Background
ပဲလွန်းဖြူ ပြန်တင်ပို့လာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် မှ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ပဲလွန်းဖြူ ကန်ဒေါ်လာ ၇၂ဝဝဝ တန်ဖိုးရှိ တန် ၉ဝ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ကစပြီး တင်ပို့နိုင်ခြင်းမရှိဘဲ ဒီဇင်ဘာလ တတိယပတ်မှာပြန်လည် တင်ပို့နိုင်တာ ဖြစ်ပါတယ်။ ဧပြီလမှ သြဂုတ်လအထိ ငါးလတာကာလ အတွင်း ပဲလွန်းဖြူ ၃၂၂၅ တန်ခန့်တင်ပို့ထားနိုင်ပြီး ဖြစ်ပါတယ်။ ပဲလွန်းဖြူတစ်တန်ကို ၇၉၅ ဒေါ်လာ ဈေးနှုန်းနဲ့ ရောင်းချရတာ ဖြစ်ပါတယ်။ MIRT(DOBT)
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနဲ့ မြေထောက်ပဲ ဆက်လက်တင်ပို့ ပြည်တွင်းဈေးကွက်တွေကို ပဲလွန်းဖြူ အသစ် အချို့ဝင်ရောက်လာ ပြီဖြစ်လို့ ပင်လယ်ရေကြောင်းက အဆက် မပြတ် တင်ပို့မှုရှိနေသလို မြေထောက်ပဲ မှာလည်း လက်ကျန်အနည်းငယ် တင်ပို့မှု ရှိနေသေးတာ တွေ့ရပါတယ်။ ယခု တစ်ပတ် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်း ပဲလွန်းဖြူ တန် ၁၅ဝ ခန့်နဲ့ မြေထောက်ပဲ တန် ၅ဝ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အိန္ဒိယ တို့ဖြစ်ပါတယ်။ ပဲလွန်းဖြူအနေနဲ့ ဝယ်လိုအား ကောင်းနေပေမဲ့ အသစ် တွေ ဝင်လာပြီဖြစ်လို့ ဈေးအနည်းငယ် ကျ လာတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပဲလွန်းဖြူဈေးမှာ ယခင်တစ်ပတ်ထက် အနည်းငယ်လျော့ပြီး FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၇ဝ-၇၈ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၈ဝ နဲ့ မြေထောက်ပဲ ဈေးမှာ ယခင်တစ်ပတ် ဈေးအတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT
ပြည်ပဲစင်းငုံ ဈေးကျနေခြင်းကြောင့် အရောင်းအဝယ်အေးနေ ပြည်ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် လျော့နည်းသွားကြောင်း သိရပါတယ်။ ပဲစင်းငုံအဟောင်းမှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၂၅ဝဝ-၁၃ဝဝဝ ကျပ်၊ အသစ်မှာတစ်တင်းလျှင် ၁၄၅ဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ဒီဇင်ဘာ တတိယပတ် အထိ အခြားတိုင်းမှ အဝင်မရှိခဲ့သော်လည်း၊ ယခုစတုတ္ထပတ်မှာတော့ မကွေး၊ အောင်လံ မြို့နယ်များမှ နေ့စဉ်အဝင်ရှိကြောင်း သိရပါတယ်။ ယခု စတုတ္ထပတ်အတွင်းမှာ အိတ် ၁၈ဝဝ ခန့်အဝင်ရှိခဲ့ပြီးစုစုပေါင်း အိတ် ၂၅ဝဝ နီးပါး အဝင်ရှိထားတယ်လို့သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် တိုင်းအတွင်းမှာ ပဲစင်းငုံ ဈေးကျနေတဲ့အတွက် အရောင်းအဝယ်အေးနေကြောင်းလည်းသိရပါတယ်။ ဆုမွန်ဆွေ
မုံရွာပဲဈေးကွက်သို့ ပဲစင်းငုံနီအသစ်စတင်ဝင် မုံရွာပဲဈေးကွက်သို့ ဒီဇင်ဘာ ၂ဝ-၂၂ ရက်များတွင် ပဲစင်းငုံနီအသစ်များ စတင်ဝင်ရောက်လာပြီလို့ သိရပါတယ်။ စိုက်ပျိုးသက်ကာလစောခဲ့ပြီး ကုန်တွင်းပိုင်း ကျတဲ့ ပုလဲမြို့နယ်နှင့် မုံရွာမြို့နယ်ဒေသများမှာ ကွက်ကြားဝင်ရောက်ခြင်းဖြစ်ပြီး အဝင် မလှိုင်သေးလဲ တစ်ရက်ကို အိတ် ၂ဝ ခန့်သာ ဝင်ရောက်သေးကြောင်း သိရပါတယ်။ ပဲများမှာ မျောက်ခေါင်း၊လုံးပိန်လုံးညှပ်၊ဗထက်ချိုင့်ကင်းပြီးအရည်အသွေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဈေးမှာအဟောင်းတစ်တင်း ၁၃ဝဝဝ ကျပ်၊ အသစ် တစ်တင်း ၁၄၅ဝဝ ကျပ်ဈေးပေါက်နေတယ်လို့ သိရပါတယ်။ ယခင်နှစ်က ဒီဇင်ဘာ ၁၆ ရက် (ကရင်နှစ်သစ်ကူးနေ့)မှာ ပဲအသစ် စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ်မှာတော့ ဒီဇင်ဘာလကုန် ဇန်နဝါရီလ ပထမပတ် ခန့်မှသာ ပဲအဝင်လှိုင်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြပါတယ်။ အောင်မင်း
တစ်ပတ်အတွင်း ပဲစင်းငုံ တန် ၃ဝဝဝ တင်ပို့ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က တန်ချိန် ၂၆ဝဝ ကျော်ရှိခဲ့ရာက ယခု ဒီဇင်ဘာလ တတိယပတ်မှာ တန်ချိန် ၃ဝဝဝ နီးပါးကို တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေကို ပဲအသစ်တွေ ဝင် ရောက်လာလို့ မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျမယ်လို့ သတင်းတွေထွက် နေပေမဲ့ အဝယ်အနည်းငယ်စီ ရှိနေတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် အချို့ ကိုလည်း ပဲစင်းငုံအသစ်တွေ ဝင်ရောက်စပြုပြီဖြစ်လို့ ဈေးကွက်တွေထဲမှာ အရောင်း အဝယ်အချို့ရှိနေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင် အပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ၂၄-၁၂-၁ဝ ၅၄ဝ-၅၅ဝ ၅ဝဝ-၅၁ဝ၁၇-၁၂-၁ဝ ၅၇ဝ-၅၈ဝ ၅၂ဝ-၅၃ဝMIRT(MAPT)
ရေသွင်းမတ်ပဲများ စတင်ဝင်ရောက်၊ စက်သမားအဝယ်ရှိ မန္တလေးတိုင်းဒေသကြီးမှာ မတ်ပဲကို ဆောင်းသီးနံှအဖြစ် ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ဧက ၆ သောင်းနီးပါး လျာထားခဲ့ပြီး ဧက ၅ သောင်းခွဲခန့် ၉ဝ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တိုင်းတွင်းအစိုက်များဆုံးမြို့နယ်က နေပြည်တော် လယ်ဝေးမြို့နယ်ဖြစ်ပြီး စိုက်ဧကရဲ့ ၄၅ ရာခိုင်နှုန်း စိုက်ပိုျးပါတယ်။ တိုင်းတွင်း စိုက်ပျိုးတဲ့ ဆောင်းမတ်ပဲများက ဇန်နဝါရီနောက်ဆုံးပတ်လောက်မှ ထွက်ပေါ် မှာဖြစ်ပြီး လတ်တလော ဈေးကွက်ကို ရွှေဘို၊ မုံရွာဒေသများမှာ ရေသွင်း မတ်ပဲ သစ်များ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက်ကို ဝင်ရောက် လာတဲ့ မတ်ပဲသစ်များဟာ SQ, FAQ အဆင့်မမီဘဲ အိတ်စပို့ဈေးကွက်တန်း မဝင်လို့ ခွဲစက်သမားများသာ အဝယ်ရှိနေပါတယ်။ ဈေးနှုန်းကလည်း ယခင် တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁ဝဝဝ ကျပ်-၁၁၁၇ ကျပ်ပေါက်ဈေးရှိရာမှ ယခု တစ်ပတ်မှာ ၉၈၃ ကျပ်မှ အမြင့်ဆုံး ၁ဝဝဝ ကျပ်ဈေးနှုန်းထိ နိမ့်ကျလာခဲ့ကြောင်း ကုန်စည်ဒိုင် သတင်းများအရ သိရပါတယ်။ သက်သက်နိုင်
ဈေးအေးနေဆဲ ဟင်္သာတမတ်ပဲ ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနံှမတ်ပဲကို မြို့နယ် ၆ မြို့နယ်လုံးမှာ စိုက်ပျိုးဧက ၃ ဒသမ ၉၇ သိန်း လျာထားခဲ့ရာ ဒီဇင်ဘာလ တတိယပတ်အထိ ဧက ၃ ဒသမ ၆၂ သိန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ မတ်ပဲဈေးက တဖြည်း ဖြည်းအေးလာပြီး ယခင်တစ်ပတ်က ပဲတစ်တင်း ၂၂၃ဝဝ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုအပတ်မှာ ၂ဝ၅ဝဝ ကျပ်ဈေးဖြစ်တယ်လို့ သိရပါတယ်။ ဈေးအေးပေမဲ့ ပုံမှန်ဝယ်လက် ရှိနေတာကြောင့် နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၄ဝဝ ခန့် တင်ပို့နိုင်ကြောင်း သိပါတယ်။ အေးအေးခိုင်
ဒီဇင်ဘာ ဒုတိယပတ် မတ်ပဲ တန် ၁ဝဝဝဝ အထိ တင်ပို့ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်တွေက တန်ချိန် ၄ဝဝဝ ဝန်းကျင်တင်ပို့မှု ရှိခဲ့ရာမှ ဒီဇင်ဘာလ တတိယပတ်အတွင်းမှာတော့ တန်ချိန် တစ်သောင်းအထိ တိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယ အဝယ် အချို့ ရှိနေတာကြောင့် တင်ပို့မှု တက်လာတာဖြစ်ပါတယ်။ ဈေးကွက်တွေမှာ လှောင် လက်တချို့ ထုတ်ရောင်းမှုရှိပြီး ဝယ်လက်များ ဈေးလျော့အဝယ် ရှိတာကြောင့် ယခင်တစ်ပတ်ထက်ဈေး သိသိသာသာ ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၂၄-၁၂-၁ဝ ၇၇ဝ-၇၈ဝ ၉၆ဝ-၉၇ဝ ၁၇-၁၂-၁ဝ ၈၂ဝ-၈၃ဝ ၁ဝ၂ဝ-၁၁၂ဝ MIRT(MAPT)
တက်ဈေးဖြစ်နေတဲ့ ရှမ်းကြက်ဆူကြား စက်မှုကုန်ကြမ်းသီးနံှဖြစ်တဲ့ ကြက်ဆူကြားကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အတော်များများ စိုက်ပျိုးကြပါတယ်။ အိမ်ခြံဝင်းစည်းရိုးတွေနဲ့ စိုက်ကွင်းစည်းရိုးတွေအပြင် မြေညံ့တွေနဲ့ ပလပ်မြေတွေမှာ စိုက်တယ်လို့ သိရပါတယ်။ တောင်ကြီး ခရိုင်မှာတော့ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်က ကြက်ဆူအများအပြားထွက်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ကြက်ဆူဈေးက တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းလာတဲ့ သီးနံှဖြစ်ပါတယ်။ ကြက်ဆူကြားဈေးက ၂ဝဝ၉ ခုနှစ် မေ၊ ဇွန်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၇ဝဝ ကျပ်ဈေးရှိပါတယ်။ နိုဝင်ဘာလမှာ ဈေးတပ်တက်လာပြီး တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလမှာ အနိမ့်ဆုံး ၈၈ဝ ကျပ်မှ အမြင့်ဆုံး ၉ဝဝ ကျပ်ဈေးရှိပါတယ်။ ၂ဝ၁ဝ နှစ်ဆန်းမှာ ဈေးထပ်တက်လာပြီး ဖေဖော်ဝါရီမှာ အနိမ့်ဆုံး ၉၃ဝ ကျပ်မှ အမြင့်ဆုံး ၉၅ဝ ကျပ်၊ မတ်၊ ဧပြီလမှာ အနိမ့်ဆုံး ၁ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁ဝ၅ဝ ကျပ်ဈေးမြင့်လာပါတယ်။ တရုတ်နိုင်ငံမှ စက်မှုကုန်ကြမ်းသီးနံှအဖြစ် ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးထပ်တက်လာပြီး မေလမှာ အမြင့်ဆုံး ၁၁၅ဝ ကျပ်ဈေးထိ တက်လာပါတယ်။ ဇွန်လမှ စက်တင်ဘာလမှာတော့ တစ်ပိဿာ ၁ဝ၇ဝ ကျပ်နဲ့ သာဈေးငြိမ်နေပြီး နိုဝင်ဘာလမှာ ၁၁၇ဝ ကျပ်ဈေးထိပြန်တက် လာပါတယ်။ ဈေးကောင်းရတဲ့ အတွက် လှောင်လက်တွေကလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်သို့တင်ပို့ရန်အတွက် မန္တလေးဝယ်လက်တွေ ဝယ်ယူနေကြလို့ အရောင်းအဝယ် သွက်နေပြီး ဒီတစ်ပတ်ကြက်ဆူပေါက်ဈေးကတော့ ၁ဝ၅ဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
လက်ကျန်နည်းပြီး နောက်သီး အထွက်နည်းနိုင်လို့ ကျောက်ပန်းတောင်းမန်ကျည်းဈေးမာ ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်မှာ မန်ကျည်းလက်ကျန် နည်းခြင်း၊ နောက်အသီးတင်မှု နည်းပြီး အထွက်နည်းနိုင်လို့ ကုန်သည်များက ဈေးကွက်အတွင်း ထိန်းပြီးရောင်းဝယ် နေမှုများကြောင့် မန်ကျည်းဈေး အနည်းငယ်တက်လာကာ ယခုရက်ပိုင်း အတွင်း ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်မှာ မန်ကျည်းအသား အစေ့မပါ ထိပ်စတစ်ပိဿာ ၁၉ဝဝ ကျပ်၊ အလတ်စ ၁၈ဝဝ ကျပ်၊ အောက်စ ၁၄ဝဝ ကျပ်-၁၅ဝဝ ကျပ်၊ နှစ်ချို့မန်ကျည်း တစ်ပိဿာ ၁၁ဝဝ ကျပ်-၁၂ဝဝ ကျပ်ဖြစ်ပြီး ရန်ကုန် ဘုရင့်နောင်သို့ နေ့စဉ် တင်ပို့မှုမရှိဘဲ ရက်ခြားပြီး ပိဿာ ၁ဝဝဝဝ -၂ဝဝဝဝ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် ပိဿာ နှစ်သိန်းခွဲခန့်ရှိနေပြီး ယခုလာမဲ့ ဇန်နဝါရီလလယ်မှာ မန်ကျည်း အသစ် ပေါ်မှာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့တွင် မန်ကျည်းအသား အစေ့မပါ တစ်ပိဿာ လက်ကားဈေး ၁၈ဝဝ ကျပ်၊ လက်လီဈေး ၂ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ မင်းးလွင်