Background
ဒီအပတ် စင်္ကာပူကိုပဲ ပြောင်းပို့တာရှိ စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၆၉ တန်၊ တန်ဖိုးအား ဖြင့် ဝ ဒသမ ဝ၁၈ သန်းတင်ပို့ခဲ့ပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လတစ်လလုံးမှာ ၉၂ တန်သာ တင်ပို့မှုရှိခဲ့ပြီ ယခု စက်တင်ဘာလမှာ ပြန်လည် တင်ပို့နိုင်တာဖြစ်ပါတယ်။ တင်ပို့မှုကတော့ စင်ကာပူ တစ်နိုင်ငံတည်းသို့သာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
ယခုတစ်ပတ် မူဆယ်နယ်စပ် အပို့ကျ စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ RSS (၃) ၇၈၁ ဒသမ ၈ဝဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၅၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာအဆင့်စုံ ၁၆ဝ၅ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် တန်ချိန် ၈ဝဝ ကျော်ယခုအပတ်မှာလျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက မိမိဘက်ဈေးကျနေပြီး တစ်ဘက်နိုင်ငံဈေး တည်ငြိမ်နေတဲ့အတွက်အရောင်းအဝယ်အေးလျက်ရှိတယ်လို့ မူဆယ် ကုန်စည်ဒိုင်မှ သတင်း ရရှိပါတယ်။ ယခုအပတ်မှာ ရော်ဘာတင်ပို့မှုများမှာမူဆယ်မှာ RSS (၃) ၅၄၁ ဒသမ ၈ တန် နဲ့ ချင်းရွှေဟော်မှ တန် ၂၄ဝ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်နဲ့ယခင်အပတ် ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ှRSS(၃) ၃ဝ၄၈၁၁၃ ၃ဝ၆၉၇၁၃ ၂၁၆ဝဝ ဝ .၇ ၂ဝဝဝဝ ၂ဝဝဝဝ -RSS(၅) ၂၉၂၇၆၁ဝ ၂၉၄၇၆၁၃ ၂ဝဝဝ၃ ဝ .၇ ၁၈၅ဝဝ ၁၈၅ဝဝ -
ပင်လယ်ရေကြောင်းက တန် ၁ဝဝဝကျော်ပို့ စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁ဝ၇၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၁၉၃ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၅၅ တန်တင်ပို့ ခဲ့တာကြောင့်ယခုအပတ်မှာ ၂ ဆကျော်တိုးတက်တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိ ုMSR(၂ဝ) ၂၆၁တန်၊RSS (၃) တန် ၁ဝဝ၊ မလေးရှားကို MSR (၅ဝ) ၁၉ဝ တန်၊ RSS (၅) ၃၄၅ တန်၊ RSS (၃) တန် ၁ဝဝ နဲ့ဗီယက်နမ်ကို RSS (၃) တန် ၈ဝ အသီးသီး တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ KZW
နယ်စပ်အပို့ သြဂုတ်လမှာ ဇူလိုင်လထက်လျော့ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှမ်းရောင်စုံ ၄၉၇ ဒသမ ၈၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၆၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လတစ်လလုံး နှမ်းတန်ချိန် ၂၉၂၉ တန် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လမှာ ၄၈၄၆တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုလမှာ နှမ်းရောင်စုံ ၁၉၁၇ တန်ဇူလိုင်လကထက် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လကုန်ထိ နှမ်းရောင်စုံတန်ချိန် ၁၄၁ဝဝ တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ မြေပြင်နှမ်း ပေါက်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၂၇၂၈၆ ၁၁၃၃၄၇၇ ၆၁၉၁ ဝ .၅ ၁၄၄၆ ၁၃၄ဝ ၁ဝ၆ ၇နှမ်းနက် ၁၂၇၃၄၄၂ ၁၃ဝ၁၁၄ဝ ၂၇၆၉၈ ၂ ၁၆၈၃ ၁၃၉၉ ၂၈၄ ၁၇MIRT (DOBT)
ပြည်တွင်းဘိလပ်မြေဈေးကွက် အခြေအနေ ပြည်တွင်းဘိလပ်မြေ ဈေးများကို ဖော်ပြလိုက်ပါတယ် - တိုင်း/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန် ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ TPI ၅ဝဝဝ ဘိလပ်မြေ (စိန်) ၅ဝဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၃ဝဝ ဘိလပ်မြေ (AAA) ၆၄ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၆ဝဝဝ ဘိလပ်မြေ ( TPI)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း)ထိုင်း ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝMIRT (MAPT)
ယခင်သီတင်းပတ်ထက် အရှိန်ရလာ စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက်နေ့ကာလအတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ ဘိလပ်မြေတင်သွင်းရာမှာ တန်ချိန် ၂၂၇၃၈ တန်၊ တန်ဖိုး အားဖြင့်ကန်ဒေါ်လာ ၁၉၁၇၉ဝ၅ ဒေါ်လာတင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က တင်သွင်းလာတာဖြစ်ပြီး ဆင်တံဆိပ် ဘိလပ်မြေအပါအဝင် အမယ်စုံ တင်သွင်းခဲ့ပါတယ်။ယခင်အပတ်က တန်ချိန် ၈၇ဝ၅ တန်သာဝင်ခဲ့ပြီး ယခုအပတ် မှာတော့ အင်တိုက်အားတိုက်အဝင်တန်ချိန်က ၂၂၇၃၈ ဖြစ်တာမို့ ယခင်အပတ်ထက် ၂ ဒသမ ၆ဆခန့်ပိုမို ပြီး ဝင်ခဲ့ပါတယ်။ MIRT (DOT)
ဈေးကွက်တွင်းက ဓာတ်မြေသြဇာဈေးနှုန်းပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက်ဈေးများကို အောက်ပါအတိုင်းဖော်ပြလိုက်ပါတယ် -တိုင်း/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၁၈၆ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၁၈၅ဝဝ ယူရီးယား-ယူအေအီး ၁၇၆ဝဝ ပိုတက်(ကနေဒါ) ၂ဝဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၉၄ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၂၁၅ဝဝ တီဆူပါ GTSP ၄၆% ၁၈၅ဝဝ တီဆူပါ GSSP ၁၆% ၈၇ဝဝ တီဆူပါ GSSP ၁၂% ၇၈ဝဝ ကွန်ပေါင်း(တရုတ်) ၁၅:၁၅:၁၅ ၂၅ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ကမ္ဘာလုံး (တရုတ်) ၁၈၅ဝဝ ကုလားအုတ်-တရုတ် ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၂ဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၃၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂ဝဝဝ တီဆူပါ-(တရုတ်) ၁၂% ၈၇ဝဝ တီဆူပါ-(တရုတ်) ၁၆% ၉၇ဝဝ တီဆူပါ ၁၅:၁၅:၁၅ (တရုတ်) ၄၂ဝဝဝ ပိုတက်(တရုတ်) ၂၁ဝဝဝ ဓာတ်ဆား (တရုတ်) ၁၄ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး ၄၆% တရုတ်) ၂ဝဝဝဝ ပုလဲ(သေး)(ရွှေပျား ၄၆% တရုတ်) ၂ဝဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း ၁၅း၁၅း၁၅ ၃၆၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း ၁၅း၁၅း၁၅ ၃၂၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း ၁၆း၁၆း၈ ၃ဝဝဝဝ တီစူပါ (တရုတ်)သံကွင်း ၄၆% ၂ဝဝဝဝ တီစူပါ (တရုတ်) မျှား ၄၆% ၁၉ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁ဝဝဝဝMIRT (MAPT)
ဓာတ်မြေသြဇာတင်သွင်းမှုလျော့ စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှဓာတ်မြေသြဇာ ၁၉၄၂၁ ဒသမ ၂၈တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ၈ဝ၈ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၁၉၅၁၈ဒသမ ၁၂ တန် တင်သွင်း ခဲ့တာ တွေ့ရပါတယ်။ မြဝတီနဲ့ကော့သောင်းနယ်စပ်မှ ယခုအပတ်မှာ တင်သွင်းမှု ပိုမိုသော်လည်း မူဆယ်နယ်စပ်၊ တာချီလိတ် နယ်စပ်နဲ့ ရိဒ်နယ်စပ်များမှ တင်သွင်းမှု လျော့နည်းခဲ့တဲ့အတွက်ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှတင်သွင်းတဲ့ ဓာတ်မြေသြဇာအချို့ရဲ့ဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ် -နယ်စပ် အမျိုးအစား တစ်ဖက်နိုင်ငံဈေး(ဒေါ်လာ/တန်)မူဆယ် Single Super Phosphate ၁၃ဝ Potash (Sulphate) ၂၁၅့ Urea Fertilizer ၂၂ဝၤ Foliar Fertilizer ၂၂၅ Compound 15:15:15 ၂၄ဝ Nitric Phosphate ၂၅ဝွှ Triple Super Phosphate ၂၆ဝ
ဗီယက်နမ်၊ ထိုင်းအပြင် ချီလီနိုင်ငံကပါတင်သွင်း ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၂၆၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ၇၃၅၉ဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က မြေသြဇာ ၂ဝ၇ တန်အဝင်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ နိုင်ငံတွေကတော့ ချီလီ ၊ ထိုင်းနဲ့ ဗီယက်နမ်ဘက်ကအဝင်ရှိခဲ့ပါတယ်။ ချီလီနိုင်ငံက ပိုတက်ဆီယမ်ပါဝင်တဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတန်ချိန် ၁၂ဝကို တစ်တန်လျှင် စီအိုင်အက်ဖ်တန်ဖိုး ကန်ဒေါ်လာ ၂၆ဝဖြင့် တင်သွင်းလာခဲ့ပါတယ်။
နယ်စပ်မှ တင်သွင်းမှု ယခင်အပတ်ထက် ပိုမိုလာ စက်တင်ဘာလ ၈ရက်မှ ၁၄ရက်ထိကာလအတွင်း တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်းများမှ ဒီဇယ်ဆီ ၃၈၉ဝ၃ဝ ဂါလန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၁ဝ၄ သန်းဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်များမှ ၂၄ဝ၈၆၈ ဂါလန် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ၁၄၈၁၆၂ ဂါလန် ပိုမိုတင်သွင်းခဲ့ပါတယ်။ဓာတ်ဆီကိုတော့ ယခုအပတ်မှာ ကော့သောင်းနဲ့တာချီလိတ် နယ်စပ်စခန်းများမှ ၁၁၂ဝ၉၇ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဝ၃၅၅၆ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီဂါလန် ၇၆၉ဝဝ ကျော် ပိုမိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ကော့သောင်းမှ တင်သွင်းမှု လျော့နည်းခဲ့သော်လည်းတာချီလိတ်မှတင်သွင်းမှု ပိုမိုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ယခုအပတ်မှာ သဘာဝဓာတ်ငွေ့ရည်ကို တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းမှုမရှိခဲ့ဘူးလို့သိရပါတယ်။ ထိုင်းဘက်မှ ဓာတ်ဆီ ၁ ဂါလန် ၂ ဒသမ ၈၅ ဒေါ်လာ ပေါက်ပါတယ်။MIRT (DOBT)