Main menu

Background

Sunday, 30 Jan 2011

ယခုအပတ် နယ်စပ်မှနှမ်းရောင်စုံ တင်ပို့မှုလျော့                 ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နှမ်းဖြူ ၁ဝ၂ တန်၊ နှမ်းနက်၇၃၆ တန်ကျော်နဲ့နှမ်းအခွံချွတ် ၂၅၃ တန်ခန့် စုစုပေါင်းတန် ၁ဝ၉ဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ၆၂၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှမ်းရောင်စုံ တန် ၂ဝဝဝ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ တန်ချိန် ၉ဝဝ ကျော် လျော့နည်းတင်ပို့ ခဲ့တာ တွေ့ရပါတယ်။ နှစ်ကူးကာလနီးတဲ့အတွက် နှမ်းနက်တင်ပို့မှုများပေမဲ့ ယာဉ် တန်ချိန် ကန့်သတ်ချက်များကြောင့် သယ်ယူစရိတ် နှုန်းထားမြင့်တက်ပြီး နှမ်းအဝင် နည်းတယ်လို့သိရပါတယ်။ ပြည်တွင်းနှမ်းဈေးမြင့်တက်လျက်ရှိပြီး နှမ်းဖြူတစ်တန် (အလတ်စား)ကို ကျပ် ၉ သိန်းခွဲမှ ၁ဝ သိန်းကျော်ထိ၊ နှမ်းနက်ဈေး (အညံ့) တစ် တန် ကျပ် ၁၁ သိန်းခန့်နဲ့ အကောင်းတစ်တန် ကျပ် ၁၃ သိန်း ဝန်းကျင်ခန့်မှာရှိနေပြီး တစ်ဖက်နိုင်ငံရွှေလီမှာ နှမ်းဖြူ တစ်တန် ယွမ် ၈၆ဝဝ မှ ၁ဝဝဝဝ နဲ့ နှမ်းနက်တစ်တန် ယွမ် ၁ဝ၅ဝဝ မှ ၁၂၅ဝဝ ဈေးပေါက်လျက်ရှိနေပါတယ်။ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ တင်ပို့နေသော နှမ်းရောင်စုံများဟာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း ဒေသကြီးများက ထွက်ရှိတာပဲဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                        မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု           ယခင်     ပြောင်းလဲမှု   %      ယခု         ယခင်  ပြောင်းလဲမှု   %နှမ်းဖြူ       ၁၂၁၉ဝ၈၂     ၁၁၄၁၆၂၂     ၇၇၄၆ဝ    ၆      ၁၃၇၇      ၁၃၄၆    ၃၁           ၂နှမ်းနက်     ၁၅၉၁၃၁၄     ၁၄၂၆၃၃၈    ၁၆၄၉၇၆   ၁ဝ    ၁၇၈၇      ၁၇ဝ၉    ၇၈           ၄MIRT (DOBT)

Sunday, 30 Jan 2011

 ဝယ်လိုအားနည်းလို့ စားအုန်းဆီကြမ်း အနိမ့်ဈေးနဲ့ပိတ်၊ ပဲပုပ်ဆီဈေးပိုမိုလာ              မလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ ၂၆ ရက်က ဝယ်လိုအားကျဆင်းလာလို့ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး အကျနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ပဲပုပ်ဆီကြိုပွိုင့်ဈေးက ယခင်ရက်က ဈေးအနည်းငယ်လျော့ကျရာမှ ပြန်လည်မြင့်တက်လာတယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဧပြီလ အခြေခံစာချုပ်ဈေးက တစ်တန်ကို ရင်းဂစ် ၃၃(ကန်ဒေါ်လာ ၁ဝ ဒသမ ၈၁)၊ ဝ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး ရင်းဂစ် ၃၆၇ဝ (ကန်ဒေါ်လာ ၁၂ဝ၉) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။             ချီကာကိုမှာ မတ်လပဲပုပ်ဆီကြိုပွိုင့်ဈေးက ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ၅၆ ဒသမ ၁ဝ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၃၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နှစ်သစ်ကူး နီးလာပြီ ဖြစ်လို့ လာမယ့်ရက်တွေမှာလည်း စားအုန်းဆီဈေးက အပြောင်းအလဲဖြစ်နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဝယ်ယူမှုနည်းပေမဲ့ လာ မယ့်လတွေမှာရောင်းလိုအားနည်းပြီး ပြည်ပဝယ်လိုအားပုံမှန်ရှိနေခြင်းက ဈေးနှုန်း ကို မြင့်တက်စေနိုင်ပါတယ်။          လွန်ခဲ့တဲ့ တစ်လက စားအုန်းဆီတန်ချိန် ၁ ဒသမ ၂၆ သန်း ၁ ဒသမ ၂၉ သန်းရောင်းချခဲ့ရာမှ ဇန်နဝါရီလမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ၃ သန်းထိ ရောင်းချနိုင်လိမ့်မယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ လက်ငင်း ဈေးကွက်မှာ ဧပြီ၊ မေ၊ ဇွန်လ စားအုန်းဆီခဲ FOB  ဈေးက တစ်တန် ကို ကန်ဒေါ်လာ ၁၁၉၅၊ ၁၁၉၇ ဒသမ ၅ဝ နဲ့ ၁၂ဝဝ အသီးသီးရှိပြီး ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ကို ရင်းဂစ် ၅ဝ (ကန်ဒေါ်လာ ၁၆ ဒသမ ၃၉) ကျဆင်းပြီး ရင်းဂစ် ၃၇၅ဝ (ကန်ဒေါ်လာ ၁၂၂၉) ဈေးဖြစ် တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com

Sunday, 30 Jan 2011

ပင်လယ်ရေကြောင်း နှမ်းအတင် တန်ချိန် ၅ဝဝ ရှိ             ယခင်သီတင်းပတ် ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၆၂ဝ ကျော်ထိ တင်ပို့ခဲ့ပြီး ဇနု်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်အထိ တစ်ပတ်အတွင်းမှာတော့ တန်ချိန် ၅ဝဝ တင်ပို့မှုရှိခဲ့ပါတယ်။တင်ပို့တဲ့ နိုင်ငံတွေက တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ စင်ကာပူ တို့ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက် နှမ်းအသစ်တွေ ဝင်ရောက်နေပြီး ဒေသတွင်း ဆီစက်များက ဝယ်ယူမှုရှိသလို တရုတ်ဘက်ကလည်း အဝယ်ပုံမှန် ရှိနေလို့ ဈေးမြင့် တက်လာတယ်လို့ သိရပါတယ်။ ပင်လယ်ရေကြောင်း တင်ပို့သူတွေ အနေနဲ့ ပြည်ပ အဝယ်ရှိပေမဲ့ ပို့ကုန်တစ်ယူနစ်တန်ဖိုး ကျဆင်းတဲ့အတွက် ဈေးသိပ်မကိုက်လို့ များများမတင်ပို့နိုင်ဘူးလို့ နှမ်းကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၉၅ဝ-၂ဝဝဝ၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ၊ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။                        MIRT-MAPT

Friday, 28 Jan 2011

ဟင်္သာတ ပဲပုပ် အဝင်နည်းပြီး ဈေးမာ          ဟင်္သာတ ပဲဈေးကွက်ကို ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ပဲပုပ်စဝင်လာ ခဲ့ပါတယ်။ ဇန်နဝါရီလ ဒုတိယပတ် အတွင်း ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများနဲ့ မြန်အောင်၊ အင်္ဂပူမြို့ နယ်များမှ တစ်ရက်ကို အိတ် ၄ဝဝ ခန့် အဝင်များခဲ့ပြီးယခုဇန်နဝါရီလ တတိယပတ်မှာ တစ်ရက်ကို အိတ် ၂၅ဝ ခန့် သာအဝင်ရှိခဲ့ပါတယ်။ ပဲပုပ်ဈေးနှုန်း ဟာလည်း ယခင်အပတ်က တစ်တင်း ၁၅၅ဝဝ ကျပ်ဈေးရှိပြီး ယခုဒီဇင်ဘာ တတိယပတ်မှာ တစ်တင်း ၁၅၇ဝဝ ကျပ်သို့ မြင့်ခဲ့ပါတယ်။ ပဲပုပ်တင်ပို့မှုက ရန်ကုန်ဈေးကွက်ကို တစ်ရက်ပျမ်းမျှ တစ်တင်းခွဲအိတ် ၂၅ဝ ခန့် တင်ပို့နိုင် တယ်လို့ သိရပါတယ်။                                            အေးအေးခိုငိ 

Friday, 28 Jan 2011

မိုးမြေပဲလက်ကျန်နည်းချိန် အဝင်ရှိသလောက်အဝယ်သွက်လို့ ဈေးမာတဲ့ ပြည်မြေပဲဆံ            ပြည်ဈေးကွက်တွင် မိုးမြေပဲလက်ကျန်နည်းချိန်တွင် ဆောင်းမြေပဲ အသစ်များကို မင်းတုန်း၊ ရွှေတောင်၊ ကံမနဲ့ အောင်လံမြို့နယ်တို့မှ တစ်နေ့ကို အိတ် ၈ဝဝ ခန့်ဝင်ရောက်လာတာတွေ့ရပါတယ်။ နေ့စဉ်ဝင်ရောက်မှုမှာ အဝင်နည်း နေလို့ ဆီစက်သမားများမှ အဝင်ရှိသလောက်အဝယ်ရှိနေသဖြင့် မြေပဲဆံဈေးမှာ မြင့်တက်လျက်ရှိပါတယ် ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၇၂၅ ကျပ် နဲ့ ၁၇၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာ ၁၈ဝဝ ကျပ်ထိ ဈေးမြင့်လာတာ တွေ့ရပါတယ်။ ပြည် ဈေးကွက်တွင် မြေပဲဆံဈေး မြင့်သလို မြေပဲဆီဈေးမှာလည်း တစ်ပိဿာ ၃၈ဝဝ ကျပ်အထိ ဈေးမြင့်လာတာ တွေ့ရပါတယ်။ ဝေဝေမင်း

Friday, 28 Jan 2011

စီးထွက်မှုအားကောင်းတဲ့ စစ်ကိုင်းနှမ်း           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နှမ်းသီးနံှကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး လျာထားစိုက်ဧကအပြည့် စိုက်တာကြောင့် နှမ်းအသစ်များအဆက်မပြတ် ထွက်ပေါ်ပြီး ရောင်းဝယ်မှုကလည်း အစဉ်အမြဲသွက်လျက် ရှိပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော်၊ မြောင်မြို့နယ်များမှ နှမ်းများ မုံရွာမြို့သို့ ဝင်ရောက်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုလ ၁၈ ရက်အတွင်း နှမ်းတစ်ပိဿာ ပေါက်ဈေးနိမ့်/မြင့်မှာ နှမ်းညို ၁၄၃၃ ကျပ်- ၁၅ဝဝ ကျပ်၊ နှမ်းနီ ၁၅ဝဝ ကျပ်- ၁၅၈၇ ကျပ်၊ နှမ်းဖြူ ၁၄၆၇ ကျပ်- ၁၆ဝဝ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ တိုင်းအတွင်းမှ စီးထွက် အများဆုံး သီးနံှမှာနှမ်းဖြစ်ပြီး ယခုလအတွင်း မန္တလေးမြို့သို့ နှမ်းဖြူ၊ နီ၊ ညိုတင်း ၆၆ဝဝ ကျော် စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ နှမ်းဖြူ ၊ နီ၊ ညို တင်း ၃ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး နှမ်းဆီတစ်ပိဿာ ပေါက်ဈေးမှာ လက် ကား ၃ဝဝဝ ကျပ်၊ လက်လီ ၃၂ဝဝ ကျပ်၊ နှမ်းဖတ် ၆၂ဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                         သန်းသန်းတင်

Sunday, 16 Jan 2011

အရောင်းအေး ဈေးအေးနေတဲ့ ဟင်္သာတ ပဲပုပ်               ဟင်္သာပဲပုပ်တစ်တင်းလျှင် ၁၅၅ဝဝ ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ယခုဇန်နဝါရီလ ဒုတိယပတ် တွင်လည်း ၁၅၅ဝဝ ကျပ်ဖြင့် ဈေးငြိမ် နေပါသည်။ အရောင်း အဝယ်ဖြစ်မှု အနေနဲ့ ဒေသတွင်း အိတ် ၃ဝဝ ခန့်သာ ရှိပြီး၊ ယခင်အပတ်ထက် အရောင်းအေး သွားပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၃ဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။အေးအေးခိုင်

Sunday, 16 Jan 2011

ပဲပုပ်လက်လီသမားများဖြင့်ပြည်ပဲပုပ် အရောင်းအဝယ်ဖြစ်            ပြည်ပဲပုပ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅ဝဝဝ ကျပ်ဖြင့် ဈေးငြိမ် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲပုပ်ကိုကံမ၊ ပန်းတောင်း၊ ဥသျှစ်ပင်နဲ့ ပေါက်ခေါင်းမြို့နယ်များမှ တစ်နေ့ကို အိတ် ၂ဝ ကျော် အဝင်ရှိ ကြောင်း သိရပါတယ်။ ပြည်ပဲပုပ်မှာ လက်လီသမားဖြင့် နေ့စဉ်အိတ် ၂ဝ- ၃ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ

Sunday, 16 Jan 2011

ဆောင်းမြေပဲအတွက် အားတက်ဖွယ်                    ပြည်ဈေးကွက်တွင် မိုးမြေပဲတွေပြီးစီးလို့ ဆောင်းမြေပဲတွေ စတင်ထွက်ရှိလာပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ ကုန်သည်တွေအနေနဲ့ မြေပဲအတောင့်တွေကို (ပြည်) တင်းအလိုက် ရောင်းချလျှက် ရှိပါတယ်။ ဆီထွက်နှုန်းမကောင်းတဲ့ မြေပဲကိုပြုတ်စားရန်အတွက်ရောင်းချကြပါတယ်။ ဆောင်းမြေပဲ အထွက်စောစောရရှိတဲ့ တောင်သူတွေအနေနဲ့ ဆီစက်တွေ၊ ပွဲရုံတွေကိုတင်ပို့ရောင်းချလျက် ရှိပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မှာ ဆောင်းမြေပဲစိုက်ပျိုးမှုဟာ ၉၄၆၄၄ ဧကရှိတဲ့အတွက် အားတက် ဖွယ်ဖြစ်ပြီး၊ တိုင်းတွင်းစားသုံးမှု အတွက်လည်း ပိုလံျှမှာဖြစ်ပါတယ်။ ပြည်ဈေးကွက်မှာ မြေပဲတောင့် တစ်တင်းကို ၆၅ဝဝ ကျပ်ရှိပြီး၊ မြေပဲဆီတစ်ပိဿာကို ၃၅ဝဝ ကျပ်၊ မြေပဲဆံတစ်ပိဿာကို ၁၅ဝဝ ကျပ်ရှိကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းကို မကွေးတိုင်း၊ အောင်လံမြို့မှ မြေပဲဆံအိတ်များ တင်ပို့လျက် ရှိပါတယ်။ မကွေးတိုင်းမှ ဝင်လာသော မြေပဲတွေကိုတော့ ပြည်မြို့ရှိဆီစက်များနဲ့ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ အိအိခိုင်

Sunday, 16 Jan 2011

နှမ်းဈေးတက်ပေမဲ့ ဈေးကွက်ထဲ အဝင်ပါးနေ                ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနံှဈေးကွက်မှာ နှမ်းဈေးအနည်းငယ်မြင့်လာသလို စားဆီ ဈေးလည်းမြင့်တက်လာတဲ့အတွက် နှမ်းတောင်သူတစ်ချို့ ဈေးကွက်ထဲနှမ်းရောင်းချမှုနည်းပါးပြီး ကျေးရွာများရှိ တစ်နိုင် တစ်ပိုင်ဆီစက်များမှာ သွားရောက်ဆီကြိတ်မှုတွေ ရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဖြစ်ပေါ်ခဲ့တဲ့ မုံရွာ ကုန်စည်ဒိုင် နှမ်းဈေးကွက်မှာ နှမ်းညိုတစ်တင်း ၂၁၅ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၂၈ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ပြီး စားဆီဈေးတွေကလည်း ပဲဆီတစ်ပိဿာ ၃၂ဝဝ ကျပ်မှ ၃၃၅ဝ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၈၅ဝ ကျပ်မှ ၂၉၅ဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၄၆ဝ ကျပ်မှ ၂၅၄ဝ ကျပ်အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှမ်းစိုက်ရာသီက မုံရွာနယ်တစ်ဝှမ်း မုန်တိုင်းမိုးမိခဲ့လို့ နှမ်းပင်အများစု အပွင့်ေြွက၊ မှိုကပ်ပြီး နှမ်းအထွက်နည်းခဲ့တယ်လို့ ဆိုပါတယ်။ ယခုလအတွင်း မုံရွာကုန်စည်ဒိုင်မှာ နှမ်းအဝင်ပုံမှန်သာရှိခဲ့ပြီး မန်းအဆွဲလည်း ငြိမ်နေတာ တွေ့ရပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ မုံရွာဈေးကွက်ကနေ မန္တလေးကို နှမ်းတင်း ၂၅ဝဝ ခန့်သာ စီးထွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ မုံရွာနယ်ရဲ့ ဖွံ့ဖြိုးတဲ့ ကျေးလက်တွေမှာ ဆီစက်ငယ်တွေနဲ့ နှမ်းတစ်တင်း ဆီကြိတ်ခ ၁ဝဝဝ ကျပ် (နှမ်းဖတ်ပြန်ပေး) စနစ်နဲ့ လုပ်ငန်း တွင်ကျယ်လျက်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Pages