Main menu

Background

Tuesday, 14 Sep 2010

 ဈေးငြိမ်အရောင်းအဝယ်မှန်တဲ့ မုံရွာ ဗွီတူးဈေးကွက်    မုံရွာဈေးကွက်မှာ စက်တင်ဘာ ပထမပတ်အတွင်း ဈေးငြိမ်နေပြီး အရောင်းအဝယ်မှန်နေတဲ့ ပဲကတော့ဗွီတူးပါ။ ဈေးမှာတစ်တင်း ၁၉၈ဝဝ ကျပ်မှ ၂ဝ၃ဝဝ ကျပ်သာ အပြောင်းအလဲရှိခဲ့ပြီး နေ့စဉ် အိတ်ရေ ၅ဝဝ ခန့်ပုံမှန် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲခွဲစက်၊ ကြာဇံစက်များရဲ့ နေ့စဉ်လိုအပ်ချက် အိတ် ၅ဝဝ ခန့်ရှိနေတဲ့အတွက် ဈေးမှန်အရောင်းအဝယ်မှန်နေတယ်လို့ ကုန်သည် များက ပြောပါတယ်။အောင်မင်း 

Tuesday, 14 Sep 2010

 ကုလားပဲဖြူလုံးကြီး တင်ပို့မှု သြဂုတ်လမှာတက်လာ     ပင်လယ်ရေကြောင်းကနေ ကုလားပဲဖြူလုံးကြီး တင်ပို့မှုအနေနဲ့ ယခုနှစ် အစောပိုင်းလတွေက အနည်းငယ်သာရှိခဲ့ရာမှ သြဂုတ်လမှာ တန်ချိန် ၁၇ဝဝ ခန့်ထိ တင်ပို့မှု တက်လာတာတွေ့ရပါတယ်။ ဇူလိုင်လမှာ တစ်လလုံးတန်ချိန် ၃၆ဝ ခန့်သာ ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ၂ဝဝ၉ သြဂုတ်လမှာတန်ချိန် ၅ဝဝဝ ခန့်အထိ တင်ပို့ခဲ့တာတွေ့ရပါတယ်။ အပတ်စဉ်တင်ပို့မှုအနေနဲ့ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အထိတစ်ပတ်အတွင်းတန်ချိန် ၄ဝဝ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ပြည် တွင်း ဈေးကွက်တွေမှာ အရောင်းအဝယ် ပုံမှန်ဖြစ်နေတာကြောင့် ရန်ကုန် FOB ဈေးမှာလည်း ပြောင်းလဲခြင်းမရှိဘဲ စက်တင်ဘာလ ၉ ရက်နေ့မှာ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၇ဝဝ-၇၂ဝ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT   

Tuesday, 14 Sep 2010

 ရန်ကုန်ဝယ်လက်သာရှိတော့တဲ့ မုံရွာပဲတီစိမ်းဈေးကွက်    မုံရွာပဲဈေးကွက်မှာ စက်တင်ဘာ ပထမပတ်အတွင်း ပဲတီစိမ်းဈေးဟာ (နိမ့်)တစ်တင်း ၂ဝဝဝဝ ကျပ်၊ (မြင့််) ၂၄ဝဝဝ ကျပ်ရှိနေရာမှ (နိမ့်)တစ်တင်း ၁၈ဝဝဝ ကျပ်၊ (မြင့်) ၂ဝဝဝဝ ကျပ်-၂၃ဝဝဝ ကျပ်အထိ ဈေးကျဆင်းခဲ့ကြောင်း သိရပါတယ်။ မန္တလေးဝယ်လက်အေးနေပြီး ရန်ကုန်ဝယ်လက်တစ်ခုတည်းသာ ရှိတော့တဲ့အတွက် ဈေးအေးလာတယ်လို့ ကုန်သည်များက ပြောပြပါတယ်။ ရန်ကုန်အဝယ်မှာလည်း အဝယ်ပါးလာပြီး နေ့စဉ်အိတ် ၃ဝဝ ခန့်သာအရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း  

Tuesday, 14 Sep 2010

မျိုးသမားများ အဝယ်ရှိလာတဲ့ ပြည်ပဲတီစိမ်း       ပြည်ဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဇူလိုင်လဆန်းမှစ၍ ဝင်ရောက်ခဲ့ပြီး၊ သြဂုတ်လကုန်မှာ အဝင်နည်းလာ ပါတယ်။ ဈေးနှုန်းအနေနဲ့ ဈေးဖွင့်ချိန်တွင် ၂၉၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ၃၂ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ကာ သြဂုတ်လလယ်မှစ၍ တဖြည်းဖြည်းဈေးကျဆင်းခဲ့ရာ ၂၆၅ဝဝ ကျပ်ထိ ဆက်လက်ဈေးကျခဲ့ပါတယ်။ သြဂုတ်လအတွင်း ရန်ကုန်၊ မန္တလေးဝယ် လက်များ အဝယ်ရှိခဲ့ပေမဲ့ သြဂုတ်လကုန်မှစ၍ စက်တင်ဘာဒုတိယပတ်အထိ ပဲတီစိမ်းအဝင်နည်းလာသလို အရောင်းအဝယ်လည်း အေးနေတယ်လို့သိရပါတယ်။ စက်တင်ဘာပထမပတ်မှ စ၍ မိုျးအတွက်အဝယ်ရှိလာလို့ မိုျးပဲတီစိမ်းဈေးက တစ်တင်းလျှင် ၂၆ဝဝဝကျပ်ထိ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ လက်ကားဈေး အရောင်းအဝယ်ဖြစ်နေတာကတော့ ၂၁ဝဝဝ ကျပ်သာရှိကာ  တစ်ရက်လျှင် အိတ် ၃ဝ မှ ၄ဝ အထိ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။                                                                                                                                                              ခင်ဆွေဝင်း

Tuesday, 14 Sep 2010

 ပင်လယ်ရေကြောင်းက တန် ၁ဝဝဝဝ နီးပါးပို့         ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကိုကြည့်ရင် သြဂုတ်လအတွင်း တန်ချိန် ၉၇ဝဝ ကျော်သာ တင်ပို့မှုရှိခဲ့လို့ ၂ဝဝ၉ ခုနှစ ်သြဂုတ်လ တင်ပို့မှုတန်ချိန် ၂၂ဝဝဝ ခန့်ထက်လျော့တာ တွေ့ရပါတယ်။         ယခုနှစ် ဇူလိုင်လမှာ တန်ချိန် ၈၅ဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ အပတ်စဉ် တင်ပို့မှုအနေနဲ့ စက်တင်ဘာလ ၂ ရက် မှ ၈ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၂၅ဝဝ ခန့်ရှိလို့ ယခင်သီတင်းပတ် တင်ပို့မှုတန်ချိန် ၂၁ဝဝ ခန့်ထက်တော့ ပိုမိုတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ခရမ်းရွှေဝါတွေ လက်ကျန်မရှိတော့ဘဲ အညာ စတွေပဲ ကျန်တော့သလို လတ်တလော အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ် ဝင်ရောက်မှု ရှိလာလို့ မြန်မာနိုင်ငံက ဝယ်ယူမှု လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာလည်း ယခင်တစ်ပတ်ထက် သိသိသာသာ လျော့ကျခဲ့ပါ တယ်-             FAQ(အညာ)  FAQ(ပခုက္ကူ)     ပဲတီစိမ်းရွှေဝါအသေး၉-၉-၁ဝ    ၈၆ဝ-၈၈ဝ     ၁ဝ၆ဝ-၁ဝ၇ဝ       ၁၁၈ဝ-၁၂ဝဝ၂-၉-၁ဝ    ၉၁ဝ-၉၂ဝ     ၁၁၁ဝ-၁၁၂ဝ       ၁၂၁ဝ-၁၂၂ဝ                                                                     MIRT (MAPT)

Monday, 13 Sep 2010

 မှန်မှန်တင်ပို့နေရတဲ့ ပြောင်းဖူးစေ့    စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ် စပ် ရှိ မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ပြောင်းဖူးစေ့ ၃၆၁၄ ဒသမ ၅ဝ တန်၊ နံှစားပြောင်း ၄၂၇ ဒသမ ၈ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ဝ၁၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က  ၃၇၁၇ တန် တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှာ ၃၂၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါ တယ်-      မိမိဘက်(ကျပ်/တန်)          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                  ယခု         ယခင်    ပြောင်းလဲမှု    %          ယခု     ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့     ၂၄၄၁၂၂    ၂၉၈၉ဝ၃       ၅၄၇၈ဝ    ၂၂           ၂၈၂     ၃ဝဝ           ၁၉         ၇                                                                                           MIRT (DOBT)

Monday, 13 Sep 2010

 အရောင်းအေး ဈေးအေးလာတဲ့ မန်းပြောင်းဈေးကွက်             မန်းဈေးကွက်အတွင်းတွင် ပြောင်းဖူးစေ့ဟာ ရောင်းဝယ်မှုအားကောင်းခဲ့ သလို တရုတ်သို့ အများဆုံးတင်ပို့တဲ့ ကုန်ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါ တယ်။ ဇူလိုင်လမှာ ဈေးနှုန်းတွေလည်း  အားကောင်းခဲ့ပြီး သြဂုတ်လမှတော့ ပြောင်းဖူးစေ့ဈေးကွက်ဟာ တဖြည်းဖြည်း ဈေးအေးလာတာကို တွေ့ရပါတယ်။ ဈေးအေးပေမဲ့ ရောင်းဝယ်မှုဖြစ်ခဲ့ပါတယ်။ ယခုစက်တင်ဘာလမှာ ပြောင်းဖူး စေ့ အသစ်များဝင်ရောက်မှု ရှိလာသလို ပစ္စည်းအဟောင်းလက်ကျန်ရှိတဲ့ ကုန်သည် များလည်း ရှိနေပါတယ်။ ပစ္စည်းအသစ်၊အဟောင်းတွေရှိပေမဲ့ တရုတ် ဝယ်လက် အေးလာခြင်း ၊ ဒေသတွင်း တိရစ္ဆာန်  အစာစပ်သမားများ၊ အရက်ချက် လုပ်ငန်းရှင် များမှလည်း ကုန်ကြမ်း လိုသလောက်သာ ဝယ်ယူနေခြင်း၊ တရုတ်ယွမ်ငွေဈေးတွေ ကျဆင်းလာခြင်းတို့ကြောင့် ဈေးကွက်အတွင်း အရောင်းအေးလာသလို ဈေးနှုန်းမှာ လည်း တဖြည်းဖြည်းနိမ့်လာတာတွေ့ရပါတယ်။ စက်တင်ဘာလ ဒုတိယပတ်မှာ ပြောင်းဖူးစေ့ (ရှမ်း) တစ်ပိဿာ ၂၉၆ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)က ၂၇၈ ကျပ် ဈေးဖြင့်သာ ရောင်းဝယ်နေကြပါတယ်။ တရုတ် တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း ၁၅၃၉ တန်တင်ပို့မှု ရှိခဲ့ကြောင်း သိရပါတယ်။                   ကျော်ကျော်မိုး

Monday, 13 Sep 2010

 ရော်ဘာနယ်စပ်မှ တင်ပို့မှု ပိုမို     စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းများမှတစ်ဆင့်  ရော်ဘာအဆင့်စုံ ၁၆ဝ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၈၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာလည်း  မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများကပဲ ရော်ဘာအဆင့်စုံ ၆၉၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ  ၉ဝ၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ရော်ဘာအဆင့်လိုက် တင်ပို့နိုင်မှုများမှာ မူဆယ်မှ MSR (၂ဝ) ၇၆၇ ဒသမ ၅ တန်၊ MSR(၅ဝ) ၃၅ တန် ၊RSS (၃)  ၅၉၂ ဒသမ ၅ တန်၊ RSS (၅) တန် ၇ဝ နဲ့  ချင်းရွှေဟော်မှ RSS (၃) တန် ၁၄ဝ အသီးသီး ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးများ လျော့ကျလျက်ရှိသော်လည်း တစ်ဘက်နိုင်ငံဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိတဲ့အတွက် တင်ပို့မှု ပိုမိုရကြောင်းသိရှိရပါတယ်။ ယခုအပတ်နဲ့ ယခင် အပတ် ရော်ဘာမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -    မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု         ယခင်      ပြောင်းလဲမှု    %      ယခု     ယခင်    ပြောင်းလဲမှု    %RSS(၃)    ၃ဝ၆၉၇၁၃    ၃၂၆၄ဝ၈ဝ    ၁၉၄၃၆၇       ၆     ၂၉၄၆     ၂၈၇၄         ၇၂         ၂RSS(၅)    ၂၉၄၇၆၁၃    ၃ဝ၇၉၈၆ဝ    ၁၃၂၂၄၇     ၄ .၅   ၂၇၂၅     ၂၆၅၃          ၇၂        ၂MIRT (DOBT)

Monday, 13 Sep 2010

ပြည်တွင်းနို့ဆီ    လက်ကားဈေး               တစ်ဘူး/ကျပ်                              ရန်ကုန်     မန္တလေး    ဒွန်း(နို့ဆီ)                ၆၆ဝ    ၆၇ဝ                                                                                                               ဒွန်း(နို့စိမ်း)               ၆၁ဝ    ၆၂၅    မာရီဂိုး(နို့ဆီ)             ၅၈ဝ     ၅၉၅   လပ်ကီးကောင်း(နို့စိမ်း)  ၅၃ဝ    ၅၄၅နို့ဆီအမိုျးမိုျးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့  အောက်ပါအတိုင်း ဖြစ်ပါတယ်-နို့ဆီလက်လီဈေး               တစ်ဘူး/ကျပ်                                 ရန်ကုန်     မန္တလေး ဒွန်း(နို့ဆီ)                    ၇ဝဝ    ၇၁၅                                                                                                      ဒွန်း(နို့စိမ်း)                     ၆၅ဝ    ၆၆၅ Falcon  နို့ဆီ                 ၆ဝဝ    ၆၁၅ Happy Cow                 ၅၈ဝ     ၅၉၅ ဝမ်းတီနို့ဆီ                    ၆၅ဝ     ၆၆၅ ယူကေနို့ဆီ                    ၆ဝဝ      ၆၁၅MIRT (DOT)

Monday, 13 Sep 2010

ကော့သောင်းမှ နို့ဆီ၊ နို့စိမ်းသွင်း        မြန်မာ-ထိုင်းနယ်စပ်ရှိ    ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း Falcon နဲ့ My boy  တံဆိပ်နို့ဆီ ၃၉ဝဝ ကာတွန်း နဲ့ My boy တံဆိပ်  နို့စိမ်း ၃၆ဝဝ ကာတွန်း၊   စုစုပေါင်း ကန်ဒေါ်လာ ၁၁၉၄၉ဝ ဖိုး  တင်သွင်းနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၂၅ရက်မှ ၃၁ရက်ထိ ကာလ မှာ မြဝတီနဲ့ ကော့သောင်းနယ်စပ်များ မှ နို့ဆီကာတွန်း ၇၁ဝဝ ကျော်နဲ့ နို့စိမ်း ကာတွန်း ၆၃ဝဝကျော် တင်သွင်းခဲ့တာ ဖြစ်တဲ့အတွက် ယခုအပတ်နယ်စပ်မှ နို့ဆီ၊ နို့စိမ်း တင်သွင်းမှု လျော့ကျခဲ့ပါ တယ်။                                                                                                                   MIRT(DOBT)

Pages