Background
အဝယ်သွက်လာတဲ့ မုံရွာပဲတီစိမ်းဈေးကွက် အောက်တိုဘာလ ပထမပတ်အတွင်း အဝယ်သွက်လာတဲ့ ပဲကတော့ ပဲတီစိမ်းပါ။ ဈေးအပြောင်းအလဲမဖြစ်ဘဲတစ်တင်း ၂၂၅ဝဝ ကျပ်-၂၂ဝဝဝ ကျပ်ဈေးနဲ့ အဝယ်သွက်လာပြီး နေ့စဉ်အိတ်ရေ ၁၅ဝဝ ခန့် ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ ဝယ်လက်အနေနဲ့ ယခင်က ရန်ကုန်ဝယ်လက်သာရှိနေပြီး ယခုမန္တလေးဝယ်လက်ပါရှိလာလို့ အဝယ်သွက်နေတာဖြစ်ကြောင်း သိရပါတယ်။ အောင်မင်း
မျိုးအတွက်အဝယ်ရှိလာတဲ့ မတ်ပဲ ပဲခူးတိုင်းဒေသကြီး အနောက်မှာ ဆောင်းသီးနံှတစ်ခုဖြစ်တဲ့ မတ်ပဲကို ပဲစိုက်တောင်သူများအဓိကထားပြီး စိုက်ပျိုးတာကို တွေ့ရပြီး ၂ဝ၁ဝ-၂ဝ၁၁ အတွက် မတ်ပဲလျာထား စိုက်ဧက ၅၁၅၈၁၁ ဧကရှိတာကို တွေ့ရပါတယ်။ မတ်ပဲစိုက်တဲ့ ရာသီနီး လာပြီဖြစ်လို့ ပြည်မြို့ရဲ့ ပတ်ဝန်းကျင်ဒေသမှ ပဲစိုက်တောင်သူများ မတ်ပဲမျိူးများကို ဝယ်ယူ နေကြပြီဖြစ်ကြောင်း သိရပါတယ်။ ပဲမျိူး တစ်တင်းကို လက်ကားဝယ်ယူရင် ၂၆ဝဝဝ ကျပ်ဈေးရှိပြီး လက်လီ ဝယ်ယူသူများ ကတော့ ပဲတစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေးနဲ့ ဝယ်ယူရတယ်လို့ သိရပါတယ်။ဝယ်ယူတဲ့ မျိုးတွေကတော့ အထွက်နှုန်းကောင်းစေတဲ့ ဒေသမျိးနဲ့ ရေဆင်း ၂၊ ရေဆင်း ၃ မျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။ တင်ပို့ဖို့ အရောင်းအဝယ်လုပ်တဲ့ မတ်ပဲဈေးကတော့ မိုးရာသီနဲ့အပြိုင် အေးနေတာကိုတွေ့ရပါတယ်။ စက်တင်ဘာလရဲ့ ဒုတိယပတ်မှာတော့ ပဲတစ်တင်း ကို ၂၅၂ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ရန်ကုန် ဝယ်လက် ကလည်း အဝယ်အေးနေပြီး မြို့တွင်းပဲကုန်သည်များကလည်း တစ်နေ့ကို ပဲ တစ်တင်းခွဲအိတ် ၁၅ဝ-၂ဝဝ သာ အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ကို စီးဆင်းတဲ့ ပဲအိတ်အရေအတွက်ကတော့ တစ်နေ့ကို အိတ် ၈ဝဝ လောက်သာ တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
လက်ကျန်နည်းပြီးဈေးအနည်းငယ်မြင့်လာတဲ့ ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးကတော့ ဟင်္သာတဈေးကွက်မှာ အနည်းငယ်မြင့်တက်လာ ပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၅၇ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်မှာတော့ မတ်ပဲဈေးမှာ ၂၅၈ဝဝ ကျပ်ဈေးသို့ အနည်း ငယ် မြင့်တက်လာပါတယ်။ ယခုအချိန်အခါဟာ ကုန်သည်များလက်မှာ ပဲလက်ကျန်နည်းသွားပြီး တောင်သူအချို့မှာလည်း မိုျးပဲလောက်သာ ကျန်ရှိပါတော့ တယ်။ ပဲရောင်းဝယ်မှုအနေနဲ့ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးများဖြင့် တစ်ပတ်အတွင်း ပျမ်းမျှတစ်တင်းခွဲအိတ် ၅ဝဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။အေးအေးခိုင်
ပဲစင်းငုံနီဈေးအငုတ် ဝယ်သူရှိခိုက်ထုတ်ရောင်းနေ အောက်တိုဘာပထမပတ် မုံရွာပဲဈေးကွက်မှာ ပဲစင်းငုံနီ ဈေးဆက်လက် ကျဆင်းနေလျက်ရှိရာ တစ်တင်း ၁၈၆ဝဝ ကျပ်နဲ့ ရန်ကုန်အော်ဒါရှိတဲ့ ကုန်သည် အချို့ဝယ်ယူမှုရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ နောက် ၂ လကျော်ရင် ပဲစင်းငုံနီ အသစ် တွေပေါ်တော့မှာမို့ ကုန်သည်တွေအနေနဲ့ လက်ဝယ်သိမ်းထားဘို့ အခက် အခဲရှိလို့ ရန်ကုန်ဝယ်လက်ရှိတုန်း ထုတ်ရောင်း လျက်ရှိတယ်လို့ သိရပါတယ်။ နေ့စဉ် ပုံမှန်ရောင်းဝယ်မှုအနေနဲ့ တင်း ၃ဝဝ ဝန်းကျင်ရှိပြီး ရန်ကုန်၊ မန္တလေး၊ အဝယ် အော်ဒါ ရှိတဲ့နေ့မှာတော့ တင်း ၁ဝဝဝ မှ ၂ဝဝဝ ထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။ ယခု တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေက ပဲစင်းငုံနီစီးထွက်မှု အခြေအနေကို လေ့လာတဲ့အခါ မန္တလေးကို တင်း ၂၅ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၅ဝဝ ခန့် တင်ပို့ခဲ့ကြကြောင်း သိရှိရပါတယ်။ထွန်းလှိုင်
ပြည်တွင်းနို့ဆီ လက်ကားဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၆ဝ ၆၇ဝဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-နို့ဆီလက်လီဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၁ဝ ၇၂ဝဒွန်း( နို့စိမ်း) ၆၆ဝ ၆၇၅Falcon နို့ဆီ ၆၁ဝ ၆၂၅Happy Cow ၅၉ဝ ၆ဝဝဝမ်းတီးနို့ဆီ ၆၆ဝ ၆၇၅ယူကေနို့ဆီ ၆ဝဝ ၆၁၅MIRT (DOT)
ပင်လယ်ရေကြောင်းက နို့ဆီ အဝင်တုံ့နှေး စက်တင်ဘာလ စတုတ္ထအပတ် အတွင်း ၂ဝ ရက်နေ့ကနေ၂၆ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကနေ နို့ဆီတန်ချိန် ၇၃၄ ဒသမ ၇၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၆၉၃၃၈၇ ဒသမ ၂၈ ဒေါ်လာဖိုးကို စင်ကာပူနိုင်ငံ ဘက်က တင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းအဝင်တန်ချိန်ကတော့ တန် ချိန် ၄၇၉ ဒသမ ၈၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၇၄၈၅၆ ဖိုးကို စင် ကာပူနိုင်ငံဘက်ကပဲ တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်အပတ်က နို့စိမ်းအဝင်မရှိဘဲ နို့ဆီသာအဝင်ရှိခဲ့ပါတယ်။ နို့ဆီတစ်တန်ကို C & F ၤ ကန် ဒေါ်လာ ၁ဝ၂၃ ဈေးနဲ့ စင်ကာပူနိုင်ငံ က တင်သွင်းခဲ့ပြီး၊ နို့စိမ်းတစ်တန်ကို ကန်ဒေါ်လာ ၉၈၉ ဒသမ ၆ဝ ဈေး နဲ့ စင်ကာပူဈေးကွက်ကနေ ဝယ်ယူတင် သွင်းခဲ့ပါတယ်။ နို့မှုန့်အဝင်ကတော့ တန်ချိန် ၄ ဒသမ ၉၆ တန်ရှိပြီး ထိုင်း၊ စင်ကာပူနဲ့ သြစတြေးလျနိုင်ငံတို့ဘက်မှ တင်သွင်း လာခဲ့ပါတယ်။ ယခင်အပတ်က အဝင် တန်ချိန် ၃၂ ဒသမ ၂၆ တန်ရှိခဲ့တာမို့ ယခုတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၂၇ တန်ကျော် လျော့ဝင်လာတာ တွေ့ ရပါတယ်။MIRT (DOT)
ဈေးကောင်းရနေတဲ့ ပြည်ဘိုကိတ်ပဲ ပြည်ဈေးကွက်ရဲ့ ဘိုကိတ်ပဲမှာ တိုင်းအတွင်းရှိ လက်လီသမားများဖြင့် အရောင်းအဝယ်သွက်နေပါတယ်။ ဘိုကိတ်လက်ကျန်နည်းနေတဲ့အတွက် ပိဿာ ၂ဝ တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်းရနေကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ဝက်ထီးကန်မြို့နယ်များမှ အိတ် ၂ဝ ခန့် ရက်ခြားဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ ပြည်မြို့နယ်တွင်းနှင့် တိုင်းတွင်းရှိ အခြားမြို့နယ်များတွင်ရှိသော ပဲကြော်၊ ပဲလှော်လုပ်ငန်းဖိုများမှ နေ့စဉ် ၁၅ အိတ်ခန့် အဝယ်ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
ဈေးငြိမ် အရောင်းအဝယ်ဖြစ်နေတဲ့ ပဲနီပြား ပြည်ဈေးကွက်မှာ အခြားတိုင်းသို့တင်ပို့မှုမရှိဘဲ ဒေသတွင်းလက်လီ သမားများဖြင့် အရောင်းအဝယ် ဖြစ်နေတဲ့ ပဲနီပြားဈေးနှုန်းမှာ လက်လီဈေး တစ် တင်း ၂၆ဝဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးပြောင်းလဲမှု မရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း မြို့နယ်များမှ လက်လီပြန်လည် ရောင်းချသူများအနေဖြင့် ပြည်ဈေးကွက်တွင် လာရောက် ဝယ်ယူကြတယ်လို့ သိရပါတယ်။ ယခင်အပတ်က တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ အထိအရောင်းအဝယ် ဖြစ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ တစ်ရက်ကို အိတ် ၂၅ မှ ၃ဝ အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
တစ်တင်း ကျပ်နှစ်သောင်းနဲ့ လက်ခမောင်းခတ်တဲ့ မုံရွာစွန်တာနီ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ယခုနှစ်အတွင်း ဈေးကွက်လိုအပ်ချက်နဲ့ ထုတ်လုပ်မှုတို့ရဲ့ ယှဉ်ပြိုင်မှုကြား အနိုင် ရသွားတာကတော့ စွန်တာနီပဲဖြစ်ပါတယ်။ ယခင်နှစ်တွေက မုံရွာကုန်စည်ဒိုင်မှာ အမြင့်ဆုံးတစ်တင်း ၈ဝဝဝ ကျပ်မှ၁၆ဝဝဝ ကျပ်ထိသာ ရရှိခဲ့ပေမဲ့ ယခုနှစ်တောင်သူတွေရဲ့ စိုက်ပျိုးမှုအနည်းငယ်ကျဆင်းခြင်းနဲ့ ဒေသတွင်း ခွဲစက်၊ ကြာဇံစက်နဲ့ ပဲလက်လီအသုံးတွေကြောင့် စက်တင်ဘာလကုန်ရက်ပတ်မှာ တစ်တင်း ၂ဝဝဝဝ ကျပ်ထိဈေးမြောက် လာခဲ့တာတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း တစ်ရက်တင်း ၃ဝဝ ခန့် အရောင်းအဝယ် ်ဖြစ်လျက်ရှိပါတယ်။ ယခုလိုဒေသတွင်း သုံးစွဲမှု ပမာဏတိုးတက်လာခြင်းနဲ့ ကုန်သည်လက်ကျန်လျော့ပါးလာမှုကြောင့် ဈေးကောင်းရလာတဲ့ အတွက် လာမဲ့ဆောင်းရာသီမှာ စွန်တာနီစိုက်ပိုျးမှု ပမာဏ တိုးတက်များပြားလာဖွယ်ရှိကြောင်း လေ့လာ ခန့်မှန်းရရှိပါတယ်။ထွန်းလှိုင်
ပဲကြီး (ရွှေကျွန်း) လည်းအရောင်းအဝယ်ဖြစ်လာ ပြည်ဈေးကွက် ပဲကြီးဈေးနှုန်းများမှာ လက်လီဈေးတစ်တင်းကို ပဲကြီး(ကမ်းနား) မှာ ၂၉၅ဝဝ ကျပ်၊ လက်ကားဈေး၂၉ဝဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) မှာ ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်ထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ယခင်အပတ်က ပဲကြီး(ကမ်းနား)သာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခု တစ်ပတ်အတွင်း ပဲကြီး(ရွှေကျွန်း)လည်း အနည်း ငယ် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး လိုင်းသမားများ အဝယ်မရှိဘဲ ပဲကြော်လုပ်ငန်းများသာ အဝယ်ရှိခဲ့တာကြောင့် တစ်ရက်ကို အိတ် ၂ဝဝ ခန့် ပုံမှန် အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း