Main menu

Background

Monday, 20 Sep 2010

ဒီဇယ်တန် နှစ်သောင်းခုနစ်ထောင်ကျော်ဝင်ခဲ့     ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်နေ့တာ ကာလအတွင်း ပြည်တွင်းလုပ်ငန်းသုံး၊ အိမ်သုံး စက်သုံးဆီများကို ပင်လယ်ရေကြောင်းက တင်သွင်းလာခဲ့ပါတယ်။ ယခုသီတင်းပတ် စက်သုံးဆီအဝင်ကိုကြည့်ရင်ဒီဇယ်ဆီများ တင်သွင်းလာတာတွေ့ရပြီး တန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော်(၂ဝ၆၁၃၅ ပီပါ) ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းလာခဲ့ပါတယ်။ ယခင်အပတ်က ဒီဇယ်တန်ချိန် တစ်သောင်းသုံးထောင်ကျော် တင်သွင်းခဲ့တာကြောင့်ဒီအပတ် အဝင်နဲ့ယှဉ်ရင် တန်ချိန် တစ်သောင်းလေးထောင်ကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါတယ်။MIRT-DOT

Wednesday, 15 Sep 2010

ပဲလွန်းဖြူတင်ပို့မှု ဇူလိုင်လထက် သြဂုတ်လမှာလျော့လာ              ပင်လယ်ရေကြောင်းက နိုင်ငံစုံကို ပဲလွန်းဖြူတင်ပို့ရာမှာ ဇူလိုင်လက တန်ချိန် ၂၈ဝဝ ကျော်ထိ တင်ပို့ခဲ့ရာမှ သြဂုတ်လမှာ တန်ချိန် ၁၁ဝဝ ခန့်ကို လျော့ကျလာတာတွေ့ရပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ် သြဂုတ်လ တင်ပို့မှုတန်ချိန် ၁၅ဝဝ ထက်လည်း ယခုနှစ်ကာလ တူမှာ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အပတ်စဉ် တင်ပို့မှုအနေနဲ့ ယခုတစ်ပတ်(စက်တင်ဘာလ ၂ ရက်မှ ၈ ရက်)အတွင်း မှာတော့ တန် ချိန် ၆၈ဝ ခန့်ထိ စံချိန်ထက် တင်ပို့လာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၂၅ဝ ခန့်သာတင်ပို့မှုရှိခဲ့သလို ယခု တစ်ပတ်မှာ ၂ ဆ ကျော် ပိုတင်လာတာတွေ့ရပါတယ်။     ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ စက်တင်ဘာ ၉ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဈေးရှိပြီး အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၃၆) ဈေးရှိတယ်လို့ သိရပါတယ်။                                                                       MIRT - MAPT

Tuesday, 14 Sep 2010

ပုံမှန်ပို့တဲ့ ပရဆေးပို့ကုန်     စက်တင်ဘာလ ၁ ရက်မှ ၇ ရက် တာကာလအတွင်း မူဆယ်နယ်စပ် ကုန် သွယ်ရေးစခန်းမှ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်း တွေက တော့ တောဂျင်း၊ တောဂူျးမြစ်၊ တောင် လုံးကျော်၊ ရှားစေး၊ မိကျောင်း ကွမ်းဖတ် စေ့၊ ကြောင်ပန်းစေ့နဲ့ ကွမ်းစားဂမုန်း တို့ကို တန်ချိန် ၉၅ ဒဿမ ၁၆ တန်၊ တန်ဖိုးကျပ်သန်း ၈ဝဖိုး သာတင်ပို့နိုင်ခဲ့ ပါတယ်။ယခင်အပတ်က ၂၇၉ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ၁၈၄ တန်ခန့်တင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးတွေနဲ့ တစ်ဘက်နိုင်ငံရွှေလီ ပေါက်ဈေးတွေကတော့ ပြောင်းလဲမှု မရှိ ဘူးလို့သိရပါတယ်။ မိမိဘက်နဲ့ တစ် ဘက် နိုင်ငံပေါက်ဈေးများကို ဖော်ပြပေး လိုက်ပါတယ် - ပစ္စည်းအမည်              မိမိဘက်         တစ်ဘက်နိုင်ငံ                             (ကျပ်/တန်)        (ယွမ်/တန်)တောဂျင်း                    ၃ဝဝဝဝဝ             ၂၁၂၇တောဂူျးမြစ်                  ၅၅၆ဝ၂ဝ             ၃၈၁၇တောင်လုံးကျော်           ၂၅ဝ၈ဝဝ              ၁၇၂၂ရှားစေး                      ၈၂၄၈၇ဝ               ၅ဝဝဝမိကျောင်းကွမ်းဖတ်စေ့    ၂၆၇၉၅၈ဝ             ၁၉ဝဝဝကြောင်ပန်းစေ့               ၈၁၄၆၅ဝ               ၅၆ဝဝကွမ်းစားဂမုန်း                ၉၄၆၇၃ဝ               ၆၅ဝဝမော်မော်အောင(်MIRT)

Tuesday, 14 Sep 2010

တမူးက အပို့ရှိ    စက်တင်ဘာလ ၁ ရက်မှ ၇ ရက် ထိ ကာလအတွင်း တမူးနယ်စပ်မှ မန်ကျည်းမှည့် (အစေ့ပါ) ၈ ဒသမ ၅၁ တန်၊ တန်ဖိုးအားဖြင့် ၂၅၉၁၈ ဒေါ်လာ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က စစ်တွေနယ်စပ်မှ မန်ကျည်းမှည့် ၁ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။    ယခုအပတ်မှာတော့ စစ်တွေမှ တင်ပို့နိုင်ခဲ့ခြင်းမရှိပါဘူး။                                                                                                      ခင်မိုးသူ(MIRT)

Tuesday, 14 Sep 2010

 ပြည်တွင်းအဝယ်ရှိလို့ အိန္ဒိယနနွင်းဈေးမြင့်လာ    အိန္ဒိယကြိုပွိုင့်ဈေးကွက်မှာ နနွင်းဈေးအပြောင်းအလဲမရှိပေမဲ့ လက်ငင်း ဈေးကွက်မှာတော့ တစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၃ ဒသမ ၂၁) ခန့် တိုးတက်ခဲ့ပါတယ်။ ပြည်တွင်းအဝယ်ရှိလာတာကြောင့် ဈေးတက်လာခြင်း ဖြစ် တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးကွက်မှာ နနွင်း တက်ဈေးဟာ တစ်တန်ကို ရူပီး ၉၁၉၉ဝ -၁၂၉၆၉ဝ (ကန်ဒေါ်လာ ၁၉၈၈-၂၈ဝ၂) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့လို့ စက်တင်ဘာလ ၇ ရက်နေ့ဈေးထက် တစ်တန်ကို ရူပီး ၂၄ဝဝ ကျပ် (ကန်ဒေါ်လာ ၅၁ ဒသမ ၈၆) မြင့်တက်ခဲ့ပါတယ်။ နနွင်းဥမဈေးကတော့ တစ်တန်ကို ရူပီး ၉၃ဝဝဝ-၁၃၄၆၉ဝ (ကန်ဒေါ်လာ ၂ဝဝ၉-၂၉၁ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။     အီရော့သမဝါယမ ဈေးကွက်မှာတော့ နနွင်းတက်ဈေးက တစ်တန်ကို ရူပီး ၁၃ဝ၂၇ဝ-၁၃၆၈၉ဝ  (ကန်ဒေါ်လာ ၂၈၁၅-၂၉၅၈) ၊ နနွင်းဥမဈေးက တစ်တန်ကို ရူပီး ၁၂၆၉၉ဝ-၁၃၁ဝ၄ဝ (ကန်ဒေါ်လာ ၂၉၆ဝ-၂၈၃၁) ဈေးဖြစ်ခဲ့ ပါတယ်။ ပြည်ပအဝယ်ကတော့ နနွင်းအသစ်ဝင်လာမယ့် ဒီဇင်ဘာလမှာ ရှိလာ နိုင်ပြီး လတ်တလော ပြည်တွင်း ကုန်သည်များက အဝယ်ရှိနေတယ်လို့ သိရပါ တယ်။ ယမုံနာSources: businessline

Tuesday, 14 Sep 2010

 ရေကြောင်းက အပို့လျော့    မန်ကျည်း တင်ပို့နိုင်မှုအနေနဲ့ သြဂုတ်လအတွင်းပင်လယ် ရေကြောင်း ကနေ မန်ကျည်းတန်ချိန် ၁၄၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂၉ဝဝဝ ကျော်ဖိုး တင်ပို့နိုင်ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ် ဖက်နိုင်ငံက အိန္ဒိယဈေးကွက်ကို ဦး တည်တင်ပို့ခဲ့တာဖြစ်ပြီး တစ်တန် ကို ပျမ်းမျှ အက်ဖ်အိုဘီ ၂ဝဝ ဒေါ်လာနဲ့ တင်ပို့ခွင့် ရရှိခဲ့ပါတယ်။ မန်ကျည်းသီး တင်ပို့မှုကို ယခင်နှစ် ၂ဝဝ၉ သြဂုတ်လ နဲ့ ယှဉ်ကြည့်ရင် ၂၅ တန်ပိုမို တင်ပို့နိုင် ခဲ့တာတွေ့ရပြီး ယခု ၂ဝ၁ဝ ဇူလိုင်လက တင်ပို့ပြီးခဲ့တဲ့ တန်ချိန် ၂၄၂ တန်နဲ့ယှဉ် ရင်တော့ ဒီလလခုျပ်အနေနဲ့ အပို့တန် ချိန် ၉၈ တန် လျှော့ခဲ့တယ်လို့ ဆိုပါ တယ်။               MIRT (DOT)  

Tuesday, 14 Sep 2010

စစ်တွေက ၃ တန်ပဲ ပို့နိုင်        စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှ နနွင်း တက် ၃ တန်၊ ကန် ဒေါ်လာ ၄၈ဝဝ ဖိုးတင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်က ၆ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ ၃ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ဈေးနှုန်းများပြောင်းလဲမှုမရှိဘဲ ယခင်အပတ်ကအတိုင်းပဲ မိမိဘက်မှာ ၁၄ဝ၇၆ဝဝ ကျပ်နဲ့တစ်ဘက်နိုင်ငံမှာ ၁၂၃၇ဝဝ တာကာအသီးသီး ဈေးပေါက်လျက် ရှိပါတယ်။တင်တင်ထွန်း  (MIRT )

Tuesday, 14 Sep 2010

သြဂုတ်လနနွင်းတန်ချိန် ၁၆၈ တန်တင်ပို့နိုင်        ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ နနွင်းတန်ချိန် ၁၄ ဒသမ ၉၈ တန်ကို စက်တင်ဘာပထမအပတ်မှာ စင်ကာပူနိုင်င ံကိုတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီတန်ဖိုးကန်ဒေါ်လာ ၁၄၆ဝ ခန့်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ၂၁၈၆၃ ဒသမ ၅ ဒေါ်လာ ရရှိခဲ့ပါတယ်။ သြဂုတ်လအတွင်း တစ်လလုံး နနွင်းတင်ပို့မှုကို ကြည့်ရင် တန်ချိန် ၁၆၈ တန် တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းနီးပါးဖိုးတင်ပို့ ခဲ့ပါတယ်။ သြဂုတ်လအတွင်း ပစ္စည်းစုဆောင်းရတာ အရှိန်နှေးနေသလို လှောင် လက်များ ထံက နနွင်းကိုစုဆောင်းတင်ပို့နေတာကြောင့် ယခင်ဇူလိုင်လ အပို့တန် ချိန် ၃၅ဝ ဝန်းကျင်ကို မမှီဘဲ ၁၈၂ တန် လျော့နည်းခဲ့ပါတယ်။MIRT (DOT)

Tuesday, 14 Sep 2010

ပုံမှန် အရောင်းအဝယ် ရှမ်းကြက်သွန်ဖြူ            ဒီတစ်ပတ်တောင်ကြီး ဈေး ကွက်မှာ ကြက်သွန်ဖြူက ပုံမှန် အရောင်းအဝယ် ဖြစ်နေပါတယ်။ ပြည် တွင်းသုံးအတွက် ရန်ကုန်၊ မိတ္ထီလာက အဝယ်လိုက် နေတယ်လို့လည်း သိရပါ တယ်။ ကျောက်တလုံးနယ်က ကြက် သွန်ဖြူတွေကလည်း အနည်းကျဉ်း လောက်သာဝင်ပါတော့တယ်။ လှောင် လက်တွေကလည်း ကြိုက်ဈေး ရနေ ပြီဖြစ်လို့ ထုတ်ရောင်းနေကြပါတယ်။ ကြက်သွန်ဖြူအသစ်တွေကို နောက် တစ်လမှာ ပြန်စိုက်တော့မှာဖြစ်လို့ တစ်ချိုု့ တောင်သူတွေက မိုျးအဖြစ် (လတ်ခြား) စတွေကို ပြန်ဝယ်နေကြ ပါတယ်။ တောင်ကြီးဈေးကွက်မှာ (လတ်ခြား) စတွေတောင် ပစ္စည်းပြတ် သွားတယ်လို့သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူ ပေါက်ဈေးက  (ထူး-၁) ၂၆ဝဝ ကျပ်၊ (ထူး-၂) ၂၇ဝဝ ကျပ်၊ (ထူး-၃) ၂၈ဝဝ ကျပ်၊ (ထူး-၄) ၂၉ဝဝ ကျပ်ဈေး ရှိပါ တယ်။ အောင်ပန်းမှာ (လတ်ခြား) ၂၇ဝဝ ကျပ်၊ (ထူး-၁) ၂၉ဝဝ ကျပ်၊ (ထူး-၂) ၃ဝဝဝ ကျပ်၊ (ထူး-၃) ၃၂ဝဝ ကျပ်၊ (ထူး-၄) ၃၃ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေတာ ကြောင့် စက်တင်ဘာ ၁ ရက်မှ ၈ ရက်နေ့အထိ ကြက်သွန်ဖြူ ပိဿာချိန် ၁၆၁ဝဝဝ စီးဆင်းသွားတယ်လို့ ကြက် သွန်ဖြူ ပွဲရုံတွေက သိရပါတယ်။ဧဧခိုင်

Tuesday, 14 Sep 2010

လက်ကျန်နည်းလာပြီး ကြိုက်ရောင်းကြိုက်ဝယ်သာရှိတဲ့ရှမ်းချင်း           ဒီတစ်ပတ်ရှမ်းချင်းက ဈေးငြိမ်နေပါတယ်။ ဈေးကွက်မှာလည်း ချင်း(စို) တွေက လက်ကျန်နည်းလာပါပြီ၊ ချင်းအသစ် တွေလည်း အောက်တိုဘာလမှာ ပြန် ပေါ်တော့မှာဖြစ်ပါတယ်။ ဒီနှစ်က ဝယ်လိုအားကောင်းတာကြောင့် ချင်းလက်ကျန် က အသစ် ပေါ်ချိန်မှာ အနည်းငယ်သာကျန်နိုင်တယ်။ ဒါမှမဟုတ်ကုန်သွားနိုင်တယ် လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။ ဈေးကွက် အဝင်ကလည်း အရင် တစ်ပတ်ကလိုပါပဲ၊ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၅ဝဝဝ လောက်သာ အဝင် ရှိပါတော့တယ်။ မိုးကောင်းပြီး ရေကြီးနေတာကြောင့်  ပြည်ပဝယ်လိုအား ခဏ ရပ်သွားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ ပြည်တွင်းသုံး အဖြစ်သာ အဝယ် လိုက်နေပါတယ်။  ချင်းသုတ်နဲ့ ဟင်းခတ်အဖြစ်အသုံးပြုဖို့အတွက် မန္တလေး၊ ပြည်၊ မုံရွာ၊ တောင်ငူဖက်ကို စီးနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေး ကွက်မှာ ချင်း(စို)တစ်ပိဿာ ၈ဝဝ ကျပ်၊ ၉ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တော့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကလည်း ကြိုက်ရောင်း ကြိုက်ဝယ်နဲ့သာ အရောင်းအဝယ်အနည်းငယ်ဖြစ်နေပါတယ်။ တောင်ကြီး ဈေးကွက် မှာ ချင်းခြောက် တစ်ပိဿာ ၂၅၅ဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ဧဧခိုင်

Pages