Main menu

Background

Sunday, 20 Feb 2011

မန်ကျည်း ၇၄ တန်တင်ပို့နိုင်                 ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း မန်ကျည်းတန်ချိန် ၇၄ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့နိုင်ငံက စင်ကာပူနိုင်ငံကို ၂၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၅ဝ တန်ပဲဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၂၅၉ဝဝ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် မန်ကျည်းတင်ပို့နိုင်မှုက ၂၄ တန်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်အပို့သာခဲ့ တာတွေ့ရပါတယ်။                                    MIRT (DOT)

Sunday, 20 Feb 2011

ချင်းစိုဈေးကျ၊ ချင်းခြောက်ဈေးမာ                  ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ချင်းဈေးကွက်တစ်ခုဖြစ်တဲ့ အောင်ပန်းဈေး ကွက်မှာ ဒီတပတ် ချင်းစိုဈေးက အနည်းငယ်ကျလာပြီး၊ ချင်းခြောက်ဈေးက ပြန်တက်လာပါတယ်။ ချင်းခြောက်တွေကလည်း ဈေးကွက်ကိုအများကြီး ဝင်မလာသေး ပါဘူး။ အောင်ပန်းဈေးကွက်မှာ ချင်း (စို) ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေး ရှိပါတယ်။                  ဟိုပုံးချင်းဈေးကွက်မှာတော့ အပင်ကျပြီး၊ အခက်လှတဲ့ ချင်း (စို) ကို တစ်ပိဿာ ၄၂ဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့သိရပါတယ်။ ပယ်ချင်းလို့ခေါ်တဲ့ ချင်းညံ့တွေကို အခြောက်ပြုလုပ်ဖို့ ဝယ်ယူနေကြပြီး၊ ချင်းခြောက်တွေ ကတော့ တပေါင်းလမှသာ အဝင်များလာမှာဖြစ်တယ်လို့သိရပါတယ်။ ဒီနှစ်က ပြည်ပဝယ် လက်တွေ အဝယ်ရပ် နေပြီး၊ ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေကြပါတယ်။ ဒီနှစ်ထွက်ချင်းကို အလှူပွဲမှာဧည့်ခံရန်၊ ဟင်းခတ် အမွှေး အကြိုင်အဖြစ် အသုံးပြုရန် အတွက်သာ ဝယ်ယူနေကြတဲ့အတွက် တစ်ရက်ကို ပိဿာချိန် ၁ သောင်း၊ ၁ သောင်းခွဲခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်း ခြောက်ဈေးက တစ်ပိဿာ ၁၆ဝဝ ကျပ်မှ ၁၈ဝဝ ကျပ်ဈေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၂ဝဝဝ ကျပ်၊ ၂၃ဝဝ ကျပ်ဈေးရှိတယ်လို့ သိရှိရပါတယ်။ ဧဧခိုင်

Sunday, 20 Feb 2011

ထမနဲပွဲရာသီဖြစ်လို့ ပြည်ဈေးကွက်မှာ ချင်းဈေးမြင့်               ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့်နှင့် အဝင်များ လာပါတယ်။ ယခုကာလသည် တပို့တွဲလ ထမနဲပွဲတော်ချိန်ဖြစ်လို့ တစ်နေ့ကို ပိဿာချိန် ၅ဝဝ ခန့်နှင့် အရောင်းအဝယ် သွက်လျက်ရှိပြီး ယခင်တစ်ပတ်ကထက် ချင်းတစ်ပိဿာကို ၂ဝဝ ကျပ်ခန့်ဈေးမြင့် သွားခဲ့ပါတယ်။ ယခုတစ်ပတ်ချင်းဈေးမှာ တစ်ပိဿာကို (ရှယ်) ၁၃ဝဝ ကျပ်၊ (ဂျွန်) ၁၂ဝဝ ကျပ်တို့ရှိပြီး ရခိုင်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန်  ၁၈ဝ-၂ဝဝ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။                                  ဝင်းးလဲ့ဝါ

Sunday, 20 Feb 2011

ဖြည်းဖြည်းမှန်မှန်သွားနေတဲ့ မန်းပြောင်း                မန်းဈေးကွက်တွင် ပြောင်းဖူးစေ့ကို တရုတ်ဝယ်လိုအားနည်းလာသော် လည်း ဒေသတွင်းအစာစပ် လုပ်ငန်းရှင်များ အရက်ချက်လုပ်ငန်းရှင်များတို့ ဝယ်လို အားရှိနေတဲ့အတွက် ပုံမှန်အရောင်းအဝယ်ရှိပြီး ဈေးငြိမ်နေတာ ကိုလည်း တွေ့ရပါ တယ်။ ယခုတစ်ပတ်မှာလည်း ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းဘဲ ပြောင်းလဲမှုမရှိဘဲ ပြောင်းဖူးစေ့ ရှမ်းနဲ့ စီပီပြောင်း တစ်ပိဿာ ၂၇၈ ကျပ်၊ တစ်တန် ၁၇ဝ၂၄၄ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)က တစ်ပိဿာ ၂၆၅ ကျပ်၊ တစ်တန် ၁၆၂၂၈၃ ကျပ် အထွက်တိုးပြောင်း တစ်ပိဿာ ၂၆၄ ကျပ်၊ တစ်တန် ၁၆၁၆၇ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြကြောင်း တွေ့ရပါတယ်။ တရုတ်ဝယ်လိုအားနည်းသော်လည်း ပြည်တွင်း ဝယ်လိုအားရှိနေတဲ့အတွက် ဈေးမကျဘဲ ဈေးငြိမ်နေတာဖြစ်တယ်လို့ ရောင်းဝယ်ကြတဲ့ ကုန်သည်များမှ ပြောကြားကြောင်း သိရပါတယ်။               ကျော်ကျော်မိုး

Sunday, 20 Feb 2011

USDA ၏ ကြေညာချက်ကြောင့် ပြောင်းဈေးကောင်း               အမေရိကန်ရဲ့ ပြောင်းစိုက်ပျိုးသူများက ယခုရက်သတ္တပတ်အတွင်း သတင်းကောင်းတချို့ကြားနေရပါတယ်။ အဲဒါကတော့ အမေရိကန်စိုက်ပျိုးရေး ဌာန(USDA)က ၁၅ နှစ်အတွင်း ပြောင်းသိုလှောင်မှုကျဆင်း သွားတယ်လို့ ကြေညာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။USDA  ရဲ့ နောက်ဆုံးခန့်မှန်းချက်အရ ပြောင်းရောင်းလိုအား စုစုပေါင်း ဘူရှယ် ၆၇၅ သန်းရှိတယ်လို့ သိရပါတယ်။ စားသုံးမှုနဲ့အီသနောထုတ်လုပ်မှု နှစ်မျိုးစလံုံးကြောင့် ဝယ်လိုအားတိုးလာပြီ လွန်ခဲ့တဲ့ လ အနည်းငယ်ကတည်းက ရောင်းလိုအားပြတ်လတ်ခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူများက ပြောကြားပါတယ်။ ကမ္ဘာ့အကြီးဆုံးပြောင်းထုတ်လုပ်တဲ့ အာဂျင်တီးနား နိုင်ငံမှာ သီးနံှပျက်စီးမှုကြောင့် ကမ္ဘာ့ရောင်းလိုအားနည်းသွားခဲ့ကြောင်း သိရပါ တယ်။ အာဂျင်တီးနားရဲ့ နောက်ဆုံးအထွက်နှုန်းဟာ ရာသီဥတုဆိုးရွားတာကြောင့် ကျဆင်းနေပြီး ဈေးကွက်ကလည်း ဆက်လက်အကျပ်အတည်းဖြစ်နေကြောင်း ဂျီနီဗာမှ သုတေသီတစ်ဦးက ပြောကြားပါတယ်။ ပြောင်းဟာ စားသုံးဖို့နဲ့ လောင်စာဆီအတွက် လုံလောက်မှုရှိနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်းUSDA ရဲ့ အတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။USDA  ရဲ့ ကြေညာချက်အပြီးမှာ ပြောင်းဈေးနှုန်းက တစ်ဘူရှယ်ကို ၇ ဒေါ်လာအထိ ရောက်သွားပြီး ပြောင်းထုတ်လုပ် သူတွေကတော့ နွေဦးရာသီ ရိတ်သိမ်းချိန်အတွက် အခွင့် အလမ်းရမယ့် သတင်းကောင်းတွေ ကြားခဲ့ရပါတယ်။ ပြောင်းဈေးနှုန်းက လွန်ခဲ့တဲ့ ၆ လကတည်းက ၂ ဆဖြစ်ခဲ့ပြီး ချီကာဂိုမှာတော့ လ ၃ဝ အတွင်း အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ ှSource: Bloomberg.com KZW

Sunday, 20 Feb 2011

နယ်စပ်အပို့လည်းအားကောင်း             ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း တရုတ်နယ်စပ် စခန်းများဖြစ်တဲ့ မူဆယ် ၁ဝ၅မိုင် ကုန်သွယ်ရေးဇုန် လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်တို့မှ ကန်ဒေါ်လာ ၂ ဒသမ ၈၅၉၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၂၁၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ တန်ချိန် ၃၅၇ဝ ခန့် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၄၆၄၉ တန်ကျော် တင်ပို့မှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။ နှစ်သစ်ကူးပြီးနောက်ပိုင်း အရောင်း အဝယ်လုပ်ငန်းများ ပုံမှန်ရှိလာပြီ ဖြစ်လို့ တင်ပို့မှု ပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။မိမိဘက်နဲ့ တစ်ဖက်နိုင်ငံပြောင်းဈေး များကို ဖော်ပြပေးလိုက်ရပါတယ်။                                  မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု       ယခင်   ပြောင်းလဲမှု      %     ယခု    ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့ ၂၉၃၁၃၃ ၂၈၈ဝ၄၃       ၅ဝ၉ဝ       ၁ .၇   ၂၈၉     ၂၈၆           ၃          ၁MIRT (DOBT) 

Sunday, 20 Feb 2011

တန် ၃၂ဝဝ ပင်လယ်ရေကြောင်းကတင်ပို့              ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၂ဝ၅ တန်၊ တန်ဖိုးဒေါ်လာ ဝ ဒသမ ၈ဝ၁ သန်းဖိုးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်က ၅၉၁ တန်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ကမ္ဘာ့ပြောင်း ရောင်းလိုအား ကျဆင်းနေမှုကြောင့် အဝယ်လိုက်နေတာ ဖြစ်ကြောင်း သိရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ နယူးဂီနီကို တန် ၁၅ဝဝ၊ စင်္ကာပူကို တန် ၅ဝဝ၊ ဖိလစ်ပိုင်ကို ၈၈၈ တန်၊ ပနားမားကို တန် ၁၂ဝ၊ မလေးရှား ကို ၁၉၇ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ FOB ရန်ကုန်ဈေး ကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိ ကြောင်း သတင်းရရှိပါတယ်။ KZW

Sunday, 20 Feb 2011

 တာယာထုတ်လုပ်သူများအတွက် အလားအလာကောင်းဖွယ်မရှိ        ရော်ဘာအသုံးစရိတ်တွေ မြင့်တက်ခြင်းကပြည်တွင်း တာယာထုတ်လုပ်သူများကို ဖိအားပေး နေပြီး လွန်ခဲ့တဲ့ တစ်နှစ်ခန့်လောက်ကတည်းက ၎င်းတို့ အမြတ်များကျဆင်းနေတာကိုတွေ့ရပါတယ်။Wuxi Boton ခါးပတ်ကုမ္ပဏီက ၂ဝ၁ဝ မှာ အသားတင် အမြတ် ယွမ် ၄၄ ဒသမ ၁၉ သန်း (ဒေါ်လာ ၆ ဒသမ ၇ သန်း) သာရရှိခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အလားတူ ကာလထက် ၈ ဒသမ ၅၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ဒီလိုအမြတ်ငွေကျဆင်းရတာ ဟာ လွန်ခဲ့တဲ့နှစ်က ရော်ဘာဈေးနှုန်းတွေ တက်တာ ကြောင့်လို့ သိရပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာ ၂ဝ၁၁ မေလ အတွက် ရော်ဘာဈေးနှုန်းက တစ်တန်ကို ၄၃၅ဝဝ ယွမ် (၆၅၉၈ ဒေါ်လာရှိပြီး) ယခင်နှစ်ဇွန်လက ယွမ် ၂ဝဝဝဝ ဝန်းကျင် (၃ဝ၃၃ ဒေါ်လာ) သာရှိခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်းက ရော်ဘာလုပ်ငန်းကြီးများကလည်း လွန်ခဲ့တဲ့ နှစ်ထက်ပိုပြီး အမြတ်ငွေကျဆင်းမယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။ဟီနန်ပြည်နယ် အခြေစိုက်အဓိကတာယာထုတ်လုပ်ရေးဖြစ်တဲ့ Aeolus  တာယာကုမ္ပဏီက ၂ဝ၁ဝ မှာ ၎င်းတို့ရဲ့ အသားတင်အမြတ်က ယခင်နှစ်အမြတ်ရဲ့ ၅ဝ ရာခိုင်နှုန်းဝန်းကျင်ဒေါ်လာ (၄၇ ဒသမ ဝ၃ သန်း) ရှိကြောင်း ကြေညာခဲ့ပါတယ်။ အခြားတာယာထုတ်လုပ်ရေးဖြစ်တဲ့ Guizhore ကတော့ ၂ဝ၁ဝ မှာ ၎င်းတို့ရဲ့ အမြတ်ငွေ ၅ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ဒေါ်လာ (၁၆ ဒသမ ၈၄ - ၂၇ ဒသမ ၃ဝ) သန်းသာရှိကြောင်း ပြောကြားခဲ့ပါတယ်။ ယခုလက်ရှိမှာ ရော်ဘာ ဈေးနှုန်းက ဆက်တက်နေဦးမှာ ဖြစ်ပြီး ရောင်းလိုအား အကျပ်အတည်းကြောင့် ပြည်တွင်းတာယာထုတ်လုပ်ရေးများအား ဆက်လက်ထိခိုက်နေဦးမယ်လို့ စက်မှုလုပ်ငန်း သုတေသီများကပြောကြားပါတယ်။                 ယခုနှစ်လယ်လောက်မှာတော့ ရော်ဘာအစေးထွက်ရာသီစတင်တော့မှာမို့ ရော်ဘာဈေးနှုန်းသင့်တင့်မှုရှိလာနိုင်ပြီး ရောင်းလိုအားလည်း တိုးလာနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ယခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ပြန်လည် နာလန်ထူလာနိုင်ကြောင်း တိုင်ဂျင်အခြေစိုက် သုတေသီတစ်ဦးက ပြောကြားပါတယ်။ကားရောင်းချရနှုန်းတွေ အားကောင်းပြီး တာယာ ထုတ်လုပ် ရေးတွေရဲ့ ဝယ်လိုအားကိုမမီနိုင်တာကြောင့် ရော်ဘာရဲ့ရောင်းလိုအား တိုးတက်မှုကို မမြင်ကြောင်း ဘေဂျင် အခြေစိုက် သုတေသီတစ်ဦးကသုံးသပ်ပြန်ပါတယ်။ပြည်တွင်းရော်ဘာထုတ်လုပ်ရေးများကလည်း ရာသီဥတုဒဏ်မှကာကွယ်ရေး ကူညီပေးဖို့ အစိုးရက တောင်းဆိုထားကြောင်း ရော်ဘာအသင်းရဲ့Website  မှာ ဖော်ပြထားပါတယ်။ KZW, Source: global time

Sunday, 20 Feb 2011

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု သိသိသာသာမြင့်                    ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်တို့မှ ကန်ဒေါ်လာ ၅ ဒသမ ဝ၉၅ သန်း တန်ဖိုးရှိ ရော်ဘာ ၁၂၉၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း အဆိုပါစခန်းများကပဲ ၃၃၇ တန်နီးပါး တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၉၅၇ တန်ကျော် နယ်စပ်မှ ရော်ဘာတင်ပို့မှု သိသိသာသာမြင့်တက်တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၆၇၃တန်၊ ချင်းရွှေဟော်မှ ၂၅၄ တန်နဲ့ မြိတ်မှ တန် ၃ဝ အသီးသီးတင်ပို့မှု ပိုမိုခဲ့တာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းများ အတွက် ရော်ဘာလိုအပ်ချက် မြင့်တက်လာတာနဲ့အမျှ တရုတ်ဝယ်လိုအား သိသိသာသာမြင့်တက်လျက်ရှိပါတယ်။ ရွှေလီမှာ ရော်ဘာဈေး ၁ တန်ကို ယွမ် ၁၅ဝဝ ပိုမိုမြင့်တက်နေတယ်လို့ မူဆယ်နယ်စပ်မှ ရော်ဘာတင်ပို့သူတစ်ဦးထံက သိရပါတယ်။                                      မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု                 ယခင်         ပြောင်းလဲမှု       %         ယခု       ယခင်  ပြောင်းလဲမှု      %RSS(3)        ၄၃၈၄၆၈၅        ၄၂၆၃၇၈၅       ၁၂ဝ၉ဝဝ       ၂ .၈       ၅ဝ၈၈     ၄၈၆၅     ၂၂၃             ၄ .၃RSS(5)         ၄၁၅၁၉၈၅        ၄၁၅၁၇၈၅        ၂ဝဝ         ဝ .ဝဝ၄     ၅ဝ၁၂      ၄၇၈၉    ၂၂၃            ၄ .၅MIRT (DOBT)   

Sunday, 20 Feb 2011

ရော်ဘာတင်ပို့မှု နှစ်ဆတက်               ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၆၂၂ တန် တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၄၂၉ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၃၁၆ တန် တင်ပို့ခဲ့တာ ကြောင့် ယခုရက်သတ္တပတ်မှာ နှစ်ဆတိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ စင်္ကာပူကိုMSR-20  ၂ဝ၁ တန်၊ တရုတ်ကို MSR-20  တန် ၂ဝဝ၊ မလေးရှားကိုRSS-5  တန် ၁၈ဝ၊RSS-3 ၄၁ တန် အသီးသီးဖြစ်ကြောင်း သိရပါတယ်။ အထွက်နှုန်းကျတဲ့ရာသီဖြစ်ပြီး ရော်ဘာရောင်းလိုအားပြတ်လပ် နေတာကြောင့် ဈေးမြင့်နေပေမဲ့ အဝယ်လိုက်နေတာ ဖြစ်ကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်းကနေ တင်ပို့တဲ့ ဈေးနှုန်းတွေကတော့ RSS-3 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့MSR-20  တစ်တန်ကို ၅၄ဝဝ ဒေါ်လာအသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW 

Pages