Main menu

Background

Sunday, 20 Feb 2011

မုံရွာပဲတီဈေးကွက် စိမ်းသေးဈေးငြိမ်၊ စိမ်းကြီးဈေးမာ              မုံရွာကုန်စည်ဒိုင် ယခုတစ်ပတ်အစပိုင်း ပဲတီစိမ်းဈေးကွက်မှာ စိမ်းကြီးပစ္စည်းအဝင်မရှိလို့ ဈေးမဖွင့်နိုင်ခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ တစ်တင်း ၂၈ဝဝဝ ကျပ်အမြင့်ဈေးနဲ့ စဖွင့်ခဲ့ပါတယ်။ စိမ်းသေးတစ်မျိုးသာဈေးဖွင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ကလေးဘက်က ပဲတီတစ်ချို့ ဈေးကွက်ထဲ ဝင်လာခဲ့ပေမဲ့ မုံရွာနယ်ဝန်းကျင်က မိုးပဲတီလက်ကျန်လျော့နည်းလာကာ ဈေးကွက်ထဲမှာစိမ်းသေးတစ်တင်း ၂၃၅ဝဝ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ဒေသခံစက် သမား၊ လက်လီသမားတွေနဲ့ မန္တလေး၊ ရန်ကုန်ဝယ်လက်ပုံမှန်ရှိခဲ့လို့ တစ်ရက်ပျမ်းမျှ အိတ် ၄ဝဝ ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိတယ်လို့ဈေးကွက်က ဆိုပါတယ်။             နယ်တင်ပို့မှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေးကို တင်း ၄ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃ဝဝဝ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။                              ထွန်းလှိုင် 

Sunday, 20 Feb 2011

ပဲတီရွှေဝါဈေးကောင်းလို့ လူသုံးကုန်ပစ္စည်းဈေးကွက်လည်း အရောင်းအဝယ်သွက်                   ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ပဲဈေးကွက်သို့ ပဲတီရွှေဝါ လှိုင်လှိုင်ဝင်လာပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလဆန်း က စတင်ဆွတ်ခူးပြီး ပွဲရုံများသို့ လာရောက်ရောင်းချလျက်ရှိရာ ဖေဖော်ဝါရီဒုတိယပတ်ခန့်မှာ ပဲတီရွှေဝါ အဓိက စိုက်တဲ့ ကဝ၊ သနပ်ပင်၊ ပဲခူး၊ ဝေါနဲ့ ဒိုက်ဦးမြို့နယ်များမှာ ပဲတစ်တင်းလျှင် ၃၇၅ဝဝ ကျပ်ဈေးအထိရရှိခဲ့ပါတယ်။ ယခုဖေဖော်ဝါရီလ တတိယပတ်မှာ တရုတ်ဝယ်လက်ဆွဲလို့ ပဲဈေးတက်လာပြီး တစ်တင်းလျှင် ၄ဝ၅ဝဝ ကျပ်အထိ ဈေးရရှိခဲ့ပါတယ်။ ပဲအဝင်အနေနဲ့ ကဝနဲ့ပဲခူးမှာ တစ်နေ့ အိတ် ၁၅ဝဝ ကျော်စီ၊ သနပ်ပင်မြို့နယ်မှာ အိတ် ၁ဝဝဝ ကျော်၊ ဝေါနဲ့ ဒိုက်ဦးမြို့နယ်မှာ အိတ် ၇ဝဝ ကျော်စီ လာရောက်ရောင်းချလျက်ရှိပါတယ်။ ဈေးကောင်းရလို့ တောင်သူတွေပဲရောင်းပြီး အပြန်မှာ မိသားစုများလိုအပ်တဲ့ စားသောက်ကုန်၊ အဝတ်အထည်၊ တီဗွီ၊ ဒီဗွီဒီ၊ မီးစက်၊ ဆိုင်ကယ်များ ဝယ်ယူသွားကြတဲ့ အတွက် လူသုံးကုန်ပစ္စည်းများလည်း ယခုရက်ပိုင်းမှာ ရောင်းအားတက်လာ တယ်လို့သိရပါတယ်။                                                      အေးဝင်း 

Sunday, 20 Feb 2011

နယ်စပ်မှ ပဲတီစိမ်းတင်ပို့မှုပိုမို                     ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၂ ဒသမ ၃၅၅ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၂၃၉၆ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၃၂၅၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၂၅၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် ပဲတီစိမ်း လုံးပြည့် တန်ချိန် ၁၇၅ဝ ကျော်နဲ့ ပဲတီစိမ်း လုံးခြမ်း တန် ၁၂ဝ ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခင်အပတ်က တရုတ်နှစ်ကူးပွဲတော်ကာလအတွင်း အရောင်းအဝယ် နည်းပါးခဲ့သော်လည်း ယခုအပတ်မှာ တရုတ်လုပ်ငန်းရှင်များ အရောင်းအဝယ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်လာခြင်း၊ တရုတ်မှ ဝယ်လိုအားရှိခြင်းကြောင့် ပိုမိုတင်ပို့လာ နိုင်တာဖြစ်ပါတယ်။ ယခုအပတ် ပြည်တွင်းဈေးနှုန်းမှာ ပဲတီစိမ်း (ရွှေဝါ) တစ်တန်ကို ၁၂၄၁၁၂ဝ ကျပ်မှ ၁၃၉၃၇၇ဝ ကျပ်ကြားမှာရှိနေပြီး ပဲတီစိမ်းကြီး တစ်တန်ကို ၇၆၇၆၆၆ ကျပ်မှ ၁ဝ၂၃၅၅၅ ကျပ်ထိ ရှိနေ ပါတယ်။ တစ်ဖက် နိုင်ငံမှာတော့ ယခင်အပတ်က ၉၃၈ဝ ယွမ်ရှိခဲ့ပြီး ယခုအပတ်မှာ တစ်တန်ကို ယွမ် ၈၈၈ဝ မှ ၉၃၈ဝ ကြားမှာ ရှိနေပါတယ်။ နယ်စပ်မူဆယ်နဲ့ ရွှေလီမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                             မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု                    ယခင်     ပြောင်းလဲမှု       %            ယခု         ယခင်   ပြောင်းလဲမှု     %ပဲတီစိမ်း     ၁၂၄၈၉၃၅          ၁၂ဝ၂၂၅၄        ၄၆၆၈၁        ၃ .၇        ၁၃၉၄        ၁၃၈ဝ       ၁၄            ၁MIRT (DOBT)

Sunday, 20 Feb 2011

ပဲတီစိမ်းတင်ပို့မှု တိုးတက်လာ              ယခုတစ်ပတ်(ဖေဖော်ဝါရီလ ၁ဝ-၁၆ ရက်)အတွင်းမှာတော့ ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု တိုးတက် လာတာတွေ့ရပါတယ်။ အပတ်စဉ် တန် ၄ဝဝဝ ခန့်သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ်မှာ အခြားပဲတွေတင်ပို့မှု လျော့ကျခဲ့ပေမဲ့ ပဲတီစိမ်းတင်ပို့မှု တိုးတက်လာပါတယ်။ အိန္ဒိယဝယ်လက်ကြိုက် ပဲတီရွှေဝါများ ဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်လို့ ပြည်ပ တင်ပို့မှု တက်လာသလို အရောင်းအဝယ်ဖြစ် ဈေးမြင့်နေပါတယ်။ ရန်ကုန်  FOB ဈေးများ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                      ပဲတီစိမ်း(အညာ)          ပဲတီစိမ်း (ပခုက္ကူ)                 ပဲတီရွှေဝါအသေး၁၇-၂-၁၁      ၁ဝ၁ဝ-၁ဝ၃ဝ                    ၁ဝဝဝ-၁ဝ၂ဝ                    ၁၄၃ဝ-၁၄၅ဝ၁ဝ-၂-၁၁         ၉၉ဝ-၁ဝ၁ဝ                    ၉၈ဝ-၁ဝဝဝ                      ၁၄ဝဝ-၁၄၂ဝMIRT (MAPT)

Sunday, 20 Feb 2011

အဆွဲများလို့ ဈေးမာလာတဲ့ မန်းပဲလွန်းဖြူ                ပဲလွန်းဖြူက မတ္တရာဖက် ကရော မြင်းမူဖက်ကရော၊ ကျွန်းဖက် တစ်ကြောကပါ ဈေးကွက်ထဲ ဝင်လာ နေပါတယ်။ ပဲလွန်းဖြူဝယ်လက်များ လာပြီး အဆွဲများလာလို့ ဈေးမာလာပါတယ်။ ဖေဖော်ဝါရီလ ၁၇ရက် မန္တလေး ကထိန်တော်မှာ ပဲလွန်းဖြူ တစ်ပိဿာ ကို ၁၂ဝဝ ကျပ်၊ တစ်တန်ကို ၇၃၅ဝဝဝ ကျပ်နဲ့အရောင်းအဝယ် အတော်များ များဖြစ်တာ တွေ့ရပါ တယ်။ အရည်အသွေးလဲ မဆိုးဘူးဆိုတာ တွေ့ရပါတယ်။ ရန်ကုန်ဖက်ကို အဓိကတင်ပို့နေ တာ တွေ့ရပါတယ်။ ဈေးဆက်ပြီးမာ လာဖွယ်ရာ ရှိတယ်လို့ မန္တလေး ကုန်စည်ဒိုင်အသိုင်းအဝိုင်းက သိရပါတယ်။ လက်ရှိပြည်ပ ပို့ကုန်ဈေး ကွက်မှာ ထောပတ်ပဲ၊ ပဲလွန်းဖြူတို့က ဗွီတူးထက် အရောင်းအဝယ်ပါကောင်း လာလို့ ဈေးကွက်ကောင်းလာသလို တောင်သူများစိုက်ပျိုးမှု ပိုတာတွေ့ရပါ တယ်။ မောင်သူရ

Sunday, 20 Feb 2011

ပုံမှန်ရောင်းဝယ်မှုရှိတဲ့ ပြည်ပဲလွန်းဖြူ                ပြည်ရဲ့ပဲလွန်းဖြူဈေးမှာ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ဈေး ပြောင်းလဲမှုမရှိဘဲ ပဲလွန်းဖြူ တစ်တင်း ကို ၂၅ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ် နေ တယ်လို့ သိရပါတယ်။ အခြားမြို့နယ် များမှ လည်း ပဲဝင်ရောက်မှုမရှိဘူးလို့ သိရပါတယ်။ မြို့တွင်းလက်လီသမား များသာ ရောင်းဝယ်မှုရှိပြီး တစ်နေ့ကို ၁၄-၁၅ အိတ်ခန့်သာ အရောင်း အဝယ် ရှိတယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 20 Feb 2011

ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှု သိသိသာသာတက်                 ယခင်သီတင်းပတ်များက တန် ၂ဝဝ နီးပါးသာ တင်ပို့မှုရှိခဲ့တဲ့ ပဲလွန်း ဖြူဟာ ယခုသီတင်းပတ် (ဖေဖော်ဝါရီ လ ၁ဝ-၁၆ ရက်) မှာတော့ တန်ချိန် ၄၂၈ တန်၊ ပဲလွန်းနီ ၇၂ တန်တင်ပို့နိုင် ခဲ့ပါတယ်။ ဟင်္သာတ၊ မုံရွာ၊ မကွေး ဈေး ကွက်တွေကို ပဲလွန်းဖြူ၊ ပဲလွန်းနီ လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ပြီး ပြည်ပ အဝယ်ရှိလို့ အရောင်းအဝယ် သွက်နေ တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်မှာ ပဲလွန်းဖြူ FAQ  တစ်တန်ကို ကန်ဒေါ် လာ ၈၈ဝ - ၉ဝဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ယခင် သီတင်း ပတ်ထက် အနည်းငယ်သာ ပြောင်းလဲမှု ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT 

Sunday, 20 Feb 2011

အရောင်းအဝယ်သွက်နေသော်လည်း ဈေးငြိမ်နေတဲ့ ပြည်ပဲစင်းငုံ               ပြည်ဈေးကွက်သို့ ယခုတစ်ပတ်တွင်လည်း ပဲစင်းငုံအဝင်များလျက်ရှိရာ တိုင်းအတွင်းရှိမြို့နယ်များမှာ နေ့စဉ် အဝင်ရှိသလို မကွေးတိုင်း၊ အောင်လံမြို့နယ်မှ အများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။ ဝင်ရောက်မှုအနေနဲ့ နေ့စဉ်အိတ် ၆ဝဝ မှ ၇ဝဝ အထိ အဝင်ရှိပြီး၊ လိုင်းသမားများနဲ့ လှောင်လက်သမားများ အဝယ်များနေကြောင်း သိရပါတယ်။ ပဲစင်းငုံဈေးနှုန်းမှာ ပိဿာ ၂ဝ တစ်တင်းကို ၂၂၇ဝဝ ကျပ်ဖြင့်ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း မပြောင်းလဲဘဲ အဝင်ရှိ သလောက် အရောင်းသွက်နေကြောင်းသိရပါတယ်။                                            ဆုမွန်မွန်ဆွေ

Sunday, 20 Feb 2011

 ပဲစင်းငုံတင်ပို့မှုလည်း လျော့ကျ            ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းက ပဲစင်းငုံတန် ၆ဝဝဝ နီးပါး ကို လျော့ကျတင်ပို့ခဲ့သလို ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၁ဝ-၁၆ ) ရက်အတွင်း မှာလည်း တန်ချိန် ၄၅ဝဝ ခန့်ကို ဆက်လက်လျော့ကျ တင်ပို့လာခဲ့ပါတယ်။ ပြည်ပ ပို့ကုန် တစ်ယူနစ်တန်ဖိုး အပြောင်းအလဲကြောင့်ရော၊ ရန်ကုန်ဘုရင့်နောင်ဈေး ကွက်မှာ အိန္ဒိယအဝယ်လိုက်လာတာကြောင့်ရော ပဲစင်းငုံဈေးပြန်မြင့်လာ ပြန်ပါ တယ်။ ယခင်တစ်ပတ်က ပြည်တွင်းကုန်သည်များ အချင်းချင်းအရောင်းအဝယ်ဖြစ်ပေမဲ့ အိန္ဒိယဝယ်လက်က အဝယ်နှေးနေတာကြောင့် ပြည်ပအရောင်းအဝယ်ပါးပြီး တင်ပို့မှုပါကျဆင်းလာတာဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ် ပြန် သွက်လာတာကြောင့် လာမယ့်အပတ်မှာ တင်ပို့မှု မြင့်တက်နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                  ဒေါ်လာ/တန်                          ပဲစင်းငုံနီ                              ပဲစင်းငုံဖြူနီ၊ အဖြူ                         အသစ်    အဟောင်း           အသစ်             အဟောင်း ၁၇-၂-၁၁       ၈၉ဝ-၉၁ဝ    ၈၂ဝ-၈၄ဝ         ၇၁ဝ-၇၃ဝ            - ၁ဝ-၂-၁၁       ၉၁၅-၉၃ဝ     ၈၄ဝ-၈၆ဝ             -              ၇၃ဝ-၇၅ဝ MIRT(MAPT)

Sunday, 20 Feb 2011

ပြည်မတ်ပဲအဝင်ရှိသော်လည်း ဈေးအေးနေ                   ပြည်မတ်ပဲဈေးမှာ ၂ဝ၁ဝ ဒီဇင်ဘာနောက်ဆုံးပတ်မှစပြီး ၂ဝ၁၁ ဖေဖော်ဝါရီလအထိ ဈေးဆက် အေးနေတာကိုတွေ့ရပါတယ်။ ဖေဖော်ဝါရီ ဒုတိယပတ်မှာ ပဲတစ်တင်းကို ၂၂၅ဝဝ ကျပ်ဈေးရှိပြီး၊ တတိယပတ်မှာတော့ ပဲသစ်၊ ပဲဟောင်းတစ်တင်းကို ၂၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြည် အနီးအနားနယ်စုံမှ ပဲအဝင်ရှိသော်လည်း ဝက်ထီးကန်ဘက်မှ အများဆုံး ဝင်ရောက်ပြီး တစ်နေ့ကို အိတ် ၂၅ဝ-၃ဝဝ ခန့် အဝင်ရှိခဲ့ပါတယ်။ မြို့တွင်းဝယ်လက် ကလည်း ဝင်သလောက်အဝယ်ရှိကြောင်းသိရပါတယ်။ တိုင်းဒေသကြီးအတွင်းက မြို့နယ်များမှ ရန်ကုန်သို့ ပဲတစ်ပတ်ကို အိတ် ၈၂ဝဝ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး

Pages