Main menu

Background

Sunday, 7 Aug 2011

DAWN နဲ့ MARIGOLDတံဆိပ် နို့ဆီများ တင်သွင်း                  ဇူလိုင်လ နောက်ဆုံးပတ်ဖြစ်တဲ့ ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၈၇၄ ဒသမ ၆၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း မှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာ တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး DAWN တံဆိပ်နဲ့ MARIGOLD  တံဆိပ်နို့ဆီများဖြစ်ပါတယ်။ ယခင်သီ တင်းပတ်နို့ဆီအဝင်မှာ တန်ချိန် နှစ်ရာ့ ငါးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်နို့ဆီအဝင်တန်ချိန်နဲ့ယှဉ်ရင် နှစ်ဆ ကျော်လောက ် ပိုမိုတင်သွင်းနိုင်ခဲ့ပါ တယ်။ ဒီသီတင်းပတ်မှာ နို့စိမ်းက တင် သွင်းခြင်းမရှိခဲ့ပါဘူး။ ဇူလိုင်လတစ်လရဲ့ နို့ဆီအဝင်တန်ချိန် စုစုပေါင်းမှာ ၁၇၃၅ ဒသမ ၆၄ တန်ရှိခဲ့ပြီး၊ ဇွန်လရဲ့ နို့ဆီ အဝင်စုစုပေါင်းမှာ တန်ချိန် ၁၅ဝ၄ ဒသမ ၂၈ တန်ရှိခဲ့တာကြောင့် ဇူလိုင်လ မှာ တန်ချိန် နှစ်ရာ့သုံးဆယ်ကျော် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နို့စိမ်း တင်သွင်း မှုမှာ ဇူလိုင်လမှာ တန်ချိန် သုံးရာ့ ခြောက်ဆယ်ကျော်ရှိခဲ့ပြီး ဇွန်လမှာ ခြောက်ရာ့ခြောက်ဆယ်ကျော် ရှိခဲ့တာ ကြောင့်ဇူလိုင်လမှာအဝင်တစ်ဆလောက် လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ နို့မှုန့်က ဒီသီတင်းပတ်မှာ နယူးဇီ လန်နဲ့ မလေးရှားနိုင်ငံတို့မှ တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ်မှာ ၁၅ တန် နီးပါးတင်သွင်းခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ တော့ ၇၅ တန်နီးပါးတင်သွင်းနိုင်ခဲ့တာ ကြောင့် ဒီသီတင်းပတ်မှာ နို့မှုန့်အဝင် ပို့ခဲ့ပါတယ်။ MIRT (DOT)  မူဆယ်နယ်စပ်မှ နို့မှုန့်အသွင်းရှိ                   ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက် ထိကာလအတွင်း ကော့သောင်းနယ်စပ် မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၂ သန်း တန်ဖိုးရှိ နို့ဆီ ၆၈တန်(၃၆ဝဝ သေတ္တာ) နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၂ သန်း တန်ဖိုးရှိ နို့စိမ်း ၂ဝ၇ တန် (၁ဝ၉ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီ ၉တန်(၄၅၉သေတ္တာ) လျော့နည်း တင်သွင်းခဲ့သော်လည်း နို့စိမ်း ၁၂၂ တန် (၆၄ဝဝ သေတ္တာ) တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်စခန်း များမှ ဇူလိုင်လမှာ နို့ဆီ ၂၉၅ တန်ခန့် (၁၅၅၄၆ သေတ္တာ)နဲ့ နို့စိမ်း ၅၂၅ တန် ကျော် (၂၇၇ဝဝ သေတ္တာ) တင်သွင်း ထားပြီးဖြစ်ပါတယ်။ နို့ဆီ ၁ သေတ္တာ ကို တစ်ဖက်နိုင်ငံပေါက်ဈေး ၆၂ဝ ဘတ် (၂၁ ဒေါ်လာခန့်) နဲ့ နို့စိမ်း ၁ သေတ္တာ ကို ၆၄ဝ ဘတ် (၂၂ ဒေါ်လာခန့်) ဈေး ပေါက်လျက်ရှိပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံမှ ကန်ဒေါ်လာ ဝဒသမ ဝ၉၄ သန်းတန်ဖိုးရှိတဲ့ နို့မှုန့် ၃၃ တန်ကျော် ယခုအပတ်မှာ အသွင်းရှိခဲ့ပြီး ယခင် အပတ်ကထက် ၂ တန်ကျော် ပိုမိုတင် သွင်းခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံး မူဆယ်နယ်စပ်မှ နို့မှုန့် ၁၁၅တန်အသွင်း ရှိခဲ့ပြီး ယခင်နှစ်ကာလတူမှာ ၇၅ တန် ခန့်သာ အသွင်းရှိခဲ့တာမို့ ယခုနှစ်မှာ တန် ၄ဝ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT)

Sunday, 7 Aug 2011

ဘိလပ်မြေတန်ချိန် လေးသောင်းကျော်တင်သွင်း                  ဇူလိုင်နောက်ဆုံးပတ်မှာတော့ ဘိလပ်မြေတန်ချိန် ၄ဝ၉၁၉ ဒသမ ၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ် မြေတန်ချိန် ၃၁ဝ၁၉ ဒသမ ၆ဝ တန်နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၉၉ဝဝ ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်သောင်းကျော်သာ တင်သွင်း ခဲ့တဲ့ ဘိလပ်မြေက ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် ၃ ဆကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဇူလိုင်လ တစ်လရဲ့ ဘိလပ်မြေအဝင်ကို ကြည့်မယ်ဆို ရင် တန်ချိန်စုစုပေါင်း တစ်သိန်းလေးသောင်းကျော်တင်သွင်းနိုင်ခဲ့ပြီး ဇွန်လရဲ့ ဘိလပ် မြေအဝင်စုစုပေါင်းမှာ တန်ချိန် နှစ်သိန်းကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ ဇွန်လ ထက် ဘိလပ်မြေအဝင်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၂၅၆ဝ ကျော် ယခုအပတ်မှာအသွင်းရှိ                     ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိကာလအတွင်း ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်နဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၂၅၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၅၆၆ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ၆၃၈ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ စခန်းအလိုက် တင်သွင်းမှုများ ကတော့ ကန်ပိုက်တီးမှ ၁၄၃၂ တန်၊ တာချီလိတ်မှ ၈၄၃ တန်ခန့်၊ မြိတ်မှ ၁၃၈ တန်ကျော်နဲ့ မောင်တောမှ ၁၅၃ တန်ဖြစ်ပါတယ်။ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင်တောစခန်းများမှတင်သွင်းမှုဟာ ယခင်အပတ်က တင်သွင်းမှုထက် ၄၇၅တန် ပိုမိုခဲ့သော်လည်း မြိတ်နယ်စပ်မှ ၁ဝ၉၉ တန် လျော့နည်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်မှ ဇူလိုင်လအတွင်း ဘိလပ်မြေတန် ၁၃၃ဝဝ ကျော် တင်သွင်းထားပြီးဖြစ် ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/                       အမျိုးအစား         ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                         ယခင်အပတ်  ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး           ဘိလပ်မြေ(ဆင်)ထိုင်း         ၄၈၅ဝ     ၄၈၅ဝ(လက်ကား)                      ဘိလပ်မြေ (စိန်)                ၄၇၅ဝ     ၄၇၅ဝ                                    ဘိလပ်မြေ (မောင်းတိန်း)      ၄၇ဝဝ     ၄၇ဝဝမန္တလေးတိုင်းဒေသကြီး         ဘိလပ်မြေ(ဆင်)ထိုင်း          ၆၄ဝဝ     ၆၄ဝဝ                                    ဘိလပ်မြေ (AAA)              ၅၅ဝဝ     ၅၅ဝဝ                                    ဘိလပ်မြေ(မြန်မာဆင်)         ၅၃ဝဝ     ၅၃ဝဝ                                    ဘိလပ်မြေ(ဆင်မင်း)           ၄၇ဝဝ     ၄၇ဝဝ                                    ဘိလပ်မြေ(ကျားခေါင်း)        ၅၂ဝဝ     ၅၂ဝဝ                                   ဘိလပ်မြေ(မြင်းခေါင်း)         ၅ဝဝဝ      ၅ဝဝဝတောင်ငူ                         ဘိလပ်မြေ(ကြံ့)ထိုင်း            ၆၅ဝဝ     ၆၅ဝဝ                                   ဘိလပ်မြေ(ဆင်)ထိုင်း         ၆၈ဝဝ       ၆၈ဝဝ                                   ဘိလပ်မြေ(မြင်းခေါင်း)         ၅၃ဝဝ     ၅၃ဝဝ                                   ဘိလပ်မြေ(Lucky)ပါကစ္စတန်  ၆၂ဝဝ     ၆၂ဝဝတောင်ကြီး                      ဘိလပ်မြေ(စိန်)ထိုင်း            ၆၅ဝဝ     ၆၃ဝဝ                                  ဘိလပ်မြေ(ခြင်္သေ့)               ၅၅ဝဝ     ၅၄ဝဝ                                  ဘိလပ်မြေ(ကျားခေါင်း)          ၅၉ဝဝ     ၅၉ဝဝမော်လမြိုင်                     ဘိလပ်မြေ(ဆင်)ထိုင်း             ၅၅ဝဝ     ၅၁၅ဝ                                  ဘိလပ်မြေ(ကြံ့)မြိုင်ကလေး      ၄၁၅ဝ     ၃၈ဝဝ                                  ဘိလပ်မြေ(စိန်)ထိုင်း             ၅၃ဝဝ     ၅၃ဝဝမကွေးတိုင်းဒေသကြီး         ဘိလပ်မြေ(ဆင်)ထိုင်း            ၆၄ဝဝ     ၆၄ဝဝ                                 ဘိလပ်မြေ(မြင်းခေါင်း)            ၅၅ဝဝ     ၅၅ဝဝ                                 ဘိလပ်မြေ(ကြံ့)ထိုင်း              ၆ဝဝဝ     ၆ဝဝဝMIRT (MAPT)

Sunday, 7 Aug 2011

ထိုင်း၊ စင်ကာပူနဲ့ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာများတင်သွင်း                    ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၂၃၂ ဒသမ ဝ၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခုနစ်သောင်းကျော်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာမှာ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၁၁၇၆ တန်၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၅ဝ တန်နဲ့ စင်ကာပူနိုင်ငံမှ မြေသြဇာတန်ချိန် ၆ ဒသမ ဝ၉ တန် အသီးသီး မှာယူတင်သွင်း ခဲ့ပါတယ်။                       ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ရှစ်ရာကျော်သာ ရှိခဲ့တာကြောင့် ဒီသီတင်းပတ်အဝင် နဲ့ယှဉ်ရင် ၁ ဆခွဲလောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဇူလိုင်လတစ်လရဲ့ ဓာတ်မြေသြဇာအဝင် တန်ချိန် စုစုပေါင်းမှာ ၄၅၄ဝ ဒသမ ၂၉ တန်ရှိခဲ့ပြီး ဇွန်လရဲ့ ဓာတ်မြေသြဇာအဝင်တန်ချိန် စုစုပေါင်းမှာ ၉၉၃၆ ဒသမ ၅၈ ရှိခဲ့တာကြောင့် ဇူလိုင်လမှာ အဝင်ထက်ဝက်ကျော်လျော့နည်းပြီး တင် သွင်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၈ဝဝဝ ကျော် အသွင်းရှိ                     နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ရိဒ်၊ မောင်တော၊ စစ်တွေ၊ ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၆၈၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၈ဝ၃၇ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ ၁၇၁၉၆တန်၊ ရိဒ်မှ ၂၁၆ တန်ကျော်၊ မောင်တော မှ ၁၃၉ တန်ကျော်၊ စစ်တွေမှ ၅၆ တန်၊ ကော့သောင်းမှ ၄၁၂ ဒသမ ၅ တန်နဲ့ တာချီလိတ်မှ ၁၆ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၂၅၇ တန် ပိုမိုတင်သွင်းမှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁ဝး၁ဝး၅)၊ တီစူပါ ဖော့စဖိတ်၊ ကွန်ပေါင်း (၁၅ ပတ်လည်) ၊ ကွန်ပေါင်း (၁၅း၅း၅) တို့ပဲဖြစ်ပါတယ်။ မောင်တောမှ ယူရီးယား ၊ ရိဒ်မှ ပိုတက်ရှ်၊ တာချီလိတ်မှ အမိုနီယမ်းနိုက်ထြိတ်၊ ကော့သောင်းနဲ့ စစ်တွေမှ ယူရီးယားတို့ တင်သွင်းလျက်ရှိကြပါတယ်။ ဇူလိုင်လအတွင်း နယ်စပ် စခန်းများမှ ဓာတ်မြေသြဇာ ၈ဝ၅၆၈ တန်ခန့် တင်သွင်းထားပြီးဖြစ်ပါတယ်။ ယခင် နှစ်ကာလတူမှာ ၁၃ဝ၉၃ တန်သာ အသွင်းရှိခဲ့တဲ့အတွက် ယခုနှစ်မှာ တန် ၆၇၄၇၅ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်  တိုင်းဒေသကြီး/ပြည်နယ်              အမျိုးအစား                            ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                                      ယခင်အပတ်  ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်)                         ပိုတက် (တရုတ်)                             -        ၃၂၅ဝဝ     -                                      ယူရီးယား(နေရွက်လှေ-တရုတ်)         ၂၄ဝဝဝ     ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး           ယူရီးယား(တရုတ်-ရွှေတောင်)           ၂၁၇ဝဝ     ၂၁၇ဝဝ                                     အာမို (ဒိုင်းမွန်းစတား)                     ၃၈၅ဝဝ     ၃၈၅ဝဝ                                    ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်)           ၂၅ဝဝဝ     ၂၅ဝဝဝတောင်ငူ                          ယူရီးယား (ရွှေတောင်-တရုတ်)           ၂၃၅ဝဝ     ၂၃၅ဝဝ                                    ယူရီးယား (ကမ္ဘာလုံး-တရုတ်)             ၂၂၂ဝဝ     ၂၂၂ဝဝ                                    ယူရီးယား (ယူအေအီး-တရုတ်)            ၂ဝ၅ဝဝ     ၂ဝ၅ဝဝ                                    ကုလားအုတ် (တရုတ်)                     ၂၄ဝဝဝ     ၂၄ဝဝဝတောင်ကြီး                       ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)        ၂ဝ၅ဝဝ     ၂၂ဝဝဝ                                    ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)           ၂၁ဝဝဝ     ၂၂ဝဝဝ                                    ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)      ၂၁ဝဝဝ     ၂၂ဝဝဝ                                   တီစူပါ-(တရုတ်) 12%                         ၉၈ဝဝ     ၉၅ဝဝ                                   တီစူပါ-(တရုတ်) 16%                       ၁၁၅ဝဝ     ၁၁၅ဝဝ                                   တီစူပါ 15:15:15 (တရုတ်)                  ၃၆၅ဝဝ     ၃၅ဝဝဝ                                   တီစူပါ 10:10:5 (တရုတ်)                    ၁၃၅ဝဝ     ၁၅ဝဝဝ                                    ပိုတက် (တရုတ်)                             ၂ဝ၅ဝဝ     ၂၁ဝဝဝ                                    ဓာတ်ဆား (တရုတ်)                         ၂ဝဝဝဝ     ၁၈ဝဝဝမော်လမြိုင်                      ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)           ၂၄ဝဝဝ     ၂၄ဝဝဝ                                  ပုလဲ(သေး)(ရွှေပျား 46% တရုတ်)           ၂၄ဝဝဝ     ၂၄ဝဝဝ                                  ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)       ၂၄ဝဝဝ     ၂၄ဝဝဝ                                 ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15             ၃၆ဝဝဝ     ၃၆ဝဝဝ                                 ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15         ၃၁၅ဝဝ     ၃၁၅ဝဝ                                  ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8             ၃ဝ၅ဝဝ     ၃ဝ၅ဝဝ                                 တီစူပါ (တရုတ်) သံကွင်း 46%                ၃၁ဝဝဝ     ၃ဝ၅ဝဝ                                 တီစူပါ (တရုတ်) မျှား 46%                    ၂၉၅ဝဝ     ၂၉၅ဝဝ                                  တီစူပါ (တရုတ်) မျှားကမ္ဘာ 16%             ၁၄ဝဝဝ     ၁၄ဝဝဝMIRT (MAPT)  

Tuesday, 2 Aug 2011

နို့ဆီ/နို့စိမ်း တန်ချိန် ၄၄ဝ ကျော် တင်သွင်း                   ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း နို့ဆီ ၂၈၅ တန်နဲ့၊ နို့စိမ်း ၁၈၃ ဒသမ ၆၁ တန်၊ စုစုပေါင်း ၄၄၁ ဒသမ ၆၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ် တင်သွင်းခဲ့တဲ့ နို့ဆီမှာ စင်ကာပူနိုင်ငံမှ အိုကေတံဆိပ်နို့ဆီနဲ့ DAWN တံဆိပ် နို့စိမ်းတို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်မှာ တန်ချိန် သုံးရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ နို့ဆီအဝင် လျော့နည်းခဲ့ပါ တယ်။ နို့စိမ်းက ယခင်သီတင်း ပတ်ရဲ့အဝင်တန်ချိန်အတိုင်း တင်သွင်းနိုင်ခဲ့ပါတယ်။                        နို့မှုန့်က စင်ကာပူ၊ နယူးဇီလန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ မှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် ၃၅ တန် ကျော်တင်သွင်းခဲ့တဲ့နို့မှုန့်က ဒီတစ်ပတ် မှာ ၁၅ တန် သာတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်                                   ယခုအပတ် ဇူလိုင် ၂ဝရက်မှ ၂၆ ရက်အတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၇၄၁၈၉ တန်ဖိုးရှိ နို့ဆီ ၇၇ တန် (၄ဝ၅၉ သေတ္တာ)နဲ့ ကန်ဒေါ်လာ ၈ဝ၂၅ဝ တန် ဖိုးရှိ နို့စိမ်း ၈၅တန်(၄၅ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ ၂၆ တန် (၁၃၅၉ သေတ္တာ)၊ နို့စိမ်း ၃၈ တန် (သေတ္တာ ၂ဝဝဝ) တင် သွင်းမှု ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၈၅၄၁၆ တန်ဖိုးရှိ နို့မှုန့် ၃၁ တန် အသွင်းရှိခဲ့ပြီး ယခင်အပတ်ကတော့ မူဆယ်မှ နို့မှုန့် အသွင်းမရှိခဲ့ပါဘူး။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ              နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး            ကျပ်/တစ်ဘူး                            ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )              ၇၅ဝ      ၈ဝဝဒွန်း( နို့စိမ်း)             ၇ဝဝ     ၇ဝဝFalcon နို့ဆီ             ၆ဝဝ       -Falcon နို့စိမ်း           ၅၈ဝ       -ဝမ်းတီးနို့ဆီ            ၆၅ဝ      ၇ဝဝအိုကေ( နို့ဆီ)         ၇ဝဝ      ၇ဝ၅အိုကေ( နို့စိမ်း)        ၆၆ဝ     ၇ဝ၅MIRT (DOT)

Tuesday, 2 Aug 2011

ထိုင်းနဲ့ ကိုရီးယားတို့မှ ဘိလပ်မြေများတင်သွင်း               ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၁၄ဝဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၁ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက ထိုင်းနိုင်ငံမှ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၇ဝဝ၊ ANCHOR တံဆိပ်ဘိလပ်မြေ တန်ချိန် ၄၇ဝဝ၊TPI  တံဆိပ် ဘိလပ်မြေ တန်ချိန် ၁ဝဝဝ နဲ့ ကိုရီးယားနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၄ဝဝဝ ၊ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန်သုံးသောင်းကျော် တင်သွင်းနိုင်ခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်းကျော်သာ တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ အဝင်တန်ချိန် ၂ ဆလောက် လျော့ နည်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၃၂ဝဝ ကျော်အသွင်းရှိ                   ဇူလိုင် ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ကန်ပိုက်တီး၊ မြိတ်၊ တာချီလိတ် နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၂၉၅ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၃၂ဝ၄ တန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေက တော့ ကန်ပိုက်တီးမှ ၁၁၆ဝ တန်၊ မြိတ်မှ ၁၂၅၂ တန်၊ တာချီလိတ်မှ ၇၁၇ တန် နဲ့ မောင်တောမှ ၇၅ တန် အသီးသီး ဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးမှ ဘိလပ်မြေတင်သွင်းမှု ၁၃၈၇ တန် လျော့နည်းခဲ့သော်လည်း တာချီလိတ်မှ ၁ဝ၇ တန် ပိုမိုတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကတင်သွင်းခဲ့ခြင်းမရှိတဲ့ မောင်တောနဲ့ မြိတ်နယ်စပ်များမှ ယခုအပတ်မှာ ၁၃၂၇ တန် အသွင်းရှိခဲ့တဲ့အတွက် နယ်စပ်စခန်း များမှ ဘိလပ်မြေတင်သွင်းမှု ၄၇ တန် ပိုမိုခဲ့တာဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/                 အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                    ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး        ဘိလပ်မြေ(ဆင်)ထိုင်း       ၄၈၅ဝ     ၄၈၅ဝ(လက်ကား)                     ဘိလပ်မြေ (စိန်)               ၄၇၅ဝ     ၄၇၅ဝ                                    ဘိလပ်မြေ (မောင်းတိန်း)     ၄၇ဝဝ     ၄၇ဝဝမန္တလေးတိုင်းဒေသကြီး       ဘိလပ်မြေ(ဆင်)ထိုင်း         ၆၃ဝဝ     ၆၄ဝဝ                                    ဘိလပ်မြေ (AAA)               ၅၆ဝဝ     ၅၅ဝဝ                                    ဘိလပ်မြေ(မြန်မာဆင်)         ၅၃ဝဝ     ၅၃ဝဝ                                    ဘိလပ်မြေ(ဆင်မင်း)           ၄၇ဝဝ     ၄၇ဝဝ                                    ဘိလပ်မြေ(ကျားခေါင်း)        ၅၂၅ဝ     ၅၂ဝဝ                                    ဘိလပ်မြေ(မြင်းခေါင်း)        ၅၂ဝဝ     ၅ဝဝဝတောင်ငူ                         ဘိလပ်မြေ(ကြံ့)ထိုင်း           ၆၅ဝဝ     ၆၅ဝဝ                                     ဘိလပ်မြေ(ဆင်)ထိုင်း        ၆၈ဝဝ     ၆၈ဝဝ                                   ဘိလပ်မြေ(မြင်းခေါင်း)           ၅၃ဝဝ     ၅၃ဝဝ                                   ဘိလပ်မြေ(Lucky)ပါကစ္စတန်  ၆၂ဝဝ     ၆၂ဝဝတောင်ကြီး                     ဘိလပ်မြေ(စိန်)ထိုင်း             ၆၉ဝဝ     ၆၅ဝဝ                                   ဘိလပ်မြေ(ခြင်္သေ့)               ၅၅ဝဝ     ၅၅ဝဝ                                   ဘိလပ်မြေ(ကျားခေါင်း)         ၅၉ဝဝ     ၅၉ဝဝမော်လမြိုင်                    ဘိလပ်မြေ(ဆင်)ထိုင်း             ၅၅ဝဝ     ၅၅ဝဝ                                  ဘိလပ်မြေ(ကြံ့)မြိုင်ကလေး    ၄၁၅ဝ     ၄၁၅ဝ                                  ဘိလပ်မြေ(စိန်)ထိုင်း              ၅၃ဝဝ     ၅၃ဝဝမကွေးတိုင်းဒေသကြီး      ဘိလပ်မြေ(ဆင်)ထိုင်း             ၆၄ဝဝ    ၆၄ဝဝ                                  ဘိလပ်မြေ(မြင်းခေါင်း)            ၅၅ဝဝ     ၅၅ဝဝ                                 ဘိလပ်မြေ(ကြံ့)ထိုင်း              ၆ဝဝဝ     ၆ဝဝဝMIRT (MAPT)

Tuesday, 2 Aug 2011

ဓာတ်မြေသြဇာအဝင် လျော့နည်း             ဇူလိုင် ၁၇ ရက်မှ ၂၃ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၈၄၃ ဒသမ ၂ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းလေးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေမှာ ကိုရီးယားနိုင်ငံမှ ဆီလီကိတ်မြေသြဇာ တန်ချိန် ၁၉ ဒသမ ၂ဝ တန် ၊ ဘူဂေးရီးယား နိုင်ငံမှ NITRO PHOSKA  မြေသြဇာ တန်ချိန် ၂၅ဝ တန်နဲ့၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ တန်ချိန် ၅၇၄ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် တန်ချိန်နှစ်ထောင်ကျော်အဝင်ရှိခဲ့တဲ့ ဓာတ်မြေသြဇာမှာ ဒီသီတင်း ပတ်တွင် အဝင် ၁ ဆကျော်လောက် လျော့နည်းခဲ့ပါတယ်။MIRT (DOT) ယခုအပတ်နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၆ဝဝဝ ကျော် အသွင်းရှိ                   မူဆယ်၊ ရိဒ်၊ မောင်တော၊ ကော့သောင်းနဲ့ ကန်ပိုက်တီး နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၄၁၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၆၃၆၆ တန်ကို ဇူလိုင် ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅၅၅ တန် ပိုမိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၅၉၁၁ တန်၊ ရိဒ်မှ ၁၇၃ တန်ကျော်၊ မောင်တောမှ ၁၂၉ တန်ကျော်၊ ကော့သောင်းမှ ၁၂၇ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ၂၅ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ ယခုအပတ်မှာ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း၊ တီစူပါဖော့စဖိတ်၊ နိုက်တြစ် ဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်တို့ဖြစ်ပြီး ရိဒ်မှပိုတက်ရှ်၊ မောင်တောမှ ယူရီးယား၊ ကော့သောင်းနဲ့ ကန်ပိုက်တီးစခန်းများမှ ကွန်ပေါင်းတို့ တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။MIRT (DOBT)ဈေးကွက်က ဈေးနှုန်းဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်တိုင်းဒေသကြီး/ပြည်နယ်                   အမျိုးအစား                                ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                                                   ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်)                                တီစူပါ သံကွင်း(တရုတ်)                     ၃၁၅ဝဝ     ၃၁၃ဝဝ                                                 ပိုတက် (ထိုင်း)                               ၃၆၅ဝဝ     ၃၃ဝဝဝ                                                ယူရီးယား(နေရွက်လှေ-တရုတ်)         ၂၄ဝဝဝ     ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး                  ယူရီးယား(တရုတ်-ရွှေတောင်)            ၂၁၈ဝဝ     ၂၁၇ဝဝ                                                 အာမို (ဒိုင်းမွန်းစတား)                      ၃၈ဝဝဝ     ၃၈၅ဝဝ                                               ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်)          ၂၅ဝဝဝ     ၂၅ဝဝဝတောင်ငူ                                    ယူရီးယား (ရွှေတောင်-တရုတ်)           ၂၃၅ဝဝ     ၂၃၅ဝဝ                                               ယူရီးယား (ကမ္ဘာလုံး-တရုတ်)             ၂၂၂ဝဝ     ၂၂၂ဝဝ                                               ယူရီးယား (ယူအေအီး-တရုတ်)           ၂ဝ၅ဝဝ     ၂ဝ၅ဝဝ                                                ကုလားအုတ် (တရုတ်)                     ၂၄ဝဝဝ     ၂၄ဝဝဝတောင်ကြီး                                 ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)      ၂ဝ၅ဝဝ     ၂ဝ၅ဝဝ                                              ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)          ၂၁ဝဝဝ     ၂၁ဝဝဝ                                              ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)      ၂၁ဝဝဝ     ၂၁ဝဝဝ                                             တီစူပါ-(တရုတ်) 12%                          ၉၅ဝဝ     ၉၈ဝဝ                                             တီစူပါ-(တရုတ်) 16%                         ၁၁၅ဝဝ     ၁၁၅ဝဝ                                             တီစူပါ 15:15:15 (တရုတ်)                   ၃၆၅ဝဝ     ၃၆၅ဝဝ                                             တီစူပါ 10:10:5 (တရုတ်)                     ၁၄၅ဝဝ     ၁၃၅ဝဝ                                             ပိုတက် (တရုတ်)                                ၂၁ဝဝဝ     ၂ဝ၅ဝဝ                                            ဓာတ်ဆား (တရုတ်)                              ၂ဝ၅ဝဝ     ၂ဝဝဝဝမော်လမြိုင်                              ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)             ၂၄ဝဝဝ     ၂၄ဝဝဝ                                         ပုလဲ(သေး)(ရွှေပျား 46% တရုတ်)                ၂၄ဝဝဝ     ၂၄ဝဝဝ                                          ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)           ၂၄ဝဝဝ     ၂၄ဝဝဝ                                         ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15               ၃၆ဝဝဝ     ၃၆ဝဝဝ                                        ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15            ၃၁၅ဝဝ     ၃၁၅ဝဝ                                         ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8                 ၃ဝ၅ဝဝ     ၃ဝ၅ဝဝ                                         တီစူပါ (တရုတ်) သံကွင်း 46%                    ၃၁ဝဝဝ     ၃၁ဝဝဝ                                         တီစူပါ (တရုတ်) မျှား 46%                        ၂၉၅ဝဝ     ၂၉၅ဝဝ                                         တီစူပါ (တရုတ်) မျှားကမ္ဘာ 16%                  ၁၄ဝဝဝ     ၁၄ဝဝဝMIRT (MAPT)

Sunday, 31 Jul 2011

ပြည်ပဲဈေးကွက်အတွင်း ဈေးပိုရနေတဲ့ စားတော်ပဲ                   ပြည်ဈေးကွက်တွင် စားတော်ပဲဈေးမှာ အခြာပဲများထက် ဈေးပိုရနေတာကို တွေ့ရပါတယ်။ စားတော်ပဲ တစ်တင်းကို ကျပ် ၂၄၅ဝဝ ဖြင့် သိသိသာသာ ဈေးမြင့်နေခဲ့ပါတယ်။                 ရောင်းဝယ်မှုအနေဖြင့် တိုင်းဒေသကြီးအတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်သည့်အပြင် ရန်ကုန်ဝယ်လက်ရှိသည့်ရက်များတွင် တစ်နေ့ကို အိတ် ၄ဝ မှ ၅ဝ ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ 

Sunday, 31 Jul 2011

မုံရွာ V2 ရန်ကုန်အဝယ် မြူးနေ                   မုံရွာကုန်စည်ဒိုင် ဇူလိုင်လကုန်ပတ် ကုလားပဲဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး V2 ဟာ ရန်ကုန်ဝယ်လက် အဝယ် သွက်လို့ အရောင်းအဝယ်အားကောင်းလျက်ရှိတယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်မှာ ရန်ကုန် အဝယ်သွက်လို့ V2  ဈေးအနေနဲ့ တစ်ရက်တစ်ဈေးပြောင်းလဲနေကာ တစ်တင်းအနိမ့်ဆုံး ၁၉၅ဝဝ ကျပ်မှ အမြင့်ဆုံး ၂ဝ၅ဝဝ ကျပ်ထိ တက်ဈေးဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။V2 အရောင်းအဝယ် အနေနဲ့လည်း တစ်ရက်ကို အနည်းဆုံး အိတ် ၃ဝဝဝမှ အများဆုံး အိတ် ၁ဝဝဝ၀၀အထိရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ကုလားပဲကတော့ ဒေသတွင်း လုပ်ငန်းသုံး အဝယ်သာရှိခဲ့ပြီး ကုလားပဲရိုးရိုးတစ်တင်း ၁၅၂ဝဝ ကျပ်မှာ ၁၅၅ဝဝ ကျပ်ထိ၊ ကုလားပဲတိုင်ပေ ၁၆၃ဝဝ ကျပ်မှ ၁၆၇ဝဝ ကျပ်နဲ့ ကုလားပဲ 929 တစ်တင်း ၁၆၁ဝဝ ကျပ်မှ ၁ဝ၉ဝဝ ကျပ်အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ကုလားပဲလက်ကျန်အနေနဲ့ ကုန်သည်တွေရဲ့ ခန့်မှန်းချက်အရ အိတ် တစ်သိန်းနီးပါးကျန်နိုင်ပြီး ပြည်ပဝယ်လိုအားအရ ရန်ကုန်ဝယ်လက်အဆွဲကို ချိန်ဆပြီး ထုတ်ရောင်းနေကြတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း V 2 စီးဆင်းမှုအနေနဲ့ ရန်ကုန်ကိုတင်း ၁ဝဝဝဝ နီးပါးရှိခဲ့တယ်လို့ ဈေးကွက်ကသိရပါတယ်။ ထွန်းလှိုင် 

Sunday, 31 Jul 2011

ဈေးအတက်အကျဖြစ်နေတဲ့ ပြည်ကုလားပဲဈေးကွက်                 ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်အတွင်း တစ်တင်း ၁၈ဝဝဝ ကျပ်အထိ ဈေးမြင့်သွားခဲ့ပါတယ်။ ယခုရက်ပိုင်း၌ တစ်တင်း ၁၇၆ဝဝ ကျပ်ဖြင့် ဈေးအနည်းငယ် ပြန်ကျသွားခဲ့ကြောင်း သိရပါတယ်။                  ယခင်တစ်ပတ်က ရခိုင်ဘက်မှ အဝယ်ရှိလို့ အိတ် ၅ဝဝ ခန့် တင်ပို့ရောင်းချမှုရှိခဲ့ပါတယ်။ ပဲခွဲစက်သမားနှင့် အမှုန့်ကြိတ်စက်သမားများမှ တစ်ရက်ကို အိတ် ၂၅ဝ ကျပ်ခန့်ထိ ပုံမှန်အဝယ်ရှိသလို ရန်ကုန်ဝယ်လက်ရှိသော ရက်များတွင် အိတ် ၇ဝဝ-၈ဝဝ ထိ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း 

Sunday, 31 Jul 2011

ပြည်ဘိုကိတ်ပဲ အရောင်အသွေးလိုက်၍ ဈေးကွာခြားမှုရှိ                       ပြည်ဈေးကွက်တွင် ဘိုကိတ်ပဲမှာ ပဲအရောင်အသွေးကိုလိုက်၍ ဈေးနှစ်မျိုး ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ အရောင်တောက်၍ အရည်အသွေးကောင်းသော ဘိုကိတ်ပဲ တစ်တင်းကို ၁၂၅ဝဝ ကျပ်ဖြင့် လည်း ကောင်း၊ အရောင်အနည်းငယ်မှိန်၍ အရည်အသွေးညံ့သော ဘိုကိတ်မှာ တစ်တင်း ကို ကျပ် ၁၁၁ဝဝ ဖြင့် ဈေးဖွင့်ရောင်းဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဈေးကွက်တွင်အခြားဒေသဝယ်လက်များ အဝယ်မရှိသော်လည်း တိုင်းဒေသ ကြီးအတွင်း လက်လီသမားများ နေ့စဉ်အဝယ်ရှိခဲ့တဲ့အတွက် တစ်ရက်ကို ၁၅ အိတ်ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ 

Pages