Main menu

Background

Tuesday, 21 Dec 2010

 ကုန်ဆက်တိုက်အဝင်ရှိလို့ ဈေးအေးတဲ့ ပြည်ငရုတ်ခြောက်          ပြည်မြို့နယ်ရဲ့ ငရုတ်ခြောက်ဈေးကွက်မှာ ယခုတစ်ပတ်အတွင်း ငရုတ်ခြောက်အရှည် တစ်ပိဿာကို ၂၆ဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ထိ ဈေးကျသွား ခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုန်ပစ္စည်းအဝင်များပြီး ဈေးအေး အရောင်းအဝယ် အေးနေ ခဲ့ချိန်မှာပင် အောင်လံဘက်မှ ငရုတ်ခြောက်များယခုတစ်ပတ်အတွင်း ပိဿာ ၂ဝ ဝင်အိတ် ၂ဝဝ ခန့် ထပ်မံဝင်ရောက်လာတဲ့အတွက် ပြည်မြို့ပေါ်ရှိ ပွဲရုံများမှာ ငရုတ်ခြောက်လက်ကျန်များ များပြားနေပြီး အရောင်းအဝယ်မှာ ဆက် လက် အေးနေကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 21 Dec 2010

 နမ့်ဆန်ချင်းတွေ စဖော်ပြ               ဟိုပုံးဈေးကွက်နဲ့ နမ့်ဆန်ဈေးကွက်တွေမှာ ချင်းသစ်တွေဝင်နေပါပြီ။ အများအပြားဝင်လာခြင်း မရှိသေးပေမဲ့ နမ့်ဆန်မြို့ရဲ့ အနီးအနားရွာတွေဖြစ်တဲ့ လွယ်ဟွေး၊ လွယ်စိုင်းစတဲ့ရွာတွေကနေ အပင်ခြောက်ပြီး သေသွားတဲ့ချင်းတွေကို စပြီးဖော်နေကြပြီလို့သိရပါတယ်။ နမ့်ဆန်မှာတော့ ချင်းတစ်ပိဿာ ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်ဈေးနဲ့ ပွဲရုံတွေကကြိုပြီး ဝယ်နေတယ်လို့သိရပါတယ်။ ဒီနှစ်ထွက်တဲ့ချင်း တွေကိုလည်း ဈေးကောင်းရင် အစိုအတိုင်းသာ ရောင်းကြမှာဖြစ်ပြီး၊ အခြောက် အဖြစ်ပြုလုပ်ဖို့နည်းနိုင်တယ်လို့ နမ့်ဆန် ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ၂ လပိုင်းလောက်မှသာ ဈေးကွက်ကို အဝင်လှိုင်လာမှာဖြစ်ပါတယ်။ ချင်းခြောက် ဈေးက ဒီနှစ်မှာ ဘယ်ဈေးနဲ့စဖွင့်မယ်ဆိုတာမသိနိုင်သေးပေမဲ့ မနှစ်ကတစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးပိတ်သွားတယ်လို့ သိရပါ တယ်။ ကလောမြို့ရဲ့ အနီးပတ် ဝန်းကျင်က ထွက်တဲ့ ချင်းတွေက အောင်ပန်းဈေးကွက်မှာ အဝင်လှိုင်နေပြီး တစ်ရက်ကို ပိဿာချိန် ၁၅ဝဝဝ ခန့် ဝင်နေတယ်လို့သိရပါတယ်။ အောင်ပန်းချင်း ကတော့ တစ်ပိဿာ ၆ဝဝ ကျပ်၊ ၆၅ဝ ကျပ်ရှိပါတယ်။ ချင်းခြောက်အသစ်တွေ ဈေးကွက်ကို မဝင်လာသေးတော့ လက်ကျန်ချင်းခြောက်ဟောင်းတွေ ဈေးတက် လာပြီး၊ ချင်းခြောက်ဈေးကတစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းစိုကိုတော့ ပြည်တွင်းသုံးအဖြစ် ဝယ်ယူနေကြတယ်လို့ တစ်ပတ်အတွင်း ချင်းပိဿာချိန် ၂ ဒသမ ၁ သိန်း အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။                                                                                                   ဧဧခိုင် 

Tuesday, 21 Dec 2010

မန်းချင်းဈေးကွက်            ချင်းများလှိုင်လှိုင်ပေါ်တဲ့ ရာသီဖြစ်လို့ ချင်းဈေးမှာ ယခင်လကထက် အနည်းငယ်ကျပြီး ယခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ မေမြို့ချင်း တစ်ပိဿာ လက်ကားဈေး ၈ဝဝ ကျပ်၊ လက်လီဈေး ၁၆ဝဝ ကျပ်၊ အောင်ပန်းချင်း တစ်ပိဿာ လက်ကားဈေး ၉ဝဝ ကျပ်၊ လက်လီဈေး ၁၈ဝဝ ကျပ်ရှိပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း ချင်းအများဆုံး ထွက်တဲ့ ပြင်ဦးလွင်မှ မန္တလေးသို့ မေမြို့ ချင်းနေ့စဉ် ပိဿာ ၁ဝဝဝ ခန့်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အောင်ပန်းချင်း နေ့စဉ် ပိဿာ ၃ဝဝဝ ခန့်ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။                                                       မင်းလွင် 

Tuesday, 21 Dec 2010

ပုံမှန်ဈေးနဲ့ အရောင်းအဝယ်အေးတဲ့ ပြည်ချင်းဈေးကွက်             ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ အဝင်နည်း လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၃ဝ ဝင်အိတ် ၃၅ဝ ခန့် ဝင်ရောက်ခဲ့ သော်လည်း ယခုတစ်ပတ်မှာတော့ အိတ် ၂၈ဝ ခန့်သာ ဝင်ရောက်ကြောင်း သိရပါတယ်။ အဝင်နည်းသော်လည်း တစ်နေ့ကို ပိဿာချိန် ၃ဝဝ ခန့်သာ ပုံမှန်ဈေးဖြင့် အရောင်းအဝယ်အေးနေပါတယ်။ ပြည်ဈေးကွက်ရဲ့ ယခုတစ်ပတ် ရောင်းဈေးမှာ တစ်ပိဿာကို အကြီး ၁၁ဝဝ ကျပ်နဲ့ အသေး ၁ဝဝဝ ကျပ် ရှိတယ်လို့ သိရပါတယ်။       ဝင်းလဲ့ဝါ 

Tuesday, 21 Dec 2010

ချင်းခြောက်များတင်ပို့            ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း ချင်းခြောက် ၂၈ တန် နီးပါးကို မူဆယ် ၁ဝ၅ မိုင်နဲ့ တောချင်း တန် ၂ဝ ကို ချင်းရွှေဟော်နယ်စပ်တို့မှ ကန်ဒေါ်လာ ၆၃ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မှာ ချင်းခြောက် တစ်တန်ကို ကျပ် ၁ ဒသမ ၈ သန်းပေါက်ပြီး တစ်ဘက်နိုင်ငံမှာ ကန်ဒေါ်လာ ၂ဝ၃ဝ ခန့် ဈေးပေါက်လျက်ရှိပါတယ်။                               MIRT(DOBT) 

Sunday, 19 Dec 2010

ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးမှာငြိမ်နေတဲ့ ပဲကြီး          ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ဈေးအမြင့်ဆုံးဖြစ်နေတဲ့ ပဲအမျိုးအစား ကတော့ ပဲကြီးအမျိုးအစား ဖြစ်ပါတယ်။ ပဲကြီးဈေးနှုန်းများမှာ ပဲကြီး (ကမ်းနား) က ၃၅ဝဝဝ ကျပ်၊ ရွှေကွျှန်းမှာ ၃၆ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ် လျက်ရှိကာ ပဲကြီး ကမ်းနားမှာ တစ်ရက်အိတ် ၂ဝဝ ခန့်နှင့် ပဲကြီးရွှေကျွန်းမှာအိတ် ၁ဝဝ အထိ အရောင်းအဝယ်ဖြစ်လာတယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ပဲကြီးကမ်းနားသာ ပဲကြော်၊ ပဲလှော်လုပ်ငန်းသမားများဖြင့် အဝယ်ရှိနေခဲ့ပြီး ယခု ဒီဇင်ဘာလတွင် ပဲကြီး ရွှေကျွန်းပါ အရောင်းအဝယ် သွက်လာတယ်လို့ သိရပါ တယ်။                                   ခင်ဆွေဝင်း 

Sunday, 19 Dec 2010

 ယခုတစ်ပတ် မြေထောက်နဲ့ ပဲယင်းအနည်းငယ် ပြန်တင်လာ           ယခင်သီတင်းပတ်များက တင်ပို့မှု ရပ်တန့်သွားတဲ့ မြေထောက်ပဲနဲ့ ပဲယင်းလည်း ယခု ဒီဇင်ဘာလ ဒုတိယပတ်မှာ တန်ချိန် ၆ဝ ဝန်းကျင်စီ တင်ပို့မှုရှိ ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ မြေထောက်ပဲကို မလေးရှား၊ ပဲယင်းကို ဖိလစ်ပိုင်နဲ့ ဂျပန်တို့ကို တင်ပို့ခဲ့ပါတယ်။ ရန်ကုန် FOB  ဈေးနေနဲ့ မြေထောက်ပဲ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ရှိပြီး၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၈ဝ-၇ဝဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 19 Dec 2010

ဝယ်လက်စုံတဲ့ မုံရွာကုလားပဲ             မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလ ဒုတိယပတ် ကုလားပဲဈေးကွက်မှာ ဒေသတွင်း လုပ်ငန်းသုံးသမားများနဲ့ နယ်အဝယ်ပုံမှန်ရှိခဲ့လို့ အရောင်းအဝယ် သွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ယခုရက်ပတ်ထဲမှာ ပဲမှုန့်လိုင်းသမားတွေအနေနဲ့ မရှိမဖြစ် လိုအပ်နေတဲ့ ကုလားပဲရိုးရိုးတစ်တင်းကို ၂ဝဝဝဝ ကျပ်၊ ၂ဝ၅ဝဝ ကျပ်ဈေးများနဲ့ ဝယ်ယူမှုရှိခဲ့ပြီး အခြားကုလားပဲဈေးတွေအနေနဲ့ တိုင်ပေတစ်တင်း ၂၁ဝဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ ဗွီတူး တစ်တင်း ၂၃၅ဝဝ ကျပ်မှ ၂၃၇ဝဝ ကျပ်နဲ့ ၉၂၉ တစ်တင်း ၂၃၅ဝဝ ကျပ်အသီးသီး ဈေးတန့်နေတယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ တစ်ရက်ကို အိတ် ၅ဝဝ မှ ၇ဝဝ ကြား နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မန္တလေးကို တင်း ၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝ ခန့်စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။                                ထွန်းလှိုင် 

Sunday, 19 Dec 2010

 ခွဲစက်သမားသာဆွဲတဲ့ ပြည်ကုလားပဲ            ပြည်ကုလားပဲဟာ ယခင်တစ်ပတ်က တစ်တင်းကို ၂၄၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်မှာ ၂၃ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ရှိပါတယ်။ ဒေသတွင်းခွဲစက်သမားများဖြင့်သာ အရောင်းအဝယ်ရှိပြီး အခြားတိုင်းသို့ တင်ပို့မှုမရှိတဲ့အတွက် အဝယ်အေးဈေးအေးခြင်းဖြစ်ပါတယ်။ မျိုးသမားများမှလည်း အဝယ်ရှိကြောင်း သိရပါတယ်။ မျိုးပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ရောင်းချ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တစ်နေ့ကို အိတ် ၂ဝဝ ခန့် သာ ရောင်းဝယ်မှုရှိပါတယ်။                                                                                    လွင်လွင်ဆန်း

Sunday, 19 Dec 2010

အရည်အသွေးကောင်းရင် ဈေးကောင်းရနေတဲ့ မန်းပဲတီစိမ်း              မန်းဈေးကွက်တွင် ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခုဖြစ်တဲ့ ပဲတီစိမ်းကို တရုတ်ဝယ်လက်အပြင် ရန်ကုန်  ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များမှပါ ဝယ်ယူနေတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ မကွေး၊ အောင်လံ ဒေသများမှ ပဲတီစိမ်းအသစ်များ ဝင်ရောက်မှုရှိသလို ဝင်ရောက်လာတဲ့ ပဲတီစိမ်းအသစ်များဟာ ဈေးကွက်အတွင်း ရောင်းဝယ် နေကြတဲ့ ပဲတီစိမ်းအဟောင်းထက် ပစ္စည်းအရည်အသွေးကောင်းနေတာကြောင့် ဈေးမာနေတာကို တွေ့ရပါတယ်။ ပစ္စည်း အရည်အသွေးကောင်းရင် တရုတ်ဝယ်လက်ဆွဲအားကောင်းသလို ရောင်းဝယ်အားကလည်း ဆက်ပြီး ကောင်းနေမယ်။ ယခု ဆိုရင် အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေရောင်းဝယ်မှုအေးနေတယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များမှ ပြောကြားပါတယ်။ ယခင်တစ်ပတ်မှာ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၁၁ ကျပ်၊ တစ်တန် ၆၂၅၃၂ဝ ကျပ်၊ လတ်စ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃၁ဝ ကျပ်၊ အောက်စ ၁၁၅၆ ကျပ်၊ တစ်တန် ၇ဝ၇၉၂ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၂ဝ ကျပ်၊ တစ်တန် ၉၃ဝ၈ဝဝ ကျပ်၊ လတ်စ တစ်ပိဿာ ၁၂၄၄ ကျပ်၊ တစ်တန် ၇၆၁၈ဝဝ ကျပ်၊ အောက်စ ၉၇၅ ကျပ်၊ တစ်တန် ၅၉၈၉၁ဝ ကျပ်ဈေးတို့ဖြင့် ထိပ်စ ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်နေကြပါတယ်။ တင်ပို့မှု အနေဖြင့် တစ်ပတ်အတွင်း တရုတ်သို့ ၈၇ဝ တန်၊ ရန်ကုန်သို့ ၂၉ဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။                     ကျော်ကျော်မိုး 

Pages