Main menu

Background

Monday, 13 Feb 2023

၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ကရင်ပြည်နယ်ထွက် လယ် ယာထွက်ကုန်များဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များ လှိုင်လှိုင်ထွက် ရှိကာ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်လျက် ရှိသော မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များ၏ အရောင်းအဝယ် ဈေးနှုန်းများမှာ မြေပဲဝယ်ဈေးတစ်တင်းလျှင် ကျပ်၂၁၀ဝ၀၊ ရောင်းဈေးတစ်တင်းလျှင် ကျပ် ၂၃၀ဝ၀၊ ပဲတီစိမ်း ဝယ်ဈေး  တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀၊ ရောင်းဈေးတစ်တင်းလျှင် ကျပ် ၅၁၀ဝ၀၊ ပဲပုပ် ဝယ်ဈေးတစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ၊ ရောင်းဈေး တစ်တင်းလျှင် ကျပ် ၄၇၆၀ဝ ရှိပြီး ယခင် နှစ်ထက် ဝယ်ဈေး/ ရောင်းဈေး မြင့်တက်ခဲ့ကြောင်းနှင့် ကရင်ပြည် နယ် ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်

Monday, 13 Feb 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် စီးပွားဖြစ်ပဲသီးများ စိုက်ပျိုးတင်ပို့ရောင်းချလျက် ရှိသည်။ အဆိုပါပဲသီးများကို တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းထဲတွင် နေ့စဉ်မပြတ် ရေသွင်း ၍သော်လည်းကောင်း၊ ရေပန်းဖြင့်ဖျန်း၍သော် လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ ၎င်းပဲသီးများကို ဂုန်နီအိတ်ထဲတွင် စနစ်တကျ ထည့်သွင်းပြီး တစ်အိတ်လျှင် ၁၀ဝ ကီလိုဂရမ်ကို ယွမ် ၁၀ဝ ဖြင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချ လျက်ရှိသည်။

Saturday, 4 Feb 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီး အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်း များနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈ

Monday, 30 Jan 2023

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ ‌စတုတ္ထ ပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ဇန်န ဝါရီလ  တတိယပတ်တွင်  ရန်ကုန်သို့  အိတ်ရေ  ၄၄၀ဝ၀၊ မန္တလေးသို့ အိတ်ရေ  ၅၄၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၅၀ဝ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၁၀၅၀ဝ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၁၀၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၃၁၅၀ဝ၊ တန်အားဖြင့် ၆၅၇၅ တန်  စီးထွက်ခဲ့သည်။ ယခုပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၂၅၀ဝ၊ နေပြည် တ

Thursday, 19 Jan 2023

စွန်တာနီ၊ စွန်တာပြာ ပဲကို မိုးနှောင်းကာလနှင့် ဆောင်းရာသီ အစောပိုင်းတွင် စိုက်ပျိုးကြ သည်။ စွန်တာနီ/ စွန်တာပြာပဲများသည် မျိုးရိုးဗီဇအားဖြင့် ပဲတစ်မျိုးတည်းဖြစ်သော်လည်း  အရောင်အနည်းငယ် ကွဲပြားမှုကြောင့် အနီရင့်ရောင်ရှိသောပဲများကို စွန်တာနီဟု ခေါ်ပြီး နီညိုရောင်တွင် ပြာလဲ့ရောင်သမ်းလျက်ရှိသော ပဲကို စွန်တာပြာ ဟုခေါ်ကြောင်း၊ စွန်တာပြာမျိုးစိတ်တစ်ခုဖြစ်သည့် ဒေသအခေါ် ပဲဇီးကွက်များမှာ  နိုင်ငံခြားပို့ကုန်သစ်အနေဖြင့်  တွင်ကျယ်လာ ကြောင်း လေ့လာသိရှိရသည်။

Thursday, 19 Jan 2023

ကမ္ဘာလုံးဆိုင်ရာ ခေတ်ရေစီးကြောင်း အတော်များများသည် စားနပ်ရိက္ခာဖူလုံရေး၊ ဆင်းရဲမွဲတေမှုနှင့်အစားအစာ၊  စိုက်ပျိုးရေးစနစ်များ၏ အလုံးစုံ ရေရှည်တည်တံ့မှုတို့ကို လွှမ်းမိုးလျက်ရှိသည်။ ကမ္ဘာ့အစိုးရ ထိပ်သီးအစည်းအဝေး သည် ၂၀၁၈ ခုနှစ် နိုင်ငံတကာပွဲအတွက် Oliver Wyman နှင့် ပူးပေါင်းကာ စိုက်ပျိုးရေး4.0 The Future of Farming Technology ဟုခေါ်သော အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

Thursday, 19 Jan 2023

          ပညာရှင်များ ၂၀၂၂ ခုနှစ်ကို ကမ္ဘာ့စားနပ်ရိက္ခာစိန်ခေါ်မှု နှစ်တစ်နှစ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။ ပထဝီနိုင်ငံရေး တင်းမာမှုများ၊ နိုင်ငံတကာပဋိပက္ခများ ပြင်းထန်သော ရာသီဥတုဖြစ်ရပ်များကြောင့် အစားအစာထောက်ပံ့ရေး ကွင်းဆက်ပြတ်တောက်ပြီး  အစားအစာဈေးနှုန်း ကြီးမြင့်မှု စတဲ့အားနည်းချက်များစွာကို ဖော်ထုတ်တွေ့ရှိခဲ့ကြလို့ ဖြစ်ပါတယ်။

Tuesday, 3 Jan 2023

ဧရာဝတီတိုင်းဒေသကြီး၌ မတ်ပဲအသစ်များ ဈေးကွက်အတွင်း အဝင်ရှိနေပြီး ပေါ်ခါစရက်ပိုင်းအတွင်း တစ်တင်းဈေးနှုန်း ကျပ် ၆၀ဝ၀ဝ ရရှိခဲ့သော်လည်း နောက်ရက်များတွင် တဖြည်းဖြည်း ဈေးကျဆင်းလာ သည်။ မတ်ပဲအသစ် ဈေးကျလာသည်နှင့်အမျှ မတ်ပဲဟောင်းဈေးနှုန်းက လည်း ကျပ် ၁၀ဝ၀ ဝန်းကျင်  ဈေးအကွာဖြင့် ဈေးနှုန်းလိုက်ကျဆင်းနေ သည်။

Thursday, 8 Dec 2022

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၁၁သန်းတန်ဖိုးရှိဆန်တန်ချိန် ၃၁၃၂၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့်  အာရှနိုင်ငံများသို့  ဆန် တန်ချိန် ၂၇၃၆၀ ကျော်၊ အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၃၉၆၀နီးပါးတင်ပို့ခဲ့သည်။ တင်ပို့မှုအများဆုံးနိုင်ငံများမှာ အာရှ နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ဆန်တန်ချိန် ၁၅၃၂၀ ကျော်၊ တရုတ် နိုင်ငံသို့ ဆန်တန်ချိန် ၇၂၈၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့  ဆန်တန်ချိန် ၄၁၀၈ တန်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ နှင့်ဟောင်ကောင်သို့ ဆန်တန်ချိန် ၁၅၅ တန် တင်ပို့နိုင်ခဲ

Monday, 28 Nov 2022

စစ်ကိုင်းခရိုင်တွင် ချည်မျှင်ရှည်ဝါ၊ချည်မျှင်တို(မလှိုင်ဝါ၊ ဝါကြီး)တို့ စိုက်ပျိုးကြသည်။ ဝါမျိုးစုံမျိုးကွဲအလိုက် မိုးကြို တွင် (ရွှေ-၈၊ ငွေ-၉)၊   မိုးတွင် (ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) နှင့် မိုးနှောင်းတွင် (ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) မျိုးများကို   စိုက်ပျိုး ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံ (ချည်မျှင်ရှည်ဝါ) လျာ ထားဧက ၃၉၈၁၂၊ အမှန်စိုက် ဧက ၄၀၁၈၆ ဖြစ်၍ (၁၁၀%) လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ 

Pages