Main menu

Background

Monday, 6 Dec 2010

ဈေးအေးနေတဲ့ ပြည်မတ်ပဲဈေးကွက်         ပြည်ပဲဈေးကွက်မှာ မတ်ပဲလက်ကျန်နည်းလာပြီလို့ သိရပါတယ်။ မတ်ပဲစိုက်ပျိုးမှုက ဧက ၁ ဒသမ ၂၂ သိန်းခန့် စိုက်ပြီးပြီလို့ သိရပါတယ်။ ပဲစိုက်တောင်သူတွေ ယခုတစ်ပတ်မှာ မျိုးပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဝယ်ယူစိုက်ပျိုးရတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၆၇ဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး ဒီဇင်ဘာ ပထမပတ်မှာ တစ်တင်း ၂၆ဝဝဝ ကျပ်ဈေးသာရှိပြီး ဈေးအေးသွားပါတယ်။ ရန်ကုန်ဝယ်လက်လည်း အနည်းငယ် အေးနေခဲ့ပြီး မြို့တွင်း ရောင်းဝယ်မှုမှ တစ်နေ့ကို အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ တိုင်းတွင်းမြို့နယ်များမှ တစ်နေ့ အိတ် ၂ဝဝဝ ခန့်ရန်ကုန်သို့တင်ပို့ တယ်လို့ သိရပါတယ်။                                                                                           မိမိအေး

Monday, 6 Dec 2010

ဆောင်းမတ်ပဲစိုက်ချိန် မုံရွာမှာ မိုးမတ်ပဲစတင်ပေါ်            ၂ဝ၁ဝ-၁၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးမှာ ဆောင်းမတ်ပဲစိုက်ရန် လျာထားဧက ၁ ဒသမ ၄၅၅ သိန်းအနက် ဧက ၁ ဒသမ ၁၁၁ သိန်းစိုက်ပြီးဖြစ်လို့ ၇၆ ရာခိုင်နှုန်းစိုက်ပြီးဖြစ်ပါတယ်။ ဆောင်းမတ်ပဲမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီများ၌ စိုက်ပျိုးပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများမှာ ထွက်ပေါ်မှာ ဖြစ်ပါတယ်။ ယခုအချိန်က ဆောင်းမတ်ပဲ စိုက်ချိန်ဖြစ်သလို မိုးမတ်ပဲထွက်ပေါ် ချိန်ဖြစ်ပါတယ်။ မြင်းမူ၊ မြောင်မြို့နယ်နဲ့ အမြင့်လမ်းခွဲ၊ ညောင်ပင်ဇောက်ကျေးရွာနဲ့ နတ်လူထိပ်ပန်းကျေးရွာများမှ မိုးမတ်ပဲများ မုံရွာမြို့သို့ နေ့စဉ် တင်း ၅ဝ ကျော်ဝင်ရောက်ပါတယ်။ ၂ဝ၁ဝ ခု နိုဝင်ဘာလအတွင်း မတ်ပဲတစ်ပိဿာ နိမ့်၊ မြင့်ဈေးမှာ ၁၃၅ဝ ကျပ်၊ ၁၄၅ဝ ကျပ်ဈေးပေါက်ပြီး၊ မတ်ပဲ အသစ် တစ်ပိဿာလျှင် ၁၁၅ဝ ကျပ်ဈေးဖွင့်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                သန်းသန်းတင်

Monday, 6 Dec 2010

ဈေးပြန်အေးတဲ့ ဟင်္သာတမတ်ပဲ              ပြည်ပဈေးကွက်ဝင်ဖြစ်တဲ့ ဆောင်းသီးနံှမတ်ပဲကို ဟင်္သာတခရိုင်အတွင်း မြို့နယ်များအားလုံးမှာ စိုက်ပျိုးကြပါတယ်။ ယခု ဒီဇင်ဘာပထမပတ်က လျာထားဧက ၃ ဒသမ ၉၇ သိန်းမှာ ဧက ၂ ဒသမ ၂၅ သိန်းခန့် စိုက်ပိုျးပြီးကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က မတ်ပဲ ပိဿာ ၂ဝ တစ်တင်းကို ၂၆၇ဝဝ ကျပ်ဖြစ် ပြီး၊ ယခုတစ်ပတ်မှာ မတ်ပဲဈေး ၂၅၆၅ဝ ကျပ်နဲ့ ပြန်အေးသွားပြီး၊ ဒေသတွင်း ရောင်းဝယ်မှုမှာ တစ်နေ့လျှင် တစ်တင်းခွဲဝင်အိတ် ၃ဝဝ ခန့်ရှိပြီး၊ ပဲတင်ပို့မှုအနေနဲ့ နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၈ဝဝ မှ ၁ဝဝဝ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။       အေးအေးခိုင်

Monday, 6 Dec 2010

 ယခုတစ်ပတ် မတ်ပဲတင်ပို့မှု တန် ၄ဝဝဝ ခန့်သာရ                         ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၇ဝဝဝ နီးပါး တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က အိန္ဒိယဝယ်လက်များ အဝယ်ပုံမှန်ရှိခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ အဝယ် အေးတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တချို့မှာ အရည်အသွေးကောင်းမတ်ပဲ အချို့အဝင်ရှိလို့ မြန်မာမတ်ပဲကို အဝယ်ထိုင်းခြင်းဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း အရောင်းအဝယ်အေးလို့ ဈေးလည်း အနည်းငယ် လျော့ကျလာခဲ့ ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                                    ဒေါ်လာ/တန်                           မတ်ပဲ((FAQ)         မတ်ပဲ(SQ)၂-၁၂-၁ဝ              ၉၄ဝ-၉၅ဝ          ၁၁၆ဝ-၁၁၇ဝ၂၅-၁၁-၁ဝ          ၉၅ဝ-၉၆ဝ           ၁၁၇ဝ-၁၁၈ဝ                                                                                                                            MIRT(MAPT) 

Tuesday, 30 Nov 2010

 တောင်သူနဲ့ အကျိုးတူဆောင်ရွက်နေတဲ့ စိမ်းလန်းမြေ မြန်မာကုမ္ပဏီ မိုးစပါးရိတ်သိမ်းပြီ            ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ နတ္တလင်းမြို့နယ်က ဆန်စပါးအထူးပြု ကုမ္ပဏီတစ်ခုဖြစ်တဲ့ စိမ်းလန်းမြေ မြန်မာကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းစိုက်ပိုျးခဲ့သော ၂ဝ၁ဝ မိုးစပါးဆင်းသွယ်စပါးများကို ယခုရက်ပိုင်းအတွင်း စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။            ကုမ္ပဏီရဲ့ ကြိုတင်ပံ့ပိုးထုတ်ချေးငွေများနဲ့ သွင်းအားစုများ အပြည့်အဝ သုံးစွဲစိုက်ပိုျးခဲ့ကြတဲ့အတွက် ယခုနှစ်မှာ တစ်ဧကအထွက်နှုန်း ၇၈ တင်းနှုန်းအထိ ထွက်ရှိကြောင်း သိရပါတယ်။ ဆင်းသွယ်လတ်စပါးမျိုးဟာ မျိုးကောင်းမျိုးသန့်ဖြစ်ပြီး၊ ပြည်ပတန်းမြင့်ဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်တဲ့ စပါးမျိုးဖြစ်တာကြောင့် တခြားစပါး မျိုးများထက် ဈေးနှုန်းပိုမြင့်ပါတယ်။ တောင်သူများနဲ့ ကုမ္ပဏီတို့ လက်တွဲညီညီ ကြိုးပမ်းခဲ့မှုများကြောင့် အောင်မြင်မှုများ ရရှိနေပြီဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ လက်တွဲ ဆောင်ရွက်တဲ့ တောင်သူများမှလည်း မူလကညှိနှိုင်းသဘောတူခဲ့တဲ့အတိုင်း ထွက်ရှိ လာသောစပါးများကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ပေါက်ဈေးဖြင့် ကုမ္ပဏီသို့ ပြန်လည် ရောင်းချနေကြောင်းသိရပါတယ်။ အေးမြတ်သီတာ

Tuesday, 30 Nov 2010

 တောင်ငူဆန်ဈေးကွက်မှာ ဆန်သစ်က ရောင်းပန်းလှ             ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း တောင်ငူမြို့နယ်အနီးရှိ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များက ထွက်တဲ့ ဆန်များကို တောင်သူဆန်ဈေးကွက်ရှိ ဆန်ပွဲရုံများသို့ တင်ပို့ရောင်းချပြီး တောင်ငူမြို့မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်ဒေသများသို့ ထပ်ဆင့်တင်ပို့ရောင်းချကြပါတယ်။               တောင်ငူဒေသတစ်ဝိုက်မှာ အောက်တိုဘာ ပထမပတ်က အုတ်တွင်းမြို့နယ်မှ စပြီး ကောက်စောစပါး စပေါ်ခဲ့ပြီး၊  ကောက်စော ဧည့်မထ (အလတ်စ) တစ်အိတ်ကို ၁၃၅ဝဝ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပါတယ်။ မုန်တိုင်းမိုးကြောင့် ကောက်စောစပါးရိတ်သိမ်းမှုကို အနည်းငယ် ကြန့်ကြာစေတဲ့အတွက် အောက်တိုဘာနောက်ဆုံးပတ်နဲ့ နိုဝင်ဘာ ပထမပတ်မှာ ဆန်သစ်ဈေးအနည်းငယ်တက်ခဲ့ပြီး ဆန်သစ်တစ်အိတ်ကို ၁၄ဝဝဝ ကျပ်ခန့် ဈေးပေါက်ခဲ့ပါတယ်။ မိုးပြတ်သွားခဲ့တဲ့အတွက် နိုဝင်ဘာ ဒုတိယပတ်ကစပြီး အုတ်တွင်းမြို့နယ်အပြင်၊ ထန်းတပင်၊ တောင်ငူ၊ ဖြူး၊ ရေတာရှည်စတဲ့ မြို့နယ်များမှလည်း မိုးစပါးသစ်များ အပြိုင်အဆိုင်ရိတ်သိမ်းပြီး တင်ပို့ရောင်းချလာခဲ့ရာ နိုဝင်ဘာ ဒုတိယပတ်မှာ ဆန်သစ်တစ်အိတ်ကို ၁၄ဝဝဝ ခန့်မှ တတိယပတ်မှာ ဆန်သစ်တစ်အိတ် ၁၂၅ဝဝ ကျပ်သို့ လည်းကောင်းကျဆင်းခဲ့ပါတယ်။  ဒေသအတွင်း ဆန်သစ်ကြိုက်သူအချို့စားသုံးမှုရှိသလို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့သို့လည်း တစ်နေ့ကို ဆန်အိတ် ၃ဝဝဝ မှ ၅ဝဝဝ အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ TT

Tuesday, 30 Nov 2010

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကြက်မွေးမြူရေးဇုန်များ              မြန်မာနိုင်ငံသည်လည်း ကြက်ငှက်တုပ်ကွေးရောဂါမဖြစ်ပွားရေး၊ ဖြစ်ပွားလျှင် လူသို့မကူးစက်ရေးနှင့် ဖြစ်ပွားရာဒေသတွင် ရောဂါထိန်းချုပ်နိုင်ရေးတို့ကို အထူးဆောင်ရွက်နေပြီး ကြက်မွေးမြူသူများကို ကြက်မွေးမြူရေး ဇုန်များ ထူထောင်ပေးပြီး မြို့တိုင်းမှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။မုံရွာမြို့မှာလည်း အောင်မြင်ဖြစ်ထွန်းလျက် ရှိသော ကြက်မွေးရေးဇုန်ရှိပါတယ်။                မုံရွာကြက်မွေးမြူရေးဇုန်ဟာ မုံရွာမြို့အရှေ့မြောက်ဖက် အက်တောရွာအနီး၊ မြေဧရိယာ ၁၂၃ ဒသမ ၄၅ ဧကပေါ်တွင် တည်ရှိပြီး ဥစားကြက် (၁ဝဝ ပေ x ၁ဝဝ ပေ) ၂၂ဝ ကွက်၊ အသားတိုးကြက် (၁ဝဝ ပေ x ၁ဝဝ ပေ) ၂ဝ ကွက်၊ ငုံးမွေး မြူရေး (၁ဝဝ ပေ x ၁ဝဝ ပေ) ၉ဝ ကွက်၊ မွေးမြူရေးအထောက်အကူလုပ်ငန်းအတွက် ၆၄ ကွက်ဖော်ထုတ်ပြီး နေရာချထား ကြောင်း သိရှိရပါတယ်။               လက်ရှိတွင် ဥစားကြက်ခြံ ၂၆၆ ခြံ၊ အသားစားကြက်ခြံ ၈ ခြံ၊ ငုံးမွေးမြူရေးခြံ ၈ဝ ခြံ၊ ကြက်၊ ငုံးခြံစောင့် အိမ်ရာ ၁၅ဝ လုံး ၊ ကြက်စာကြိတ်စက်ရုံ ၁ဝ လုံး ရှိကြောင်း သိရပါတယ်။ ကြက်ကောင်ရေ ၁ ဒသမ ၃ သိန်းကျော်၊ ငုံးကောင်ရေ ၄ ဒသမ ၇ သိန်းကျော်မွေးမြူထားပြီး နေ့စဉ် ကြက်ဥ ၉ သောင်းကျော်၊ ငုံးဥ ၃ သိန်း ၅ သောင်းခန့် ထွက်ရှိနေကြောင်း သိရပါတယ်။              ထွက်ရှိတဲ့ ကြက်ဥတစ်လုံး ၈ဝ ကျပ်၊ ငုံးဥတစ်လုံး ၁၆ ကျပ်ဖြင့် ကြက်ဥဒိုင်များမှသိမ်းယူပြီး ဒေသတွင်း စားသုံးမှု ဈေးကွက်မှ ပိုလံျှသည်များကို ဖားကန့်၊ မိုးကုတ်မြို့များနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့များသို့ တင်ပို့ရောင်းချလျက် ရှိပြီး စားသုံးမှု ဈေးကွက်သို့ ဖြည့်စွက်ပေးနေလျက်ရှိပါတယ်။ အောင်မင်း

Tuesday, 30 Nov 2010

လက်ကျန်နည်းလို့ ရှမ်းနနွင်း ဈေးကောင်းရ           နနွင်းလက်ကျန်နည်းနေတာကြောင့် နနွင်းဈေးကကောင်းနေပါတယ်။ ဝယ်လက်တွေကလည်း နနွင်းသန့်တွေရွေးပြီး ဝယ်နေပေမဲ့ ပစ္စည်းလက်ကျန် ပြတ်သလောက်ဖြစ်နေတာကြောင့် လိုသလောက်မရဘူးလို့ သိရပါတယ်။ နနွင်း ခေါင်းမပါရင် အရောင်းအဝယ်ဖြစ်ပေမဲ့ နနွင်းခေါင်းရော နနွင်းအဖြူတွေ ရောပါ နေရင်လည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။      ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းကလည်း နနွင်းအထွက်များတဲ့ ဒေသဖြစ်ပြီး၊ နနွင်းဖြူတွေသာ လက်ကျန်များတာကြောင့် ဈေးကွက်မှာ ရောင်းပန်းမလှပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းသန့် တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ၃၂ဝဝ ကျပ် ဈေးရှိပြီး၊ နနွင်းခေါင်းက တစ်ပိဿာ ၂၅ဝဝ ကျပ်၊ နနွင်းခါးက တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၅ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ နနွင်းသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ ကုန်စည်ဒိုင်က သိရပါတယ်။                                                                                                            ဧဧခိုင် 

Tuesday, 30 Nov 2010

နယ်စပ်က နည်းနည်းနဲ့ ပုံမှန်ပို့နေ             ယခုအပတ်မှာ စစ်တွေနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်ကို နနွင်းတက် ၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၁ တန်သာ တင်ပို့တဲ့အတွက် နနွင်းတက်တင်ပို့မှုပုံမှန်လေးဖြစ် နေပါတယ်။ နနွင်းသစ်ပေါ်ချိန် ဖြစ်တဲ့အတွက် တစ်ဘက်နိုင်ငံမှ မှာယူမှုနည်းနေခြင်းဖြစ်ပါတယ်။ ကျောက်ဆည်၊ တောင်ကြီး၊ ကျောက်တော် ဒေသထွက် နနွင်းများကို စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ တင်ပို့နေ တာဖြစ်ပါတယ်။ နနွင်းတက်တစ်တန်ကို မိမိဘက် မြေပြင်ပေါက်ဈေး ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက် နိုင်ငံပေါက်ဈေးကတော့ ၁၄ဝဝဝဝ တာကာဖြစ်ပြီး ဈေးတည်ငြိမ်လျက်ရှိနေပါတယ်။                                                                                      တင်တင်ထွန်း(MIRT) 

Tuesday, 30 Nov 2010

ပင်လယ်ရေကြောင်းက မလေးရှားကို ၁ဝ တန်ပို့            ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၁ဝ တန်ကို တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ မလေးရှားဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၆၄၅ ဒေါ်လာနဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ တင်ပို့မှုက စုစုပေါင်းပို့ကုန်ငွေ ကန်ဒေါ်လာ ၁၆၄၅ဝ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်ကတော့ နနွင်းတန်ချိန် ၅ဝ ဒသမ ၇၃ တန်တင်ပို့ခဲ့ပြီး ယခုသီတင်းပတ်တင်ပို့မှုနဲ့ယှဉ်ရင် အားလျော့သွားတာတွေ့ရတဲ့အပြင် ဖောက် သည်တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံများဘက်ကလည်း အဝယ်ပါးသွားခဲ့ပါတယ်။        MIRT (DOT)  

Pages