Background
မန္တလေးဈေးကွက်သို့ မိုးကြိုပဲတီစိမ်း ဝင်ရောက်လာ မေလပထမပတ်အတွင်းမှာ မန္တလေးဈေးကွက်ကို မတ္တရာကမိုးကြိုပဲတီစိမ်းများ စတင်ဝင် ရောက်နေကြောင်း သိရှိရပါတယ်။ နေ့စဉ်အိတ် ၅ဝ ဝန်းကျင် ဝင်နေတယ်လို့သိရပြီး မေလနောက် ဆုံးပတ်လောက်မှာ အဝင်လှိုင်မယ်လို့ ဆိုပါတယ်။ တရုတ်ဈေးကွက် တင်ပို့မှုအနေနဲ့ ၂ဝ၁၁ ဖေဖော်ဝါရီမှာ တန် ၈ဝဝဝ ဝန်းကျင်၊ မတ်လမှာ တန် ၂၆ဝဝ ကျော် တင်ပို့ခဲ့ကြောင်း တွေ့ရပြီး ဧပြီလမှာတော့ တန် ၃၃ဝဝ ခန့် တင်နိုင်ခဲ့ပါတယ်။ သြင်္ကန်မတိုင်ခင်နဲ့ သြင်္ကန်ပြီးကာလများမှာ တင်ပို့မှုအရှိန်လျော့လာလို့ ဈေးကွက်အေး၊ ဈေးအေးနေခဲ့ရာမှ မေလပထမပတ်အတွင်းမှာ တရုတ်ဈေးကွက် အဝယ်ပြန်လိုက်လာတာရယ်၊ ရေသွင်းပဲတီစိမ်းသစ်များလည်း ဝင်လာခဲ့တာကြောင့် ဈေးပြန်မာလာပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းတစ်ပိဿာ ပေါက်ဈေးမှာ ယခုတစ်ပတ်ပေါက်ဈေးအညံ့စ ၉၇၈ ကျပ်၊ အသစ် ၁၂၄၄ ကျပ်၊ ယခင်တစ်ပတ် ၉၇၈ ကျပ်၊ ၁ဝ၃၁ ကျပ် နဲ့အရင်လကာလတူပေါက်ဈေး ၁၃၃၃ ကျပ်၊ ၁၂၄၄ ကျပ် ဖြစ်ပါတယ်။ သက်သက်နိုင်
ပဲတီစိမ်းအသစ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်ပြီ မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ဘုဘကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ သစ်စိမ့် ကျေးရွာ၊ အမြင့်ကျေးရွာများမှ ပဲတီစိမ်း (နွေ)များ စတင်ထွက်ပေါ်နေပြီး မုံရွာကုန်စည်ဒိုင်သို့ တစ်ရက်ကို တင်း ၅ဝ၊ ၆ဝ ဝင်ရောက်ကာ တစ်တင်း ကျပ် ၂၅ဝဝဝ ဈေးနဲ့ ဈေးဖွင့်ခဲ့ပြီး မေလ ပထမ ပတ်အတွင်းမှာလည်း ကျပ် ၂၅ဝဝဝ ဈေးနဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါတယ်။ ယခင်နှစ်ကာလတူ မေလ ပထမပတ်အတွင်း ပဲတီစိမ်းကြီးတစ်တင်း ကျပ် ၅ဝဝဝဝ ကျော် ဈေးပေါက်ခဲ့ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ ပဲတီစိမ်း တင်း ၅ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းသန်းတင်
ယခင်သီတင်းပတ်ထက် လေးဆကျော်ပိုခဲ့ ဒီသီတင်းပတ် နို့ဆီ၊ နို့စိမ်း တင်သွင်းမှုမှာ တန်ချိန် ၅၆၉ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၆ဝဝဝ ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှ မှာယူတင်သွင်းခဲ့တာဖြစ်ပြီး ဒွန်းတံဆိပ် ၂၂၄ ဒသမ ၆၄ တန်၊ မာရီဂိုး တံဆိပ် ၁၁၂ ဒသမ ၃၂ တန်နဲ့ အိုကေတံဆိပ် ၂၃၂ ဒသမ ၂ဝ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ၊ နို့စိမ်းမှာယူတင်သွင်းမှုမှာ တန်ချိန် ၁ဝဝ ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ လေးဆကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ ဧပြီလ အတွင်း နို့ဆီ၊ နို့စိမ်းအဝင်မှာ တန်ချိန် ၁၅ဝဝ ကျော်ရှိခဲ့တဲ့အတွက် မတ်လရဲ့ အဝင်စုစုပေါင်းတန်ချိန်ကို မှီခဲ့ပါတယ်။ နို့မှုန့်အဝင်က သြစတြေးလျနိုင်ငံမှ ၃၄ တန်နဲ့ မလေးရှားနိုင်ငံမှ ၈ ဒသမ ၆၁ တန်၊ စုစုပေါင်း ၄၂ ဒသမ ၆၁ ဝင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၅၇ တန်ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ် အဝင်လျော့ခဲ့ပါတယ်။ ဧပြီလအတွင်း နို့မှုန့်အဝင်မှာ တန်ချိန် ငါးရာကျော်ရှိခဲ့ပြီး မတ်လအတွင်း တန်ချိန်နှစ်ရာကျော် ရှိခဲ့တာကြောင့် ဧပြီလမှာ တစ်ဆကျော် လောက် အဝင်ပိုခဲ့ပါတယ်။ MIRT(DOT) နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် တင်သွင်းမှုပိုမို ဧပြီ ၂၇ ရက်မှ မေ ၃ ရက်အတွင်း ကော့သောင်း နယ်စပ်စခန်းမှ နို့ဆီ ၂၆၈ဝဝဒါဇင်(၆၇ဝဝ သေတ္တာ) တန်ဖိုး၊ ကန်ဒေါ်လာ ဝ ဒသမ ၁၁၂ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် မူဆယ် နယ်စပ်မှ နို့မှုန့် ကန်ဒေါ်လာ ဝ ဒသမ ၂၉၅ သန်း တန်ဖိုးရှိ နို့မှုန့် ၇၂ တန် တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က နို့ဆီ၊ နို့စိမ်းတင်သွင်းမှု မရှိဘဲ နို့မှုန့် တန် ၃ဝ ကျော်သာ တင်သွင်းခဲ့ တာကြောင့် ယခုတစ်ပတ်မှာ တင်သွင်း မှုပိုမိုခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိူးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၇၉၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow(အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
ဒီတစ်ပတ်လည်း ဘိလပ်မြေ အဝင်အားကောင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ ဧပြီလ နောက်ဆုံးပတ်အတွင်း ဘိလပ်မြေတန်ချိန် ၂ဝ၆၆၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ဝ၁ဝဝဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံမှာ ထိုင်းနိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေ ၃၃၆ တန်၊ စိန်တံဆိပ် ဘိလပ်မြေ ၁၃၉ဝဝ တန်နဲ့ အခြားတံဆိပ် ဘိလပ်မြေမျိုးစုံ တန်ချိန် ၃၁ဝဝ တင်သွင်းခဲ့ပြီး ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ ၁၈ဝ၅ နဲ့ အခြားတံဆိပ် ဘိလပ်မြေ တန်ချိန် ၁၅၂၅ တန် တင်သွင်းခဲ့ပါတယ်။ ဧပြီလ ဒုတိယပတ်အတွင်း ဘိလပ်မြေတန်ချိန် သုံးသောင်းကျော် တင်သွင်းခဲ့တဲ့အတွက် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် သွင်အားနည်းခဲ့တယ်လို့ ဆိုရပါမယ်။ မတ်လအတွင်း ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ၂၉ဝဝဝဝ ကျော်ရှိခဲ့ပြီး ဧပြီလအတွင်း ဘိလပ်မြေ အဝင်မှာ တန်ချိန် ၆ဝဝဝဝ ကျော်သာရှိခဲ့ပါတယ်။ MIRT (DOT ) နယ်စပ် ဘိလပ်မြေ တင်သွင်းမှုပုံမှန် ဧပြီ ၂၇ ၇က်မှ မေ ၃ရက်ထိကာလအတွင်း မူဆယ်၊ တာချီလိတ်နဲ့ မြိတ် စခန်းများကနေ ဘိလပ်မြေ တန်ချိန် ၃ဝ၅ဝ ၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၄၄ သန်းဖိုး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း တန် ၃ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်သွင်းမှုပုံမှန်လို့ဆိုရပါမယ်။ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၃၆ တန်၊ တာချီလိတ်မှ ၁၇၃၄ တန်နဲ့ မြိတ်မှ ၁၂၈ဝ တန် အသီးသီးတင် သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT ) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉ဝဝ ၄၉ဝဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (မြင်းခေါင်း) - ၄၂ဝဝ -မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၇ဝဝဝ ဘိလပ်မြေ (AAA) ၅၄၅ဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ၅၃ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ၇ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၈ဝဝ ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇၂ဝဝ ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝ ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၉ဝဝ ၇၃ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၁ဝဝ ၆၁ဝဝ ဘိလပ်မြေ(မြို့တော်) - ၆ဝဝဝ -မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၂၅ဝ ၆၂၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၇၅ဝ ၅၇၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၅၈ဝဝMIRT (MAPT)
ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးဝင် ဧပြီလနောက်ဆုံးပတ်တွင် ဓာတ်မြေသြဇာတန်ချိန် ၁ဝ၄၂ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂ဝဝဝဝ ကျော်ကို ပင်လယ်ရေကြောင်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက အီရန်နိုင်ငံမှ ၁၂၄ ဒသမ ၅တန်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၆ဝဝ ၊ ဗီယက်နမ်နိုင်ငံမှ ၃၁၂ တန်နဲ့ မလေးရှားနိုင်ငံမှ ၅ ဒသမ ၅ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ၆ဝဝ ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်ပိုခဲ့ပါတယ်။ ဧပြီလ အတွင်း ဓာတ်မြေသြဇာအဝင်က တန်ချိန် ၂၅၁၈ ရှိခဲ့ပြီး မတ်လအဝင်မှာ တန်ချိန် ၆၁ဝဝ ကျော် ရှိခဲ့တာကြောင့် ဧပြီလမှာ ဝင်အားလျော့ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT ) ဓာတ်မြေသြဇာတင်သွင်းမှု နှစ်ဆနီးပါးတက် ဧပြီ ၂၇ရက်မှ မေ ၃ရက်ထိကာလအတွင်း မူဆယ်၊ ကော့သောင်း၊ တာချီလိတ်နဲ့ မြိတ်စခန်းများကနေ ဓာတ်မြေသြဇာ ၂ဝ၂၅၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၆ဝ၂ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်တင်သွင်းခဲ့တာကြောင့် တင်သွင်းမှု ၂ ဆနီးပါးတက်တာတွေ့ရပါတယ်။ တင်သွင်းတဲ့ အမျိုးအစားတွေကတော့ စင်ဂယ်စူပါဖော့စဖိတ်၊ နိုက်ထရစ်ဖော့စဖိတ်နဲ၊ ဒိုင်မိုနီယမ်ဖော့စဖိတ် တို့ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOBT ) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) တီစူပါ မြား(တရုတ်) ၂၅၅ဝဝ ၂၆ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅၅ဝဝ ၂၇ဝဝဝ ပိုတက်(တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား(တရုတ်-ရွှေတောင်) - ၂၁၅ဝဝ -မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၃ဝဝ ၂ဝ၃ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝဝဝဝ ၂ဝဝဝဝ အာမို (ဒိုင်းမွန်းစတား) ၃၉၅ဝဝ ၃၉၅ဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၂၃ဝဝ ၂၃ဝဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ၂ဝ၈ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၁၉၈ဝဝ ၂၁ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၅ဝဝ ၂၁ဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၉၈ဝဝ ၁ဝ၂ဝဝ တီစူပါ 15:15:15 (တရုတ်) ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ 10:10:5(တရုတ်) ၁၃၅ဝဝ ၁၃၅ဝဝ ပိုတက် (တရုတ်) ၂ဝ၅ဝဝ ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၅ဝဝဝ ၁၃၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂ဝဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၂ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၆ဝဝဝ ၂၇၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅ဝဝဝ ၂၆ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ ၁၃ဝဝဝMIRT (MAPT)
ဧပြီလအတွင်း ပင်လယ်ရေကြောင်းက ဒီဇယ်ဆီဝင်အားကောင်း ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီဈေးကွက်အတွက် ဧပြီလအတွင်း တင်သွင်းခဲ့တဲ့ ဒီဇယ်ဆီမှ တန်ချိန်တစ်သိန်းငါးသောင်းခြောက်ထောင်နှစ်ရာကျော် ဖြစ်ပါတယ်။ ဧပြီလအတွင်း ပျမ်းမျှတစ်ပတ်ကို ဒီဇယ်ဆီတန်ချိန် သုံးသောင်းကျော် တင်သွင်းနိုင်တယ်လို့ သိရပါတယ်။ မတ်လအတွက် ပျမ်းမျှတစ်ပတ်ကို ဒီဇယ်ဆီ တန်ချိန် ၁၇ဝဝဝ ကျာ်သာ တင်သွင်းနိုင်တဲ့အတွက် ဧပြီလမှာ အဝင်ပိုခဲ့ပါတယ်။ မတ်လမှာ စုစုပေါင်း ဒီဇယ်ဆီတင်သွင်းမှုမှာ တန်ချိန် ၁၃ဝဝဝဝ ကျော်ရှိခဲ့ပြီး ဧပြီလမှာ ၁၅ဝဝဝဝ ကျော်ရှိခဲ့တာကြောင့် ဧပြီလမှာ တန်ချိန် နှစ်သောင်းကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT ) တာချီလိတ်နဲ့ ကော့သောင်းက ဓာတ်ဆီသွင်း ဧပြီ ၂၇ ၇က်မှ မေ ၃ ရက်ထိကာလအတွင်း ကော့သောင်းနယ်စပ်စခန်း မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၄ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁ဝ၅ဝဝ ဂါလန်နဲ့ တာချီလိတ်စခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၂၁၂ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၃၆၇၁၅ ဂါလန် တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်က ဓာတ်ဆီတင်သွင်းမှုမရှိဘဲ ယခုအပတ်မှာမှ ပြန်လည်တင်သွင်းတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ်ဒီဇယ် အသွင်းလျော့ ဧပြီလ ၂၇ရက်မှ မေ ၃ရက်ထိကာလအတွင်း တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်စခန်းတွေကနေ ဒီဇယ်ဆီ ၂၂၆ဝ၃ဝ ဂါလန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၆၉၄ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ဂါလန် ၄ သိန်းကျော် တင်သွင်းခဲ့တာကြောင့် တင်သွင်းမှု ထက်ဝက်ကျော်လျော့ကျခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT )
ဝယ်လက်ရှိလို့ ဈေးမြင့်လာတဲ့ ပြည်ပဲစင်းငုံ ပြည်ဈေးကွက်တွင် ယခင်တစ်ပတ်က ပဲစင်းငုံ အနည်းငယ် အဝယ်သွက်ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ပဲစင်းငုံဈေးအနည်းငယ် တက်ခဲ့ပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ တစ်တင်း ကို ၁၆၈ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် လည်း ရန်ကုန်ဝယ်လက်များ အဝယ်ရှိနေသေးကြောင်း သိရပါတယ်။ ယခုမေလဆန်းပိုင်းမှစ၍ ယခုတစ်ပတ်ထိ ပဲစင်းငုံအိတ် ၂၄ဝဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
မုံရွာ V 2 ရန်ကုန်သို့ တစ်ရက်လျှင် အိတ် ၁ဝဝဝ ခန့် စုံဆင်းနေ မေလတတိယပတ် မုံရွာကုလားပဲဈေးကွက်မှာ ရန်ကုန်အော်ဒါ ရှိတဲ့ V 2 တစ်မျိုးသာအရောင်းအဝယ် အားကောင်းနေပြီး နယ်ခံ စက်သမားတွေအသုံးများတဲ့ ကုလားပဲတိုင်ပေနဲ့ 929 တို့ အရောင်း အဝယ်လည်း အေးနေတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်း ပေါက်ဈေးတွေအနေနဲ့ V2၁၈၆ဝဝ ကျပ်၊ ၁၈၇ဝဝ ကျပ်၊ တိုင်ပေ ၁၅၅ဝဝ ကျပ်၊ ၁၅၇ဝဝ ကျပ်၊ 929 တစ်တင်း ကျပ် ၁၅၅ဝဝ အသီးသီး ဈေးငြိမ်နေပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို V2 တင်း ၁၅ဝဝ ခန့်နဲ့ အခြားကုလားပဲ တင်း ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်အဝယ်အော်ဒါရတဲ့ ကုန်သည်တွေရဲ့ ယခုတစ်ပတ်အတွင်း V2 တင်ပို့မှုကတော့ တစ်ရက်အိတ် ၁ဝဝဝ ခန့်ရှိတယ်လို့ ကုန်သည် ရပ်ကွက်က သိရပါတယ်။ ထွန်းလှိုင်
ဝယ်လိုအားကောင်းတဲ့ ပခုက္ကူ ပဲတီစိမ်းဈေးကွက် ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ထဲမှာ စိုက်ပျိုးထွက်ရှိတဲ့ ပဲတီစိမ်းကြီးတွေ တစ်နေ့ကို အိတ် ၇ဝဝ မှ ၁ဝဝဝအတွင်း ပခုက္ကူ ကို အဝင်ရှိပါတယ်။ အလုံးလှလှ အရောင်ဝင်းဝင်းတွေဆိုရင် တစ်တင်းကို ၂၉၅ဝဝ ကျပ်ရှိပြီး မိုးမိထားလို့ အရောင်မလှ အခွံကျွတ်များပါရင် ၁၉ဝဝဝ ကျပ်ဘဲရှိပါတယ်။ ပဲတီစိမ်းသေးကတော့ ၁၈ဝဝဝ ကျပ်မှ ၂ဝဝဝဝ ကျပ်ပဲရှိပါ တယ်။ တရုတ်ဘက်က ဝယ်လိုအားကောင်းလို့ ပခုက္ကူကနေ မန္တလးကို တန်းပြီးတင်ကြပါတယ်။ ရန်ကုန် ပဲခွဲစက်သမားတွေကလည်း အဝယ်အော်ဒါရှိလို့ ပဲတီစိမ်းစိုက်တောင်သူတွေပွဲရုံတွေမှာ ပျော်တပြုံးပြုံးနဲ့ မြင့်တွေ့ နေရပါတယ။် မောင်မောင်အေး
ပြည်ဘိုကိတ်ပဲ လက်လီသမားဖြင့် အရောင်းအဝယ်ဖြစ် ပြည်ဘိုကိတ်ပဲမှာ ပဲဈေးကွက်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၂၅ဝဝ ကျပ်ဖြင့် ဆက်လက်ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအတွင်းရှိ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ်များမှ အဝင်နည်း လာတာကြောင့် ယခုလတစ်လလုံးအနေဖြင့် အခြားတိုင်းသို့ တင်ပို့ နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ တစ်နေ့ကို အိတ် ၃ဝ-၄ဝ ခန့်သာ အဝင်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ လက်လီသမားဖြင့် တစ်ရက်ကို ၁၄-၁၅ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ