Background
မှန်မှန်လေးလေး မုံရွာ V2 ဈး မေလ လကုန်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2 အနေနဲ့ ရန်ကုန်အဝယ်ပေါ်မူတည်ကာ ဖြည်းဖြည်းမှန်မှန် အရောင်းအဝယ်ဖြစ်နေပြီး ကျန်ထိုင်ဝမ်၊ 929 နဲ့ ကုလားပဲရိုးရိုး ကတော့ ပြည်တွင်းနဲ့ ဒေသခံစက်သမားအဆွဲ ပုံမှန်ရှိလို့ ခပ်လေးလေး အရောင်းအဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်းရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးပေါက်ဈေးတွေကို လေ့လာတဲ့အခါ V2 တစ် တင်း ကျပ် ၁၇၃ဝဝ မှ ၁၇၈ဝဝ၊ ထိုင်ဝမ် တစ်တင်း ကျပ် ၁၅၂ဝဝ မှ ကျပ် ၁၅၅ဝဝ ၊ 929 တစ်တင်း ကျပ် ၁၅ဝဝဝ မှ ကျပ် ၁၅၂ဝဝ နဲ့ ကုလားပဲရိုးရိုးတစ်တင်း ကျပ် ၁၄၂ဝဝ အသီးသီး ကျဈေးဖြစ်ပေါ် နေတာ တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်မတန့်သေးလို့ မုံရွာ ကုန်စည်ဒိုင် လကုန်ပတ်မှာ တစ်ရက် တင်း ၁ဝဝဝ ခန့် မှန်မှန်လေး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ကုလားပဲများအနေနဲ့လည်း တစ်ရက် အိတ် ၁ဝဝဝ ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည် ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်
ပြည်ထောပတ်ပဲ ဈေးငြိမ်နေ ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်အတွင်း ထောပတ်ပဲများဝင်ရောက်မှု တစ်စတစ်စ နည်းလာခဲ့ပါတယ်။ အဝင်နည်းပေမယ့် လက်ကျန်ပဲများဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ကြပါတယ်။ ထောပတ်ပဲမှာ ပဲပေါ်စအချိန်တွင် တစ်တင်း ကျပ် ၂၁ဝဝဝဖြင့် ဈေးစဖွင့် ခဲ့ကြပြီး ပဲလှိုင်လှိုင်ပေါ်သည့်အချိန်မှစ၍ ပဲဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းခဲ့ပါတယ်။ လက်လီသမားများဖြင့်သာ ရောင်းဝယ်လျက်ရှိကြပြီး မေလနောက်ဆုံးပတ်မှစ၍ ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ပြီး တစ်တင်း ကျပ် ၁၅ဝဝဝ ဖြင့် ဈေးပြန်မြင့်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း၌လည်း ၎င်းဈေးအတိုင်း ရောင်းဝယ်ခဲ့ကြပြီး ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့ရက်များမှာ အိတ် ၁ဝဝ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
နို့စိမ်း ၂၄၇ တန် ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ မေ ၂၂ရက်မှ ၂၈ ရက်တာကာလ အတွင်း နို့စိမ်းတန်ချိန် ၂၄၇ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန် သွယ်ဖက်နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းနို့စိမ်း တစ်မျိုးတည်းကိုသာ မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် က နို့စိမ်း တင်သွင်းခြင်းမရှိဘဲ ဒီတစ်ပတ်မှာသာ မှာယူတင်သွင်းခဲ့တာ ဖြစ် ပါတယ်။ ယခင်တစ်ပတ်က နို့ဆီတန်ချိန် လေးရာကျော် တင်သွင်းခဲ့ပြီး ဒီသီတင်း ပတ်မှာတော့ နို့ဆီတင်သွင်းခြင်း မရှိခဲ့ ပါဘူး။ ယခင်သီတင်းပတ်က ၁၃၅ တန် ကျော် တင်သွင်းခဲ့တဲ့နို့မှုန့်က ဒီတစ်ပတ် မှာ ၈ တန်ကျော်သာတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေ ကတော့ သြစတြေးလျ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်အဝင်သာခဲ့တဲ့ နို့မှုန့် က ဒီသီတင်းပတ်မှာ အဝင်လျော့ခဲ့ပါ တယ်။MIRT (DOT) ယခုအပတ်နယ်စပ် နို့စိမ်းတင်သွင်းမှုပို မေ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း ကော့သောင်းနယ်စပ်မှ နို့ဆီနဲ့ နို့စိမ်းအသွင်းရှိသလို မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်းမှု ရှိခဲ့ပါတယ်။ ကန် ဒေါ်လာ ဝ ဒသမ ၃၄၃သန်း တန်ဖိုး ရှိ နို့စိမ်း ၃၈၃ တန် ၂ဝ၂ဝဝ သေတ္တာနဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၄၅သန်းတန်ဖိုး ရှိ နို့ဆီ ၅၃ တန် ၂၈ဝဝသေတ္တာ တင် သွင်းမှုရှိခဲ့ရာ ယခင်အပတ်ကထက် နို့စိမ်း ၁၄၆ တန် တင်သွင်းမှု ပိုမိုခဲ့ပေမဲ့ နို့ဆီတင်သွင်းမှုမှာတော့ ယခင်အပတ် ကထက် ၃၂ တန်ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ မူဆယ်က ကန်ဒေါ်လာ ဝ ဒသမ ဝ၉၁ သန်း တန်ဖိုးရှိ နို့မှုန့် ၃၂တန် တင် သွင်းခဲ့ပြီး ယခင်အပတ်က တင်သွင်းမှု ထက် ၁ တန်ကျော် လျော့နည်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow (အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
ပင်လယ်ရေကြောင်းလမ်းမှ ဘိလပ်မြေတန်ချိန် သုံးသောင်းနီးပါးတင်သွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မေလ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၉၉၂၅ ဒသမ ၄ဝ တန်ကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက မလေးရှားနိုင်ငံမှ BLUE LION ဘိလပ်မြေ ၄၁ဝဝ တန်၊ ထိုင်းနိုင်ငံမှ စိန်တံဆိပ် ဘိလပ်မြေ တန်ချိန် ၁၃၄ဝဝ ၊ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၂၂ဝ၃နဲ့ အခြားဘိလပ်မြေ တန်ချိန် ၂၂၂ ဒသမ ၄ဝ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် နှစ်သောင်း ကျော်သာရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တန်ချိန် ကိုးထောင်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်မှလည်း ဘိလပ်မြေ တင်သွင်းမှုပို မေ ၂၅ ရက် မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ်၊ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၄၆၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၅၃၆ တန် ယခုအပတ် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်များမှ ၂၁၁၄ တန် တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၂၄ဝဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ် နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ်မှ ၃၅ တန်၊ ကန်ပိုက်တီးမှ တန် ၂ဝဝဝ၊ တာချီလိတ်မှ ၁၅၈၈ ဒသမ ၅တန်နဲ့ မြိတ်မှ ၉၁၃တန် အသီး သီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၇ဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၉ဝဝ ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(မြို့တော်) ၅၉ဝဝ ၅၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၆ဝဝဝ ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၇ဝဝ ၄၇ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၅၅ဝ ၅၆၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ(ဆင်မြန်မာ) ၆၅ဝဝ ၆၅ဝဝMIRT (MAPT)
ဒီသီတင်းပတ်ယူရီးယားနဲ့ ကွန်ပေါင်းမြေသြဇာများတင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ မေလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၁၁၂၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနှစ်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေဆီ ၆၂၇တန်၊ မလေးရှားနိုင်ငံမှ ယူရီး ယားတန်ချိန် ၂ဝဝနဲ့ ကွန်ပေါင်းဓာတ်မြေသြဇာ တန်ချိန် ၃ဝဝ ဖြစ်ပါတယ်။ ယခင် သီတင်းပတ်ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ငါးထောင့်သုံးရာကျော်ရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာအဝင်နဲ့ယှဉ်ရင် လေးဆနီးပါး လျော့နည်းခဲ့ တာ တွေ့ရပါတယ်။ MIRT (DOT) မူဆယ်နဲ့ ရိဒ်မှ ဓာတ်မြေသြဇာ တန် ၁၅၅ဝဝ ကျော် အသွင်းရှိ မေ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ်နဲ့ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ကန်ဒေါ်လာ ၃ ဒသမ ၃၈၃ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ တန် ၁၅၅၄ဝ ကျော် တင်သွင်းခဲ့ပါတယ်။ မူဆယ်မှ တန် ၁၅၃ဝဝ ကျော်နဲ့ ရိဒ်မှ ၂၄၂ တန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ယခင်အပတ်က မူဆယ်၊ တာချီလိတ်၊ ရိဒ်နဲ့ ကော့သောင်းနယ်စပ်များမှ တန် ၁၇၄ဝဝ ကျော်တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန် ၂၁ဝဝ ကျော် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်တွေကနေ ယခုအပတ်မှာ တင်သွင်းမှု မရှိခဲ့တဲ့အပြင် မူဆယ်နဲ့ ရိဒ်နယ်စပ်မှ တင်သွင်းမှုတွေကလည်း ယခင်အပတ်ကထက် လျော့နည်းခဲ့တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် တင်သွင်းမှု လျော့နည်းရခြင်းဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများ ဆုံးတင်သွင်းတဲ့ ဓာတ်မြေ သြဇာတွေက ယူရီးယား၊ နိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်း (NPK)၊ တြိုင်စူပါ ဖော့စဖိတ်နဲ့ စင်ဂဲလ်စူပါဖော့စဖိတ်တို့ဖြစ်ပြီး ရိဒ်မှ ပိုတက်ရှ် ဓာတ်မြေသြဇာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၂၇၈ဝဝ ၂၉ဝဝဝ ပိုတက် (တရုတ်) ၂၂ဝဝဝ ၂၃၅ဝဝ ယူရီးယား(တရုတ်-ရွှေတောင်) ၂၂၆ဝဝ ၂၃၅ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၄ဝဝ ၂၂၄ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁ဝဝဝ ၂ဝ၃ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂၁ဝဝဝ ၂ဝ၄ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၉ဝဝဝ ၃၉ဝဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၆ဝဝဝ ၂၅၅ဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၂၇ဝဝ ၂၂၇ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၅ဝဝ ၂၁၈ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ၂၂ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁ဝဝဝ ၂၂ဝဝဝ တီစူပါ-(တရုတ်) 12% ၁ဝဝဝဝ ၁၁ဝဝဝ တီစူပါ-(တရုတ်) 16% ၁ဝဝဝဝ ၁၂ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၆၅ဝဝ ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၅၅ဝဝ ပိုတက် (တရုတ်) ၂ဝ၅ဝဝ ၂၂ဝဝဝ ဓာတ်ဆား (တရုတ်) ၁၂၅ဝဝ ၁၈ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝဝဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၈၅ဝဝ ၂၈၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
နို့ဆီတန်ချိန်လေးရာကျော်တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း နို့ဆီ၊ နို့စိမ်း တန်ချိန် ၄၄၃တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုက နေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းတံဆိပ်နဲ့ အိုကေတံဆိပ်တို့ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နို့စိမ်းတင်သွင်းခြင်း မရှိ ခဲ့ပါဘူး။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် ၁၅ဝ နီးပါးရှိခဲ့ပြီး ဒီသီတင်းပတ်အဝင်နဲ့ယှဉ်ရင် သုံးဆကျော် လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ နို့မှုန့်အနေနဲ့ ဒီတစ်ပတ်မှာ သြစတြေးလျ၊ နယူးဇီလန်နဲ့ ထိုင်းနိုင်ငံတို့ ဘက်မှ တင်သွင်းလာတာ တွေ့ရပါ တယ်။ ဒီသီတင်းပတ်မှာ ၁၃၅ တန် ကျော်တင်သွင်းနိုင်ခဲ့ပြီး ယခင်သီတင်း ပတ် ၃၆ ကျော်တန်သာ တင်သွင်းနိုင်ခဲ့ တဲ့အတွက် ဒီတစ်ပတ်မှာ ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် မေ ၁၈ ရက်မှ ၂၄ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၇၂ဝဝဝ တန်ဖိုးရှိနို့ဆီသေတ္တာ ၄၅ဝဝ (၈၅ ဒသမ ၃၂ တန်)နဲ့ ကန်ဒေါ်လာ ၂၁၂၅ဝဝ တန်ဖိုးရှိ နို့စိမ်း ၁၂၅ဝဝ သေတ္တာ(၂၃၇တန်) တင်သွင်း မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီသေတ္တာ ၃၈ဝဝနဲ့ နို့စိမ်းသေတ္တာ ၁၁၅ဝဝ ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၉၄၉၂၆ တန်ဖိုးရှိ နို့မှုန့် ၃၃ ဒသမ ၃၄ တန် တင်သွင်းမှုရှိခဲ့ပါ တယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow(အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
ပင်လယ်ရေကြောင်းမှ ဘိလပ်မြေ တန်ချိန် နှစ်သောင်းကျော်တင်သွင်း ယခုသီတင်းပတ်ဖြစ်တဲ့ မေ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၂ဝ၂၂၉ ဒသမ ၇ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခုနစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ မှာယူတင်သွင်း ဖြန့်ဖြူးခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေက ထိုင်းနိုင်ငံမှ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၆၇ဝဝ၊ ဆင်တံဆိပ် ဘိလပ်မြေ ၁၂၈၉၇ ဒသမ ၂ဝတန်နဲ့ ပါကစ္စတန်နိုင်ငံဘက်မှ ဆင်တံဆိပ် ဘိလပ်မြေ ၆၃၂ ဒသမ ၅ဝ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ခုနစ်ထောင်ကျော် ရှိခဲ့တဲ့အတွက် ယခု သီတင်းပတ် ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် ၃ ဆကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်စခန်းများမှ ဘိလပ်မြေ တန် ၉၃ဝဝ နီးပါး တင်သွင်း ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်၊ မူဆယ်စခန်းများမှ ကန်ဒေါ်လာ ၁ဒသမ ဝ၉၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၉၂၉၄ တန်ကျော် မေ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၅၉၇ တန် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းမှုတွေကတော့ ကန်ပိုက်တီးနယ်စပ်မှ ၇၁၈ဝ တန်၊ တာချီလိတ်မှ ၁၃၅၃ တန်၊ မြိတ်မှ ၇၃၁ တန်နဲ့ မူဆယ်မှ တန် ၃ဝ တင်သွင်းခဲ့ပါတယ်။ ဧပြီလမှ မေ ၂၄ ရက်ထိ နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှုမှာ ၂၈၃၂၆ တန်ရှိနေပြီဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉ဝဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) - ၄၆ဝဝ -မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၉ဝဝ ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(မြို့တော်) ၅၉ဝဝ ၅၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) - ၆ဝဝဝ -မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၂၅ဝ ၅၇၅ဝ ဘိလပ်မြေ(စိန်)ထိုင်း - ၅၅၅ဝ -မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၆၅ဝ ၆၅ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ(ဆင်မြန်မာ) ၆၆ဝဝ ၆၅ဝဝMIRT (MAPT)
ဓာတ်မြေသြဇာတန်ချိန် ငါးထောင်ကျော် ပင်လယ်ရေကြောင်းက တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ မေလ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၅၃၆၇ ဒသမ ၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့် လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဘူဂေးရီးယားမှ ကွန်ပေါင်းမြေသြဇာ ၇၂၅ တန်၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာနဲ့ ဖော့စဖိတ်မြေသြဇာ ၁၅၇၅ တန်၊ ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာ ၆၇၂ ဒသမ ၁ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာနဲ့ သြဂဲနစ်မြေသြဇာ တန်ချိန် ၂၃၉၅ ဒသမ ၅ တန်ဖြစ်ပါတယ်။ မေပထမ ပတ်အတွင်း တန်ချိန် တစ်ထောင်ကျော်သာ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာက ဒုတိယပတ်မှာ အဝင်ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ မေပထမအတွင်း တန်ချိန်တစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ လေးဆကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ ၁၇၄ဝဝ တန်ကျော် တင်သွင်း မူဆယ်၊ ရိဒ်၊ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၆၂၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၇၄ဝ၈ တန်ကျော်ကို မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ၁၆၉၇၇ တန်၊ ရိဒ်မှ ၃၅၁ တန်၊ ကော့သောင်းမှ ၄၇တန်နဲ့ တာချီလိတ်မှ ၃၃တန် အသီး သီး ယခုအပတ်တွင်းမှာ တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က ၂၂၆၈၉ တန်ကျော် တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ၅၂၈၉ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေက ယူရီးယားကွန် ပေါင်း၊ အမိုးနီးယမ်းနိုက်တြိတ်၊ နိုက်တြိတ်ဖော့စဖိတ်နဲ့ စင်ဂဲလ်စူပါဖော့စဖိတ်တို့ဖြစ် ပါတယ်။ ရိဒ်မှ ပိုတက်ရှ်၊ တာချီလိတ်မှ အမိုးနီးယမ်းနိုက်တြိတ်နဲ့ ကော့သောင်းမှ ကွန်ပေါင်းတို့ ဖြစ်ကြပါတယ်။ ဧပြီလမှ မေ ၂၄ ရက်ထိ ဓာတ်မြေသြဇာတင်သွင်း ထားမှုမှာ ၆၂၇၉ဝ တန်ရှိနေပြီ ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၂၈၅ဝဝ ၂၇၈ဝဝ ပိုတက် (တရုတ်) ၂၃၅ဝဝ ၂၂ဝဝဝ ယူရီးယား(တရုတ်-ရွှေတောင်) ၂၃၅ဝဝ ၂၂၆ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၃ဝဝဝ ၂၂၄ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၉ဝဝ ၂၁ဝဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၉ဝဝ ၂၁ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝ ၃၉ဝဝဝ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) - ၂၆ဝဝဝ -တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၃ဝဝ ၂၂၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၃ဝဝ ၂၂၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၃ဝဝဝ ၂၂၇ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ၂ဝ၅ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ၂၁ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂ဝ၅ဝဝ ၂၁ဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၁ဝဝဝဝ တီစူပါ-(တရုတ်) 16% ၁ဝဝဝဝ ၁ဝဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၆ဝဝဝ ၃၆၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃၅ဝဝ ၁၃ဝဝဝ ပိုတက် (တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ ဓာတ်ဆား (တရုတ်) ၁၃၅ဝဝ ၁၂၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၇၅ဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၆ဝဝဝ ၂၈၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
ပခုက္ကူ ကုလားပဲဈေးကွက် ရှုခင်း ပခုက္ကူ၊ ရေစကြိုတစ်ဝိုက် စိုက်ပျိုးထွက်ရှိတဲ့ ကုလားပဲဖြူလုံးကြီးတွေ ဈေးခိုင်မာမှုရှိတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ် အတော်အသင့်ဖြစ်ကြပါတယ်။ ပြည်ပဝယ်လက်၊ ပြည်တွင်းလှောင်လက်နဲ့ ပဲခွဲစက်ဝယ်လက်များကြောင့် ယနေ့တစ်တင်းကို ကျပ် ၁၉၂ဝဝ ပေါက်ပါတယ်။ နယ်တွေမှာ သိပ်မကျန် တော့ဘူးလို့ သိရပါတယ်။ ပဲပွဲရုံမှာ စေ့စေ့ပေါက်ပေါက်ဝင်ကြည့်မှ V2 လို အလုံးမပြောင်ဘဲ အလုံးထွားပြီး အတွန့်အရှုံ့ တွေများတဲ့ V6 ၊ V7 ၊ အလုံးကြီးပေမဲ့ အတွန့်အရှုံ့မရှိဘဲ ပြောင်ချောတဲ့ V3 တွေကိုလည်း V2 ပေါက်ဈေးထက် ကျပ် ၃ဝဝ ပိုတဲ့ ဈေးနဲ့တွေ့ရပါတယ်။ ကုလားပဲချင်းအတူတူ ပြည်တွင်းမှာ ပိုအစားများတဲ့ ဟော်လန်ကုလားပဲ ဝါကြီးကတော့ တစ်တင်းကို ကျပ် ၁၅၆ဝဝ မှာ အိပ်နေတုန်းပါပဲ။ မောင်မောင်အေး
သြင်္ကန်အပြီး ဈေးလှုပ်လာတဲ့စစ်ကိုင်းကုလားပဲဖြူလုံးကြီး V2 ၂ဝ၁၁ ခုနှစ် မေလ ပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်အကောင်းဆုံး သီးနံှမှာ ကုလားပဲဖြူလုံးကြီး V2 ဖြစ်ပါတယ်။ ရန်ကုန်အိတ်စပို့ဝယ်လက်ရှိလို့ အရောင်းအဝယ်သွက်ပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ V2 တင်း ၁၅ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ သြင်္ကန်မတိုင်မီ ၉၁၁ ကျပ်- ၉၈၉ ကျပ်မှ သြင်္ကန်အပြီး မေ ၃ ရက်ထိ ၉၇၄ ကျပ်-၁ဝဝ၅ ကျပ်သို့ ဈေးအနည်းငယ် လှုပ် လာကြောင်း သိရပါတယ်။ ယခုလ ပထမပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ V2 တင်း ၁၅ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။