Main menu

Background

Tuesday, 28 May 2013

မေလ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးနယ်ဇုန်မှ ကန်ဒေါ်လာ ၁  ဒသမ ၈၂၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂၉၂၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက်  ၂၉၅ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က ထက် မိကျောင်းကွမ်းဖတ်စေ့၊ ဆီးသီးခြောက်၊ ဝဥခြောက်၊ ကွမ်းသီးခွံ၊ ဒရင် ကောက်မြစ်၊ ကြောင်လျာစေ့ နဲ့တောင်လုံး ကျော်တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ ကြက်ဆူစေ့၊ မန်ကျည်းမှည့် (အစေ့ပါ)၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ နေလဲစေ့၊ စကားပန်းပွင့် ခြောက်၊ မာလာဥနဲ့ တောချင်းတို့မှာ ယခင်အပတ်ကထက် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့မှု မရှိတဲ့ ရှားစေးကိုယခုအပတ်မှာ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုအပတ်မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေး စခန်းမှ ပရဆေးကုန်ကြမ်းတင်သွင်းမှုမရှိဘူးလို့သိရှိရပါတယ်။ ခင်ကလျာဦး MIRT (DCCA)

Tuesday, 28 May 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေလ ၁၂ ရက်မှ ၁၈ ရက်အတွင်း မန်ကျည်း တန်ချိန်က ၁၉၂ ဒသမ ၅ တန်ကို စင်ကာပူနိုင်ငံကိုလည်း ကောင်း၊ မန်ကျည်း ၁၉၆ တန်ကို မလေးရှားနိုင်ငံကိုလည်းကောင်း၊ ဂျပန်နိုင်ငံကို သုည ဒသမ ၃ တန်ကိုလည်းကောင်း၊ စုစုပေါင်း ၃၈၈ ဒသမ ၈ တန်ကို တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့မှုနဲ့ ယှဉ်ရင် ၃၃၂ ဒသမ ၃ တန် ဒီတစ်ပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ FOB  မှဈေးက တစ် တန်ကို ကန်ဒေါ်လာ လေးရာ့နှစ်ဆယ်နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ တစ်သိန်းခြောက်သောင်းကျော် ရရှိခဲ့ပါတယ်။                                                                        MIRT (DOT)

Tuesday, 28 May 2013

ဒီနှစ်ကတော့ ချင်းဈေးကောင်းတဲ့နှစ်ဖြစ်ပါတယ်။ ၂၀၁၀ ကတော့ ဒီနှစ်ထက် ဈေးကောင်းခဲ့ပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၂ မှာ အရောင်းအဝယ်ကလည်းမကောင်း၊ Export  ကလည်းနားသွား၊ အရည်အသွေးတွေကလည်းညံ့၊ (မိုးမိတာများလို့ ထိပ် ပုပ်တွေများပါတယ်) တာကြောင့် ချင်းလက်ကျန်က တောင်ပုံ၊ ယာပုံဖြစ်ကျန်ခဲ့ပါ တယ်။ ၂၀၁၂ ခု စက်တင်ဘာလမှာ ချင်းဈေးကတစ်ပိဿာ ၅၀ ကျပ်၊ ၇၀ ကျပ် အထိ ဈေးကျခဲ့တာကြောင့်၊ အလုပ်သမားခ၊ သယ်ယူခတွေနဲ့ တောင်သူတွေ အရှုံး ကြီးရှုံးခဲ့ရပါတယ်။ ဒီနှစ်တော့ အဲဒီစရိတ်တွေ ပြန်ကာမိတယ်လို့ဆိုရပါမယ်။ ဒီနှစ် မှာတော့ ချင်းကနှစ်စကတည်းက ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ စစ်တွေ၊ တမူးကနေ တစ်ဆင့် နယ်စပ်လမ်းကြောင်းအတိုင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ကို သွား နေတာကြောင့် ချင်း(စို)ကအရောင်းသွက်နေပါတယ်။ ချင်း (စို)ကတော့ ဝယ်လက် တွေက ရှိရင်ရှိသလောက် ဝယ်ယူနေကြပါတယ်။

Tuesday, 28 May 2013

ပြည်ချင်းဈေးကွက်မှာ အောင်ပန်းချင်းများ ယခုတစ်ပတ်ပိဿာ ၃၀ ဝင်အိတ် ၅၀ ခန့်သာ ဝင်ရောက်လို့ အဝင်နည်းနေပါတယ်။ အရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၂၅၀ ခန့်နဲ့ ဈေးနှုန်းမှာ ယခင်တစ်ပတ် ဈေးအတိုင်း တစ် ပိဿာ ချင်း (ရှယ်) ၁၀၀၀ ကျပ်၊ (ဂျွန်) ၈၀၀-၉၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိပါတယ်။   ဝင်းဝင်းခိုင်-ပြည်

Tuesday, 28 May 2013

မန္တလေးတိုင်းဒေသကြီး၊ ပွဲစား၊ ကုန်သည်များ၊ စက်ပိုင်များရဲ့ မဟာ ကထိန်တော်အသင်း(ကုန်စည်ဒိုင်)ကို သီးနှံ ဝင်ရောက်မှု၊ ရောင်းချမှုများ အကြား မြေထောက်ပဲရောင်းဝယ်မှု အခြေအနေမှာ သိသာပြောင်းလဲမှု မရှိဘဲ၊ ဧပြီလနဲ့ မေလနှိုင်းယှဉ်ကြည့် ပါက ဈေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိ ရပါတယ်။ တိုင်းအတွင်း စိုက်ပျိုးမှုနည်း သော်လည်း အခြားတိုင်းအတွင်းမှ စိုက်ပျိုးတဲ့ ဟုမ္မလင်း၊ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို၊ ဝက်လက် ဒေသများမှ ဝင်ရောက်တဲ့ မြေထောက် ပဲဟာ မန္တလေးကုန်စည်ဒိုင်ရဲ့ ရောင်း ဝယ်မှု ဈေးကွက်ကို ဝင်ရောက်ခဲ့ပါ တယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အိတ် ၅၀၀၀၊ တန် ၄၅၀ ခန့်နဲ့ ပျမ်းမျှတစ် ပိဿာနှုန်း ၁၆၆၄ ကျပ် (တစ်တန် ၁၀၁၉၀၁၇)ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်၊ မေလရဲ့ နောက် ဆုံးပတ်အတွင်း မြေထောက်ပဲအိတ် ၄၈၀၀ (တန် ၄၃၀) ရောင်းဝယ်မှုဖြစ်နေ ပြီး၊ နောက်ဆုံးပတ် တစ်ပိဿာ ပျမ်းမျှ ဈေး ၁၆၄၈ (တစ်တန် ၁၀၀၉၂၁၉) နဲ့ ရောင်းဝယ်မှုဖြစ်နေသဖြင့် ယခု ၂၀၁၃ ခုနှစ်၊ မေလ အခြေအနေအရ ရောင်း ဝယ်မှု ပိုမိုကောင်းခဲ့ပြီး၊ ဈေးနှုန်းအနေနဲ့ သိသာစွာ ပြောင်းလဲမှု မရှိနိုင်ဘဲ ရောင်း ချရေး၊ ဝယ်ယူရေး မြေထောက်ပဲရဲ့ အခြေအနေအား ကြိုတင်တွက်ချက်မှု အရ ရောင်းဝယ်မှု ကောင်းနိုင်ကြောင်း သိရပါတယ်။လွင်အေး - မန္တလေး

Tuesday, 28 May 2013

ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်မှာ မတ်ပဲသီးနှံမှာ ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟင်္သာတ ပဲဈေးကွက်ကို ခရိုင်အတွင်းမြို့နယ်များမှ ဝင်ရောက်မှု နည်းသွားပြီး၊ ဒေသခံလှောင်လက်ကုန်သည်ကြီးများရဲ့ ရောင်းချမှု၊ ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ဝယ်ယူအားကြောင့် နေ့စဉ်အိတ် ၅၀၀၀ ခန့်တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်ရဲ့ မတ်ပဲဈေးနှုန်းကတော့ တစ်တင်းကို ၁၇၉၀၀ ကျပ် ဈေး ဖြစ်လို့ ယခင်တစ်ပတ်ထက် ဈေးပိုမြင့်လာပါတယ်။ အစေ့ထုတ်ပြောင်းသီးနှံမှာ ဈေးအဖွင့်မှာ ပိဿာ ၂၀ တစ်တင်းကို ၇၅၀၀ ကျပ်နဲ့ စခဲ့ရာ ယခုအချိန်မှာ တစ် တင်းကို ၉၄၀၀ ကျပ်ဈေးနဲ့ ဈေးကောင်းရနေပါ တယ်။ ပြောင်းဈေးေ ကာင်းနေ ပေမယ့် ယခုတစ်ပတ်မှာ အရောင်းရှိပြီး၊ အဝယ်အေးသွားပါတယ်။ ပြောင်းစီးထွက်မှု အနေနဲ့ ယခုတစ်ပတ်မှာ အိတ် ၂၀၀၀ ခန့်သာ တင်ပို့နိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင် - ဟင်္သာတ

Tuesday, 28 May 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မေလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၃၇ သန်း တန်ဖိုးရှိတဲ့ ပဲတီစိမ်းလုံးပြည့် ၆၆၂ တန်ကျော်နဲ့  ကန်ဒေါ်လာ သုည ဒသမ ၀၇၀ သန်းတန်ဖိုးရှိတဲ့ပဲတီစိမ်း (လုံးခြမ်း)  ၆၂ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က ပဲတီစိမ်းလုံးပြည့် ၁၈၃ တန်ကျော်နဲ့ လုံးခြမ်း ၅၁ တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုအပတ်ပဲတိစိမ်းတင်ပို့မှုပိုမိုလာတာတွေ့ရပါတယ်။ မူဆယ်ကုန်စည် ဒိုင်မှာ ယခု အပတ်ပဲတီစိမ်းတစ်တန်ကို မိမိဘက်ဈေး ၈၀၄၁၄၈ ကျပ်ဖြစ်ပြီး၊ တစ်ဖက်နိုင်ငံဈေး ၅၃၈၀ ယွမ်ဈေးရှိပါတယ်။ သုံးခွမြို့နယ်အတွင်းရှိ ပဲစိုက်တောင်သူ အချို့မှာ မျိုးပဲပေး မျိုးပဲပြန်ယူစနစ်နဲ့ စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။ မော်မော်အောင် MIRT (DCCA)

Tuesday, 28 May 2013

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၃-၁၄ ခုနှစ် မိုးသီးနှံ ပဲစင်းငုံစိုက်ပျိုးရန် လျာထားဧက ၅ ဒသမ ၅၅ သိန်းအနက် ဧက ၅၀၀၀ ကျော် စတင်စိုက်ပျိုးနေကြောင်းသိရပါတယ်။ ယခင်နှစ် မိုးလေဝသအခြေအနေ (မိုးနည်း)ကြောင့် ပဲစင်းငုံ အထွက်လျော့လို့ ယခုအချိန် တောင်သူလက်ဝယ် လက်ကျန်နည်းကာ ကုန်သည်လက်ဝယ် လက်ကျန်များနေကြောင်း သိရပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ ဒေသခံကုန်သည်များအဝယ်ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း  နေ့စဉ် ပဲစင်းငုံနီအိတ် ၁၀၀၀ နဲ့ ၂၀၀၀ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ပဲစင်းငုံနီတစ်တင်း ၂၁၀၀၀ ကျပ်ဝန်းကျင်ဈေး ပေါက် ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။                              သန်းသန်းတင်-မုံရွာ

Tuesday, 28 May 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ယခုတစ်ပတ် အတွင်း မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီးဈေးများဈေး အနည်းငယ် ပြန် မြင့်လာခဲ့တာတွေ့ရပါတယ်။ ကုလားပဲ၊ ပဲပုပ်နဲ့ ထောပတ်ပဲ ဈေးများ ကတော့ ဈေးငြိမ်အရောင်း အဝယ် ဖြစ်နေပါတယ်။ မတ်ပဲသီးနှံမှာ ပြည်ဈေးကွက်ကို ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ မှ နေ့စဉ်ဝင်ရောက် ခဲ့ကာ ပဲလက် ကျန်များလည်း ရှိခဲ့တဲ့အတွက် တစ်ရက်အိတ် ၂၀၀ ကျော်မှ ၃၀၀ အထိ ရန်ကုန်ဝယ်လက်များနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ပဲဈေးမှာ ယခင်အပတ်ကထက် တစ်တင်း ၅၀၀ ကျပ် ခန့် ဈေးပိုလာခဲ့တဲ့အတွက် တစ်တင်း ၁၈၀၀၀ ကျပ်ဈေးရှိခဲ့ပါ တယ်။ မတ်ပဲဈေးနှုန်းမှာ ယခင်နှစ်က မေလလယ် မှာ တစ် တင်း၂၀၀၀၀ ကျပ်ဈေးရှိခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ပဲဈေး အနေနဲ့ ယခုတစ်ပတ်မှာ ဈေးပြန်လှုပ်လာတဲ့ အတွက် ပဲလက် ဝယ်ရှိသူတောင်သူများမှ တစ်တင်း ၂၀၀၀၀ ကျပ်ဈေးမျှော် လင့်လျက်ရှိတာကို တွေ့ရပါတယ်။

Tuesday, 28 May 2013

မုံရွာကုန်စည်ဒိုင် မေလတတိယ ပတ် ပဲဈေးကွက်မှာ အမြင့်ဈေးနဲ့ ငုံနီ အရောင်းအဝယ်သွက်ခဲ့သလို ပြည်တွင်း လုပ်ငန်းသုံးလိုအပ်ချက် မြင့်မားလာလို့ ပဲကြီးလည်း ဈေးမြောက်လာခဲ့တာ တွေ့ ရပါတယ်။ ယခုတစ်ပတ် ပဲတစ်မျိုးချင်း ဈေးကွက်ဖြစ်ပေါ်မှုအနေနဲ့ ပြည်တွင်း လုပ်ငန်းသုံး အဝယ်သာရှိတဲ့ ကုလားပဲ အုပ်စုဟာ ဈေးဆက် လက်အေးနေခဲ့ ကာ V2  တစ်တင်း၁၈၆၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၈၁၀၀ ကျပ်၊ 929 တစ် တင်း ၁၈၃၀၀ ကျပ်နဲ့ ကုလားပဲရိုးရိုးတစ် တင်း ၁၇၈၀၀ ကျပ် အသီးသီးသာ  အမြင့်ဈေး ပေါက်ခဲ့ပါတယ်။ ယခုတစ် ပတ် အတွင်း ဝယ်လက်နဲ့ ရောင်းဝယ်မှု ပမာဏအားဖြင့် V2 ၊ ထိုင်ဝမ်နဲ့ ကုလားပဲ ရိုးရိုးကို ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်၊ ပဲကြော်ဖို၊ ပဲလက်လီစတဲ့ လုပ်ငန်းသမား အဝယ်သာရှိခဲ့ပြီး၊ တစ် ရက် ကို ၃ မျိုးပေါင်း အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ တယ် လို့ ဆိုပါတယ်။ 929 ကုလားပဲကတော့ ဒီရက်ပိုင်းအတွင်း ဒေသလုပ်ငန်းသမား များအပြင် ရန်ကုန် ဝယ်လက် အနည်း ငယ် ရှိခဲ့လို့ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ်သွက်ခဲ့တယ်လို့ ကုန် စည်ဒိုင်ရပ်ကွက်က ဆိုပါတယ်။

Pages