Background
ဘိလပ်မြေတံဆိပ်မျိုးစုံ အဝင်များ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၄၀၇၃၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေက ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၂၁၉၃၁ တန်၊ စိန်တံဆိပ် ဘိလပ်မြေ တန်ချိန် ၇၀၀၀၊MOUNTAIN တံဆိပ် ဘိလပ်မြေ တန်ချိန် ၅၇၀၀ တန်နဲ့ စင်ကာပူနိုင်ငံမှ ANCHOR တံဆိပ် ဘိလပ်မြေတန်ချိန် ၆၁၀၀ အသီးသီး မှာယူ တင်သွင်းခဲ့ပါတယ်၊၊ ယခင်သီတင်းပတ် တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့ရာ ဒီသီတင်းပတ် ဘိလပ်မြေအဝင် တန်ချိန်နဲ့ယှဉ်ရင် ၃ ဆနီးပါး လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ဘိလပ်မြေ နယ်စပ်မှတင်သွင်းမှု အနည်းငယ်လျော့ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မြိတ်၊ တာချီလိတ်နဲ့ မောင်တောနယ် စပ်များမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၁သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၁၃၆၂ တန်ကျော် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မြိတ် နယ်စပ်မှ ၆၃၂ တန်ကျော်၊ မောင်တောမှ ၅၈ တန်နဲ့ တာချီလိတ်မှ ၆၇၂ တန် အသီးသီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀(လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၉၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၁၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၂၀၀ ၄၉၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၂၀၀ ၄၀၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၂၀၀ ၄၉၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၅၀၀တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၅၀၀၀ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၅၀၀ ၅၅၀၀တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၀၀၀ ၆၅၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂၅၀ ၅၁၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၅၀ ၃၆၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၁၀၀ ၄၉၅၀မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄၅၀ ၆၄၅၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၃၀၀ ၅၃၀၀ MIRT (MAPT)
နိုင်ငံစုံမှ ဓာတ်မြေသြဇာတန်ချိန် တစ်ထောင့်နှစ်ရာကျော်တင်သွင်း စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၂၆၅ ဒသမ ၅၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းသုံးသောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့ ဓါတ်မြေသြဇာတွေကတော့ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၁၇၅ တန်၊ ရုရှားနိုင်ငံမှ ကောမတ်စ်မြေသြဇာ ၅၀၄ တန်၊ စင်ကာပူနိုင်ငံမှ သြဂဲနစ် ၂၀၇ ဒသမ ၈၇ တန်၊ ကွန်ပေါင်းမြေသြဇာ ၁၇ ဒသမ ၄၄ တန်၊ ထိုင်းနိုင်ငံမှ ဇင့်ဆာလ ဖိတ် ၅၀ တန်နဲ့ အမိုင်နိုအက်ဆစ် ၁ ဒသမ ၇ တန်၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၃၀၉ ဒသမ ၅၅ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ထောင့်လေးရာကျော်တင်သွင်းခဲ့တဲ့ ဓာတ်မြေ သြဇာက ဒီသီတင်းပတ်မှာတော့ တန်ချိန် နှစ်ရာကျော်လောက် လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၁၆၀၀၀ ခန့် ယခုအပတ်နယ်စပ်မှသွင်း စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၁၃၈ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၅၉၅၃ တန်ခန့် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၅၃၂၁ တန်၊ ကန်ပိုက်တီးမှတန် ၉၀၊ ကော့သောင်းမှ ၂၉၆ တန်၊ မောင်တောမှ ၁၈၃ တန်နဲ့ ရိဒ်မှ ၆၂ တန်ခန့် အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)ဈေးကွက်က ဈေးနှုန်းဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ပိုတက် (ထိုင်း) ၃၃၀၀၀ ၃၂၅၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၀၅၀၀ ၂၂၅၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၇၅၀၀ ၂၆၀၀၀ ပိုတက် (တရုတ်) ၂၂၈၀၀ ၂၃၀၀၀မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၁၃၀ ၂၀၅၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၁၉၈၃၀ ၂၂၀၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၄၁၃၀ ၂၄၅၀၀တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ ယူရီးယား (ယူအေအီး-တရုတ်) ၁၉၀၀၀ ၁၉၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၀၀၀ ၂၁၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၀၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၀၀၀၀ ၂၁၀၀၀ တီစူပါ-(တရုတ်) 12% ၉၅၀၀ ၁၀၅၀၀ တီစူပါ-(တရုတ်) 16% ၁၀၀၀၀ ၁၁၅၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၅၀၀ ၃၅၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၅၀၀ ၁၅၀၀၀ ပိုတက် (တရုတ်) ၂၁၀၀၀ ၂၀၀၀၀ ဓာတ်ဆား (တရုတ်) ၁၆၅၀၀ ၁၇၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁၀၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁၀၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁၀၀၀ ၂၂၅၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၂၀၀၀ ၃၂၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၂၈၅၀၀ ၂၈၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၂၈၀၀၀ ၂၈၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၀၀၀ ၂၆၀၀၀ တီစူပါ (တရုတ်) မြားကမ္ဘာ 16% ၁၃၅၀၀ ၁၃၅၀၀ MIRT (MAPT)
နို့ဆီ/ နို့စိမ်း တန်ချိန် ခြောက်ရာကျော် တင်သွင်း သြဂုတ် ၂၁ ရက်မှ ၂၇ ရက်တာ ကာလအတွင်း နို့ဆီ ၄၆၆ ဒသမ ၉၄ တန်နဲ့ နို့စိမ်း ၂ဝ၉ ဒသမ ၈၄ တန် စုစုပေါင်း ၆၇၆ ဒသမ ၇၈ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော် ဖိုးကို မှာယူတင်သွင်းခဲ့ပါတယ်။ သြဂုတ် လအတွင်း ဒီတစ်ပတ်မှသာ နို့စိမ်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ နို့ဆီက ယခင်သီတင်းပတ် တန်ချိန်သုံးရာကျော် သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန် တစ်ရာ့လေးဆယ်ကျော် လောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နို့မှုန့်က ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှားနဲ့ သြစတြေးလျ စတဲ့နိုင်ငံတွေမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တော့ နို့မှုန့် ၂၃ ဒသမ ၅ဝ တန်သာ တင်သွင်းခဲ့တာကြောင့် ယခင်သီတင်း ပတ်ထက် အဝင်တန်ချိန် တစ်ဝက် လောက် လျော့နည်းပြီး တင်သွင်းခဲ့ပါ တယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း အသွင်းပို သြဂုတ်လ နောက်ဆုံးပတ်မှာ ကန် ဒေါ်လာ ၅၃၈၂ဝ တန်ဖိုးရှိ နိုမှုန့် တန် ၆ဝ အသွင်းရှိခဲ့ပြီး၊ သြဂုတ်လ တစ်လ လုံး နို့မှုန် ၆၈ တန်သာ နယ်စပ်မှ အသွင်းရှိခဲ့ပါတယ်။ ကော့သောင်းနယ် စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ၄၂၆ဝဝ တန်ဖိုးရှိ နို့ဆီ ၄၅ ဒသမ ၅ တန်(၂၄ဝဝ သေတ္တာ) အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၂ တန်ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ နို့စိမ်း ၂၆၁ ဒသမ ၆၅ တန်(၁၃၈ဝဝ သေတ္တာ)၊ ကန်ဒေါ်လာ ဝ ဒသမ ၂၄၉ သန်းဖိုး အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၁၂၃ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ သြဂုတ်လမှာ နို့စိမ်း တန် ၅ဝဝ ကျော်နဲ့ နို့ဆီ ၁၅၅ တန်ကျော် နယ်စပ်မှ တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇ဝဝ ၈ဝဝဒွန်း( နို့စိမ်း) ၆၅ဝ ၇ဝဝFalcon နို့ဆီ ၅၅ဝ -Falcon နို့စိမ်း ၅ဝဝ -ဝမ်းတီးနို့ဆီ ၇ဝဝ ၇၁၅အိုကေ( နို့ဆီ) ၆၅ဝ ၇ဝ၅အိုကေ( နို့စိမ်း) ၆ဝဝ ၇ဝ၅ဟက်ပီးကောင်း( နို့ဆီ) ၆ဝဝ -MIRT (DOT)
တန် ၂ဝဝဝဝ ကျော်သာ အဝင်ရှိ သြဂုတ် ၂၁ ရက်မှ ၂၇ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၂၉၄၇ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ စင်ကာပူနိုင်ငံမှ ဆင်တံဆိပ်နှင့် အခြားတံဆိပ်ဘိလပ်မြေတန်ချိန် ၇၈၆၆ ဒသမ ၁၈ တန်နဲ့ ထိုင်းနိုင်ငံ မှ စိန်တံဆိပ်၊ ဆင်တံဆိပ်အပြင် အခြားတံဆိပ် ဘိလပ်မြေများ တန်ချိန် ၁၅ဝ၈၁ ဒသမ ၃၅ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက် သောင်း နီးပါးတင်သွင်းနိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ဘိလပ်မြေအဝင် တော်တော် လေး လျော့နည်းခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့ သြဂုတ်လနောက်ဆုံးပတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၁၂၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၉၇၇ တန် အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၂၈ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ကန်ပိုက်တီးမှ ၄၅ တန်၊ တာချီလိတ်မှ ၉၆ တန်၊ မြိတ်မှ တန် ၂ဝဝ လျော့နည်းတင် သွင်းခဲ့တဲ့အတွက်ဖြစ်ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် ဘိလပ်မြေ တင်သွင်းမှု တွေကတော့ ကန်ပိုက်တီးမှ တန် ၂ဝဝ၊ တာချီလိတ်မှ ၆၆၇ တန်၊ မြိတ်မှ တန် ၅ဝ နဲ့ မောင်တောမှ တန် ၆ဝ အသွင်းရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ နယ်စပ်မှ ဘိလပ်မြေ တန် ၄၈၂ဝ တင်သွင်းထားပြီးဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇ဝဝ ၄၇ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၃ဝဝ ၄၃ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၁ဝဝ ၅၁ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၆ဝဝ ၄၆ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၈ဝဝ ၅ဝဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၇ဝဝ ၅၇ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၄ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝ ဘိလပ်မြေ(နဂါး) ၅၃ဝဝ ၅၃ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄ဝဝ ၅၂၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၇၅ဝ ၃၆၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၂၅ဝ ၅၁ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၅ဝဝ ၄၅ဝဝ MIRT (MAPT)
ဗီယက်နမ်က သြဂဲနစ်မြေသြဇာဝင် ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက် တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၂၃၄၂ ဒသမ ၅ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဗီယက်နမ်နိုင်ငံမှ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၃ဝဝ၊ သြဂဲနစ်က တန်ချိန် ၅၉၄ ဒသမ ၅၊ ချီလီနိုင်ငံမှ ကွန်ပေါင်းဓာတ် မြေသြဇာ တန်ချိန် ၁၈ဝ ၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာတန် ချိန် ၉၆ဝနဲ့ အခြားတံဆိပ်ဓာတ်မြေသြဇာ တန်ချိန် ၃ဝ၈ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓါတ်မြေသြဇာ တင်သွင်းမှုမှာ တန်ချိန် တစ်ထောင့်ရှစ်ရာ ကျော်သာရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာအဝင်နဲ့ယှဉ်ရင် တန်ချိန် ငါးရာကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ ဇူလိုင်လအတွင်း ပျမ်းမျှတစ်ပတ်ကို ဓာတ်မြေသြဇာအဝင်မှာ တန်ချိန် တစ် ထောင်ကျော်သာရှိခဲ့ပြီး သြဂုတ်လမှာတော့ ပျမ်းမျှတစ်ပတ်ကို ဓာတ်မြေသြဇာ အဝင်တန်ချိန်မှာ နှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီသြဂုတ်လမှာ ဓာတ်မြေသြဇာ အဝင် အားကောင်းတယ်လို့ ဆိုရပါမယ်။ MIRT (DOT) မူဆယ်က တန် ၂ဝဝဝဝ နီးပါးဝင် သြဂုတ်လနောက်ဆုံးပတ်မှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ဝ၆၇ သန်း တန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၉ဝ၅ဝ တန်အသွင်းရှိခဲ့ရာ ယခင်အပတ် ကထက် ၁၃၂၈ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင် မှုတွေကတော့ မူဆယ်မှ ၁၉ဝဝ၃ တန်၊ မောင်တောမှ ၁ တန်နဲ့ ရိဒ်မှ ၄၆ တန် ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၂၂၂၆ တန်၊ မောင်တောမှ တန်ဝက်၊ ရိဒ်မှ ၂၈ တန် အသီးသီးလျော့နည်းတင်သွင်းခဲ့ပြီး ကော့သောင်းမှ ယခုအပတ်တင် သွင်းမှု မရှိခဲ့ပါဘူး။ သြဂုတ်လအတွင်းမှာ နယ်စပ်စခန်းများမှ ၈၂၉၉၂ တန် တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာ တွေကတော့ ယူရီးယား၊ ကွန်ပေါင်း ၊ နိုက်တြစ်ဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ တီစူပါဖော့စဖိတ်တို့ ဖြစ်ကြပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ပိုတက် (ထိုင်း) ၃၂၅ဝဝ ၃၂၅ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ တီဆူပါ (သံကွင်း-တရုတ်) ၂၆၅ဝဝ ၂၅၃ဝဝ ပိုတက် (တရုတ်) ၂၄ဝဝဝ ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၂ဝဝ ၁၈၅၃ဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၄၄ဝဝ ၂၄၁၃ဝ ယူရီးယား(ပန်းဖူး-တရုတ်) ၂ဝ၈ဝဝ ၁၉၈၃ဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ၂၁၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂ဝဝဝ ၂၁ဝဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၁၉ဝဝဝ ၁၉ဝဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၅ဝဝ ၁၉ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂ဝ၅ဝဝ ၁၉ဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၁ဝ၅ဝဝ တီစူပါ-(တရုတ်) 16% ၁၁ဝဝဝ ၁၁ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၇ဝဝဝ ၃၆ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၅ဝဝဝ ၁၅ဝဝဝ ပိုတက် (တရုတ်) ၂ဝဝဝဝ ၂ဝ၅ဝဝ ဓာတ်ဆား (တရုတ်) ၁၇ဝဝဝ ၁၇ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ၂၁ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄ဝဝဝ ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄ဝဝဝ ၂၁ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆၇ဝဝ ၃၂၇ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၂ဝဝဝ ၂၈၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၁ဝဝဝ ၂၈ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝ၅ဝဝ ၂၆ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၃၅ဝဝ MIRT (MAPT)
လစ်ဗျား ရေနံထုတ်လုပ်မှု ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိတော့မည် အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်အရှိန်ရလာကာ ရေနံစိမ်း ဝယ်လိုအား မြင့်မားလာဦးမယ်ခန့်မှန်းကြရာ သြဂုတ် ၂၉ ရက်က နယူးယောက် မှာ ရေနံစိမ်းဈေးနှုန်း ၃ ရက်ဆက်တိုက် ပြန်လည်ဦးမော့လာတယ်။ ဗဟိုဘဏ် ဥက္ကဋ္ဌ Ben S.Bernanke က စီးပွားပျက်ကပ်ထပ်မံ ကြုံတွေ့နိုင်စရာ အခွင့်အလမ်း ရှိပြီး အပျက်သဘောဆောင်တဲ့ စီးပွားရေးအညွှန်းကိန်းတွေ ထွက်ပေါ်နေပေမဲ့ လည်း ရေရှည်စီးပွားရေးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ချပြီးပြီလို့ ယုံကြည် ကြောင်းပြောကြားမှုရှိလာခြင်းက ရေနံစိမ်းဈေးနှုန်းကိုအထောက်အပံ့ဖြစ်စေတယ်။ အောက်တိုဘာလ အရောက်ပို့ရမဲ့ ရေနံစိမ်းက တစ်စည်ကို ၂၉ ဆင့် မြင့်မား ကာ ၈၅ ဒသမ ၆၆ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ သြဂုတ်လ ၂၉ ရက်က အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အောက်တိုဘာလမှာ ငွေချေရမဲ့ ဘရန့် အမျိုးအစားရေနံစိမ်းမှာ တစ်စည်ကို ၂၁ ဆင့်ကျဆင်းကာ ၁၁၁ဒသမ ၁၅ ဒေါ်လာ နဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ဘရန့်အမျိုးအစား ရေနံစိမ်းဈေးနှုန်းကျဆင်းရခြင်းမှာ လစ်ဗျားသူပုန်တွေက ရေနံတွင်းတွေကို အပြည့်အဝထိန်းချုပ်ထားပြီး ရေနံထုတ်လုပ်မှု အပြည့်အဝ ပြန် လည်ဆောင်ရွက်နိုင်တော့မှာဖြစ်ပြီး ဈေးကျဆင်းကြောင်း၊ လာမဲ့ သုံးပတ်အတွင်း လစ်ဗျားပြည်တွင်းစစ်မတိုင်မီက ထုတ်လုပ်တဲ့နှုန်းအတိုင်း ထုတ်လုပ်နိုင်မယ် မျှော်မှန်းကြောင်း၊ အဆင့် ၃ ဆင့်ပါဝင်တဲ့ စီမံကိန်းအရ လာမဲ့ ၁၅ လအတွင်း တစ်နေ့ကို ရေနံစည်ပေါင်း ၁ ဒသမ ၆ သန်းထိ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း National Transitional Council ရဲ့ ထုတ်လုပ်မှု ဌာနမှူး Nouri Balroin က အယ်ဂျာ ဇီးယား သတင်းဌာနကို သြဂုတ် ၂၇ ရက်က ပြောကြားခဲ့တယ်။ Source:Bloomberg.com, ပပ
နယ်စပ်မှ ဒီဇယ် အသွင်းရှိ နယ်စပ်စခန်းများဖြစ်တဲ့ ကန်ပိုက်တီးနဲ့ တာချီလိတ်တို့မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၃ဝ၁ သန်း တန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၇၉၅၁၂ ဂါလန် အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ဒီဇယ်ဆီဂါလန် ၂၅၉၄ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့တဲ့အပြင် ယခု အပတ်မှာလည်း နယ်စပ်မှ ဓာတ်ဆီ အသွင်းမရှိခဲ့ပါဘူး။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- သြဂုတ်လ ၂ဝ၁၁ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး၂၂ ၄၁ဝဝ ၃၉ဝဝ ၄ဝဝဝ ၃၃ဝဝ ၃၁ဝဝ ၃၂ဝဝ၂၃ ၄၁ဝဝ ၃၉ဝဝ ၄ဝဝဝ ၃၃ဝဝ ၃၁ဝဝ ၃၂ဝဝ၂၄ ၄ဝဝဝ ၃၉ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၁ဝဝ ၃၂ဝဝ၂၅ ၄ဝဝဝ ၃၉ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၁ဝဝ ၃၂ဝဝ၂၆ ၄ဝဝဝ ၃၉ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၁ဝဝ ၃၂ဝဝ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- သြဂုတ်လ ၂ဝ၁၁ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၂၂ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝ၂၃ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝ၂၄ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝ၂၅ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝ၂၆ ၃၆ဝဝ ၂၅ဝဝ ၃၄ဝဝ ၃၅ဝဝMIRT-DOT
သြဂုတ်လမှာ ဓာတ်မြေသြဇာ အဝင်များ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ သြဂုတ် ၁၄ ရက်မှ ၂ဝ ရက် တာကာလအတွင်း ဓာတ်မြေသြဇာ ၁၈၁ဝ ဒသမ ၂၉ တန် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်း နိုင်ငံထုတ် ကွန်ပေါင်းဓာတ်မြေသြဇာ တစ်မျိုးသာတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် နှစ်ထောင့်ခြောက်ရာ ကျော်ရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ရှစ်ရာကျော်လောက် လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လအတွင်း တစ်ပတ်ကို ပျမ်းမျှ ဓာတ်မြေသြဇာတင်သွင်းမှုက တန်ချိန်တစ်ထောင်ကျော်သာ ရှိခဲ့ပေမဲ့ သြဂုတ်လ သီတင်းသုံးပတ်တင်သွင်းမှုရဲ့ ပျမ်းမျှအဝင်တန်ချိန် နှစ်ထောင်ကျော်ရှိခဲ့တာကြောင့် သြဂုတ်လမှာ ဓာတ်မြေသြဇာအဝင်များတယ်လို့ ဆိုရပါမယ်။ MIRT (DOT) နယ်စပ်က တန်ချိန် ၂ဝဝဝဝ ဝင် သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၄၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၂၁၃၆၉ တန်ခန့်အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၄၂ တန် ပိုမိုတင်သွင်းခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၂၁၂၂၉တန်၊ ရိဒ်မှ ၇၄ တန်၊ ကော့သောင်းမှ ၆၄ တန်နဲ့ မောင်တောမှ ၁ တန်ခွဲ အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၁၄၂၅ တန် ၊ ရိဒ်မှ ၄၁ တန် တင်သွင်းမှုပိုမိုခဲ့ပါ တယ်။ ကော့သောင်းမှ ၄၃၆ တန် လျော့နည်းတင်သွင်းခဲ့ပြီး ကန်ပိုက်တီးမှ ယခု အပတ်မှာ တင်သွင်းမှုမရှိခဲ့ပါဘူး။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေ သြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁ဝး၁ဝး၅) ၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁၄း၁ဝး၈) နဲ့ နိုက်တြစ်ဖော့စဖိတ်တို့ဖြစ်ပြီး ရိဒ်မှ ပိုတက်ရှ်၊ ကော့သောင်း မှ အမိုးနီးယမ်း၊ မောင်တောမှ ယူရီးယားတို့ဖြစ်ပါတယ်။ MIRT (DOT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ပိုတက် (ထိုင်း) ၃၂၅ဝဝ ၃၂၅ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၄ဝဝဝ ၂၂၅ဝဝ တီဆူပါ (သံကွင်း-တရုတ်) ၂၉ဝဝဝ ၂၆၅ဝဝ ပိုတက် (တရုတ်) - ၂၄ဝဝဝ -မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၂ဝဝ ၁၉၂ဝဝ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၅ဝဝဝ ၂၄၄ဝဝ ယူရီးယား(ပန်းဖူး-တရုတ်) - ၂ဝ၈ဝဝ -တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၅ဝဝ ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၁၉ဝဝဝ ၁၉ဝဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁၁ဝဝဝ ၁၁ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၇ဝဝဝ ၃၇ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၅ဝဝဝ ၁၅ဝဝဝ ပိုတက် (တရုတ်) ၂ဝဝဝဝ ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၇ဝဝဝ ၁၇ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆ဝဝဝ ၃၆၇ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၅ဝဝ ၃၂ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃ဝ၅ဝဝ ၃၁ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၉၅ဝဝ ၂၉၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝMIRT (MAPT)
ဘိလပ်မြေမျိုးစုံတန်ချိန် ခြောက်သောင်းနီးပါးတင်သွင်း သြဂုတ်လတတိယပတ်ဖြစ်တဲ့ သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်တာ ကာလ အတွင်း ဘိလပ်မြေတန်ချိန် ၅၉၈၃၁ ဒသမ ဝ၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝ၇၃၂၁၉ ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ မလေးရှားနိုင်ငံမှ Blue Lion တံဆိပ် ဘိလပ်မြေတန်ချိန် ၅ဝဝဝ၊ စင်ကာပူနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၉၄၄၉ ဒသမ ဝ၇ ၊ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၂၉၄ဝဝ ၊MOUNTAIN တံဆိပ် ဘိလပ်မြေ တန်ချိန် ၄၄ဝဝနဲ့ အခြားဘိလပ်မြေ တန်ချိန် ၁၅၈၂ အသီးသီး မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များက ဆင်တံဆိပ်နဲ့ စိန်တံဆိပ်တွေ သွင်းခဲ့ ပေမဲ့ ဒီသီတင်းပတ်မှာတော့ တံဆိပ်မျိုးစုံတင်သွင်းလာတာ တွေ့ရပါတယ်။ သြဂုတ် လအတွင်း ပထမသီတင်းပတ်မှာ တန်ချိန်နှစ်သောင်း ခြောက်ထောင်ကျော် တင် သွင်းခဲ့ပြီး ဒုတိယပတ်မှာ တန်ချိန်လေးသောင်း တစ်ထောင်ကျော်နဲ့ ယခု တတိယ သီတင်းပတ်မှာ ငါးသောင်းကိုးထောင်ကျော် တင်သွင်းလာတာကြောင့် တစ်ပတ်ပြီး တစ်ပတ် သွင်းအားကောင်းကောင်းနဲ့ တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၁၂၆ဝ ခန့် အသွင်းရှိ သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိ ရက်သတ္တပတ်အတွင်း နယ်စပ်စခန်းများ ဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁ဝ၂ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၂၅၈ တန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၇၆၃ တန် ၊ မြိတ်မှ တန် ၂၅ဝ နဲ့ ကန်ပိုက်တီးမှ ၂၄၅ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၃၁၇ တန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ မြိတ်မှ တန် ၃ဝဝ နဲ့ ကန်ပိုက်တီးမှ တန် ၅ဝ တင်သွင်းမှု ပိုမိုသော်လည်း တာချီလိတ်မှ ၆၁ တန် လျော့နည်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇ဝဝ ၄၇ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ (AAA) ၅၄၅ဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၄၈၅ဝ ၅ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၃ဝဝ ၄၃ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၁ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၆ဝဝ ၄၆ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၄၈ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၅၇ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝ ၆ဝဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၄ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝ ဘိလပ်မြေ(နဂါး) ၅၃ဝဝ ၅၃ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၇၅ဝ ၃၇၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၂၅ဝ ၅၂၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) - ၄၅ဝဝ - ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ MIRT (MAPT)
နို့ဆီအဝင် တန် ၃ဝဝ ကျော် ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်တာကာလအတွင်း နို့ဆီ ၃၂၂ ဒသမ ၅ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်ဖိုးကို ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီသီတင်းပတ်မှာလည်း စင်ကာပူနိုင်ငံမှ တင်သွင်းလာတာ ဖြစ်ပါတယ်။ နို့စိမ်းက ဒီသီတင်းပတ်မှာလည်း တင်သွင်းခြင်းမရှိပါဘူး။ ယခင် သီတင်းပတ် နို့ဆီတန်ချိန် တစ်ရာ့ ရှစ်ဆယ်ကျော် တင်သွင်းခဲ့တာ တွေ့ရ ပါတယ်။ နို့မှုန့်က ဘူဂေးရီးယားနိုင်ငံမှ ၇ ဒသမ ၃၉ တန်၊ မလေးရှားနိုင်ငံမှ ၁၈ ဒသမ ၉၂ တန်၊ သြစတြေးလျနိုင်ငံမှ ၁၇ တန်၊ နယူးဇီလန်နိုင်ငံမှ ၁၄ တန်နဲ့ စင်ကာပူနိုင်ငံမှ ၁ ဒသမ ၂၅ တန် စုစု ပေါင်း ၅၈ ဒသမ ၅၆ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ၈၆ တန်ကျော်တင်သွင်းနိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်အဝင်နဲ့ယှဉ်ရင် ၂၇ တန် ကျော်လောက်လျော့နည်းပြီး တင်သွင်း ခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်က နို့ဆီ၊ နို့စိမ်း တန် ၂ဝဝ ကျော်သွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၁၇ ရက်မှ ၂၃ ရက် ထိကာလ အတွင်း ကန်ဒေါ်လာ ၁၂၉ဝဝ တန်ဖိုး ရှိ နို့ဆီ ၇၈ တန်ကျော်(၄၁ဝ၁ သေတ္တာ) နဲ့ ကန်ဒေါ်လာ ၁၃ဝ၇၅၁ တန်ဖိုးရှိ နို့စိမ်း ၁၃၈ တန် (၇၃ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှတော့ ယခုအပတ် မှာ နို့မှုန့်တင်သွင်းခြင်း မရှိခဲ့ပါဘူး။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၇ဝဝ ၈ဝဝ ဒွန်း( နို့စိမ်း) ၆၄ဝ ၇ဝဝ Falcon နို့ဆီ ၅၅ဝ - Falcon နို့စိမ်း ၄၉ဝ - ဝမ်းတီးနို့ဆီ ၆ဝဝ ၇ဝဝ အိုကေ( နို့ဆီ) ၆၅ဝ ၇ဝ၅ အိုကေ( နို့စိမ်း) ၆ဝဝ ၇ဝ၅ MIRT (DOT)