသလို အဝယ်သွက်                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ၁၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်တွင် တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဈေးကွက်အတွင်း ပဲအသစ်များကို လှောင်လက်သမားများနဲ့ ပဲခွဲစက်သမားများမှ အဝယ်ရှိပြီး ပဲကြော်၊ ပဲလှော် သမား များကလည်း ပဲသစ်များကို အရောင်းအဝယ်ကောင်းနေပါတယ်။ အခြားတိုင်း များမှ အဝင်မရှိဘဲ တိုင်းအတွင်း ဒေသများမှ ပဲသစ်များသာ အဝင်များကြောင်း သိရပါတယ်။ ပြည်မှ ရန်ကုန်သို့ ကုလားပဲအိတ် ၂ဝဝ ခန့် တင်ပို့ရောင်းချမှုရှိပြီး နေ့စဉ် အိတ် ၂၅ဝ-၃ဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Sunday, 13 Mar 2011

မုံရွာကုလားပဲအဝင်လှိုင် ဈေးအေးပေမဲ့ အရောင်းသွက်               စိုက်ပိုျးကာလ နောက်ကျခဲ့တဲ့ မုံရွာနယ်ဝန်းကျင်က ကုလားပဲမိုျးစုံ ရင့်မှည့်ရိတ်သိမ်းလျက်ရှိကြလို့ ယခုတစ်ပတ်မုံရွာကုန်စည်ဒိုင်မှာပဲ အဝင် လှိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံစက်သမားတွေ ကုန်ကြမ်း လိုသလောက်သာ ထိန်းသိမ်းဝယ်နေကြသလို ရန်ကုန်ဝယ်လက်တွေလည်း ဖြည်းဖြည်းမှန်မှန်သာ ဝယ်ခဲ့ကြလို့ ကုလားပဲဈေးတွေ အေးနေတာတွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲဈေးကတော့ ကုလားပဲတိုင်ပေ တစ်တင်း ၁၆၆ဝဝ ကျပ်မှ ၁၆၈ဝဝ ကျပ်မှာ တန့်နေကာ V2 ကတော့ တစ်တင်း ၁၇၆ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်နဲ့ 929 ကုလားပဲ တစ်တင်း ၁၆၆ဝဝ ကျပ်-၁၆၈ဝဝ ကျပ်အသီးသီး ဈေးအေးနေခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် တရက်ပျမ်းမျှတင်း ၄ဝဝဝ ခန့်ရှိပြီးV2 နဲ့ 929 အများဆုံး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ယခုတစ်ပတ် အတွင်း စီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၁ဝဝဝ ခန့် ရန်ကုန်ကို တင်း ၁၂ဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၃ဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်

Sunday, 13 Mar 2011

ကုန်ပစ္စည်းအဝင်နည်းလို့ အိန္ဒိယကုလားပဲဈေးပြန်ခိုင်မာလာ                     ယခုသီတင်းပတ်အတွင်း မတ်လ ၉ ရက်နေ့မှာ အိန္ဒိယပြည်တွင်း အင်ဒိုရီ ကုလားပဲလက်ငင်းဈေးကွက်ကို ပဲအဝင်လျော့ကျလာလို့ ကုလားပဲလက်ငင်းရော ကြိုပွိုင့်ဈေးပါ ၁ ရာခိုင်နှုန်းနဲ့ ဝ ဒသမ ၆၆ ရာခိုင်နှုန်းအသီးသီး မြင့်တက်လာ တယ်လို့ သိရပါတယ်။ ပဲလုံးဈေးနှုန်းခိုင်မာလာခြင်းကလည်း ကုလားပဲဈေးကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ မတ်လ ၉ ရက်နေ့ အင်ဒိုရီဈေးကွက်ကို ပဲအိတ် ၂ဝဝဝ သာဝင်ရောက်လို့ ယခင်ရက်ဝင်ရောက်မှု အိတ် ၄ဝဝဝ ထက် ထက်ဝက်ကျ ဆင်း ခဲ့ပါတယ်။                    စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၂၈ ရက်အထိ ကုလားပဲစိုက်ဧရိယာဟာ ဟက်တာ ၉၅ ဒသမ ၁၂ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၈၅ ဒသမ ၅၅ သိန်းထက် ၁၁ ဒသမ ၈ ရာခိုင်နှုန်းပိုမိုလာတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ဟက်တာ ၁၅ ဒသမ ၂ သန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ် သီးနံှထွက်ရှိမှုကို ဖေဖော်ဝါရီလ ၉ ရက်ကခန့်မှန်းရာ ကုလားပဲတန်ချိန် ၇ ဒသမ ၃၇ သန်းထွက်ရှိနိုင်လို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ၄၈ သန်း ထက်လျော့ကျမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဈေးကွက်အနေနဲ့ ကနေဒါ ကုလားပဲဖြူလုံးကြီး ထွက်ရှိမှုကို ၂ဝ၁ဝ-၂ဝ၁၁ အတွင်း တန်ချိန် ၁ ဒသမ ၂၈ သိန်း ခန့်မှန်းထားလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၇၆ သိန်းထက်ပိုမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံအတွင်း ရေလွှမ်းမိုးမှုကြောင့် ကုလားပဲအထွက်နှုန်းကို ထိခိုက်ခဲ့ရာ ၂ဝဝ၉-၂ဝ၁ဝ မှာ တန်ချိန် ၄ ဒသမ ၄၅ သိန်း ထွက်ရှိပေမဲ့ ၂ဝ၁ဝ-၁၁ မှာတော့ တန်ချိန် ၃ ဒသမ ၇၉ သိန်းကို လျော့ကျခန့်မှန်း ထားပါတယ်။ အိန္ဒိယပြည်တွင်း ကာလလတ် ကုလားပဲဈေးက ဆောင်းပဲအမှန်ထွက်ရှိမှု နဲ့ ဈေးကွက်တွေကို ပဲဝင်ရောက်မှုအပေါ် မူတည်ပြီးပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။ မတ်လမှာတော့ တစ်တန်ကို ရူပီး ၂၄ဝဝဝ-၂၆ဝဝဝ (ကန်ဒေါ်လာ ၅၃၁-၅၇၈) ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။ ယမင်းခင်၊Source: Angel Commodities

Sunday, 13 Mar 2011

အရောင်းအဝယ်ပိုပြီး ဈေးအေးသွားတဲ့ ပဲတီစိမ်း              ဟင်္သာတမြို့နယ်အတွင်း ဖေဖော်ဝါရီလ တတိယပတ်မှစပြီး ပဲတီစိမ်းသစ်များ ဝင်ရောက်လာကာ ယခုအပတ်တွင် တစ်တင်းခွဲဝင်အိတ် ၅ဝဝ မှ ၇ဝဝ ကြားနေ့စဉ် အရောင်းအဝယ်ဖြစ်နေတာတွေ့ရပါတယ်။ ပဲတီစိမ်း တစ်တင်းဈေးမှာ ယခု အပတ်တွင် ၂၉ဝဝဝ ကျပ်ဈေးဖြစ်၍ ယခင်အပတ်ထက် တစ်တင်းကို ၂ဝဝဝ ကျပ် ဈေးအေးသွားပါတယ်။ ရန်ကုန် တင်ပို့နိုင်မှုများမှာလည်း ယခုအပတ်တွင် အိတ် ၃၈ဝဝ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင် 

Sunday, 13 Mar 2011

မန်းဈေးကွက်မှာ ခရမ်းပဲတီရွှေဝါကို ဝယ်လိုအားကောင်း                 မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်နှင့် ဒေသပဲခွဲစက်လုပ်ငန်းရှင်များ ဝယ်ယူမှုရှိနေတာကြောင့် ဈေးအေးမသွားဘဲ အရောင်းဝယ်ဖြစ်နေကြပါတယ်။ ဈေးကွက်တွင်းမှာ ခရမ်းပဲတီရွှေဝါအပြင် ပဲခူး၊ ဒိုက်ဦး၊ မုံရွာ၊ ရွှေဘိုစတဲ့ဒေသများမှလည်း ဈေးကွက်ထဲသို့ အနည်းငယ်စီးဝင်မှု ရှိနေတာကို တွေ့ရပါတယ်။ ပဲတီခရမ်းရွှေဝါက ဝယ်လက်အကြိုက်ဖြစ်နေတာကြောင့် ရောင်းဝယ်အားကောင်းပြီး တခြားပဲတီစိမ်းကတော့ ခပ်အေးအေးသာ ရှိနေပါတယ်။ ခရမ်းပဲတီရွှေဝါ တစ်ပိဿာ ၁၉၅၆ ကျပ်၊ တစ်တန် ၁၁၉၇၈ဝဝ ကျပ်၊ ပဲတီစိမ်းကြီးရိုးရိုး ထိပ်စ တစ်ပိဿာ ၁၅၄၇ ကျပ်၊ တစ်တန် ၉၄၇၃ဝဝ၊ အောက်စ တစ်ပိဿာ ၁၃၅၁ ကျပ်၊ တစ်တန် ၈၂၇၃ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်တွင်းမှာ ပဲတီခရမ်းရွှေဝါကို တရုတ်အဆွဲရှိနေတဲ့အတွက် ဈေးအေးမသွားဘဲ ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး 

Sunday, 13 Mar 2011

သယ်ယူစရိတ်နဲ့ မကိုက်လို့ နယ်စပ်အပို့လျော                   မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း ၁၁၂၆ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၁၅၅၈ သန်းဖိုး မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်ကထက် တန်ချိန် ၉၉ဝ ကျော်လျော့ နည်းတင်ပို့ခဲ့ပါတယ်။ပဲရာသီချိန်ဖြစ်ပြီး တရုတ်ဝယ်လိုအားရှိနေသော်လည်း  ကုန်သယ်ယူစရိတ်များမြင့်မား နေတဲ့အတွက် အကျိုး အမြတ်နည်းပါးခြင်း၊ တစ်ဖက်နိုင်ငံဝယ်ဈေးနှုန်းသည် ကုန်ကျစရိတ်ကာမိအောင်ဈေးမရခြင်းတို့ကြောင့် တင်ပို့မှု လျော့နည်း နေခြင်းဖြစ်ပါတယ်။သယ်ယူပို့ဆောင် ကုန်ကျစရိတ် ယခုထက်ပိုမိုသက်သာနိုင်ပါက နယ်စပ်မှ ပဲတီစိမ်း ပိုမိုတင်ပို့လာ နိုင်တယ်လို့ နယ်စပ်မှ ပဲပို့သူများက သုံးသပ်နေကြပါတယ်။ပဲဝယ်ယူစုဆောင်းမှုနည်းပါးနေတဲ့အတွက် ယခုအပတ်မှာ ပြည်တွင်း ဈေးကျဆင်းလျက်ရှိပြီး တစ်ဖက်နိုင်ငံဈေးလည်း အနည်းငယ်လျော့နည်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                         မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု               ယခင်      ပြောင်းလဲမှု     %         ယခု      ယခင်   ပြောင်းလဲမှု    %ပဲတီစိမ်း      ၁၁၄၁ဝ၈ဝ      ၁၁၄၅၇၃ဝ      ၅၆၅ဝ     ဝ .၅ဝ      ၁၃၅၁    ၁၃၆၆         ၁၅         ၁                                                                                                      MIRT (DOBT)

Sunday, 13 Mar 2011

ပဲတီစိမ်းတင်ပို့မှု အားကောင်းဆဲ                 ပင်လယ်ရေကြောင်းက ပဲမျိုးစုံ တင်ပို့မှုမှာ ထိပ်ဆုံးကပြေးနေတဲ့ ပဲတီစိမ်းက ယခုသီတင်းပတ်မှာလည်း တန်ချိန် ၈ဝဝဝ နီးပါးတင်ပို့နိုင်ပါတယ်။ အဓိက တရုတ်ဝယ်လက်များ ဝယ်ယူမှုများကြောင်း သိရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ လည်း နယ်စပ်ဘက်က တရုတ်အဆွဲရှိလို့ အရောင်းအဝယ်ကောင်းပြီး ဈေးမာနေတာတွေ့ရပါတယ်။ ပြည်ပအရောင်း အဝယ်သွက်ပေမဲ့ ရန်ကုန် FOB  ကတော့ ယခုတစ်ပတ်အတွင်း ငြိမ်နေတာတွေ့ရပါတယ်။ မတ်လ ၁၁ ရက် ရန်ကုန် FOB ဈေးအနေနဲ့ ပဲတီစိမ်း FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၁၁၆ဝ-၁၁၈ဝ၊ ၤFAQ (ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝဝ-၁၁၂ဝ နဲ့ ရွှေဝါအသေးတစ်တန်ကို ကန်ဒေါ်လာ ၁၅၃ဝ-၁၅၅ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT

Sunday, 13 Mar 2011

ပြည်ပဲလွန်းဖြူဈေး ခပ်အေးအေး                 ပြည်ပဲလွန်းဖြူဈေးကတော့ ယခင် တစ်ပတ်ထက် ဈေးအေးနေခဲ့ပြီး ပဲတစ်တင်းကို ၂ဝဝဝဝ ကျပ် သာရှိပါတယ်။ ဥသျှစ်ပင်၊ ပန်းတောင်း ဘက်မှ ပဲအိတ် ၃ဝ-၄ဝ ခန့်အဝင်ရှိ တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် အတွင်း ပဲတင်ပို့မှု ကတော့ ပဲခူးတိုင်း ဒေသကြီးအနောက် မိုးညိုမြို့မှ ရန်ကုန်သို့ ပဲအိတ် ၃ဝဝ ခန့် တင်ပို့မှုရှိပါတယ်။ မိမိအေး 

Pages