Background
ပဲစင်းငုံတင်ပို့မှု တန်ချိန် ၁ဝဝဝ ဝန်းကျင်ကို လျော့ကျ အိန္ဒိယဝယ်လက်များ အဝယ်နှေးလာတဲ့ ပဲစင်းငုံဟာ ယခုတစ်ပတ် (အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ရက်)အတွင်းမှာ ပင်လယ်ရေကြောင်း က တန်ချိန် ၁၄ဝဝ ခန့်သာတင်ပို့မှုရှိခဲ့ပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်ရှိနေသေးတာရယ်၊ တန်ဇန်းနီးယားက တင်သွင်းပဲတွေ ရောက်ရှိလာတာ ရယ်ကြောင့် ပြည်ပပဲတွေအဝယ်နှေးသွားတာဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး ပဲစင်းငုံတင်ပို့မှု အနေနဲ့ တန်ချိန် ၇၅ဝဝ ရှိပြီး စက်တင်ဘာလ တင်ပို့မှု တန်ချိန် ၉ဝဝဝ ရှိလို့ ယခင်လထက်လျော့ကျလာခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် ကာလတူအောက်တိုဘာလနဲ့ နှိုင်းယှဉ်ရာမှာတော့ တန်ချိန် ၂၂ဝဝ ကျော်သာ အတင်ရှိခဲ့လို့ ယခုနှစ်ကာလတူ တင်ပို့မှု သိသိသာသာပိုခဲ့ပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပြည်ပအဝယ်အေးနေတာ ကြောင့် ပဲစင်းငုံဈေးလျော့ကျခဲ့ကာ FOB ဈေးမှာလည်း လျော့ကျခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ/ အဖြူ၄-၁၁-၁ဝ ၆၆ဝ-၆၇ဝ ၅၇ဝ-၅၈ဝ၂၉-၁ဝ-၁ဝ ၇ဝဝ-၇၁ဝ ၆ဝဝ-၆၁ဝ MIRT(MAPT)
အရည်အသွေးအလိုက် ဈေးအတက်အကျရှိတဲ့ ကမ်းနားပဲကြီး ပြည်ဈေးကွက်မှာ ပဲကြော်၊ ပဲလှော်ဖိုသမားများနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပဲကတော့ ပဲကြီး (ကမ်းနား)ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အောက်တိုဘာပထမပတ်တွင် ပဲကြီး (ကမ်းနား) မှာတစ်တင်း ၂၈ဝဝဝ ကျပ်မှ ၂၉ဝဝဝကျပ်ထိ ရှိခဲ့ပြီး ယခုအောက်တိုဘာ တတိယပတ်တွင် ပဲအရည်အသွေးပေါ်မူတည်၍ တစ်တင်းကို ၂၉ဝဝဝ ကျပ်မှ ၂၉၅ဝဝကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြတဲ့အတွက် တစ်တင်းကို ၅ဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း)ကတော့လုံးဝအရောင်းအဝယ်မဖြစ်ခဲ့ဘဲ ပဲကြီး (ကမ်းနား) တစ်မျိုးသာ တစ်ရက်ကို အိတ် ၂ဝဝ တစ်ပတ်လည် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွားတဲ့ ပြည်ထောပတ်ပဲ ပြည်ဈေးကွက်မှာ လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ထောပတ်ပဲဈေးနှုန်းမှာ တစ်တင်းကို ၂၆၅ဝဝ ကျပ်ဖြင့် ဈေးအမြင့်နဲ့အောက်တိုဘာ ဒုတိယပတ်မှာ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့မှုမရှိဘဲဒေသတွင်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုဆိုရင် ဝယ်လိုအားရှိပေမဲ့ လက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။ယခုနှစ်ထောပတ်ပဲဈေးနှုန်းအနေဖြင့် ဈေးအတက်အကျသိပ်မရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်နှစ်ကပဲလက်ကျန်ပြတ်ချိန်တွင် တစ်တင်းကို ၁၄ဝဝဝ ကျပ်ဖြင့် လက်ကျန်ပြတ်သွားခဲ့ပြီး ယခုနှစ်မှာတော့ ၂၆၅ဝဝ ကျပ်ဖြင့်နောက်ဆုံး လက်ကျန်ပြတ်သွားခဲ့တဲ့အတွက် ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ပဲစိုက်တောင်သူများအဖို့ ယခုနှစ်မှာ ဈေးကောင်းရရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပဲယင်းလည်း တန် ၂ဝဝ ကျော်တင် ပင်လယ်ရေကြောင်းက အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်အတွင်း ပဲယင်းတန်ချိန် ၂ဝဝ ကျော်ကို စင်ကာပူနဲ့ အိန္ဒိယကို တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ဆောင်းသီးနံှများ စိုက်ပျိုးတော့မှာဖြစ်လို့ ပြည်တွင်းလက်ကျန်ပဲများ ဆက်လက်တင်ပို့မှု ရှိနေခြင်းဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်အတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပဲလွန်းဖြူလက်ကျန်များ ဆက်လက်ပုံမှန်တင်ပို့နေ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တန် ၂ဝဝ နီးပါး တင်ပို့မှုရှိသလို ယခုတစ်ပတ် (အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်)အတွင်းမှာလည်း တန် ၂ဝဝ ကျော်နဲ့ ပုံမှန်ဆက်လက်တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ကိုရီးယားကို တင်ပို့နေတဲ့ ပမာဏ တန်ချိန် ၁၆ဝ နီးပါးရှိပြီး ကျန်ပမာဏကို စင်ကာပူနဲ့ ဖိလစ်ပိုင်ကိုတင်ပို့ခဲ့ပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ပြီး၊ အိန္ဒိယ မွန်ဘိုင်းဈေးကွက် ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၉၄ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ဈေးအမြင့်မှာရှိနေတဲ့ ပြည်ကုလားပဲ ပြည်ကုလားပဲဈေးမှာ အောက်တိုဘာဒုတိယပတ်က ၂၃၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိရာမှ ယခုတတိယပတ်မှာ ၂၃၅ဝဝ ကျပ်ဖြင့် တစ်တင်းလျှင် ၃ဝဝ ကျပ်ဈေးဆက်လက်မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်အတွင်း လက်လီသမားများ အဝယ်လိုက်လာပြီး၊ ပဲခွဲစက်များမှလည်း အဝယ်လိုက်လာတဲ့အတွက် ဈေးမြင့်ခဲ့ ကြောင်း သိရပါတယ်။ ယခုနှစ်ကုလားပဲဈေးကောင်းတဲ့အတွက် လယ်စိုက်သူတောင်သူများလည်းကုလားပဲပိုမိုဖြစ်ထွန်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါ တယ်။ အခြားတိုင်းသို့ တင်ပို့ရောင်းချခြင်း မရှိဘဲ ဒေသတွင်း အိတ် ၂ဝဝ-၃ဝဝ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာ ဗွီတူးဈေးကွက်မြူးနေ အောက်တိုဘာတတိယပတ်မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဗွီတူးဈေးဆက်လက်မြင့်လာခဲ့ရာ တစ်တင်း ၂၂၂ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ ကြောင်း သိရပါတယ်။ ကုလားပဲ (တိုင်ပေ) အနေနဲ့ တစ်တင်း ၂၁၈ဝဝ ကျပ်ထိ ဈေးရလာခဲ့ပြီး ကုလားပဲရိုးရိုးကတော့ ရောင်းလက်မရှိတဲ့အတွက် ဈေးကွက်မဖွင့်နိုင် ခဲ့ဘူးလို့ ကုန်သည်ရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ရဲ့ ယခုပတ်အတွင်း အဓိက ဝယ်လက်ကတော့ ကြာဇံစက်နဲ့ ခွဲစက်သမားများဖြစ်ကြပြီး နယ်အဝယ်အားနည်းကာ ဒေသတွင်းကုန်သည်တစ်ချို့ လှောင်လက်ပဲ ပြောင်းလဲ ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တစ်ရက်အိတ် ၃ဝဝ မှ ၅ဝဝ ဝန်းကျင်ခန့် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပြီး နယ်တင်ပို့မှုအနေနဲ့ မန္တလေးကို အိတ် ၈ဝဝ ခန့်နဲ့ ရန်ကုန်ကို အိတ် ၁ဝဝဝ ခန့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပြည်ပဲတီစိမ်းလည်း အရောင်းသွက် ဈေးကောင်းရ အောက်တိုဘာ တတိယပတ်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဆွဲအားကောင်းနေတဲ့အတွက် အရောင်းသွက်နေပြီး ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ မုံရွာပဲတီစိမ်းကြီးသစ် ဈေးကောင်းရ တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ အထိဝင်ရောက်လျက်ရှိပါတယ်။ ဒေသတွင်းထွက်ရှိတဲ့ မိုးပဲတီစိမ်း များကတော့ ဝင်ရောက်မှုမရှိတော့ဘဲ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းကို ၂၄ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ကထက် ၁ဝဝဝ ကျပ်ခန့်ဈေးမြင့်လာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် အရောင်းသွက်တဲ့ရက်ဆိုရင် အိတ် ၂ဝဝ ကျော်ထိအရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း အသစ်ဝင်ရောက်လာတဲ့ ပဲတီစိမ်းအမျိုးအစားကတော့ အရည်အသွေးကောင်းတဲ့အတွက် တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်းရရှိနေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ဈေးမြင့် အရောင်းသွက်လာတဲ့ မန်းကုလားပဲ မန်းကုလားပဲဈေးကွက်မှာ ယခုတစ်ပတ်မှာလည်း ဒေသတွင်း ပဲခွဲစက် လုပ်ငန်းရှင်များမှ ဝယ်လိုအား ကောင်းနေတဲ့အတွက် ယခင်တစ်ပတ်ထက် ဈေးမြင့် လာပြီး အရောင်းသွက်နေကြပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၁ဝဝ ကျပ် (တစ်တန် ၆၇၃၆ဝဝ ကျပ်) ၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁ဝ၄၈ ကျပ် (တစ်တန် ၆၄၁၇ဝဝ ကျပ်)ဈေးတို့နဲ့သာ ရောင်း ဝယ်ခဲ့ရာမှ ယခုအောက်တိုဘာ တတိယပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၁၁၈၈ ကျပ် (တစ်တန် ၇၂၇၅ဝဝ ကျပ်)၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁၁၃၈ ကျပ်(တစ်တန် ၆၉၆၉ဝဝ ကျပ်) ဈေးတို့နဲ့ ဈေးမြင့်လာပြီး ရောင်းဝယ်နေကြပါတယ်။ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တို့ ဝယ်လိုအားရှိသလို ရန်ကုန်ဝယ်လက် အချို့မှ လည်း ဝယ်ယူမှုရှိနေတာကြောင့် ဈေးမြင့်လာတာဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်အချို့က ပြောပါတယ်။ ကျော်ကျော်မိုး
မန်းပဲတီစိမ်းကို တရုတ်ဝယ်လက် ဆွဲအားကောင်း ယခုတစ်ပတ် မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဆွဲအားကောင်းနေတဲ့အတွက် အရောင်းသွက်နေပြီး ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ မကွေး၊ အောင်လံတို့မှ ထွက်ရှိတဲ့ ပဲတီစိမ်းအသစ်များ အနည်းငယ်သာ ဝင်ရောက်မှုရှိနေပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခုဖြစ်သလို အောက်တိုဘာလ ဒုတိယပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေကြတာကို တွေ့ရပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပဲတီစိမ်း ထိပ်စ တစ်ပိဿာ ၁၅၆၄ ကျပ်၊ တစ်တန် ၉၅၈ဝဝဝ ကျပ်ဈေးတို့ဖြင့် ဈေးမြင့်ပြီးရောင်းဝယ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တရုတ်ကို တစ်ပတ်အတွင်း ၁၃ဝဝ တန်၊ ရန်ကုန်ကို ၇၇ဝ တန်တင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်ဝယ်လက်မှ ဝယ်လိုအားကောင်းနေတဲ့အတွက် ပဲတီစိမ်းဈေးကွက် ဈေးဆက်လက်မာနေဦးမယ်လို့ ကုန်သည်တချို့က ခန့်မှန်းပြောဆိုနေကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး