Background
ဇူလိုင် ၂၄ ရက်မှာ ကုလားပဲတစ်တန်ကို မွန်ဘိုင်းဈေး ကွက်မှာ ၉၂၄ ဒေါ်လာရှိခဲ့ရာက ၂၉၊ ၃၀ ရက်များမှာ ပြည် တွင်း အဝယ်ပါးပြီး ၈၉၃ ဒေါ်လာအထိ ဈေးကျဆင်းသွား ခဲ့ပါတယ်။ သြဂုတ် ၁ ရက်မှာတော့ NCDEX ကုန်စည်ဒိုင်ကို ဝယ်သူတွေ အဝင်များနေလို့ ဈေးပြန်ခိုင်မာပြီး ၉၁၉ ဒေါ်လာ ဈေးရှိနေပါတယ်။ အိန္ဒိယNCDEX ကုန်စည်ဒိုင်မှာ ကုလားပဲ ကြိုပွိုင့်ဈေးတွေက အရောင်းအဝယ်အသွက်ဆုံး သြဂုတ်လ အတွက် ရူပီး ၄၀ ဈေးပြန်တက်ပြီး ရူပီး ၄၇၃၂၀ (၈၅၃ ဒေါ်လာခန့်) ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ကြယ်ပြာပန်း၊Source: Agriwatch.com
နိုင်ငံပိုင် အေဂျင်စီတစ်ခုဖြစ်တဲ့ PEC က နှစ်ဟောင်း မြန်မာ ပဲစင်းငုံလီမွန် တန် ၃၀၀၊ တန်ဇန်းနီးယား ပဲစင်းငုံအဟောင်း ၁၁၇ တန်ကို တင်ဒါခေါ်ယူရောင်းချခဲ့ပြီး သြဂုတ် ၁၀ ရက်မှာ တင်ဒါဖွင့်မှာ ဖြစ်ပါတယ်။ ဇူလိုင် ဒုတိယအပတ်လောက်အထိ မွန်ဘိုင်းဈေးကွက် မှာ ပဲစင်းငုံဈေးဟာ ၆၉၄-၇၂၇ ဒေါ်လာသာ ရှိပါတယ်။
ပဲတီစိမ်းရွှေဝါကလည်း ဇူလိုင် ၁၉ ရက်အထိ ၉၉၃ ဒေါ်လာ သာအမြင့်ဆုံးဖြစ်ခဲ့ရာက ၂၁ ရက်မှာ ၁၀၈၈ ဒေါ်လာအထိ ဈေး မြင့်တက်လာခဲ့ပါတယ်။ ၂၃၊ ၂၄ ရက်နေ့တွေမှာတော့ အရောင်း အဝယ်ပါးပြီး ၁၀၅၃ ဒေါ်လာကို ပြန်လည်ကျဆင်းခဲ့ရာက နောက် ရက်တွေမှာ အနည်းငယ်ဆက်လက်ကျဆင်းပြီး ဇူလိုင် လကုန်မှာ ၁၀၄၆ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။
ဇူလိုင်လ ဒုတိယအပတ်လောက်အထိ မွန်ဘိုင်းဈေးကွက် မှာ မတ်ပဲဈေး ၆၂၃-၆၄၆ ဒေါ်လာသာရှိရာက မုတ်သုန်မိုး ပုံမှန်ထက်လျော့နည်းတဲ့ သတင်းတွေကြောင့် ဇူလိုင်တတိယ ပတ်မှာ ဒေါ်လာ ၇၀၀ ကျော်ကို ခုန်တက်ခဲ့ပြီး ၂၃ ရက်နေ့မှာ ၇၉၄ ဒေါ်လာအထိဈေးတက်လာခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရဲ့ ပဲဈေးကွက်အတွင်း ပဲသီးနှံမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုသြဂုတ် လ ဆန်းမှာ အရောင်းအဝယ်သွက်နေတဲ့ ပဲများကတော့ ပဲတီစိမ်း နဲ့ မတ်ပဲသီးနှံတို့ပဲဖြစ်ပါတယ်။ကုလားပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ပဲပုပ် သီးနှံအမျိုးအစားများကတော့ လက်ကျန်လည်းအသင့် အတင့်ရှိပြီး၊ ဝင်ရောက်မှုမှာလဲ အဝင်နည်းနေခဲ့ ကြပါတယ်။
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ ၂၇-၇-၂၀၁၂ ကျပ်/ပိဿာ စဉ် ပဲအမျိူးအမည် ရန်ကုန် မန္တလေး မုံရွာ မကွေး 20/727/7 ပြောင်းလဲမှု 20/7 27/7 ပြောင်းလဲမှု 20/7 27/7ပြောင်းလဲမှု 20/7 27/7 ပြောင်းလဲမှု 1 မတ်ပဲ 2027 991 883 883 925 875 975 1105 2 ပဲစင်းငုံ 1021 1053 983 1017 970 1015 975 1020 3 ပဲတီစိမ်း 1015 1080 889 1031 1079 1026 1106 1026 4 ကုလားပဲရိုးရိုး 1460 1550 1102 1173 - - 1175 1180 5 ပဲလွန်းဖြူ 850 850 833 833 - - 685 580 6 ထောပတ်ပဲ 780 780 711 871 - - - 580 * မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ ၂၇-၇-၂၀၁၂ ဒေါ်လာ/တန်စဉ် ပဲအမျိူးအမည် တောင်အမေရိက ဥရုဂွေး အာဂျင်တီးနား 20/7 26/7 ပြောင်းလဲမှု 20/7 26/7 ပြောင်းလဲမှု 20/7 26/7 ပြောင်းလဲမှု 1 မတ်ပဲ 700 710 740 742 876 - 2 ပဲစင်းငုံ 740 760 776 787 776 840 3 ပဲတီရွှေဝါ 830 850 993 1046 - - 4 ကုလားပဲဖြူလုံးကြီး 860 880 957 947 876 867 *မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။ အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။
အပတ်စဉ် ပဲမျိူးစုံတင်ပို့မှုနဲ့ FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေ ရေတွက်ပုံ- တန်ချိန်ထောင်ပေါင်း ပဲအမျိူးအစား ပြည်ပတင်ပို့မှု ပြောင်းလဲမှု FOB ရန်ကုန်စာချုပ် ချုပ်ဆိုမှုပြောင်းလဲမှု ယခင်တစ်ပတ် ယခုတစ်ပတ် ယခင်တစ်ပတ် ယခုတစ်ပတ် (13-7-12ထိ) (20-7-12 ထိ) (၁၃/၇-၁၈/၇) (၂၀/၇-၂၆/၇) မတ်ပဲ 18700 13154 15476 12116 ပဲတီစိမ်း 2550 2300 2418 8374 ပဲစင်းငုံ 6096 4470 13788 11279 ကုလားပဲ 293 677 629 817 ပဲလွန်းဖြူ 155 122 277 265 မြေထောက်ပဲ 167 140 82 88
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ဇူလိုင် ၁၈ ရက်မှ ၂၄ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၁၀ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၀ ဒသမ ၁၀၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် RSS-3 တန် ၅၀၀ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၀၀ သန်းဖိုးကို ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က MSR-50 ၁၆ တန် ကျော်သာ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၄၈၀ ကျော် ပိုမိုတင်ပို့ ခဲ့ပါတယ်။