Background
ကုန်စိမ်းတို့၏ မာယာ ကုန်စိမ်းဆိုတာ ကိုင်တွယ်ထိန်းသိမ်းရောင်းဝယ်ရာမှာ အခြားကုန်ပစ္စည်းများထက် ပိုမိုဂရုစိုက်ရပြီး ပိုမိုယုယရတဲ့ပစ္စည်းမျိုး ဖြစ်ပါတယ်။ သူ့မှာ ရေ၊ ရေငွေ့တို့နဲ့ဖွဲ့စည်းထားပြီး လတ်ဆတ်မှု၊ လန်းဆန်းမှုတို့ဟာ သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်။ ကိုင်တွယ်ပုံ ထားသိုပုံတို့မှာလည်း သီးသန့်အထူးနည်းပညာများရှိပါတယ်။ သူတို့ရဲ့သက်တမ်းဟာ လည်းအချိန်နဲ့ပြောင်းပြန်အခိုျးကျတယ်လို့ သင်္ချာသဘောအရ ပြောနိုင်ပါတယ်။ မူလအပင်မှ ခူးဆွတ်နုတ်သိမ်းပြီးတဲ့ ရိတ်သိမ်းချိန်လွန် ကာလစလိုက်တာနဲ့ ကုန်စိမ်းတို့ရဲ့သဘောက အနုတ် လက္ခဏာ စပြတော့တာပါပဲ။ ဒါကိုအမြန်ဆုံးထွက်အောင် ရောင်းနိုင်ရင် ဈေးကောင်းရပြီ။ ကြာလေလေ ရေငွေ့ဆုံးရှုံးလေ အရည်အသွေး ကျလေ အလေးချိန်တွေပါကျပြီး အရေအတွက်တွေလျော့နည်းသွားတတ်ပါတယ်။ ဒါ့ကြောင့် သူတို့မှာ ပါဝင်ဖွဲ့စည်းထားတဲ့ ရေဟာတန်ဘိုးရှိတဲ့ရေများဖြစ်ကြပါတယ်။ ဥပမာ ကြက်သွန်နီကို ယခုလိုထွက်ပေါ်စအချိန်မှာ ရောင်းချခြင်းဟာပါဝင်တဲ့ရေကို ပါ ရောင်းချခြင်းနဲ့တူပါတယ်။ ရေနဲ့ဖွဲ့စည်းထားတဲ့သီးနံှဆိုတော့ ၆ လ၊ ၇ လခန့် သိုလှောင်ရင်ရေငွေ့ဆုံးရှုံးသွားပြီး ထက်ဝက်နီးပါး အလေးချိန် လျော့နည်းသွားတတ်ပါတယ်။ အဲဒီအချိန်မှာ မူလဈေးထက် အခိုျးကျဈေးတက်ရမယ်ဆိုပေမဲ့ ဈေးကွက်ဈေးနှုန်းက ပြောလို့မရပါဘူး။ အဲဒီကာလရဲ့ ဝယ်လိုအား ရောင်းလိုအားက ရှိပါသေးတယ်။ ဒါကြောင့် ကုန်စိမ်းကို အမှန်စိုက်ပျိုးထွက်ရှိမှုအပေါ် ပြည်တွင်းဖူလုံမှုအတွက် စိတ်ချရပါကပြည်တွင်းဖြစ်စေ၊ ပြည်ပ ဖြစ်စေ ထုတ်ရောင်းမယ်ဆိုရင် ရိတ်သိမ်းပြီးရေငွေ့မရှုံးခင် ရေဓာတ်မဆုံးခင် နှစ်လ သုံးလအတွင်း အများဆုံး လျာထား တင်ပို့ရောင်းချပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းဆင်ခြေလျောဆင်းသလို ခပ်ဆဆနဲ့ရောင်းသွားရင် ကုန်စိမ်းမှာ ပါဝင်ဖွဲ့စည်း ထားတဲ့ရေမှ ဒေါ်လာအဖြစ် ပြောင်းလဲမြင်တွေ့ရနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မောင်အေး
သာယာဝတီငှက်ပျောခိုင်များ ရန်ကုန်ပို့ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးတဲ့ အစ္စရေးငှက်ပျောမျိုးနဲ့ ဂျပန်ရွှေဝါငှက် ပျောမိုျးများဈေးကွက်သို့ ဝင်ရောက် နေပြီဖြစ်ပါတယ်။ သာယာဝတီမြို့ရဲ့ အရှေ့ဘက်ရှိသီးနံှခြံများမှ ယနေ့ခေတ် စားနေတဲ့ အစ္စရေးငှက်ပျောမျိုးနဲ့ ဂျပန် ရွှေဝါငှက်ပျောမျိုးများကို ရက်ပတ် အလိုက်ခုတ်၍ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်နေပြီ ဖြစ်ပါတယ်။ အစ္စရေးမျိုးမှာတစ်ခိုင်လျှင် ၁ဝ ဖီး၊ ၁၁ ဖီးထွက်ပြီး အနည်းဆုံး ငှက်ပျောတစ် ခိုင်ကို တစ်သောင်းကျပ်ခန့်ရရှိပါတယ်။ ဂျပန်ရွှေဝါမျိုးကတော့ ခုနစ်ဖီး၊ ရှစ်ဖီး ခန့်သာ ထွက်ရှိပေမဲ့လည်း လူကြိုက် များတဲ့အတွက် တစ်ခိုင်လျှင် ကျပ်တစ်သောင်းခန့်ရကြောင်း သိရပါတယ်။ စိုက်ပိုျးသောခြံများမှာ သဘာဝ မြေသြဇာများဖြင့် စိုက်ပျိုးကြခြင်းဖြစ် ကြောင်း သိရပါတယ်။ ငှက်ပျောများ အပြင် ပိန္နဲသီး၊ မာလကာ၊ နာနတ်တို့ ကိုလည်း ရန်ကုန်သစ်သီးဈေးကွက်ကို ရက်အပတ်လိုက် တင်ပို့ရောင်းချနိုင်နေ ပြြီဖစ်ကြောင်း သိရ ပါတယ။် တင်မာဆွေ
မန်းဈေးကွက်အတွင်းက ဆေးတို့သရက် ဆေးတို့သရက်များ မန်းဈေးကွက်အတွင်း နေရာမိုျးစုံတွင် မင်းမူနေတာတွေ့ရပါတယ်။ လေေြွကသရက်သီး များနဲ့ မရင့်မှည့်သေးတဲ့ စိန်တစ်လုံး၊ ရွှေဟင်္သာသရက်များ ဈေးကောင်းရရန်၊ ဦးဦးဖျားဖျား ငွေပေါ်စေရန် ရည်ရွယ်ချက်များနဲ့ အီသလင်းခေါ် ဟော်မုန်းဆေးကို ရေနဲ့ရောပြီး အစီးအညှာကို ဆေးတို့၍ ဈေးကွက်အတွင်း ရောင်းချခြင်းဖြစ်ကြောင်း သိရပါတယ်။ မှည့်ဆေးတို့ထားတဲ့ သရက်သီးကအညှာမဲပြီး အရောင်က အစိမ်းနဲ့ အဝါရောင်ကွက်ပြီး မှည့်ကြောင်း၊ မူလအရသာနှင့် အရည်အသွေးပျက်စီးပြီး အသီးပုတ်မြန်ခြင်းများ ဖြစ်တတ် ကြောင်းနှင့် မှည့်ဆေးတို့သည့် အီသလင်းဆေးကို ထိုင်းနိုင်ငံမှ ဝင်ရောက်ကြောင်း တိုင်းသစ်သီးဝလံအသင်း ဥက္ကဌနှင့် သရက်အစုအဖွဲ့ဥက္ကဌတို့၏ ပြောပြချက်အရ သိရှိရပါတယ်။ မှည့်ဆေး တို့ခြင်းကြောင့် ပြည်တွင်းပြည်ပ ဈေးကွက်ထိခိုက်ခြင်းမရှိစေရန် ပစ္စည်းမှန်၊ အရည်အသွေးမှန်၊ ဈေးမှန်၊ အရောင်းအဝယ် မှန်ကန်စေရေး သစ်သီးဝလံအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း
ရာသီချိန်သရက်သီးဈေးကွက် ရောင်းအားတက် ယခုအချိန်တွင် မူဆယ် ၁ဝ၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်တွင် အရောင်း အဝယ် အကောင်းဆုံးသီးနံှမှာ သရက်သီးဖြစ်ပါတယ်။ ကျောက်ဆည်၊ အုန်းချော၊ ဟန်မြင့်မိုရ်နှင့် စဉ့်ကိုင်မြို့နယ်များမှ မေ ၆ ရက်မှ ၁၂ ရက်ထိ တင်ပို့လျက်ရှိသော သရက်သီးတန်ချိန် စုစုပေါင်းမှာ ၃၃၆၉ ဒသမ ၅ မက်ထရစ် တန်ဖြစ်ပြီး စိန်တစ်လုံးအိတ်စွပ်သရက်သီးမှာ ၁၁၇၈ မက်ထရစ်တန်၊ ရွှေဟင်္သာသရက်မှာ ၁၃၂၃ ဒသမ ၅ မက်ထရစ်တန်နှင့် အကြမ်းသီးမှာ ၈၆၈ မက်ထရစ်တန် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးနှုန်းမှာ စိန်တစ်လုံးအိတ်စွပ်သီး တစ်တန်ကို ၇၃၉ ဒေါ်လာ၊ ရွှေဟင်္သာ အိတ်စွပ်သီးမှာ ၆၉၃ ဒေါ်လာနဲ့ အကြမ်းသီးမှာ ၄၃၁ ဒေါ်လာဖြစ်ပြီး တစ်ဖက် နိုင်ငံမှ ဝယ်လိုအားကောင်းနေသည့်အတွက် တစ်ရက်ကို တန်ချိန် ၂၅ဝ မှ ၅ဝဝ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခွန်မင်းသန့်
မော်လမြိုင်နတ်စမ်းကြက်မောက် လှိုင်လှိုင်ပေါ်ပြီ နတ်စမ်းကျေးရွာဟာ ကိုျက်မရောမြို့နယ် ဘိန်းမျောကျေးရွာအုပ်စု၊ မော်လမြိုင် ကျိုက်မရောကားလမ်းမပေါ်တွင် ရှိပါတယ်။ နတ်စမ်းကြက်မောက်သီးဟာ မော်လမြိုင်ဈေးကွက်မှာ ယခုမေလဆန်းပိုင်း လှိုင်လှိုင်ဝင်ရောက် နေချိန်ဖြစ်လို့ မော်လမြိုင်ရှိပွဲရုံများအပြင် လမ်းဘေးဆိုင်ခွဲလေးများတွင် ဈေး နှုန်းခိုျသာစွာဖြင့် ရောင်းချနေကြပါတယ်။ နတ်စမ်းကြက်မောက်သီးဟာ ယိုးဒယားကြက်မောက်သီးကဲ့သို့ အစေ့ ကျွတ်ပြီး အရသာမှာ အချိုစူးသော အရသာရှိပါတယ်။ ယိုဒယားကြက်မောက်သီး တစ်ကီလို ၁၅ဝဝ ကျပ်၊ နတ်စမ်းကြက်မောက် အလုံး ၁ဝဝ ကို လုံးသေး ၂ဝဝဝ ကျပ်၊ လုံးကြီး ၃ဝဝဝ ကျပ်နဲ့ ဝယ်ယူရောင်းချနေကြပါတယ်။ ၎င်းကြက်မောက်သီးဟာ ဈေးနှုန်းသက်သက်သာသာနဲ့ များများစားရလို့ ရန်ကုန်ဈေးကွက် ကို တင်ပို့ရောင်းချပါတယ်။ သန်းးသန်းးဝင်
ဈေးကောင်းရတဲ့ ရမည်းသင်းစပျစ် မန်းသစ်သီးပွဲရုံတွေမှာ သရက်တွေအဝင်များနေသလို မိုးစပျစ်တွေလည်း အဝင်းများနေတယ်လို့ စပျစ်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။ အဝင်များတာ ကတော့ မိုးလာရင်အထားမခံတာကြောင့် အချိန်မီခူးကြရလို့ ဖြစ်ပါတယ်။ တစ်နေ့အဝင် ၄ ပိဿာဝင် စပျစ်ဖာ ၃ဝဝဝ၊ ၄ဝဝဝ ခန့်ရှိပါတယ်။ မနှစ်က ဒီအချိန် စပျစ်ဈေးက ၄ ပိဿာဝင်စပျစ်ညိုဝိုင်းတစ်ဖာ ၁၅ဝဝ ကျပ်၊ ၂ဝဝဝ ကျပ် ခန့်ရှိပါတယ်။ ယခုနှစ်မှာ စပျစ်ညိုဝိုင်းတစ်ဖာ ၄ဝဝဝ ကျပ်၊ ၄၅ဝဝ ကျပ်၊ စပျစ်အချွန်းတစ်ဖာ ၅ဝဝဝ ကျပ် ရှိပြီးရမည်းသင်းစပျစ်များဖြစ်ကြတယ်လို့ သိရပါတယ်။ အေးအေးတင့််
မော်လမြိုင် ဒူးရင်းသီး လှိုင်လှိုင်ပေါ်ပြီ မွန်ပြည်နယ်ရဲ့ အဓိကထွက်ကုန်သီးနံှတစ်မျိုးဖြစ်တဲ့ ဒူးရင်းသီးဟာ စတင်ပေါ်ချိန် ဧပြီလဆန်းပိုင်း၌ မော်လမြိုင်မြို့ ဈေးကွက်တွင် အလုံးသေး တစ်လုံးကို ကျပ် ၃ဝဝဝ၊ အလုံး ကြီး တစ်လုံး ကျပ် ၆ဝဝဝ ကျပ်ရှိပြီး ထိုင်းဒူးရင်းသီးမှာ အလုံးသေး ကျပ် ၄ဝဝဝ၊ အလုံးကြီး ကျပ် ၇ဝဝဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုအခါ မော်လမြိုင်ဈေးကွက်ရှိ ပွဲရုံများသို့ မြို့နယ်အသီးသီးမှ ဒေသ ထွက်ဒူးရင်းသီးတစ်နေ့ကို အလုံး ၆ဝဝဝ ခန့် ဝင်ရောက်လျက်ရှိသလို ထိုင်းမှ ဒူးရင်းသီးများလည်း တစ်ရက်ခြား မြဝတီကားဆင်းသော နေ့များမှာ လုံးရေ ၈ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ ဧပြီလ နောက်ဆုံးပတ် ဒေသထွက် ဒူးရင်းသီးတစ်လုံး လုံးသေး ၂ဝဝဝ ကျပ်၊ လုံးကြီး ၅ဝဝဝ ကျပ်ဖြင့် လည်းကောင်း၊ ထိုင်းဒူးရင်းသီးမှာ တစ်လုံးကို လုံးသေး ကျပ် ၃ဝဝဝ မှ လုံးကြီး ကျပ် ၆ဝဝဝ ထိ ရောင်းချနေကြောင်း၊ မော်လမြိုင်သစ်သီးပွဲရုံများ ဈေးကွက်က သိရပါတယ်။ သန်းသန်းဝင်း
သီရိမာလာပန်းဈေးကွက်သို့ ဝင်ရောက်လာသော တရုတ်ပန်း မန္တလေးမြို့၊ သီရိမာလာပန်းဈေးကွက်သို့ ပြင်ဦးလွင်ပန်းများ ရှားပါးချိန်မှာ တရုတ်နိုင်ငံမှ လီလီပန်းနဲ့ ကာနေးရှင်းပန်းများ ဝင်ရောက်လာကြပါတယ်။ တစ်ရက်မှာ ဟိုင်းလတ်ကား သုံးစီးခန့် မူဆယ်ပန်းကုန်သည်များနှင့် မန္တလေးပန်းကုန်သည်တို့ ချိတ်ဆက်ပြီး ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ဟိုင်းလတ်ကားတစ်စီးမှာ ၁ ဒသမ ၈ တန်၊ ပန်းသေတ္တာကြီး ၁ဝ တာ၊ တစ်တာမှာ ၁၈ဝ ကီလိုဂရမ်ခန့်ရှိပြီး ပန်းစီးရေ ၈ဝ စီးရှိပါတယ်။ ဈေးနှုန်းက တစ်တာလျှင် ၂ဝ၄ဝဝဝ ကျပ်ဖြင့် ဝယ်ရပါတယ်။ သီရိမာလာပန်းဈေးကွက်မှ ကုန်သည်တစ်ဦးက ''ပြင်ဦးလွင်၊ လက်ကောင်းပန်းရှားပါးတဲ့အချိန်မှာ မူဆယ် ၁ဝ၅ မိုင်မှ တစ်ဆင့် မှာယူထားတဲ့ တရုတ်လီလီပန်းနဲ့ ကာနေးရှင်းပန်းတွေကို အစားထိုးရောင်းချရပါတယ်။ မြန်မာ ပန်းဈေးကွက်မှာ အသင့်အတင့်နေရာယူလာပြီဖြစ်တဲ့ တရုတ်လီလီပန်းနဲ့ ကာနေးရှင်းပန်းတွေကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့ကြီးများသို့ ထပ်ဆင့်တင်ပို့ရောင်းချပါတယ်။ တရုတ်ပန်းတွေက အရည်အသွေးနဲ့ထုပ်ပိုးမှု နည်းပညာတွေက မြင့်မားပါတယ်။ ဘုရားပန်း လှူရာမှာ တစ်လအထိအထားခံပါတယ်။ နောက်ပြီး ဘုရားပန်းအိုးရေကလည်း အနံ့မထွက်ပါဘူး။ လီလီပန်း တစ်စီးကို ကျွန်တော်တို့ ရောင်းတဲ့ဈေးက ၃၅ဝဝ ကျပ်၊ ၄ဝဝဝ ကျပ်ဖြစ်ပြီး၊ ကာနေးရှင်းပန်းတစ်စီးကို ကျပ် ၄ဝဝဝ ကျပ်၊ ၄၅ဝဝ နဲ့ လက်လီပြန်လည်ရောင်းချပါတယ်။ ပြင်ဦးလွင်လက်ကောင်းပန်းတွေ လှိုင်လှိုင်ပေါ်လာရင်တော့ တရုတ်ပန်းတွေ အရောင်းထိုင်း သွားပါတယ်''လို့ ဆိုပါတယ်။ ကျော်ဦး
ဆီးရိုင်းသီးလည်း ဝရင် ဈေးမကောင်း ဝတာဟာ ကိုယ်ကိုယ်တိုင်အတွက် အသွားလေး အလာနှေး အထိုင်အထလေးတဲ့အပြင် ရေရှည် ကျန်းမာရေးအတွက် မကောင်းတာ လူတိုင်းသိကြပါတယ်။တစ်ခါတစ်ရံ ပတ်ဝန်းကျင်ကိုလည်း အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဝတဲ့ သူ ဆိုက်ကားစီးရင် ပုံမှန်ထက် နှစ်ဆအတောင်းခံရသလို တစ်ဖက် ၁၂ ယောက်ဆံ့တဲ့ ဟိုင်းလတ်လို၊ ဒိုင်နာလို ဘေးတန်းခုံတွေမှာ ဝတဲ့သူတွေကြောင့် ၁ဝ ယောက်နဲ့ပဲပြည့်သွားရင် စပယ်ယာရဲ့ မေတ္တာပို့သခြင်းကို ခံရတတ်ပါတယ်။ ဒါကြောင့် ဝတာ မကောင်းပါဘူး။ လူတွင်မကပါဘူး ဆီးရိုင်းသီးတွေမှာလည်း ဝရင်ဈေးမရပါဘူး။ ပေါက်နယ်၊ မြိုင်နယ်ကထွက်တဲ့ ဆီးရိုင်းသီးတွေက သေးသေး ကျစ်ကျစ်တွေဆိုတော့ တစ်တင်းကို ၃၅ဝဝ ကျပ်ရပါတယ်။ ပခုက္ကူတစ်ဝိုက် ကံမနယ်က ဆီးသီးခြောက်အလုံး ထွားထွားတွေဆိုရင် တစ်တင်းကို ၂၅ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်ဘဲရပါတယ်။ ဆီးသီးကလည်း သစ်သီးလှိမ့်ချတင်းတောင်းနဲ့ခြင် ဝယ်ရောင်းတာဆိုတော့ အလုံးရေပါဝင်မှုမှာ ကွာသွားလို့ပါ။ အလုံးရေကွာပြီးဆိုတော့ ဆီးစေ့ထွက်တာကွာပြီပေါ့ အခုလိုဆီးပေါ်ချိန်မှာဆိုရင် ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ကံမလမ်း တစ်လျှောက် ဆီးခွဲစက်ခြံဝင်းတွေအတွင်းမှာ ဆီးသီးခြောက်တွေ တောင်လိုပုံနေပါတယ်။ ဆီးသီးခြောက်တစ်တင်းကို ကြိတ်ခွဲရင် ဆီးဝက်ဆံ ၂၅ ကျပ်သားမှ ၂၇ ကျပ်သားထိ ထွက်ပါတယ်။ ဆီးဆံဈေးက တစ်ပိဿာကို သြင်္ကန်မကျမီက ၁၃၃ဝဝ ကျပ်ရှိခဲ့ပြီး လက်ရှိ ၁၄၆ဝဝ ကျပ် ပေါက်ပါတယ်။ ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုပြီး တရုတ်ဈေးကွက်ကို တင်ပို့ရောင်းချ တယ်လို့ သိရပါတယ်။ မောင်မောင်အေး
ပြည်ဒေသထွက် မြကျောက်သရက် ဈေးကွက်မှာ စတင်ရောင်းချ ပြည်ဈေးကွက်အတွင်း၌ ဒေသရဲ့ နာမည်ကျော် မြကျောက်သရက်သီးများ စတင်ရောင်းချနေတာကို တွေ့ရပါတယ်။ ပြည်မြို့တစ်ဖက်ကမ်း ရွှေဘုံသာ၊ စစ်တဝင်းနဲ့ မှော်ဇာဒေသများမှာ မြကျောက်သရက်များ အများဆုံး စိုက်ပျိုးကြပါတယ်။ ဧပြီနောက်ဆုံးပတ်မှစ၍ မြကျောက်သရက်သီးများ ထွက်ပေါ်ပြီး မေလလယ်လောက်မှာ ရင်ကွဲသရက်များ ဈေးကွက်ဝင်ရောက် လာမှာဖြစ်ပါတယ်။ ယခုနှစ် သီးကင်းစအချိန်မှာ အချိန်အခါမဟုတ် မိုးရွာသွန်း မှုနဲ့ လေပြင်းတိုက်ခတ်မှုများကြောင့် အသီးတင်မှု အနည်းငယ်နည်းခဲ့ပေမယ့် ယခင်နှစ်က ဈေးအတိုင်း ဈေးဖွင့်ရောင်းချတာကို တွေ့ရပါတယ်။ မြကျောက် တစ်လုံးကို ကျပ် ၅ဝဝ၊ ၁ဝ လုံးဈေး ကျပ် ၄၅ဝဝ ဈေးရှိပြီး ပေါ်ဦးပေါ်ဖျား လက်ဆောင်ပေးလိုသူများကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ အိရွှေစင်
