Main menu

Background

Monday, 29 Oct 2012

မိုးနှမ်းအသစ်များ ဈေးကွက်ထဲ လှိုင်လှိုင်ဝင်လာခြင်းနဲ့အတူ ပင်လယ်ရေကြောင်းကလည်း မှန်မှန်တင်ပို့ လာတာ တွေ့ရပါ တယ်။ အောက်တိုဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ တစ်ပတ်အတွင်းမှာ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်ကိုတန်ချိန် ၁၃၀၀ ခန့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တို ဘာလ ၁၉ ရက်နေ့အထိ ပြည်ပ ကို နှမ်းရောင်စုံတင်ပို့မှုမှာ တန်ချိန် ၆ သောင်းကျော်ပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၉၈ သန်းကျော်ရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၅၅၀၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၇၆ သန်းကျော်ရရှိကြောင်း သိရပါတယ်။MIRT - MAPT

Wednesday, 24 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တို ဘာ ၁၀ ရက်မှ ၁၆ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၇၆ သန်း တန်ဖိုးရှိတဲ့ ပဲပုပ်စေ့ တန် ၁၁၀ ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် က တန် ၂၀ ဝန်းကျင်သာမူဆယ်မှ အပို့ ရှိခဲ့တဲ့အတွက် ယခုအပတ် တန် ၉၀ ဝန်းကျင်အပို့ပိုခဲ့ရာ ပို့အားကောင်း နေတယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် တမူး နယ်စပ်ကလည်း ယခုအပတ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်း တန်ဖိုးရှိတဲ့ ပဲပုပ်စေ့ ၁၂ တန်အပို့ရှိ ခဲ့ တယ်လို့ သတင်းရရှိပါတယ်။ မူဆယ် နဲ့ ရွှေလီ နှစ်ဘ က်မြေပြင် ဈေးများက တော့ ယခင်အပတ်ကထက် အနည်း ငယ် မြင့်တက်လျက်ရှိပါတယ် -

Wednesday, 24 Oct 2012

အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၄ ဒသမ ၉၂၉ သန်းတန်ဖိုးရှိ နှမ်းနက် ၁၇၀၇ တန်ကျော်၊ နှမ်းဖြူ ၉၂၆ တန်ကျော်နဲ့ နှမ်းညို ၆၃ တန်ကျော်၊ ကန်ဒေါ်လာသုည ဒသမ ၄၄၉ သန်းတန်ဖိုးရှိ နှမ်းဖြုအခွံချွတ် ၂၂၉ တန်ကျော် ကို အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းနက် ၁၂၅ တန်ကျော်၊ နှမ်းညို ၅၅ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၃၃ တန်ခန့် အပို့ပိုမိုခဲ့ ပါတယ်။ နှမ်းဖြူတင်ပို့မှုကတော့ ၁၅၇ တန်ခန့်လျော့နည်းခဲ့ပါတယ်။ယခုအပတ်မြဝတီမှလည်း ကန် ဒေါ်လာသုညဒသမ ၀၀၅ သန်းတန်ဖိုးရှိ နှမ်းနက် ၃၇ တန်ကျော်လည်း အပို့ရှိခဲ့ပါတယ်။ မြေပြင်နှမ်းဈေးများ နှစ် ဖက်လုံးမှာ ယခင်အပတ်ထက် မြင့်လျက်ရှိပါတယ် -

Wednesday, 24 Oct 2012

ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု ယခင်တစ်ပတ်ထက် တိုးတက်လာနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ တန်ချိန် ၁၃၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ်မှာ တန်ချိန် ၁၅၀၀ ကျော်ထိ တင်ပို့လာနိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာလည်း ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ အိန္ဒိယတို့ကို တင်ပို့ခြင်းဖြစ်ပါတယ်။ အောက်တိုဘာလ ၁၂ ရက်အထိ စုစုပေါင်း နှမ်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၅၆၂၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၉၀ သန်းကျော် ရရှိထားလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၄၉၂၀၀ ကျော်၊ ကန်ဒေါ်လာ ၆၉ သန်းနဲ့ ယှဉ်ရင် ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ မြေပဲဆန်တင်ပို့မှု စုစုပေါင်း တန်ချိန် ၃၂၀၀၀ ကျော်မှ ကန်ဒေါ်လာ ၄၇ သန်းခန့်ရရှိထားကြောင်း သိရပါတယ်။             MIRT - MAPT

Sunday, 14 Oct 2012

Fisherman(တံငါသည်) တံဆိပ် cloudpoint    ၈ ဒီဂရီစင်တီ ဂရိတ် (အများဆုံး)နဲ့အနိမ့်ဆုံးအိုင်အိုဒင်း ပမာ ဏ ၅၈ ရှိတဲ့ ဟင်းချက်ဆီ ၇၅ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာမြိတ်နယ်စပ်မှအသွင်း ရှိခဲ့ပါတယ်။ ဆီများကို ၁၈ လီတာဆန့် ပလတ်စတစ်ဂျယ်ရီကင်န်ပုံးများနဲ့ တင် သွင်းတာ ဖြစ်ပါတယ်။ MIRT(DOBT)

Sunday, 14 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိ ပဲပုတ်စေ့ တန် ၂၀ ကျော်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါ တယ်။ စက်တင်ဘာ နောက်ဆုံးပတ်မှာ အပို့နားခဲ့ပြီးယခုအောက်တိုဘာလဆန်း မှာ ပြန်လည်တင်ပို့လာတာဖြစ်ပါတယ်။ မိမိဘက် မြေပြင်ဈေး အနည်းငယ် လျော့ကျနေသော်လည်းတစ်ဘက်နိုင်ငံ ဈေးမှာ တစ်ဒေါ်လာခန့်သာ လျော့ကျ ခဲ့ပါတယ် -

Sunday, 14 Oct 2012

အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ မူဆယ်နဲ့မြဝတီနယ်စပ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၉၄၉ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၂၇၁၆ တန်ကျော်နဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၈၅ သန်းတန်ဖိုးရှိ နှမ်းဖြူ အခွံ ချွတ် ၁၉၆ တန်ကျော်အပ့ိုရှိခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက် ၂၂၇ တန်ခန့် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်နှမ်း ရောင်စုံ တင်ပို့နိုင်မှုကို ကြည့်မယ်ဆိုလျှင် မူဆယ်မှ နှမ်းနက် ၁၅၈၂ တန်၊ နှမ်းဖြူ ၁၀၈၃ တန်၊ နှမ်းညို ၈ တန်ကျော်၊ နှမ်းဖြူအခွံချွတ် ၁၉၆ တန်ကျော်နဲ့ မြဝတီ မှ နှမ်းနီ ၃၇ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နှမ်းဈေးများမိမိဘက် မြေပြင်ဈေးအနည်းငယ်မျှလျော့နည်းလျက်ရှိတာကို ကုန်စည် ဒိုင် သတင်းကြေညာလွှာများအရ သိရပါတယ် -

Sunday, 7 Oct 2012

ပြည်ဈေးကွက်သို့ မိုးနှမ်းများကို မင်းတုန်း၊ ပေါက်ခေါင်း၊ ပေါင်းတည်နဲ့ မြန်အောင်ဘက်မှ တစ်နေ့ကို အိတ် ၁၀၀၀ ခန့် ဝင်ရောက်နေတာကြောင့် နှမ်းဈေးမှာ စက်တင်ဘာလနောက်ဆုံး ပတ်ကစပြီး၊ ယခုအောက်တိုဘာ လ ဆန်းအထိ တစ်အိတ်ကို ယခင်တစ်ပတ် ၈၀၀၀၀ ကျပ်ဝန်းကျင်မှ ယခု ၇၀၀၀၀ ကျပ်ဝန်းကျင်ထိ ကျဆင်းလာပါတယ်။ နှမ်းနီကို ပြည် ဆီစက်သမားများက အဝယ်ရှိသလို စမုံနှမ်းနက်ကို မန္တလေး ဝယ်လက်များက အဝယ်ရှိနေပေမဲ့ နှမ်း ဈေးမှာ နှမ်းအဝင်လှိုင်နေတာကြောင့် နှမ်းဈေးကျလာတာဖြစ်ပါတယ်။ မိုးနှမ်း နီ ၄၅ ပိဿာတစ်အိတ် ၇၇၀၀၀ ကျပ်၊ နှမ်းနက်ရိုးရိုး ၄၅ ပိဿာတစ်အိတ် ၉၀၀၀၀ ကျပ်နဲ့ စမုံနက်နှမ်း ၄၅ ပိဿာ တစ်အိတ် ၁၀၀၀၀၀ ကျပ်ဈေးနဲ့ တစ် နေ့ အိတ် ၉၀၀ ခန့် အရောင်းအဝယ် ဖြစ်ပြီး၊ နှမ်းဆီတစ်ပိဿာ ၃၄၀၀ ကျပ် ဈေးနဲ့ ပြည်ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။

Sunday, 7 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၉၂ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၃၀၃ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကတော့ အခွံချွတ်အပို့မရှိခဲ့ပါဘူး။ နှမ်းရောင်စုံတင်ပို့မှုကိုကြည့်မယ်ဆိုလျှင် ကန်ဒေါ်လာ ၄ ဒသမ ၅၀၉ သန်းတန်ဖိုးရှိ နှမ်းနက် ၁၃၈၈ တန်ခန့်၊ နှမ်းဖြူ ၉၈၈ တန်ကျော်၊ နှမ်းညို ၁၀၇ တန်ကျော်နဲ့ နှမ်းနီ ၆ တန်ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင်တော့ ၁၅၆၇ တန်ခန့်အပို့လျော့ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နှမ်းရောင်စုံ ၁၆၇၅၆ တန်တင်ပို့ထားပြီး ဧပြီလမှ စက်တင်ဘာလ အတွင်းမှာ နှမ်းရောင်စုံ ၃၃၈၄၁ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါ တယ်။ နှစ်ဘက်မြေပြင်ဈေးများကို နှိုင်းယှဉ်ကြည့်တဲ့အခါ မိမိဘက်မူဆယ်မြေပြင်ဈေးကျနေသော်လည်း တစ်ဘက်နိုင်ငံဈေးသိသိသာသာပြောင်းလဲမှုမရှိပါဘူး။ ငွေလဲနှုန်းကြောင့် အနည်းငယ်မြင့်တက်နေတာဖြစ် ပါတယ်။ ငွေလဲနှုန်းကတော့ စက်တင်ဘာလ ၂၅ ရက်နေ့က ၁ ဒေါ်လာ ၆ ဒသမ ၃၄ ယွမ်နဲ့ အောက်တိုဘာ ၂ ရက်နေ့က ၁ ဒေါ်လာ ၆ ဒသမ ၃၅ ယွမ်ဈေးပေါက် လျက်ရှိပါတယ် -

Sunday, 7 Oct 2012

ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် ပိုမိုလို့လာပါ တယ်။ ပြည်တွင်းမိုးနှမ်းအသစ်များ ထွက်ပေါ်လာတဲ့ ကာလဖြစ်သလို ပြည်ပအဝယ်ရှိနေလို့ တင်ပို့မှု ပိုမိုလာခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့အထိ တစ်ပတ်အတွင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၃၀၀ ခန့်ရှိပြီး တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ တရုတ်နဲ့ မလေးရှားတို့ကို ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက စက်တင်ဘာလအတွင်းမှာ နှမ်းတန်ချိန် ၃၈၀၀ ခန့်တင်ပို့ခဲ့ပြီး သြဂုတ်လအတွင်းမှာ တန်ချိန် ၂၄၀၀ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအတွင်းမှာ တန်ချိန် ၄၈၀၀ ခန့်တင်ပို့မှုရှိခဲ့လို့ ယခုနှစ် စက်တင်ဘာလမှာ တင်ပို့မှု လျော့ကျခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာ နှမ်းစုစုပေါင်း တန်ချိန် ၄၈၀၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၇၅ သန်းခန့်ရှိကြောင်း သိရပါတယ်။MIRT -MAPT

Pages