Background
ပြည်ဈေးကွက်သို့ ဆောင်းမြေပဲအသစ်များကို မင်းတုံး၊ အောင်လံနဲ့ ရွှေတောင် ဘက်မှတစ်နေ့အိတ် ၉၀၀ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ မိုးမြေပဲ လက်ကျန် များ နည်းသွားပြီး ဆောင်းမြေပဲအသစ်များ ဈေးကွက်ဝင်ရောက်လာတာ ကြောင့် ဆီစက်သမားများမှ မြေပဲဆံအသစ်များကို ဆီကြိတ်ရန် အဝယ်လိုက် နေပေမဲ့ ဈေးမှာယခင်အပတ်အတိုင်း ငြိမ်နေတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာ ၁၄၂၅ ကျပ်၊လုံးဆံတစ်ပိဿာ ၁၆၅၀ ကျပ်ဈေးနဲ့ တစ်နေ့အိတ် ၉၀၀ ခန့် အရောင်း အဝယ်ဖြစ်တာ တွေ့ရပါတယ်။ ဝေေ၀မင်း
ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်ကနေနှမ်းရောင်စုံ ၁၁၀၈ တန်ကျော် တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၁၀ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။အရောင်အလိုက် တင်ပို့မှုတွေ့ကတော့ နှမ်း နက် ၄၂၃ တန်ကျော်၊ နှမ်းဖြူ ၆၄၉ တန်နီးပါး၊ နှမ်းဖြူ (အခွံချွတ်) ၂၇ တန်နီးပါးနဲ့ နှမ်းနီ ၁၀ တန် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ မှန်မှန်ရှိနေပါတယ်။ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ ဂျပန်၊ ကိုရီးယားနဲ့ မလေးရှားကို နှမ်းတန်ချိန် ၇၀၀ ကျော် တင်ပို့ခဲ့လို့ ယခင်တစ်ပတ်ထက် အနည်းငယ်လျော့ကျခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ နှမ်းပြည်ပတင်ပို့မှု စုစုပေါင်းမှာ တန်ချိန် တစ်သိန်းတစ်သောင်းကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၄၄ သန်း ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈ သောင်းနီးပါးနဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၁၄ သန်းကျော်ရရှိခဲ့လို့ ယခုနှစ် လက်ရှိအချိန်ထိ တင်ပို့မှုမှာ ပိုမို နေကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်ဈေးအတိုင်း ငြိမ်နေကြောင်း သိရပါတယ်။ MIRT - MAPT
ပြည်ဈေးကွက်ကို ယခုတစ်ပတ် အတွင်း ပဲပုပ်အသစ်များ ဆက်လက် ဝင်ရောက်လျက်ရှိတာကို တွေ့ရပါ တယ်။ ပေါက်ခေါင်း၊ ပန်းတောင်း၊ နတ်တလင်း၊ ကြို့ပင်ကောက် မြို့နယ် များမှ တစ်ရက်ကို အိတ် ၃၀၀ ကျော် ဝင်ရောက်ခဲ့ကြပါတယ်။ ပဲပုပ် အသစ် များအား ရန်ကုန်ဝယ်လက်များဝယ်ယူ မှုရှိသလိုဒေသတွင်းလှောင်လက်သမား များမှလည်း ဝယ်ယူသိုလှောင်ခဲ့ကြ တယ်လို့ သိရပါတယ်။ ပဲပုပ်ဈေးမှာ ယခင်အပတ်က ဈေးအတိုင်းတစ်တင်း ၁၂၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ကြောင်း သိရပါတယ်။ ဆုမွန်ဆေ
ဟင်္သာတဈေးကွက် အတွင်းကို ပဲပုပ်အသစ်များ နေ့စဉ်ဝင်ရောက်ခဲ့ရာ ယခုတစ်ပတ် အိတ် ၄၀၀ကျော်-၅၀၀ အထိ အဝင်များလာပါတယ်။ ပဲပုပ် အသစ်များမှာ ဟင်္သာတမြို့အနီးရှိကျေးရွာများနဲ့ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများမှ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်းကို ယခင်အပတ်က ၁၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု အပတ်မှာ တစ်တင်း ၁၃၄၀၀ ကျပ်နဲ့ ဈေးမာလာပြီး၊ စီးထွက်မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို နေ့စဉ်ပျမ်းမျှအိတ် ၄၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါ တယ။် အေးအေးခိုင်
ဇန်နဝါရီလ ၁၈ ၇က်မှ ၂၄ ရက် ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၂၂ တန်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကနေ တစ်ဖက်နိုင်ငံကို တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၀ တန် ကျော်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံဈေးများပါကျဆင်းနေတာ တွေ့ရပါတယ် မိမိဘက် (ကျပ်/တန်) ယခု ယခင် ပြောင်းလဲမှု %၄၅၈၃၈၈ ၄၈၁၃၈၉ ၂၃၀၀၁ ၅တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု ယခင် ပြောင်းလဲမှု %၆၄၈ ၆၆၂ ၁၄ ၂MIRT(DOBT)
မန္တလေးမြို့ရဲ့ ပွဲစားကုန်သည်စက်ပိုင်များနဲ့ ကထိန်တော်အသင်းကြီးရဲ့ အရောင်းအဝယ်ဖြစ်မှုမှာ ဒီလအတွင်း နှမ်းဖြူဈေးအသင့်အတင့်ရှိခဲ့တာကြောင့် ရောင်းဝယ်တဲ့ ပွဲစားကုန်သည်လှောင်လက်နဲ့ ဝယ်လိုတဲ့ ကုန်သည်များရဲ့ လက်မှာ ရောင်းဝယ်မှုအသင့်အတင့် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ သန်း ကျော် တန်ဖိုးရှိ နှမ်း တန်ချိန်၂၁၉၀ ကျော် မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့နိုင်မှုတွေကတော့ နှမ်းဖြူ ၁၁၅၄ တန်၊ နှမ်းနက် ၉၇၂ တန်ဝန်းကျင်နဲ့ နှမ်းဖြူ (အခွံချွတ်) ၆၄ တန်ကျော် အသီးသီးဖြစ်ပါတယ်။
ပြည်ဈေးကွက်အတွင်းသို့ ပဲပုပ် အသစ်များ နေ့စဉ်ဝင်ရောက်ခဲ့ရာ ယခု တစ်ပတ်မှာ အိတ် ၄၀၀ ကျော်၊ ၅၀၀ အထိ အဝင်များလာပါတယ်။ ပဲပုပ် အသစ်များမှာ ကြို့ပင်ကောက်၊ နတ် တလင်း၊ တာပွန်၊ ပေါင်းတလည် မြို့ နယ်တို့မှ ပြည်ဈေးကွက်သို့ ဝင်ရာက် ခဲ့တာဖြစ်ပါတယ်။ ပြည်မှတစ်ဆင့် ရန်ကုန်သို့တင်ပို့ခဲ့ပြီး၊ ယခုတစ်ပတ် အတွင်း အိတ် ၁၅၀ ကျော်ရှိပြီး၊ ပဲပုပ် ဈေးမှာ တစ်တင်း ၁၂၅၀၀ ကျပ်ဖြင့် ယခင်အပတ်က ဈေးထက် ထပ်မံ ကျဆင်းလာခဲ့ကြောင်း သိရပါတယ်။ဆုမွန်ဆွေ
ယခုအပတ်တွင် ဟင်္သာတ ပဲ ဈေးကွက်ကို ပဲပုပ်သစ်များ ဝင်ရောက် လျက်ရှိပြီး အရောင်းလည်း သွက်နေ ပါတယ်။ ပဲပုပ်တစ်တင်းဈေးနှုန်းမှာ ယခင်အပတ်က ၁၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု အပတ် မှာ ၁၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ် ပြုလုပ်နေကြောင်း သိရှိရပါတယ်။ ပဲပုပ်ဈေးအေးသွားသော်လည်း ပြည် တွင်းစီးထွက်မှုအနေနဲ့ နေ့စဉ်ဖြစ်ပေါ် နေတဲ့ဈေးနှုန်းများဖြင့် ရန်ကုန် ဘုရင့် နောင်ဈေးကွက်သို့ ပျမ်းမျှအိတ် ၄၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
