Background
ဝက်အရှင်တင်ပို့မှု ပိုမို ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ရိဒ်နယ်စပ်မှ ကျပ် ၅ ဒသမ ၆၉ သန်းတန်ဖိုးရှိ ဝက်အရှင် ၄ ဒသမ ၁၅၄ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ ဒသမ ၄၄တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မူဆယ်နယ်စပ် မှ ကန်ဒေါ်လာ ဝ ဒသမ ၂၁၅ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၇၄ တန် တင်ပို့မှု ရှိခဲ့ပါတယ်။ MIRT (DOBT)
ကုလားပဲဈေး အနည်းငယ်မြင့် ပြည်ဈေးကွက်အတွင်း ယခုတစ်ပတ်မှာ ကုလားပဲဈေး အနည်းငယ်မြင့်တက်လာကြောင်း သိရပါတယ်။ ယခင်တစ် ပတ်က တစ်တင်း ၁၄၈ဝဝ ကျပ်ဖြင့်အရောင်းအဝယ်ရှိရာမှ ယခုတစ်ပတ်တွင် ၁၆၂ဝဝ ကျပ်ဖြင့်ဈေးတက်လာခဲ့တာကို တွေ့ရပါတယ်။ ဒေသအတွင်းမှ အဝင်နည်းလာပြီး အောင်လံဘက်မှ ကုလားပဲအဝင်ရှိခဲ့ပါတယ်။ ခွဲစက်သမားများ ပုံမှန်အဝင်ရှိတဲ့ အတွက် တစ်နေ့အိတ် ၂ဝဝ - ၃ဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
ဈေးမာလာတဲ့ မန်းပဲကြီး မန်းပဲဈေးကွက်သို့ တိုင်းအတွင်းဒေသများမှ ပဲကြီးများ ဆက်လက်အဝင်ရှိနေပြီး ရန်ကုန်ဝယ်လက်နှင့် ဒေသ တွင်းပဲကြော်ဖိုသမားများ အဝယ်ရှိတာကြောင့် တစ်ရက်ကိုအိတ် ၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရပါတယ်။ ဇွန်ပထမပတ် ပဲကြီးတစ်ပိဿာကို အမြင့်ဈေး ၈၃၃ ကျပ်၊ အနိမ့်ဈေး ၈၁၄ ကျပ် ဈေးရှိခဲ့ပြီး၊ ဒုတိယပတ်မှာတော့အမြင့်ဈေး ၉၄၁ ကျပ်၊ အနိမ့်ဈေး ၉ဝ၅ကျပ်ဖြင့်ဈေးမာလာတာတွေ့ရပါတယ်။ ယခုအပတ် မှာတော့အမြင့်ဈေး ၉၉၅ ကျပ် မှအနိမ့်ဈေး ၉၄၁ ကျပ်ဖြင့် ဈေးမြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်လှောင်လက်သမားများမှ ပြန်လည်အဆွဲများလာတာကြောင့် ဈေးမာလာပြီး တင်ပို့မှုအနေနဲ့ ကတော့ ဖေဖော်ဝါရီလမှာ ၃၃ တန်၊ မတ်လမှာ ၆၅၄ တန် အများဆုံးတင်ပို့ခဲ့ပြီး ဧပြီလမှာတော့ ၅၈၂ တန်ခန့်၊ မေလမှာ ၂၆၅တန် တင်နိုင်ခဲ့ပါတယ်။ ယခုဇွန်တတိယပတ်အထိတန် ၂၄၆ ခန့် တင်ပို့ပြီး ဖြစ်ကြောင်းသိရှိရပါတယ် မိုးးမိုးးအေး
ဈေးအပြောင်းအလဲမရှိတဲ့ ဘိုကိတ် ပြည်ဘိုကိတ်ပဲမှာ ယခင်နှစ်က ပိဿာ ၂ဝ တစ်တင်းကို ၂၁၅ဝဝ ကျပ်ဖြင့် ဈေးကောင်းရခဲ့ပြီး ဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များဖြင့် အဝယ်သွက်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ လက်ရွေးသန့်စင်ပြီးသော ဘိုကိတ်ပဲအမျိုးအစားမှာ ၁၂၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်ရက်၌ အိတ် ၅ဝ မှ ၁ဝဝ အတွင်း အရောင်းအဝယ်ဖြစ်ပြီး အရည်အသွေးညံ့သော ဘိုကိတ်ပဲမှာ တစ်တင်းကို ၁၁ဝဝဝ ကျပ်ဖြင့် ၁၅ အိတ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဘိုကိတ်ပဲများကို အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းမရှိသလို အခြားတိုင်းမှ ဝင်ရောက်မှုမရှိဘဲ တိုင်းဒေသကြီးအတွင်းရှိ လက်လီသမားများဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဆုမွန်မွန်ဆွေ
ဈေးအေးအရောင်းအဝယ်အေးတဲ့ မုံရွာမတ်ပဲ မုံရွာကုန်စည်ဒိုင်မတ်ပဲဈေးကွက်မှာ တစ်ပိဿာ ပေါက်ဈေးက ဇွန်လ ၂ ရက်မှာ ၈၆ဝ ကျပ်မှ ဇွန်လ ၁၅ ရက်နေ့မှာ ၇၆ဝ ကျပ်သို့ဈေးအေးပြီး ဇွန်လ ၂၂ ရက်နေ့မှာ ၈ဝဝ ကျပ်သို့ ဈေးလှုပ်လာကြောင်း သိရပါတယ်။ တောင်သူနဲ့ ကုန်သည်များလက်ဝယ် မတ်ပဲလက်ကျန်များနည်းနေပြီး ဈေးအေးလို့အရောင်းအဝယ် အေးနေကြောင်း သိရပါတယ်။ ဒေသတွင်းစားသုံးမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှမတ်ပဲ တင်း ၁ဝဝ နှင့် ၂ဝဝ ကြားပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ စီးထွက်မှုအနေနဲ့ ဇွန်လတတိယ ပတ်အတွင်း မုံရွာမှမန္တလေးသို့ မတ်ပဲတင်း ၁၅ဝ ခန့်စီးထွက်ခဲ့ကြောင်း သိရှိရပါတယ။် သန်းးသန်းးတင်
နို့ဆီတန်ချိန်လေးရာကျော် တင်သွင်းခဲ့ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၄၄၁ ဒသမ ၈ဝ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ လေးသိန်းလေးသောင်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကနေ မှာ ယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး အိုကေတံဆိပ် နို့ဆီများကို မှာယူတင်သွင်းခဲ့ တာဖြစ်ပါတယ်။ နို့စိမ်းက ယခုသီတင်း ပတ်နဲ့ဆိုရင် နှစ်ပတ်ဆက်တိုက် အဝင် မရှိခဲ့ပါဘူး။ နို့ဆီက ယခင်သီတင်းပတ် မှာ အဝင်မရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ ပြန် လည်တင်သွင်းလာတာဖြစ်ပါတယ်။ နို့မှုန့်ကတော့ သြစတြေးလျ၊ နယူး ဇီလန်နဲ့ မလေးရှားနိုင်ငံတို့ဘက်မှ မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုက တန်ချိန် ၇၅ တန် ကျော်သာရှိခဲ့ပြီး ဒီတစ်ပတ်မှာ ၂၃၅ တန် မှာယူတင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်တန်ချိန် တစ်ရာ ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီနို့စိမ်း တင်သွင်းမှုပိုမို ထိုင်း-မြန်မာ နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၁၈၂၅၆ တန်ဖိုးရှိ နို့ဆီ ၂၂ တန်ခန့် (၁၁၄၁ သေတ္တာ)နဲ့ ကန်ဒေါ်လာ ၁၈၂၅၆ တန်ဖိုးရှိ နို့စိမ်း ၁၇၈ တန်ခန့် (၉၃၈၂ သေတ္တာ) ဇွန် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က နို့စိမ်း ၈၅ တန် သာ တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ နို့စိမ်း ၉၂ တန်တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ယခင် အပတ်နည်းတူ နို့မှုန့်တင်သွင်းမှု မရှိခဲ့ ဘူးလို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၇ဝ ၈ဝဝဒွန်း( နို့စိမ်း) ၇ဝဝ ၇၅ဝFalcon နို့ဆီ ၆၅ဝ -Happy Cow(အနီ) ၆ဝဝ -Happy Cow (အပြာ) ၆၅ဝ -အိုကေ( နို့ဆီ) ၆၇ဝ ၇ဝဝအိုကေ( နို့စိမ်း) ၆၇ဝ ၇ဝဝMIRT (DOT)
ဘိလပ်မြေတန်ချိန် တစ်သိန်းငါးသောင်းကျော် ရေကြောင်းလမ်းမှဝင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် တစ်သိန်းငါးသောင်းခြောက်ထောင်ကျော်ကို မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံထုတ် စိန်တံဆိပ်နဲ့ ဆင်တံဆိပ်ဘိလပ်မြေများကို အများဆုံး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က တန်ချိန် တစ်သောင်းတစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့တဲ့ ဘိလပ်မြေ က ဒီတစ်ပတ်မှာ သွင်းအားကောင်းကောင်းနဲ့ တင်သွင်းလာတာတွေ့ရပါတယ်။ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် တစ်သိန်းလေးသောင်းကျော်နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် တစ်သောင်းခြောက်ထောင်ကျော် အသီးသီးမှာယူတင်သွင်းခဲ့တာ တွေ့ရ ပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေပိုမိုတင်သွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တာချီလိတ်၊ မြိတ်နဲ့ ကန်ပိုက်တီးနယ် စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၁၄၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၅၈၃ တန်ကျော်ကို ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၂၃ တန် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင် အပတ်က တာချီလိတ်နယ်စပ်တစ်ခုတည်းကသာ ဘိလပ်မြေ တန် ၉၆ဝ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ မြိတ်နဲ့ ကန်ပိုက်တီးစခန်းများက တင်သွင်းမှုရှိခဲ့ ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၇၁၄ တန်ကျော်၊ မြိတ်မှ ၄၆၉ တန်၊ ကန်ပိုက်တီးမှ တန် ၄ဝဝ အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၃ဝဝ ၆၅ဝဝ ဘိလပ်မြေ (AAA) ၅၇ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၄ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၄ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန ် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(မြို့တော်) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ၆ဝဝဝMIRT (MAPT)
ဓာတ်မြေသြဇာထိုင်းနိုင်ငံမှ အများဆုံးဝင် ပင်လယ်ရေကြောင်းလမ်းကနေ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာ ကာလ အတွင်း ဓါတ်မြေသြဇာတန်ချိန် ၃ဝ၇၉ ဒသမ ၅၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းခြောက်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံမှာ တရုတ်နိုင်ငံမှ ယူရီးယား ဓာတ်မြေသြဇာ တန်ချိန် ၅၆ဝ၊ ဗီယက်နမ်မှ ဓာတ်မြေသြဇာ တန်ချိန် ၆ဝဝ၊ ဘူဂေးရီးယားမှ တန်ချိန် ၂၅ဝ၊ ထိုင်းနိုင်ငံမှ ကောမတ် ဓာတ်မြေသြဇာ တန်ချိန် ၁၃၁၇ ဒသမ ၅ နဲ့ စင်ကာပူနိုင်ငံမှ တန်ချိန် ၃၅၂ ဒသမ ဝ၈ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာ တင်သွင်းမှုက တန်ချိန် ၂၅၄ဝ ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ငါးရာ့သုံးဆယ်ကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၃ဝဝဝ ခန့် တင်သွင်းမှုရှိ မူဆယ်၊ ကော့သောင်း၊ တာချီလိတ်နဲ့ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၂၂၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၉ဝ၉ တန်ကို ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၂၁၇ဝတန်၊ ကော့သောင်းမှ ၄၇၁ တန်၊ ရိဒ်မှ ၂ဝ၁ တန်နဲ့ တာချီလိတ်မှ ၆၆ တန်တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် ၂၆၁၈ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်က ယူရီးယား၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်း၊ နိုက်တြစ်ဖော့စဖိတ် ၊ တီစူပါဖော့စဖိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တာချီလိတ်မှ အမိုးနီးယမ်းနိုက် တြိတ်နဲ့ ရိဒ်နယ်စပ်မှ ပိုတက်ရှ်ဓာတ်မြေသြဇာများ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၂၉၅ဝဝ ၂၈၉ဝဝ ပိုတက် (တရုတ်) ၂၃ဝဝဝ ၂၁၈ဝဝ ယူရီးယား(တရုတ်-ရွှေတောင်) ၂၃၅ဝဝ ၂၂၄ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၃၅ဝဝ ၂၂၄ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၈ဝဝ ၂၁၅ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂၂၃ဝဝ ၂၂ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၅ဝဝဝ ၂၅၅ဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၂၇ဝဝ ၂၂၇ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ် ) ၂ဝ၈ဝဝ ၂ဝ၅ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ၂၁ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁ဝဝဝ ၂၁ဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၂ဝဝ တီစူပါ-(တရုတ်) 16% ၁ဝ၅ဝဝ ၁ဝ၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၆၅ဝဝ ၃၆၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၃၅ဝဝ ပိုတက် (တရုတ်) ၂ဝဝဝဝ ၂ဝ၅ဝဝ ဓာတ်ဆား (တရုတ်) ၁၂၅ဝဝ ၁၂၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝဝဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၈၅ဝဝ ၂၈၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
နို့မှုန့်တစ်မျိုးတည်းသာ တင်သွင်းခဲ့ ဒီသီတင်းပတ်ဖြစ်တဲ့ ဇွန် ၅ ရက်မှ ၁၁ ရက်တာ ကာလအတွင်း နို့ဆီနဲ့ နို့စိမ်းတင်သွင်းခြင်း မရှိခဲ့ပါ။ ယခင် သီတင်းပတ်အဝင်အားကောင်းကောင်း နဲ့တင်သွင်းခဲ့ပြီး ဒီသီတင်းပတ်မှာ အဝင် မရှိခဲ့ပါဘူး။ နို့မှုန့်က ဒီတစ်ပတ်မှာ တန်ချိန် ၇၅ ဒသမ ၈၃ တန် တင်သွင်းခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံမှ ၅ဝ ဒသမ ၄ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၁၈ တန်၊ အီရန်နိုင်ငံမှ ၆ ဒသမ ၅ တန်နဲ့ စင်ကာပူနိုင်ငံမှ သုည ဒသမ ၉၃ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုက ၁၂ တန်ကျော် ရှိခဲ့တာ ကြောင့် ယခုသီတင်းပတ် နို့မှုန့်အဝင်နဲ့ ယှဉ်ရင် ၆ ဆကျော်လောက် ပိုမိုတင် သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့စိမ်းပဲ အသွင်းရှိ ယခုအပတ် ကော့သောင်းနယ်စပ် မှ နို့စိမ်းတစ်မျိုးသာ အသွင်းရှိပြီး ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်းတန်ဖိုးရှိ နို့စိမ်းသေတ္တာ ၄၅ဝဝ (၈၅ ဒသမ ၃၂) တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် သေတ္တာ ၁၅ဝဝ လျော့နည်း တင်သွင်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ နို့စိမ်း ပေါက်ဈေးက နို့စိမ်း ၁ သေတ္တာ ၆၄ဝ ဘတ်နဲ့ ကော့သောင်း ပေါက်ဈေး ၂၇၈၄ဝ ကျပ် ဖြစ်ပါတယ်။ယခုအပတ်နယ်စပ်မှ နို့ဆီနဲ့ နို့မှုန့် တင်သွင်းမှုမရှိဘူးလို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၈ဝ ၈ဝဝဒွန်း( နို့စိမ်း) ၇၃ဝ ၇၅ဝFalcon နို့ဆီ ၆၅ဝ -Happy Cow (အနီ) ၆ဝဝ -Happy Cow (အပြာ) ၆၈ဝ -အိုကေ( နို့ဆီ) ၇ဝဝ ၇ဝဝအိုကေ( နို့စိမ်း) ၇ဝဝ ၇ဝဝMIRT (DOT)
ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတန်ချိန် တစ်သောင်းနှစ်ထောင်နီးပါးဝင် ယခုသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၅ ရက်မှ ၁၁ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၁၉၄ဝ ဒသမ ၁ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဝ၈၉၉ဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ အိန္ဒိယမှ ၂၅ ဒသမ ၁ တန်၊ မလေးရှားနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ ၄၇၆ တန်၊ ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ ၆ဝ၉ တန်၊ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်အပါအဝင် အခြားတံဆိပ် ဘိလပ်မြေအမျိုးမျိုး တန်ချိန် ၁ဝ၈၃ဝ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ခြောက်ထောင့်ကိုးရာကျော်ရှိခဲ့တာကြောင့် ယခု သီတင်းပတ် ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တစ်ဆကျော်ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ ရပါတယ်။ MIRT (DOT) မိုးတွင်းကာလဖြစ်၍ နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့ ယခုအပတ်မှာ တာချီလိတ်နယ်စပ်တစ်ခုတည်းကသာ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်းတန်ဖိုးရှိ ဘိလပ်မြေတန် ၉၆ဝ အသွင်းရှိပါတယ်။ ယခင်အပတ်က တာချီလိတ်မှ တန် ၁၁ဝဝကျော်နဲ့ မောင်တောမှ တန် ၇ဝ အသွင်းရှိခဲ့တာမို့ ယခု အပတ်မှာ တန် ၂၂ဝ ကျော်တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ မိုးတွင်းကာလဖြစ် တဲ့အတွက် သယ်ယူပို့ဆောင်ရာတွင် ခက်ခဲခြင်းကြောင့်နဲ့ ဆောက်လုပ်ရေးလုပ်ငန်း အချို့ နားသဖြင့် ဘိလပ်မြေအသွင်းလျော့ခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၇ဝဝ ၆၃ဝဝ ဘိလပ်မြေ (AAA) ၅၇ဝဝ ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၄ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၃ဝဝ ၅၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(မြို့တော်) - ၅၈ဝဝ - ဘိလပ်မြေ(ကျားခေါင်း) ၆၁ဝဝ ၅၉ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ၆ဝဝဝ MIRT (MAPT)