Background
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်ပိုမိုလာခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန် ၂၃၀ ကျော် ကို လျော့ကျတင်ပို့ခဲ့ရာမှ မေလ ၇ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန် ၆၃၀ ထိပြန်တက်လာခဲ့တာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာလည်း စင်ကာပူ၊ မလေးရှားနဲ့ ကိုရီးယားကို တင်ပို့တာ တွေ့ရပါတယ်။
ဧပြီ ၉ ရက်မှ ၁၅ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၇၃ တန် ခန့်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါ တယ်။ ယခင်အပတ် တင်ပို့မှုနဲ့ ပမာ ဏ သိပ်မကွာလှပါ။ ပဲပုပ်စေ့မြေပြင် ဈေးများ နှစ်ဖက်လုံး မှာ ပြောင်းလဲမှု မရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ယခုအပတ် မိမိမြေပြင်ဈေးမှာ ကျပ် ၅၂၀၇၀၀ နဲ့ တစ်ဖက်နိုင်ငံဈေး ၆၆၇ ဒေါ်လာ ပေါက်လျက်ရှိပါတယ်။MIRT(DOBT)
မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၇၁၃ သန်းတန်ဖိုးရှိ နှမ်းနက် ၂၇၁ တန်ကျော်နဲ့ နှမ်းဖြူ တန် ၁၅၀ ကျော်ကို မူဆယ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန်ကျော် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါ တယ်။ ယခုအပတ်မှာလည်း ယခင်အပတ်နည်းတူ နှမ်းဖြူအခွံချွတ်တင်ပို့ နိုင်တာ မတွေ့ရပါဘူး။ နှစ်ဖက်မြေပြင်ပေါက်ဈေးများပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုက သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၀၀ ကျော်တင်ပို့နိုင်ခဲ့ပေမယ့် ဧပြီ ၃၀ ရက်မှ မေလ ၄ ရက်အထိတစ်ပတ်အတွင်းမှာတော့နှမ်းတန် ၂၃၀ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ကိုရီးယား၊ စင်ကာပူနဲ့ တရုတ်တို့ကို ဖြစ်ပါ တယ်။
ဟင်္သာတဈေးကွက်အတွင်း ပဲပုပ် ဈေးဟာစပေါ်ခါစ ဒီဇင်ဘာလ ဒုတိယ ပတ်က တစ်တင်း ၁၅၃၀၀ ကျပ်ဈေးရှိခဲ့ ပြီး၊ ဇန်နဝါရီလဆန်းပိုင်းမှာတစ်တင်း ၁၄၈၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျ ကာ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ၁၄၀၀၀ ကျပ်ထ ဈေးအေးခဲ့ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့တစ်တင်း ၁၄၅၀၀ ကျပ်၊ ဖေဖော်ဝါရီလကုန်ပိုင်း မှာ ၁၅၀၀၀ ကျပ်ဈေးသို့ မြင့်သွားပြီး၊ မတ်လမှာ တစ်တင်း ၁၃၈၀၀ ကျပ် - ၁၄၂၀၀ ကျပ်နဲ့ ဈေးအတက်အကျ ရောင်းဝယ်မှု ပုံမှန်ဖြစ်ခဲ့ပါတယ်။
ပြည်ဈေးကွက်မှာ မြေပဲဆန်ဈေးမှာ ဈေးပြန်ငြိမ်နေတာ တွေ့ရပါတယ်။ မင်းတုန်း၊ ကံမဘက်ကအဝင်ရှိနေပေမဲ့ ရန်ကုန်၊ ပြည်ဆီစက်သမားများမှ ပုံမှန် အဝယ်ရှိနေလို့ တစ်နေ့ကို မြေပဲဆန်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။ မြေပဲဆီဆန် တစ်ပိဿာကို ၁၆၀၀ ကျပ်၊ လုံးဆန်တစ်ပိဿာ ၁၈၇၀ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ဝေေ၀မင်း
ဧပြီလ ၂၅ ရက်မှမေလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၅၄၈၂ သန်းတန်ဖိုးရှိ နှမ်းနက် ၂၁၅ တန်ကျော်နဲ့ နှမ်းဖြူ ၁၈၁ တန်ကို မူဆယ် နယ်စပ်မှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းနက် ၁၀၅ တန်ကျော်နဲ့ နှမ်းဖြူ ၁၁၄ တန် အပို့ပိုခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှာ နယ်စပ်မှ နှမ်း ရောင်စုံ ၁၂၃၅ တန်ခန့်တင်ပို့ထားပြီးဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းပြည်ပတင်ပို့မှုမှာ ဧပြီလ ၂၂ ရက်မှ ၂၇ ရက် အတွင်း တန်ချိန် ၅၄၀ ခန့်ရှိပါတယ်။ ဧပြီလ ပထမပတ်မှာ တန်ချိန် ၂၆၀ ကျော်၊ ဧပြီလ ၈ ရက်မှ ၁၈ ရက်မှာ တန်ချိန် ၄၆၀ ခန့် အသီးသီးတင်ပို့ခဲ့ပါတယ်။ ပြည် တွင်းမှာ နှမ်းလက်ကျန်နည်းလာတဲ့အပြင် တရုတ်နယ်စပ်မှဆွဲအားများတာကြောင့် ပင်လယ် ရေကြောင်းက တင်ပို့မှုလျော့ကျလာတာဖြစ်ပါတယ်။ လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ဧပြီလ ၂၇ ရက်အထိ စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၂၅၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၂၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ ကြောင်း သိရပါတယ်။MIRT - MAPT
ပြည်ဈေးကွက်မှာ တစ်တင်း ၁၄၀၀၀ ကျပ်ဈေးဖြင့် ဈေးဖွင့်ထား သော်လည်း အရောင်းအဝယ်မှာအေး နေပါတယ်။ တိုင်းအတွင်းရှိ လက်ကျန် ပဲ များဖြင့်သာ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ပဲပုပ်ကို အခြားတိုင်းမှ အဝယ် များမရှိတော့သလိုတိုင်းအတွင်း အခြား မြို့နယ်များမှလည်း အဝင်မရှိတော့ တဲ့အတွက် လက်ကျန်နည်းနေပြီလို့ သိရပါတယ်။ ဝယ်လက်အနည်းငယ် မှာ တိုင်းအတွင်းရှိ လက်လီသမားများ သာဖြစ်ကြောင်း သိရပါတယ်။ဆုမွန်ဆွေ
ဧပြီလအတွင်း စားအုန်းဆီထုတ်လုပ်မှု ပိုမိုဖွယ်ရှိခြင်းနဲ့ ကမ္ဘာ့စီးပွားရေး တိုး တက်မှု အပေါ် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုတွေကြောင့် ဧပြီလ ၂၆ ရက်၊ မလေးရှား စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး အနိမ့်နဲ့ ပိတ်ခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇူလိုင် အခြေခံစံနှုန်းစာချုပ်ဈေးဟာ သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျပြီး၊ တစ်တန် ရင်းဂစ် ၃၅၀၀ (ကန်ဒေါ်လာ ၁၁၄၇)ဈေးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
