Main menu

Background

Monday, 26 Dec 2011

ထိုင်းနဲ့ တရုတ်မှ ဘိလပ်မြေအဝင်နည်းပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၁၁၁၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ် ဆယ့်ကိုးသိန်းခြောက်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်း နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဘက်မှ ဘိလပ်မြေများကို တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်း ပတ်က ထိုင်းနိုင်ငံမှပဲ တင်သွင်းခဲ့တာ တန်ချိန် တစ်သောင်းကိုးထောင်ကျော် ရှိခဲ့ပါ တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ထိုင်းနဲ့တရုတ်တို့မှ တင်သွင်းခဲ့ပေမဲ့ ယခင်တစ် ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ရှစ်ထောင်ကျော်လောက် လျော့နည်းခဲ့ပါတယ်။                                                                         MIRT (DOT)တန် ၄၀၀ ကျော် အသွင်းပိုတဲ့ ဘိလပ်မြေဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း တာချီလိတ်နယ်စပ်၊ မြဝတီ နယ်စပ်၊ ကန်ပိုက်တီးနယ်စပ်နဲ့ ပန်ဝါနယ်စပ်တို့မှ ဘိလပ်မြေ ၂၁၅၇ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၁၈၃ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ် ထက် တန် ၇၀၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှု တွေကတော့ တာချီလိတ်နယ်စပ်မှ ငှက်တံဆိပ် ၁၁၂၈ တန်ကျော်၊ TPI တံဆိပ် ၂၀၈ တန်ကျော်၊ ကန်ပိုက်တီး စခန်းမှ ၃၀၈ တန်၊ ပန်ဝါစခန်းမှ ၁၇၃ တန်နဲ့ မြဝတီနယ်စပ်ကနေ ၃၄၀ တန် တင်သွင်းခဲ့တာဖြစ်ပါတယ်။      MIRT (DOBT)အရောင်းပုံမှန်ရှိတဲ့ ဘိလပ်မြေဈေးကွက်မော်လမြိုင်မှာ ဘိလပ်မြေဈေးကွက်က အရောင်းပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ ပြည်တွင်းထုတ်တဲ့ ကြံ့(မြိုင်ကလေး)က ကျပ် ၁၀၀ လောက် ဈေးအတက်နဲ့ အရောင်းဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး နှုန်းတွေက ဆင်(ထိုင်း)က တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) က ၃၂၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာလည်း ဘိလပ်မြေက ယခင်သီတင်းပတ် ဈေးနှုန်း အတိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ အရောင်းက ပုံမှန်ရှိနေပါတယ်။ ဈေးကလည်း အတက်အကျ မရှိဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးကွက်အ တွင်းဖြစ်ပေါ်နေတဲ့ ဈေးတွေက ဆင်(ထိုင်း) တစ်အိတ်ကို ၆၇၀၀ ကျပ်၊ ခြင်္သေ့က တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော်က တစ်အိတ်ကို ၄၄၀၀ ကျပ်နဲ့ နဂါးက တစ်အိတ်ကို ၅၄၀၀ ကျပ် ဈေးရှိနေတယ်လို့ သိရပါတယ်။ယခင်တစ်ပတ် တစ်အိတ်ကို ၅၄၀၀ ကျပ်နဲ့ ဆင်(ထိုင်း) ဘိလပ်မြေက ဒီတစ်ပတ်မှာ ၅၆၅၀ ကျပ်သို့ လည်းကောင်း၊ မြင်းခေါင်းတစ်အိတ်ကို ၄၂၀၀ ကျပ်မှ ယခု ၄၃၀၀ ကျပ်သို့လည်း ဈေးအနည်းငယ်အမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်းတယ်လို့ သိရပါ တယ်။ ပွင့်လင်းရာသီရောက်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း ပြန်လည် လုပ်ကိုင်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းတယ်လို့ ပြော ပါတယ်။ အရောင်းအဝယ်ကောင်းပေမဲ့ ဘိလပ်မြေဈေးက အတက်အကျမရှိဘဲ ပုံမှန်ဘဲလို့ ဆိုပါတယ်။ ဆင်(ထိုင်း)က တစ်အိတ်ကို ၅၆၅၀ ကျပ်နဲ့ မြင်းခေါင်းတစ် အိတ်ကို ၄၃၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ ယခင်တစ်ပတ် ၅၂၀၀ ကျပ်ဈေးရှိတဲ့ ကျား ခေါင်းက ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်းတံဆိပ်က ယခင် ၄၄၀၀ ကျပ်မှ ယခု ၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတံဆိပ် နှစ်မျိုးသာ ၁၀၀ ကျပ်ဝန်းကျင် အတက်အကျရှိပြီး ကျန်တံဆိပ်များက ယခင်သီတင်းပတ်ဈေးအတိုင်း ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အေသုံးလုံးက ၅၃၀၀ ကျပ်၊ မြန်မာ ဆင်က ၄၉၀၀ကျပ်၊ ဆင်(ယိုးဒယား)က ၅၈၀၀၊ စိန်(ယိုးဒယား) က ၅၇၀၀ ကျပ်နဲ့ ဆင်မင်းက ၄၄၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေအရောင်းအဝယ် ကောင်း တယ်လို့သိရပါတယ်။ ပစ္စည်းအမှာများပေမဲ့ ဈေးကအတက်အကျသိပ်မရှိဘဲ ဈေး နှိမ်နေတယ်လို့ဆိုပါတယ်။ ဘိလပ်မြေဈေးက ဆင်တံဆိပ် တစ်အိတ်ကို ၄၇၀၀ ကျပ်၊ စိန်တံဆိပ်က ၄၆၀၀ ကျပ်နဲ့ မောင်းတိန်းက ၄၅၀၀ ကျပ်ဈေး အသီးသီးရှိ တယ်လို့ သိရပါတယ်။                                                              MIRT (DOT)ဈေးတည်ငြိမ်တဲ့ မန်းဘိလပ်မြေမန္တလေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်လျက်ရှိနေပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ ဈေးနှုန်းများ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေပါတယ်။ နိုဝင်ဘာလ နဲ့ ယခုဒီဇင်ဘာ လရှိ ဘိလပ်မြေပေါက်ဈေးများမှာ ဗဗဗ တံဆိပ်မှာ ၅၃၀၀ ကျပ်တွင် ဈေးငြိမ်နေ သလို ကျားခေါင်းတံဆိပ်မှာ ၅၂၀၀ ကျပ်တွင် ဈေးငြိမ်နေပါတယ်။ စိန်တံဆိပ်မှာ ၅၅၀၀ ကျပ်မှ ၅၇၀၀ ကျပ်သို့လည်းကောင်း၊  ဆင်(ထိုင်း)တံဆိပ်မှာ ၅၇၀၀ ကျပ်မှ ၅၈၀၀ ကျပ်သို့လည်းကောင်း ဈေးမြင့်လာပြီး မြန်မာဆင်တံဆိပ်မှာ ၅၃၀၀ ကျပ်မှ ၄၉၀၀ ကျပ်၊ ဆင်မင်းတံဆိပ်မှာ ၄၈၀၀ ကျပ်မှ ၄၄၀၀ ကျပ်၊ မြင်းခေါင်းတံဆိပ်မှာ ၅၀၀၀ ကျပ်မှ ၄၃၀၀ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် (၂၇)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရန် အားကစားကွင်း သစ်ကြီးနဲ့ အဆောက်အအုံများ မြို့နယ်တွင်းဆောက်လုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျက်ရှိရာ ပြည်တွင်းမှ ဘိလပ်မြေနဲ့ ပြည်ပမှ ဘိလပ်မြေများကို အသုံးပြုသော်လည်း၊ ပြည်တွင်းထုတ်လုပ်မှုနဲ့ ပြည်ပ တင်သွင်းမှုလုံလောက်သဖြင့် ဘိလပ်မြေဈေးနှုန်းများမှာ သိသိသာသာ ပြောင်း လဲခြင်းမရှိကြောင်း သိရပါတယ်။                                  လွင်အေး

Monday, 26 Dec 2011

ဓာတ်မြေသြဇာအဝင် အားကောင်းဒီသီတင်းပတ်ဖြစ်တဲ့  ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ကာလအတွင်း ပြည်တွင်းဈေးကွက်ကို ဓာတ်မြေသြဇာ တန်ချိန် ၁၄၃၅ ဒသမ ၇၀ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ် မြေသြဇာတွေမှာ တရုတ်နိုင်ငံမှ စူပါဖော့စဖိတ် တန်ချိန် ၅၀၀၊ ဘူဂေးရီးယားမှ ဓာတ်မြေသြဇာ တန်ချိန် ၄၄၆ ဒသမ ၅၊

Sunday, 18 Dec 2011

ဇယား(၁)           စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့  ရန်ကုန်မြို့၌ ပြည်တွင်းထုတ် ဓာတ်ဆီကို  အထိုင်ဈေး တစ်ဂါလန်လျှင် ၃၀၀၀ိ/-ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဆိုပါက  နိုင်ငံတော်အတွင်း မြို့ကြီးအချို့ရှိ ပုဂ္ဂလိကအရောင်းဆိုင်များမှ  ပြန်လည်ရောင်းချသင့်သည့် တစ်ဂါလန် ခန့်မှန်းရောင်းဈေးနှုန်း(ကျပ်) ဇယား(၂)မြို့ကြီးအချို့ရှိ ပုဂ္ဂလိကအရောင်းဆိုင်များ၏ ပြည်တွင်းထုတ် ဓာတ်ဆီနှင့် ၉၂ ျွသည ဓာတ်ဆီတစ်ဂါလန် ရောင်းဈေးနှုန်းများနှင့် ယခုလက်ရှိဖြစ်ပေါ်နေသည့် တစ်ဂါလန် ပြင်ပပေါက်ဈေးနှုန်းများ အခြေအနေ(ကျပ်)

Sunday, 18 Dec 2011

နို့ဆီ/နို့စိမ်း တန် ၅၀၀ ကျော်ဝင်    ဒီသီတင်းဖြစ်တဲ့ ဒီဇင်ဘာ ၄ ရက် မှ ၁၀ ရက်တာ ကာလအတွင်း နို့ဆီ ၂၃၆ ဒသမ ၀၇ တန်နဲ့၊ နို့စိမ်း ၃၀၄ ဒသမ ၇၆ တန် စုစုပေါင်းတန်ချိန် ၅၄၀ ဒသမ ၈၃ တန်ဖိုးအားဖြင့်  ကန် ဒေါ်လာ ငါးသိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ OK တံဆိပ် နို့စိမ်းနဲ့ DAWN တံဆိပ်နို့ဆီ ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင် သီတင်းပတ် အဝင်ပျောက်ခဲ့တဲ့ နို့စိမ်း က ဒီသီတင်းပတ်မှာ အားကောင်းစွာနဲ့ ဝင်လာတာ တွေ့ရပါတယ်။  ယခင် သီတင်းပတ် တန်ချိန် တစ်ရာ့သုံးဆယ် ကျော်အဝင်ရှိခဲ့တဲ့ နို့ဆီက ဒီတစ်ပတ် မှာ တန်ချိန် တစ်ရာ့ခုနစ်ဆယ်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် နို့ဆီ/နို့စိမ်းအဝင် စုစုပေါင်းတန်ချိန်နဲ့ ကြည့်မယ်ဆိုရင် ဒီတစ်ပတ်မှာ ယခင် အပတ်ထက် တန်ချိန် သုံးရာ့ခုနှစ်ဆယ် ကျော်လောက် အဝင်ပိုခဲ့ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ စပိန်၊ USA၊ နယူးဇီလန်နဲ့ ထိုင်းနိုင်ငံတို့မှ မှာယူတင် သွင်းခဲ့ပါတယ်။ ဝင်လာတဲ့တန်ချိန်များ မှာ ၃၃ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ  တစ်သိန်းခုနစ်သောင်း နီးပါးဖိုးဖြစ်ပါတယ်။ ယခင်သီတင်းပတ်  တန်ချိန် တစ်ရာ့လေးဆယ်ကျော် အဝင် ရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ သုံးဆယ့်သုံး တန်ကျော်သာ အဝင်ရှိခဲ့လို့ ဒီသီတင်း ပတ်မှာ နို့မှုန့်အဝင် လျော့နည်းခဲ့ပါ တယ်။              MIRT (DOT)နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းရှိဒီဇင်ဘာ  ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၃၇၀၀ တန်ဖိုးရှိ နို့ဆီ ၃ ဒသမ ၇၉ တန် (တာ-၂၀၀) နဲ့ ကန် ဒေါ်လာ ၆၈၃၀၀ တန်ဖိုးရှိ နို့စိမ်း ၇၂ တန်(တာ-၃၈၀၀)အသွင်းရှိခဲ့ရာ ယခင် အပတ်ကထက် နို့ဆီ ၁၁ တန်ကျော်နဲ့ နို့စိမ်း ၆၂ တန်ကျော်  တင်သွင်းမှု လျော့နည်းခဲ့တယ်လို့  သိရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၈၈၂၆၀ ကျော် တန်ဖိုးရှိ နို့မှုန့် ၃၁ တန်အသွင်းရှိခဲ့ပြီး ယခင် အပတ်ကတော့ နို့မှုန့်တင်သွင်းခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။ ကော့သောင်း နယ်စပ်မှာ နို့ဆီ ၁ တာကို ၂၆၈၀၀ ကျပ်နဲ့ နို့စိမ်း ၁ တာ၂၇၈၄၀ ကျပ် ဈေးပေါက်တယ်လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး  လက်လီ ဈေးတွေကတော့    အောက်ပါအတိုင်း ဖြစ်ပါတယ်-    နို့ဆီလက်လီဈေး               ကျပ်/တစ်ဘူး                        ရန်ကုန်     မန္တလေး     ဒွန်း (နို့ဆီ)      ၆၈၀        ၇၀၀            ဒွန်း (နို့စိမ်း)    ၆၄၀        ၆၅၀    ဝမ်းတီးနို့ဆီ     ၇၀၀       ၇၀၀    အိုကေ(နို့ဆီ)    ၆၅၀       ၆၇၅    အိုကေ(နို့စိမ်း)   ၆၅၀      ၆၇၅MIRT(DOT) 

Sunday, 18 Dec 2011

ထိုင်းဘိလပ်မြေတန်ချိန် နှစ်သောင်းနီးပါးဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း တန်ချိန် ၁၉၃၄၅ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခြောက် သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ထိုင်းနိုင်ငံထုတ် ဘိလပ် မြေတစ်မျိုးသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၇၄၀၀ နဲ့ တခြားတံဆိပ်ဘိလပ်မြေက တန်ချိန် ၁၁၉၄၅ တင်သွင်းခဲ့ပါတယ်။

Sunday, 18 Dec 2011

ဒီတစ်ပတ် မြေသြဇာအဝင်အေးဒီသီတင်းပတ်ဖြစ်တဲ့  ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၀ ရက်ကာလအတွင်း ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဓာတ်မြေသြဇာ တန်ချိန် ၇၃၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းကျော်ဖိုး တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဘူဂေးရီးယားနိုင်ငံမှ မြေသြဇာတန်ချိန် ၂၅၀ နဲ့ တရုတ်နိုင်ငံမှ အာမိုဓာတ်မြေသြဇာ တန်ချိန် ၅၀၀ တို့ဖြစ်ပါတယ်။

Monday, 12 Dec 2011

နို့ဆီအဝင် ပုံမှန်ရှိပြီး  နို့စိမ်းအဝင်အေးလာ    ပင်လယ်ရေကြောင်းလမ်းမှ ပြည် တွင်းကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်တာကာလအတွင်း နို့ဆီ ၁၃၁ ဒသမ ၁၅ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ တစ်သိန်းသုံးသောင်းကျော် ဖိုးကိုတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် တန်ချိန် နှစ်ရာ့သုံးဆယ်ကျော်ဝင် ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တန်ချိန် တစ်ရာ့ သုံးဆယ်ကျော်သာ ဝင်ခဲ့တာကြောင့် ဒီသီတင်းပတ်  နို့ဆီအဝင် တန်ချိန် တစ်ရာနီးပါး  လျော့နည်းခဲ့ပါတယ်။

Monday, 12 Dec 2011

ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေ ဆက်တိုက်ဝင်ဒီသီတင်းပတ်မှာလည်း ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေများ ဆက်တိုက်ဝင်နေ ပါတယ်။ ဒီတစ်ပတ်မှာ သြကညအငေည  ဘိလပ်မြေနဲ့ အခြားတံဆိပ်ဘိလပ်မြေများ တန်ချိန် ၁၈၀၈၅ ဒသမ ၁၅ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ငါးသိန်း ကျော်ဖိုးကို တင်သွင်းခဲ့တာတွေ့ရပါတယ်။

Monday, 12 Dec 2011

ထိုင်း၊ ဗီယက်နမ်၊ တရုတ်နိုင်ငံတို့မှ မြေသြဇာမျိုးစုံဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၂၀၃၂ ဒသမ ၅၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းလေးသောင်းကျော်ဖိုး တင်သွင်းခဲ့ပါတယ်။

Monday, 5 Dec 2011

               ရှမ်းပြောင်းတွေလည်း ဈေးကွက်ကို အဝင်များနေပါပြီ။ အောက်တို ဘာလအထိ ပြောင်းသစ်တွေက အစိုဓာတ်ကြောင့် ဝယ်ယူမှုနည်းပြီး၊ လက်ကျန်အဟောင်းတွေသာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဒီနှစ်ပြောင်း အထွက်က မနှစ်ကလိုပဲ ပုံမှန်သာရှိပါတယ်။ ဒါပေမယ့် ဒီနှစ်က သယ်ယူခ တွေ ဈေးမြင့်တာကြောင့် ဝယ်ဈေးကိုချပြီး၊ ဝယ်ယူနေရတယ်လို့ သိရပါတယ်။ နယ်အစုံကထွက်ပြီဖြစ်လို့ ဈေးကွက်ကို အဝင်များလာပြီး၊ တစ်ရက် ကို ပိဿာချိန် တစ်သိန်းကျော်ဝင်တယ်လို့ သိရပါတယ်။ အစိုဓာတ် အနည်း ငယ်ကျန်နေသေးတာကြောင့် လှောင်လက်တွေ ဝယ်မလှောင်သေးပေမယ့် အစာစပ်ကုမ္ပဏီတွေက ဝယ်ယူနေတာရယ်။ ရန်ကုန်၊ မန္တလေးဝယ်လက် တွေ ဝယ်ယူနေတာကြောင့် အရောင်းသွက်နေပြီး တစ်ပတ်ကို ပိဿာချိန် ၁၀ သိန်းခန့်အရောင်းအဝယ်ဖြစ်နေပါတယ်။                  စပေါ်ကာစ စက်တင်ဘာလ မှာ ပြောင်းအသစ်က တစ်ပိဿာ ၂၀၀ ကျပ်နဲ့ ဈေးကွက်ကိုစဝင်လာပြီး အောက်တိုဘာ၊ နိုဝင်ဘာလလယ်အထိ ဈေးက တစ်ပိဿာ ၂၁၀ ကျပ် - ၂၂၀ ကျပ်ဈေးနဲ့သာ ပတ်ချာလည်ရှိနေပါ တယ်။ နိုဝင်ဘာလကုန်လောက်မှာတော့ ဈေးအနည်းငယ်တက်လာပြီး၊ လက်ရှိ တစ်ပိဿာပေါက်ဈေးက ၂၂၅ ကျပ်- ၂၃၀ကျပ် ဈေးရှိလာပါတယ်။ အစိုဓါတ်ကုန်ပြီး ပြောင်းခြောက်ချိန်ရောက်တဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီ လတွေဆိုရင် လှောင်လက်တွေဝယ်ရင်တော့ ဒီ့ထက်ဈေးတက်နိုင်တယ်လို့ ပဲ၊ ပြောင်းလုပ်ငန်းရှင်တွေထံမှ သိရပါတယ်။ ဧဧခိုင်

Pages