Main menu

Background

Tuesday, 12 Jul 2011

ပြည်ဈေးကွက်မှာ မိုးကြိုပဲတီစိမ်းသစ်များ ဝင်ရောက်မှုများပြီး အရောင်းသွက်             ပဲခူးတိုင်းဒေသကြီး (အနောက်)အတွင်း မိုးပဲတီစိမ်းကို ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ် များတွင် အများဆုံးစိုက်ပျိုးပြီး ဇွန်လကုန်အထိ ဧက ၃၁ဝဝ ကျော် စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ပြည်ဈေးကွက်သို့ ဇွန်လနောက်ဆုံးပတ်မှစ၍ မိုးကြိုပဲတီစိမ်းသစ်များ ဝင်ရောက်လာပြီး တစ်တင်းလျှင် ကျပ် ၁၅ဝဝဝ ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ပါတယ်။ ဇူလိုင်ပထမပတ်တွင် ဒေသတွင်းမြို့နယ်များဖြစ်သော ပန်းတောင်း၊ ဥသျှစ်ပင်ဖက်မှ အဝင်ရှိသလို မင်းတုန်း၊ ကံမဘက်မှလည်း အဝင်ရှိလာတာကြောင့် တစ်ရက်လျှင် အိတ် ၂ဝဝ ကျော် ၃ဝဝ အထိ ဝင်ရောက်မှုများလာခဲ့တယ်။ တစ်တင်းလျှင် ကျပ် ၁၅၆ဝဝ ဖြင့် ရန်ကုန်ဝယ်လက်များ အဝယ်ရှိတဲ့အတွက် တစ်ရက်လျင် အိတ် ၄ဝဝ ကျော်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Tuesday, 12 Jul 2011

မြို့ပင်ငယ်သော်လည်း စီးပွားရေးလုပ်ငန်းကောင်းလှတဲ့ ရေစကြို              ပခုက္ကူခရိုင်ထဲက ရေစကြိုမြို့နယ်ဟာ လယ်ယာထွက်ကုန်သီးနံှများအပြင် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံမှာတည်ရှိတဲ့ ကျွန်းသောင်ခုံတွေပေါများတဲ့အတွက် ကျွန်းသီးနံှတွေလည်း ထွက်ရှိပါတယ်။ ဒီလိုသီးနံှတွေအပြင် ပဲမျိုးစုံ၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ထန်းလျက်လုပ်ငန်း၊ အမွှေး တိုင်လုပ်ငန်း၊ တစ်နိုင်ငံလုံးကိုတင်ပို့တဲ့ ပဲကြော်လုပ်ငန်း၊ သနပ်ခါးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကုန်ကြမ်းသယ်ယူခြင်း၊ ကုန်ချောတင်ပို့ခြင်းတွေကို နိုင်ငံအနံှ့ဈေးကွက်တွေရရှိပြီး ငွေအပို့ အယူ များလည်း ပမာဏများများနဲ့ လုပ်ကိုင်နေကြပါတယ်။ လောလောဆယ်မှာတော့ ပခုက္ကူမှာရှိတဲ့ ပုဂ္ဂလိကဘဏ်များနဲ့ ဆက်သွယ်လုပ်ကိုင်နေကြရလို့ အချိန်ကုန်၊ ငွေပိုကုန်ပြီး၊ အရောင်းအဝယ် လုပ်ရာမှာ အချိန်တချို့တစ်ဝက်ဖဲ့ပေးပြီး ငွေပို့ငွေယူလုပ်နေကြရပါတယ်။                 ဒါကြောင့် ဇွန် ၂၄ ရက်က မကွေးမှာပြုလုပ်တဲ့ လက်ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ရေစကြိုကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအောင်ဆန်းရဲ့ ရေစကြိုမှာ ပုဂ္ဂလိက ဘဏ်တစ်ဘဏ် လာရောက်ဖွင့်လှစ်နိုင်ရေး တင်ပြချက်အပေါ် မြန်မာနိုင်ငံသားများဘဏ် ဥက္ကဋ္ဌကြီးရဲ့လမ်းညွှန်မှုနဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဦးနဲ့အဖွဲ့ဟာ ၂ဝ၁၁ ခုနှစ် ဇူလိုင် ၄ ရက်မှာ ရေစကြိုကို ရောက်ရှိလာပါတယ်။                   မြန်မာနိုင်ငံသားများဘဏ် အုပ်ခုျပ်မှုဒါရိုက်တာနဲ့အဖွဲ့ဟာ ရေစကြိုကုန်စည်ဒိုင်မှာ မြို့မိ မြို့ဖများ၊ လုပ်ငန်းအလွှာအသီးသီးမှ ကုန်သည်များနဲ့ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းနေကြတာ ကိုကြည့်ရတာ ရေစကြိုမြို့သူမြို့သားတွေအတွက် ပုဂ္ဂလိကဘဏ်တစ်ခု အမှန်တကယ် လိုအပ်ကြောင်းသိသာလှပါတယ်။ ဒါကြောင့် ယခုလို IT ခေတ်ကြီးထဲမှာ မြို့ပင်ငယ်သော်လည်း စီးပွားရေးလုပ်ငန်းကောင်းလှတဲ့ ရေစကြိုလို မြို့ငယ်ကလေးတွေမှာလည်း ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မောင်အေး

Tuesday, 12 Jul 2011

နို့ဆီ၊ နို့စိမ်း အဝင်များခဲ့                    ဇွန်လ နောက်ဆုံးပတ်မှာတော့ နို့ဆီတန်ချိန် ၄၅၃ ဒသမ ၅၂ တန်နဲ့ နို့စိမ်း ၂၇၄ ဒသမ ၁၉ တန်၊ စုစုပေါင်း တန်ချိန် ၇၂၇ ဒသမ ၇၁ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းရှစ် သောင်းနီးပါးဖိုးကို ပင်လယ်ရေကြောင်း မှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်း နို့ဆီနဲ့ နို့စိမ်း၊ မာရီဂိုးနို့ဆီနဲ့ အိုကေ နို့ဆီတို့ တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုမှာ တန်ချိန် တစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ၄ ဆကျော် လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ နို့စိမ်းတင်သွင်းမှုမှာ ယခင် သီတင်းပတ်တန်ချိန် နှစ်ရာ့ငါးဆယ် ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် အနည်းငယ် ပိုမိုတင်သွင်းနိုင် ခဲ့ပါတယ်။                     ဇွန်လတစ်လရဲ့ နို့ဆီ၊ နို့စိမ်း အဝင်မှာ စုစုပေါင်းတန်ချိန် နှစ်ထောင့် တစ်ရာကျော်ရှိခဲ့ပြီး မေလရဲ့အဝင်မှာ တန်ချိန် တစ်ထောင့်ခုနစ်ရာကျော်ရှိခဲ့ တာကြောင့် ဇွန်လမှာ နို့ဆီ၊ နို့စိမ်း တန်ချိန်လေးရာနီးပါး ပိုမိုတင်သွင်းနိုင် တာ တွေ့ရပါတယ်။                 နို့မှုန့်က တရုတ်၊ မလေးရှား၊ နယူး ဇီလန်၊ ယူအက်စ်အေ၊ စင်ကာပူ၊ ဒိန်း မတ်နဲ့ အင်ဒိုနီးရှားစသည်ဖြင့် နိုင်ငံစုံမှ တန်ချိန် ခြောက်ရာကျော် မှာယူတင် သွင်းခဲ့ပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှနို့ဆီ၊ နို့စိမ်းအပြင် နို့မှုန့်လည်း အသွင်းရှိ              ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက် ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၄၁၆၆ တန်ဖိုးရှိ နို့မှုန့် ၁၂ တန်၊ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ ၄၅ဝ၉၂ တန်ဖိုး ရှိ နို့ဆီ ၅၂ ဒသမ ၈၄၂ တန် (၂၇၈၇ သေတ္တာ)နဲ့ ကန်ဒေါ်လာ ၃၃ဝ၅ဝ တန်ဖိုးရှိ နို့စိမ်း ၃၄ ဒသမ ၁၂၈ တန် (၁၈ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တင်သွင်းမှုများ လျော့နည်းခဲ့ပါတယ်။   MIRT (DOBT) ပြည်တွင်း နို့ဆီလက်လီဈေးများ                  နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ို့ဆီလက်လီဈေး         ကျပ်/တစ်ဘူး                         ရန်ကုန်   မန္တလေးဒွန်း( နို့ဆီ )               ၇၇ဝ    ၈ဝဝဒွန်း( နို့စိမ်း)               ၇ဝဝ    ၇၅ဝFalcon နို့ဆီ               ၆၃ဝ      -Happy Cow  (အနီ)    ၅၈ဝ       -Happy Cow (အပြာ)   ၆၂ဝ       -အိုကေ( နို့ဆီ)             ၆၇ဝ     ၇ဝဝအိုကေ( နို့စိမ်း)            ၆၇ဝ    ၇ဝဝMIRT (DOT)

Tuesday, 12 Jul 2011

ဒီသီတင်းပတ် အဝင်ပိုခဲ့                  ဇွန်လနောက်ဆုံးပတ်မှာ ဘိလပ်မြေတန်ချိန် ၂၃၄၇၃ ဒသမ ၃၃ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သိန်းနှစ်ဆယ်ကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေက အီတလီနိုင်ငံမှ တန် ၁ဝဝ၊ မလေးရှားနိုင်ငံမှ တန် ၅ဝ နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၂၃၃၂၃ ဒသမ ၃၃ တန် အသီးသီးမှာယူ တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတန်ချိန် တစ်သောင်းငါးထောင်ကျော် မှာယူတင်သွင်းနိုင်ခဲ့ပြီး ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန်ရှစ်ထောင်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။                    ဇွန်လတစ်လရဲ့ ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် နှစ်သိန်းတစ်သောင်းကျော် ရှိခဲ့ပြီး မေလရဲ့ ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သိန်းကျော်သာရှိခဲ့တာ ကြောင့် ဇွန်လမှာ မေလ ဘိလပ်မြေအဝင်ရဲ့ တစ်ဆလောက်ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့                ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၆ဝ၂ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၇၄၃ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် ၁၄ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ တာချီ လိတ် နယ်စပ်တို့ကသာ အသွင်းရှိခဲ့ပြီး ယခုအပတ်မှာ ကန်ပိုက်တီး၊ မြိတ်၊ တာချီလိတ်နဲ့ မောင်တောနယ်စပ်များကပါ တင်သွင်းခဲ့ကြပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းနိုင်မှုတွေကတော့ ကန်ပိုက်တီးမှ ၄၉၂ တန်ခန့်၊ မောင်တောမှ ၁၃၇ တန်၊ တာချီလိတ်မှ ၄၆၁ တန်ခွဲနဲ့ မြိတ်မှ ၁၅ တန် အသီးသီးတင်သွင်းခဲ့တာ ဖြစ်ပါတယ်။MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း              ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်် တိုင်းဒေသကြီး/                        အမျိုးအစား                 ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                      ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး           ဘိလပ်မြေ(ဆင်)ထိုင်း              ၅ဝ၅ဝ     ၅ဝ၅ဝ(လက်ကား)                       ဘိလပ်မြေ (စိန်)                     ၄၉၅ဝ     ၄၉၅ဝ                                      ဘိလပ်မြေ (ကျောက်ဆူး)          ၄၆၅ဝ     ၄၆၅ဝ                                      ဘိလပ်မြေ (ပါကစ္စတန်-ဆင်)     ၄၆ဝဝ     ၄၆ဝဝမန္တလေးတိုင်းဒေသကြီး          ဘိလပ်မြေ(ဆင်)ထိုင်း              ၆၅ဝဝ     ၆၆ဝဝ                                     ဘိလပ်မြေ (AAA)                   ၅၇ဝဝ     ၅၇ဝဝ                                     ဘိလပ်မြေ(မြန်မာဆင်)              ၅၃ဝဝ     ၅၃ဝဝ                                     ဘိလပ်မြေ(ဆင်မင်း)                ၄၉ဝဝ     ၅ဝဝဝ                                    ဘိလပ်မြေ(ကျားခေါင်း)              ၅၃ဝဝ     ၅၃ဝဝ                                    ဘိလပ်မြေ(မြင်းခေါင်း)               ၅၁ဝဝ     ၅ဝဝဝတောင်ငူ                         ဘိလပ်မြေ(ကြံ့)ထိုင်း                 ၆၅ဝဝ     ၆၅ဝဝ                                    ဘိလပ်မြေ(ဆင်)ထိုင်း               ၆၈ဝဝ     ၆၈ဝဝ                                    ဘိလပ်မြေ(မြင်းခေါင်း)              ၅၃ဝဝ     ၅၃ဝဝ                                    ဘိလပ်မြေ(Lucky)ပါကစ္စတန်     ၆၂ဝဝ     ၆၂ဝဝတောင်ကြီး                      ဘိလပ်မြေ(စိန်)ထိုင်း                ၆၆ဝဝ     ၆၅ဝဝ                                    ဘိလပ်မြေ(ခြင်္သေ့)                 ၅၇ဝဝ     ၅၇ဝဝ                                    ဘိလပ်မြေ(မြို့တော်)              ၅၇ဝဝ     ၅၇ဝဝ                                    ဘိလပ်မြေ(ကျားခေါင်း)           ၅၉ဝဝ     ၅၉ဝဝမော်လမြိုင်                      ဘိလပ်မြေ(ဆင်)ထိုင်း             ၅၁ဝဝ     ၅၃ဝဝ                                   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး        ၅ဝဝဝ     ၄၅ဝဝ                                  ဘိလပ်မြေ(စိန်)ထိုင်း               ၄၉ဝဝ     ၅၁၅ဝမကွေးတိုင်းဒေသကြီး       ဘိလပ်မြေ(ဆင်)ထိုင်း              ၆၄ဝဝ     ၆၄ဝဝ                                 ဘိလပ်မြေ(မြင်းခေါင်း)              ၅၅ဝဝ     ၅၅ဝဝ                                 ဘိလပ်မြေ(ကြံ့)ထိုင်း                ၆ဝဝဝ     ၆ဝဝဝMIRT (MAPT)

Tuesday, 12 Jul 2011

ကောမတ်နဲ့ သြဂဲနစ်မြေများ တင်သွင်း            ဇွန်လနောက်ဆုံးပတ်မှာ ဓာတ်မြေသြဇာတန်ချိန် ၁၄၂၅ ဒသမ ၉ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းတစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဗီယက်နမ် နိုင်ငံမှ ကောမတ်မြေသြဇာ ၆၂၅ ဒသမ ၉ဝ တန်နဲ့ သြဂဲနစ်မြေသြဇာ ၆၅၆ တန်၊ ချီလီနိုင်ငံမှ ဓာတ်မြေသြဇာ ၁၄၄ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် တစ်ထောင့်ခြောက်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် နှစ်ရာကျော်လောက် လျော့ နည်းခဲ့ပါတယ်။              ဇွန်လတစ်လရဲ့ ဓာတ်မြေသြဇာအဝင်ကိုကြည့်ရင် တန်ချိန် ကိုးထောင့်ကိုးရာ ကျော်တင်သွင်းနိုင်ခဲ့ပြီး မေလရဲ့ ဓာတ်မြေသြဇာအဝင်မှာ တန်ချိန် ခုနစ်ထောင့် ခုနှစ်ရာကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ ဓာတ်မြေသြဇာတန်ချိန် နှစ်ထောင်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၇၂ဝဝ နီးပါး အသွင်းပို                  ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကန်ပိုက်တီး၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁၆၈၂၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၇၄၁ သန်းဖိုးတင်သွင်းခဲ့ ပါတယ်။ ယခင်အပတ်က ၉၆၄၆ တန်တင်သွင်းခဲ့တာမို့ ယခုအပတ် ၇၁၇၈ တန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၂၅၇၇ တန်ကျော်၊ကော့သောင်းမှ ၃၂၇၉ တန်၊ ကန်ပိုက်တီးမှ တန် ၈ဝဝ နဲ့ ရိဒ်မှ ၁၆၇ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ နိုက်တြစ်ဖော့စဖိတ်နဲ့ တီစူပါဖော့စဖိတ်တို့ဖြစ်ပြီး ကော့သောင်းမှ ကွန်ပေါင်း၊ တာချီ လိတ်မှ မိုနိုအမိုးနီးယမ်းနိုက်တြစ်နဲ့ ရိဒ်မှ ပိုတက်ရှ်တို့ ဖြစ်ကြပါတယ်။ MIRT (DOBT)  ဈေးကွက်က ဈေးနှုန်း                  ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်တိုင်းဒေသကြီး/ပြည်နယ်                     အမျိုးအစား                        ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                                     ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်)                                တီစူပါ သံကွင်း(တရုတ်)                   ၃၂ဝဝဝ         ၃၁၃ဝဝ                                                ပိုတက် (တရုတ်)                           ၂၃ဝဝဝ         ၂၂၃ဝဝ                                                ယူရီးယား(နေရွက်လှေ-တရုတ်)         ၂၄ဝဝဝ         ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး                  ယူရီးယား(တရုတ်-ရွှေတောင်)          ၂၂၁ဝဝ         ၂၁၇၂ဝ                                               ယူရီးယား(တရုတ်-ပန်းဖူး)                ၂၂၅ဝဝ         ၂၂၁၂ဝ                                               အာမို (ဒိုင်းမွန်းစတား)                     ၄ဝဝဝဝ         ၄ဝဝဝဝ                                              ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်)         ၂၅ဝဝဝ         ၂၅၁၂ဝတောင်ငူ                                  ယူရီးယား (ရွှေတောင်-တရုတ်)          ၂၂၅ဝဝ         ၂၃၅ဝဝ                                             ယူရီးယား (ကမ္ဘာလုံး-တရုတ်)            ၂၂၅ဝဝ         ၂၂၂ဝဝ                                             ယူရီးယား (ယူအေအီး-တရုတ်)          ၂၃ဝဝဝ         ၂ဝ၅ဝဝ                                             ကုလားအုတ် (တရုတ်)                    ၂၂၇ဝဝ         ၂၄ဝဝဝတောင်ကြီး                              ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)     ၂ဝ၅ဝဝ         ၂ဝ၅ဝဝ                                            ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)         ၂၁ဝဝဝ         ၂၁ဝဝဝ                                            ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)     ၂၁ဝဝဝ         ၂၁ဝဝဝ                                            တီစူပါ-(တရုတ်) 12%                       ၉၂ဝဝ         ၉၈ဝဝ                                            တီစူပါ-(တရုတ်) 16%                       ၁ဝ၅ဝဝ         ၁ဝ၅ဝဝ                                           တီစူပါ 15:15:15 (တရုတ်)                  ၃၆၅ဝဝ         ၃၆၅ဝဝ                                          တီစူပါ 10:10:5(တရုတ်)                      ၁၃၅ဝဝ         ၁၃၅ဝဝ                                          ပိုတက် (တရုတ်)                                ၂ဝ၅ဝဝ         ၂ဝ၅ဝဝ                                          ဓာတ်ဆား (တရုတ်)                            ၁၂၅ဝဝ         ၁၃၅ဝဝမော်လမြိုင်                           ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)           ၂၄ဝဝဝ         ၂၄ဝဝဝ                                        ပုလဲ(သေး)(ရွှေပျား 46% တရုတ်)            ၂၄ဝဝဝ         ၂၄ဝဝဝ                                        ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)       ၂၄ဝဝဝ         ၂၄ဝဝဝ                                       ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15             ၃၈ဝဝဝ         ၃၆ဝဝဝ                                       ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15        ၃၄၅ဝဝ         ၃၂၅ဝဝ                                       ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8               ၃၂ဝဝဝ         ၃ဝ၅ဝဝ                                      တီစူပါ (တရုတ်) သံကွင်း 46%                  ၂၉ဝဝဝ         ၃၁ဝဝဝ                                      တီစူပါ (တရုတ်) မျှား 46%                       ၂၈ဝဝဝ         ၂၉၈ဝဝ                                     တီစူပါ (တရုတ်) မျှားကမ္ဘာ 16%                 ၁၄ဝဝဝ         ၁၄ဝဝဝMIRT (MAPT)

Tuesday, 5 Jul 2011

 အိန္ဒိယ ပဲမျိုးစုံစိုက်ဧရိယာ ကျဆင်းဖွယ်ရှိ             ယခင်နှစ်က တမီနာဒူးပြည်နယ် Villupuram ခရိုင်ရှိ Ulundurpethai စိုက်ပျိုးရေးထုတ် ကုန်ဈေးကွက် ကော်မတီဝင်းမှာ မတ်ပဲဈေးက တစ်တန် ရူပီး ၅ဝဝဝဝ(ကန်ဒေါ်လာ ၁၁၁၅) နီးပါး ရှိခဲ့ပေမဲ့ ယခုအခါမှာတော့ ရူပီး ၄၂၅ဝဝ (ကန် ဒေါ်လာ ၉၄၈)သာရှိတယ်လို့ ဆိုပါတယ်။ ပဲစင်းငုံ၊  ပဲတီစိမ်းလို အခြားပဲဈေးတွေလည်း အဲဒီလိုအခြေ အနေရှိနေပါတယ်။ လွန်ခဲ့တဲ့တစ်လအတွင်း မတ်ပဲ ဈေးက တစ်တန်ကို ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၃) ကျဆင်းခဲ့တယ်လို့ တမီနာဒူး ပဲမျိုးစုံတင် သွင်းသူများအသင်း အတွင်းရေးမှူး Mr.B Krishnamurthy က ဆိုပါတယ်။             မတ်ပဲလို ပဲမျိုးစုံဈေးနှုန်း ဆက်လက်ကျ ဆင်းနေဦးမယ်ဆိုရင် တောင်သူတွေဟာ အခြား ငွေပိုရတဲ့ ဝါဂွမ်း သို့မဟုတ် ဆီထွက်သီးနံှတွေကို ပြောင်းလဲစိုက်ပျိုးလာကြမယ်လို့လည်း ဆိုပါတယ်။ ဗဟိုအစိုးရက မိုးပဲမျိုးစုံအတွက် အနိမ့်ဆုံးထောက် ပံ့ဈေးနှုန်း (MSP) ကိုတိုးမြှင့်မယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်း က ဈေးကွက်ပေါက်ဈေးဟာ MSP  ထက် အမြဲ တမ်းပိုမိုမြင့်မားနေပါတယ်။                 အဲဒီလို အကြောင်းအရာတွေက ပဲမျိုးစုံစိုက် ဧရိယာ ကျဆင်းဖို့ ဖြစ်စေပါတယ်။ ယခင်နှစ်က ဈေးကွက်ပေါက်ဈေးမြင့်တက်ခဲ့တာကြောင့် ပဲမျိုးစုံ စိုက်ဧရိယာတိုးတက်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကမ္ဘာ့ပဲဈေးတွေ ကျဆင်းဖို့ ဖြစ်လာခဲ့ပါတယ်။ အနောက်တောင်မုတ်သုံမိုးနဲ့အတူ မိုးပဲမျိုးစုံ စိုက်ပျိုးနေပြီဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စာရင်း အရ ပဲမျိုးစုံစိုက်ပြီး ဧရိယာဟာ ယခင်နှစ်ကာလ တူက ဟက်တာ ၄ဒသမ ဝ၉သိန်းရှိခဲ့ရာမှ ၈ ရာခိုင် နှုန်းကျဆင်းပြီး ဟက်တာ ၃ ဒသမ ၇၇ သိန်းသာ ရှိတယ်လို့ ဆိုပါတယ်။               အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက် ဧရိယာ ဟာ ၃ဝ ရာခိုင်နှုန်းကျဆင်းပြီး ဟက်တာ ၄၉၁၈၊ ပဲတီစိမ်းစိုက် ဧရိယာ ၃၁ ရာခိုင်နှုန်းကျဆင်းပြီး ဟက်တာ ၈၂၅၉ ရှိပြီး မတ်ပဲကတော့ ၂၄ ရာခိုင် နှုန်း မြင့်တက်ပြီး ဟက်တာ ၉၇၄ စိုက်ပြီး သွားပြီလို့ သိရပါတယ်။ ကာနာတာကာမှာ ပဲမျိုးစုံစိုက်ပျိုးပြီး စီးမှုဟာ ဟက်တာ ၂ ဒသမ ၂၂ သိန်းရှိတဲ့အနက် ပဲစင်းငုံ စိုက်ပျိုးလျာထား ဟက်တာ ၈ ဒသမ ၆ သိန်းမှာ ဟက်တာ ဝ ဒသမ ၄၃ သိန်း၊ မတ်ပဲလျာ ထားဟက်တာ ၁ ဒသမ ၂၅ သိန်းမှာ ဟက်တာ ဝ ဒသမ ၂၂ သိန်း ၊ ပဲတီစိမ်းလျာထားဟက်တာ ၃ ဒသမ ၈ သိန်းမှာ ဟက်တာ ၁ဒသမ ၁၄ သိန်း စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။               ကာနာတာကာ စိုက်ပျိုးရေးဌာနမှ ဝါရင့် အရာရှိများ ပြောကြားချက်အရ ယခင်နှစ်ထက်ပိုမို ပြီး အချို့သီးနံှများကို ပိုမိုပြောင်းလဲစိုက်ပျိုးလာ ကြတယ်လို့ ဆိုပါတယ်။ ရေသွင်းစနစ်များက ပဲစင်းငုံအထွက်နှုန်း တိုးအောင်အားပေးနေတယ်လို့ ဆိုပါတယ်။ အမှန်တော့ ကာနာတာကာမှာ ဝါဂွမ်းမျိုးစေ့ရောင်းချမှု ပြတ်လပ်တာကြောင့် တောင်သူ များဟာ ပဲမျိုးစုံကို ပြောင်းလဲစိုက်ပျိုးလာကြတယ် လို့ ဆိုပါတယ်။                 မိုးနည်းပါးမယ်ဆိုရင် စိုက်ပျိုးစရိတ်တွေ မြင့်တက်နိုင်ပါတယ်။ ပဲမျိုးစုံထွက်ရှိမှု ခန့်မှန်းချက် က လက်ရှိအချိန်မှာ ကောင်းနေပေမဲ့ ရလဒ်က တော့ မုတ်သုံမိုးတိုးတက်မှုအပေါ် မူတည်နေတယ် လို့ Karvy Comtrade မှ အကြံပေးMs.Smita Sinha  ကဆိုပါတယ်။ ပြည်တွင်းပဲဈေးက နိုင်ငံ တကာ ဈေးထက်နိမ့်ကျနေတာဟာ မဖြစ်သင့်ပါ ဘူးလို့ ပဲမျိုးစုံတင်သွင်းသူများအသင်း ဒုတိယ ဥက္ကဋ္ဌ   Mr Suresh Agarwal က ဆိုပါတယ်။ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ဟာ လတ်တလော နိုင်ငံအတွင်း အရန်သိုလှောင်မှုနဲ့ လုံလောက်နေတဲ့ အတွက် တင်သွင်းမှု မရှိဘူးလို့လည်း၎င်းကဆိုပါ တယ်။ ယမင်းခင်၊Source: hindubusiness

Tuesday, 5 Jul 2011

နို့ဆီ၊ နို့စိမ်း တန်ချိန် သုံးရာ့ခုနစ်ဆယ်ကျော်တင်သွင်း              ဇွန်လ ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း နို့ဆီ၊ နို့စိမ်း တန်ချိန် ၃၇ဝ ဒသမ ၅၅ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာသုံးသိန်းရှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ တစ်ဆင့် တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ မှာ စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းတံဆိပ်နဲ့ မာရီဂိုးလ်တံဆိပ်တို့ပဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာ နို့ဆီတန်ချိန် ၁၁၄ ဒသမ ၁၉ တန်နဲ့ နို့စိမ်းတန်ချိန် ၂၅၆ ဒသမ ၃၆ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့စိမ်းတင် သွင်းခြင်းမရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ နို့ဆီက ယခင် သီတင်းပတ်မှာ တန်ချိန် လေးရာကျော် တင်သွင်းနိုင်ခဲ့တာကြောင့် ဒီသီတင်း ပတ်အဝင်နဲ့ယှဉ်ရင် ၃ ဆလောက် လျော့နည်းခဲ့တာ တွေ့ရပါတယ်။                 နို့မှုန့်က ဒီတစ်ပတ်မှာ သြစတြေး လျ၊ယူအက်စ်အေ၊ နယူးဇီလန်နဲ့ မလေး ရှား စသည်ဖြင့် နိုင်ငံစုံက တင်သွင်းခဲ့ တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ နို့မှုန့် ၈၉ ဒသမ ၈၂ တန်သာ တင်သွင်းနိုင် ခဲ့ပြီး ယခင်သီတင်းပတ် တန်ချိန် ၂၃၅ တန်ကျော် တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်ကလည်း အဝင် ၃ ဆလောက် လျော့နည်းပြီး တင်သွင်းနိုင် ခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နို့မှုန့် မှန်မှန်လေးသွင်းနေ                  ဇွန် ၂၂ မှ ၂၈ ရက်ကာလအတွင်း ကော့သောင်းစခန်းမှ နို့ဆီကန်ဒေါ်လာ ဝ ဒသမ ဝ၆၁ သန်း တန်ဖိုးရှိ သေတ္တာ ၃၇ဝ၅ လုံး၊ (၁၄၈၂ဝ ဒါဇင်) နဲ့ နို့စိမ်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၃ သန်းတန် သေတ္တာ ၆၁၇၄ လုံး၊ (၂၄၆၉၆ ဒါဇင်) တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နို့ဆီတင်သွင်းမှု ပိုမိုပေမယ့် နို့စိမ်းတင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ဒါ့အပြင် မူဆယ် ၁ဝ၅ မိုင်စခန်းကနေ လိပ်ပြာတံဆိပ် နို့မှုန့် ၂၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၈၃ သန်းဖိုး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                  နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး      ကျပ်/တစ်ဘူး                           ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )              ၇၇ဝ     ၈ဝဝဒွန်း( နို့စိမ်း)              ၇ဝဝ    ၇၅ဝHappy နို့ဆီ              ၆၅ဝ      -Happy Cow(အနီ)      ၆ဝဝ     -Happy Cow (အပြာ)   ၆၅ဝ     -အိုကေ( နို့ဆီ)            ၆၇ဝ   ၇ဝဝအိုကေ( နို့စိမ်း)          ၆၇ဝ   ၇ဝဝMIRT (DOT)

Tuesday, 5 Jul 2011

ထိုင်းနဲ့ အင်ဒိုမှ ဘိလပ်မြေများဝင်              ဇွန်လ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၅၆၇၃ ဒသမ ၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၅၁၇၃ ဒသမ ၆ဝတန်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၅ဝဝ တို့ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် သွင်းအားကောင်းကောင်းနဲ့ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ အဝင်လျော့နည်းခဲ့ပါတယ်။ MIRT (DOT) ဘိလပ်မြေ အသွင်းလျော့               ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ်နဲ့ တာချီလိတ်စခန်းများ ကနေဘိလပ်မြေ ၇၅၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၇၁ သန်းဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၅၈၃ တန် တင်သွင်းခဲ့တာကြောင့် ယခုရက်သတ္တပတ်မှာ တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ တင်သွင်းမှုတွေကတော့ မူဆယ်မှ တန် ၈ဝနဲ့ တာချီလိတ်မှ ၆၇၇ တန်ဖြစ်ပြီး တင်သွင်းတဲ့ အမျိုးအစားတွေကတော့ ဆင်တံဆိပ်နဲ့ ငှက်တံဆိပ်တို့ဖြစ်ပါတယ်။ MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း            ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/                           အမျိုးအစား                         ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                                   ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး                ဘိလပ်မြေ(ဆင်)ထိုင်း            ၅ဝ၅ဝ         ၅ဝ၅ဝ(လက်ကား)                            ဘိလပ်မြေ (စိန်)                   ၄၉၅ဝ         ၄၉၅ဝ                                           ဘိလပ်မြေ (ကျောက်ဆူး)        ၄၆၅ဝ         ၄၆၅ဝ                                          ဘိလပ်မြေ (ပါကစ္စတန်-ဆင်)     ၄၆ဝဝ        ၄၆ဝဝမန္တလေးတိုင်းဒေသကြီး              ဘိလပ်မြေ(ဆင်)ထိုင်း              ၆၅ဝဝ        ၆၅ဝဝ                                          ဘိလပ်မြေ (AAA)                  ၅၅ဝဝ        ၅၇ဝဝ                                          ဘိလပ်မြေ(မြန်မာဆင်)            ၅၃ဝဝ         ၅၃ဝဝ                                          ဘိလပ်မြေ(ဆင်မင်း)               ၄၉ဝဝ         ၄၉ဝဝ                                          ဘိလပ်မြေ(ကျားခေါင်း)           ၅၃ဝဝ          ၅၃ဝဝ                                          ဘိလပ်မြေ(မြင်းခေါင်း)            ၅၁ဝဝ          ၅၁ဝဝတောင်ငူ                               ဘိလပ်မြေ(ကြံ့)ထိုင်း               ၆၅ဝဝ         ၆၅ဝဝ                                          ဘိလပ်မြေ(ဆင်)ထိုင်း             ၆၈ဝဝ          ၆၈ဝဝ                                           ဘိလပ်မြေ(မြင်းခေါင်း)           ၅၃ဝဝ         ၅၃ဝဝ                                           ဘိလပ်မြေ(Lucky)ပါကစ္စတန်   ၆၂ဝဝ        ၆၂ဝဝတောင်ကြီး                              ဘိလပ်မြေ(စိန်)ထိုင်း             ၆၄ဝဝ         ၆၆ဝဝ                                           ဘိလပ်မြေ(ခြင်္သေ့)                ၅၈ဝဝ         ၅၇ဝဝ                                           ဘိလပ်မြေ(မြန်မာဆင်)            -              ၆၇ဝဝ -                                           ဘိလပ်မြေ(မြို့တော်)            ၅၈ဝဝ          ၅၇ဝဝ                                           ဘိလပ်မြေ(ကျားခေါင်း)          ၅၉ဝဝ         ၅၉ဝဝမော်လမြိုင်                              ဘိလပ်မြေ(ဆင်)ထိုင်း           ၅၂ဝဝ         ၅၁ဝဝ                                            ဘိလပ်မြေ(ကြံ့)မြိုုင်ကလေး   ၅ဝဝဝ          ၅ဝဝဝ                                            ဘိလပ်မြေ(စိန်)ထိုင်း            ၅ဝ၅ဝ         ၄၉ဝဝမကွေးတိုင်းဒေသကြီး                  ဘိလပ်မြေ(ဆင်)ထိုင်း          ၆၄ဝဝ          ၆၄ဝဝ                                            ဘိလပ်မြေ(မြင်းခေါင်း)          ၅၅ဝဝ         ၅၅ဝဝ                                            ဘိလပ်မြေ(ကြံ့)ထိုင်း             ၆ဝဝဝ        ၆ဝဝဝ 

Tuesday, 5 Jul 2011

ရေကြောင်းလမ်းမှ ဓာတ်မြေသြဇာအဝင်လျော့            ဒီသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၆၄၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်း ငါးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာမှာ တရုတ်နိုင်ငံမှ ယူရီးယားမြေသြဇာ တန်ချိန် ၆၆ဝ ၊ ရုရှားနိုင်ငံမှ ကွန်ပေါင်းမြေဆီ ၃၈၃ တန် ၊ အိန္ဒိယမှ ပိုတက် တန်ချိန် ၃ဝဝ ၊ ချီလီနိုင်ငံမှ ကွန်ပေါင်း တန်ချိန် ၂ဝ နဲ့ မလေးရှားနိုင်ငံမှ ယူရီးယားမြေသြဇာတန်ချိန် ၂၈ဝ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် မြေသြဇာတင်သွင်းမှုက တန်ချိန် သုံးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် အဝင်တန်ချိန် ၁ ဆ လောက်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ဓာတ်မြေသြဇာ အသွင်းလျော့             ဇွန်လ ၂၂ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မူဆယ်၊ ကော့သောင်း၊ တာချီလိတ်နဲ့ ရိဒ်စခန်းတွေကနေ ဓာတ်မြေသြဇာ ၉၆၄၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၈၈သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၂ဝဝကျော် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ တန် ၉ဝဝဝကျော်၊ ကော့သောင်းမှ ၂၅၃ တန်၊ တာချီလိတ်မှ ၂၂တန် နဲ့ ရိဒ်မှ ၃၆၃ တန် ဖြစ်ပါတယ်။ တင်သွင်းတဲ့ အမိုျးအစားတွေကတော့ ပိုတက်၊ ကွန်ပေါင်းဓာတ်မြေသြဇာ၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ အမိုနီယမ်ဆာလဖိတ်၊ ဘိုရွန်ဓာတ်မြေသြဇာ၊ ယူရီးယား၊ မိုနိုအမိုးနီးယမ် ဖော့စဖိတ်၊ ထရိုင်စူပါဖော့စဖိတ်နဲ့ နိုက်ထရစ်ဖော့စဖိတ် ဓာတ်မြေသြဇာတို့ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း         ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ်              အမျိုးအစား                         ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                                           ယခင်အပတ်    ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်)                          တီစူပါ သံကွင်း(တရုတ်)                   ၂၈၉ဝဝ        ၃၂ဝဝဝ                                          ပိုတက် (တရုတ်)                            ၂၁၈ဝဝ       ၂၃ဝဝဝ                                         ယူရီးယား(နေရွက်လှေ-တရုတ်)           ၂၂၄ဝဝ       ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး            ယူရီးယား(တရုတ်-ရွှေတောင်)             ၂၁၅ဝဝ        ၂၂၁ဝဝ                                        ယူရီးယား(တရုတ်-ပန်းဖူး)                  ၂၂ဝဝဝ         ၂၂၅ဝဝ                                         အာမို (ဒိုင်းမွန်းစတား)                       ၃၈ဝဝဝ        ၄ဝဝဝဝ                                        ကွန်ပေါင်း 15:15:15 (တရုတ်)          ၂၅ဝဝဝ         ၂၅ဝဝဝတောင်ငူ                            ယူရီးယား (ရွှေတောင်-တရုတ်)            ၂၂၅ဝဝ        ၂၂၅ဝဝ                                       ယူရီးယား (ကမ္ဘာလုံး-တရုတ်)              ၂၂၅ဝဝ       ၂၂၅ဝဝ                                       ယူရီးယား (ယူအေအီး-တရုတ်)             ၂၃ဝဝဝ       ၂၃ဝဝဝ                                       ကုလားအုတ် (တရုတ်)                       ၂၂၇ဝဝ      ၂၂၇ဝဝတောင်ကြီး                          ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)        ၂ဝ၅ဝဝ      ၂ဝ၅ဝဝ                                       ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)            ၂၁ဝဝဝ      ၂၁ဝဝဝ                                       ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)       ၂၁ဝဝဝ      ၂၁ဝဝဝ                                       တီစူပါ-(တရုတ်) 12%                         ၉၂ဝဝ       ၉၂ဝဝ                                       တီစူပါ-(တရုတ်) 16%                        ၁ဝ၅ဝဝ      ၁ဝ၅ဝဝ                                      တီစူပါ 15:15:15 (တရုတ်)                   ၃၆၅ဝဝ      ၃၆၅ဝဝ                                      တီစူပါ 10:10:5 (တရုတ်)                     ၁၃၅ဝဝ      ၁၃၅ဝဝ                                      ပိုတက် (တရုတ်)                               ၂ဝ၅ဝဝ        ၂ဝ၅ဝဝ                                      ဓာတ်ဆား (တရုတ်)                            ၁၂၅ဝဝ       ၁၂၅ဝဝမော်လမြိုင်                        ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)           ၂၃၃ဝဝ       ၂၄ဝဝဝ                                      ပုလဲ(သေး)(ရွှေပျား 46% တရုတ်)           ၂၃၃ဝဝ      ၂၄ဝဝဝ                                      ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)       ၂၃၃ဝဝ     ၂၄ဝဝဝ                                     ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15             ၃၈ဝဝဝ     ၃၈ဝဝဝ                                     ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15         ၃၄ဝဝဝ     ၃၄၅ဝဝ                                     ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8               ၃၂ဝဝဝ      ၃၂ဝဝဝ                                     တီစူပါ (တရုတ်) သံကွင်း 46%                  ၃ဝဝဝဝ      ၂၉ဝဝဝ                                    တီစူပါ (တရုတ်) မျှား 46%                       ၂၈၅ဝဝ       ၂၈ဝဝဝ                                    တီစူပါ (တရုတ်) မျှားကမ္ဘာ 16%               ၁၄ဝဝဝ        ၁၄ဝဝဝMIRT (MAPT) 

Sunday, 3 Jul 2011

ဒေါ်လာအညွှန်းကိန်း ကျဆင်းလို့ အိန္ဒိယ ရွှေဈေးကျ               ဂရိနိုင်ငံမှာ ဆန့်ကျင်မှုတွေ ရှိနေတဲ့အတွက် ဂရိနိုင်ငံရဲ့ ေြွကးမြီကိစ္စ ဒုတိယအကြိမ်မြောက် မဲခွဲပြီးဖြစ်လာမဲ့ အလားအလာတွေကြောင့် အိန္ဒိယရွှေ ဈေးကျဆင်းခဲ့ပါတယ်။ နယူးယောက် ဒိုင်COMEX ဌာနခွဲနဲ့ MCX  ဌာနခွဲ တွေမှာ လက်ငင်းပေးချေရမဲ့ ရွှေရဲ့ တန်ဖိုးက သုည ဒသမ ၅ဝ ရာခိုင်နှုန်း နဲ့ ၁ ဒသမ ဝ၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါတယ်။ ဒုတိယအကြိမ် မဲခွဲရာမှာ ဂရိဝန်ကြီးချုပ် အနိုင်ရလိုက် တဲ့အတွက် ယူရိုငွေကြေးတန်ဖိုးတက်မဲ့ အလားအလာကို တွေ့နေရပါတယ်။ ဒါကြောင့် ဒေါ်လာရဲ့ အညွှန်းကိန်းက သုည ဒသမ ၃၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ပါတယ်။               ကမ္ဘာ့ရင်းနှီးမြှုပ်နံှသူတွေရဲ့ ကမ္ဘာ့ ရှယ်ယာတွေအပေါ် ယုံကြည်မှုက လည်း မြင့်မားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အလုပ်လက်မဲ့ ခံစားခွင့်တောင်းဆိုတာကလည်း မြင့်တက် လာလို့ ဒေါ်လာဈေးနှုန်းလည်း ပြိုကွဲ နေပါတယ်။ ကမ္ဘာမှာ ရွှေကိုအများဆုံး လက်ဝယ်သိမ်းဆည်းထားနိုင်တဲ့ SPDR Gold Trust အဖွဲ့က လက်ကျန် အနည်းငယ်ကျဆင်းပြီး ဇွန် ၃ဝ ရက် က ၁၂ဝ၉ ဒသမ ၁၄ တန် ရှိခဲ့ရာမှ ၁၂ဝ၈ ဒသမတန်သာ ရှိခဲ့ပါတယ်။ ရွှေနဲ့ ငွေတို့ရဲ့တန်ဖိုး အချိုးအစား ကလည်း ၄၃ ဒသမ ၄၆ ကနေ ၄၃ ဒသမ ၁၄ ထိ ကျဆင်းခဲ့ပါတယ်။ ဂရိနိုင်ငံမှာ ခြိုးခြံချွေတာရေး အစီ အစဉ်အကောင်အထည်ဖော်ဖို့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ဥပဒေရေးရာ ပုဂ္ဂိုလ် တွေရဲ့ ထောက်ခံမှုအရ ဂရိနိုင်ငံ ဝန်ကြီးချုပ်က အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် Globex  မှာ ရွှေဈေးက ၂ ဒသမ ၁ဝ ဒေါ်လာမြင့်တက်ပြီး တစ်အောင်စကို ၁၅ဝဝ ဒသမ ၇ဝ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။               အမေရိကန်ပြည်ထောင်စုရဲ့ လှည့်လည်ငွေကြေး တိုးမြှင့်ရေး အစီအစဉ် ၂ ( QE 2 ) က ကုန်ဆုံးသွားပြီးဖြစ်ပါ တယ်။ ရလဒ်ကိုတော့ ယခုချိန်ထိ မသိ ရသေးပါ။မည့်သည့်သတင်းမျိုးပဲ ထွက် သည်ဖြစ်စေ ငွေဖြစ်လွယ်မှုကို အခက် အခဲဖြစ်စေနိုင်ရင်တော့ ရွှေဈေးက မြင့်တက်လာမှာ ဖြစ်ပါတယ်။ Source: commodityonline. ဉာဏ်တင်

Pages