Main menu

Background

Tuesday, 9 Apr 2013

ဟိုပုံးဒေသတစ်ဝိုက်ထွက်တဲ့ နနွင်းများ ဟိုပုံးဈေးကွက် ကို ပုံမှန်အဝင်ရှိနေပါတယ်။ နနွင်းစိုများ ဈေးကွက်တွင်း စဝင်နေသလို နနွင်းခြောက်များလည်း စဝင်နေပြီလို့ သိရပါ တယ်။ ဒီတစ်ပတ် နနွင်းအခြောက်တစ်ပိဿာ ၆၅၀ ကျပ်ဈေး ရှိပြီး၊ အရောင်းအဝယ်ကတော့ ပုံမှန်ပဲဖြစ်နေပါတယ်။ ဟိုပုံး ကုန်သည်အချို့က တရုတ်၊ အိန္ဒိယဝယ်လက် ကို စောင့်နေ တာရယ်၊ လက်ရှိဈေးကိုလည်း မကြိုက်လို့ ထုတ်မရောင်းသေး ဘဲ ဝယ်လှောင်ပြီး၊ကြိုက်ဈေးစောင့်နေ ပါတယ်။ တစ်ပတ် အတွင်းမှာတော့ ပိဿာချိန်  ထောင်ဂဏန်းလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 9 Apr 2013

ဒီတစ်ပတ်ဟိုပုံးချင်းဈေးကွက်မှာ ချင်းစိုတစ်ပိဿာ ၁၅၀ ကျပ်မှ ၂၅၀ ကျပ်ထိ ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံး ဈေးကွက်မှာ ပစ္စည်းလက်ကျန်အတော်နည်းသွားပြီလို့ သိရပါတယ်။ ဒီတစ်ပတ်မှာ အရောင်းအဝယ်လည်းအေးနေပါတယ်။ အချို့တောင်သူများကလည်း ချင်းခြောက် လုပ်ဖို့ ချင်းအညံ့ စတွေကို ဝယ်ပြုတ်နေကြပါတယ်။ ချင်းခြောက်လုပ်ဖို့အတွက် ချင်းစို ၅ ပိဿာပြုတ်မှ တစ်ပိဿာလောက်ထွက်လို့ အညံ့စတွေဝယ်ပြုတ်မှ ဈေး ကိုက်တာကြောင့်အညံ့စတွေပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဟိုပုံးချင်းမှာ ဒီနှစ် အထွက်နဲ့ လက်ကျန်လည်းနည်းတဲ့အတွက် အရောင်းအဝယ်ကထင်သလောက် မဖြစ်ဘူးလို့သိရပါတယ်။ ရန်ကုန်ကိုအနည်းအကျဉ်းသာအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။

Tuesday, 9 Apr 2013

ဟင်္သာတကုန်စည်ဒိုင်မှာ မတ်လနောက်ဆုံးပတ်မှာ ပဲ၊ ပြောင်းဈေးအနည်းငယ် အေးနေပေမယ့် ဒေသခံလှောင် လက်များနဲ့ ရန်ကုန်ဝယ်လက်ကုန်သည်ကြီများ ဝယ် ယူမှုကြောင့် အရောင်းအဝယ်ပုံမှန်ရှိနေပါတယ်။ မတ်ပဲ တစ်တင်း ဈေးမှာ ယခင် အပတ်က ၁၇၂၅၀ ကျပ်၊ ယခုအပတ်မှာ ၁၆၁၀၀ ကျပ်၊ ပြောင်းပိဿာ ၂၀ တစ်တင်းကို ယခင်အပတ်က ၇၆၀၀ ကျပ်၊ ယခုအပတ်မှာ ၇၆၀၀ ကျပ်နဲ့ ရန်ကုန် ဈေးကွက်ကို မတ်ပဲ အိတ် ၂၅၀၀၊ ပြောင်းစေ့ အိတ် ၁၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင် - ဟင်္သာတ

Tuesday, 9 Apr 2013

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး၊ အောင်ပန်း ဘက်မှ ပိဿာ ၃၀ အိတ် ၁၅၀ ခန့် ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကိုချင်း (ရှယ်)၆၀၀ ကျပ်၊(ဂျွန်) ၅၀၀ ကျပ် တို့နဲ့ ပုံမှန်ဈေးရှိပြီး၊ ဈေးကွက် အတွင်း တစ်နေ့ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးကွက် မှ တစ်ဆင့် ဧရာဝတီ၊ ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ်တစ်နေ့ကိုပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါတယ်။                 ဝင်းဝင်းခိုင်-ပြည်

Tuesday, 9 Apr 2013

မတ်လစတုတ္ထပတ်အတွင်း အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ ပဲစင်းငုံနဲ့ ပြောင်းဈေးငြိမ်နေပြီး၊ ပဲရာဇာ (ပဲနီလေး)အသစ်များ ဈေးကွက်ကို စတင်ဝင်ရောက် လာကြောင်း သိရပါတယ်။ မတ်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း ပဲစင်းငုံတစ်ပိဿာ ကို ၉၅၀ ကျပ်နဲ့ ပိဿာချိန် ၂၃၃၀၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ အစေ့ထုတ်ပြောင်း ကတော့ တစ်ပိဿာကို ၃၈၀ ကျပ်နဲ့ ပိဿာချိန် ၄၇၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် အောင်ပန်းကုန်စည် ဒိုင်ဈေးကွက်ရဲ့ ထူးခြားချက်အနေနဲ့ ပဲရာဇာ(ပဲနီလေး)အသစ်များ ဈေးကွက်ကို စတင်ဝင်ရောက်လာပြီး၊ တစ်ပိဿာကို ၁၂၀၀ ကျပ် အဖွင့်ဈေးနဲ့ ၃၆၀၀ ပိဿာ (၆ တန်ခန့်)အရောင်းအဝယ်ရှိခဲ့သလို ယခင်ကအရှေ့အလယ် ပိုင်းနိုင်ငံများ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံ နိုင်ငံများဆီသို့ အဓိကတင်ပို့ခဲ့တဲ့ ရှမ်းချင်းနဲ့ ချင်းခြောက်ကို တရုတ်နိုင်ငံသို့ Border  Trade မှ ပိဿာချိန် ၈၀၀၀၀ ခန့် တင်ပို့မှုရှိခဲ့ကြောင်းလည်း ဈေးကွက်က သိရ ပါတယ်။မင်းအောင် - တောင်ကြီး

Tuesday, 9 Apr 2013

ယခုတစ်ပတ်အတွင်း ပဲကုန်သည်အများစုမှာ ပစ္စည်းလှောင်မှုနှောင့်နှေးနေလို့၊ ကုန်စည်ဒိုင်အချို့မှာ  အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။ မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း အလုပ်အမှုဆောင် ဦးဌေးက "အခုတစ်ပတ်အတွင်း မကွေးဒိုင်မှာ အရောင်းအဝယ်  ရပ်လုနီးပါးဖြစ်သွားတယ်။ မန္တလေးဒိုင်က မိတ္ထီလာ၊ ပျော်ဘွယ်၊ မကွေးဘက်က ပဲကို အဓိကထား ဝယ်ယူမှုရှိ တော့ လှောင်လက်တွေကလည်း အခြေအနေ စောင့်ကြည့်နေတဲ့အတွက် အရောင်း အဝယ်မဖြစ်ဘဲ အေးနေတာကြောင့်  ဈေးနှုန်းလည်း ကျလာတယ်။ အခုအချိန်က တောင်သူလက်ထဲမှာ ပစ္စည်းလက်ကျန်ကုန်နေတဲ့အချိန်ဖြစ်ပြီး၊ ဝယ်လက်အချင်း ချင်း လှောင်မယ့် သူလောက်ပဲ ဝယ်ယူတဲ့အချိန်ဖြစ်တယ်။ ကုန်သည်တွေက မလှောင်သေးဘဲ အခြေအနေကြည့်နေ တာကြောင့် မန္တလေးမှာပါ အရောင်း အဝယ်အေးလာတယ် "လို့ပြောပါတယ်။

Tuesday, 9 Apr 2013

မန္တလေးမြို့ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)မှာ နှစ်စဉ် ပဲယင်းတန်ချိန် တစ်သောင်းငါးထောင်ကျော် ဝယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချနေပါတယ်။ပဲယင်းကို မတ္တရာ၊စဉ့်ကူး ၊ တံတားဦး၊ မြို့သာ၊ ငါန်း ဇွန်၊ချောင်းဦး၊မုံရွာ၊ပခုက္ကူ၊မကွေး၊ ချောက်၊ ရေနံချောင်းစတဲ့ ဒေသများမှ ဝယ်ယူရရှိ ပါတယ်။ ပြည်တွင်းစားသုံးသူများ အတွက် ဝယ်ယူမှုအပြင် ပြည်ပ(တရုတ်)ကိုလည်း တင်ပို့ရောင်းချလျက် ရှိပါတယ်။

Tuesday, 9 Apr 2013

မတ်လနောက်ဆုံးပတ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ပြည် ပဲဈေးကွက်မှာ မတ်ပဲ၊ ကုလားပဲနဲ့ ပဲစင်းငုံဈေးနှုန်းများ ဈေး လျော့လာခဲ့ပြီး၊ ပဲပုပ်ဈေးအနည်းငယ်မြင့်လာသလို ပဲကြီး ဈေးနှုန်းများလည်း တစ်တင်း ၅၀၀ ကျပ်ခန့်ဈေးမြင့် ခဲ့ပါ တယ်။ ထောပတ်ပဲဈေးမှာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့တာ ကိုတွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ တစ်ရက်အိတ် ၄၀၀ ကျော် ဝင်ရောက်ခဲ့ပေမယ့် ရန်ကုန်ဝယ်လက်က ဈေးလျော့ဝယ်လို့ ပဲတစ်တင်း ၁၆၁၀၀ ကျပ်နဲ့သာ အရောင်းအဝယ်အေး ဈေး အေးလျက်ရှိပါတယ်။ မတ်လဆန်းကစပြီး၊ မတ်ပဲဈေးနှုန်း များ မြင့်လာကာယခုလကုန်မှာတစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေး လျော့သွားခဲ့တာကို တွေ့ရပါတယ်။ ပဲစင်းငုံသီးနှံမှာ ပဲလက် ကျန်များ ရှိခဲ့သော်လည်း ရန်ကုန်ဝယ်လက်အပေါ်မူတည်ပြီး တစ်ခါတစ်ရံ အိတ် ၃၀၀ ကျော်အရောင်းအ ဝယ်ဖြစ်ခဲ့ပေမယ့် ပဲဈေးကတော့ တစ်တင်း ၂၁၅၀၀ ကျပ်နဲ့ ဈေးအနည်းငယ် လျော့ခဲ့ပါတယ်။

Tuesday, 9 Apr 2013

မုံရွာကုန်စည်ဒိုင် မတ်လ လကုန် ပတ် ပဲဈေးကွက်မှာ ရန်ကုန်လက်အဆွဲ အေးလို့ ငုံနီဈေး ဆက်လက်ကျခဲ့ပါ တယ်။ ပွဲရုံတွေမှာ နယ်အဝင်မရှိသလို ဒေသခံ လှောင်လက်တွေအနေနဲ့ တစ် တင်း ၁၇၀၀၀ ကျပ် -၁၈၀၀၀ ကျပ်ဈေး များနဲ့ လှောင်ထားကြလို့ ယခုဈေးနဲ့ မရောင်းနိုင်သေးတဲ့အတွက်   ဝယ် လက်အေးသလို ရောင်းလက်နှေးခဲ့ကာ တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြား သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင် ရပ်ကွက်က ဆိုပါတယ်။ ယခုအပတ် အတွင်းမှာ ငုံနီတစ်တင်း အမြင့်ဆုံး ၂၁၅၀၀ ကျပ်မှ ၂၀၂၀၀ ကျပ်ထိ ကျ ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။

Tuesday, 9 Apr 2013

နှစ်စဉ် ပဲတီစိမ်းတန်ချိန် တစ်သိန်း တစ်သောင်းကျော် အရောင်းအဝယ်ပြု လုပ်တဲ့ မန္တလေး ပဲ၊ ပြောင်း၊ နှမ်းကုန် စည်ဒိုင်ကို အနယ်နယ်အရပ်ရပ်မှ ဝင် ရောက် ရောင်းဝယ်ဖောက်ကားလျက် ရှိပါတယ်။ ပဲတီစိမ်းကြီးနဲ့ ပဲတီစိမ်းရွှေဝါ ဆိုပြီး နှစ်မျိုးခွဲခြားပြီး အရောင်းအဝယ် ဖြစ်ပါတယ်။ ပဲတီစိမ်းကြီးကို ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်၊ တံတားဦး၊ စဉ့် ကိုင်၊မတ္တရာ၊စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်း ဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးဒေသများ မှလည်းကောင်း၊ ပဲတီရွှေဝါကို စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ချောင်းဦး၊ မုံရွာ၊ ပခုက္ကူ ဒေသများမှ ဝယ်ယူရရှိပါတယ်။

Pages