Main menu

Background

Tuesday, 26 Jul 2011

Database  နှင့် အချက်အလက် စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်မည်                    အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ နိုင်ငံတကာအဖွဲ့ အစည်းများတွင်f Database Manager နှင့် Database Administrator အဖြစ် တာဝန်ထမ်းဆောင်လိုသူများ၊ နိုင်ငံတကာနယ်ပယ်တွင်f Database  ကျွမ်းကျင်သူများဖြစ်စေရန်အတွက် ရည်ရွယ်၍ Database Mangement & Development  သင်တန်းအား ဇူလိုင် ၃၁ ရက်မှစတင်၍ Optimum Knowledge Studies တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါသင်တန်းကို ဝန်ထမ်းများ တက်ရောက်သင်ကြားနိုင်စေရန် အတွက် ရုံးချိန်ပြင်ပအချိန်များတွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းသိရသည်။ အဆိုပါ သင်တန်းတွင် Database & DBMS Fundamentals နှင့် Data Modelling Techniques၊ Database Development with Microsoft Access and Microsoft SQL Server သင်ခန်းစာများ၊ Database Security and Management Practices  တို့ကို သင်ကြားပို့ချပေးမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် အချက်အလက်များကို ဦးစားပေးအဆင့် သတ်မှတ်ခြင်း၊ ကွန်ပျူတာအတွင်းသို့ သိမ်းဆည်းခြင်း၊ အောက်ခြေမှ စုစည်းခြင်း၊ ပုံစံပြောင်း ခြင်း၊ စီမံခန့်ခွဲမှု မူဝါဒများသတ်မှတ်ခြင်းတို့ကိုပါသင်ကြားပေးမည်ဖြစ်သည်။ အဆိုပါ သင်တန်းကို တက်ရောက်လိုသူများအနေဖြင့် ဇူလိုင် ၂၅ ရက်မတိုင်မီ သင်တန်း အပ်နံှပါက သင်တန်းကြေး ၁ဝဝဝဝ ကျပ် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက Optimum Knowledge Studies (ဖုန်း- ၃၉၈ဝ၂၉၊ ၃၉၂ဝ၄၈) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ မယ်သီတာ

Tuesday, 26 Jul 2011

ကားဈေးကွက်အတွင်း ဈေးတန်းနေသော်လည်း သိန်းတစ်ရာပတ်လည်ကားများ အရောင်းအဝယ်ရှိနေ           ယခုရက်ပိုင်း ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားဈေးတန်း အနည်းငယ် မာနေပြီး အရောင်းအဝယ်လည်း အနည်းငယ် ရှိနေကြောင်း သိရသည်။ ဇူလိုင်လ တတိယပတ်အတွင်း ရုံးပိတ်ရက်များရှိနေသော်လည်း ကားပွဲစားတန်းများတွင် လူ မရှင်းဘဲ လူစည်ကားနေကြောင်း၊ ကြားရက်များတွင် ညနေပိုင်းအချိန်များ၌ လူစည် ကားကြောင်း၊ ယခုတလောအတွင်း သိန်း ၁ဝဝ အောက် ကားလေးများနှင့် သိန်း ၁ဝဝ ကျော် ၂ဝဝ ကြားကားများ ကြိုးကြားကြိုးကြား အရောင်းအဝယ်ရှိလာ ကြောင်း သိရသည်။                     စက်မှုဇုန်ထုတ်ကားများတွင် ယခင်ကတည်းက လိုင်စင်ဝင်ပြီးသော တောင်းအေ့(စ်)ပစ်ကပ်များသာ အရောင်းအဝယ်ရှိနေပြီး စက်မှုဇုန်ထုတ် ဝက်ဂွန်ယာဉ်၊ စူပါကပ်စတန်များမှာ ယခင်လမှစတင်ခဲ့သည့် သတ်မှတ်ချက်ဂယက်ကြောင့် ဈေး တန်းမှန်ဖြင့် အဝယ်အေးနေပြီး လျော့ရောင်းမှသာအဝယ်ရှိကြောင်း သိရသည်။ လတ်တလော အဝယ်လိုက်လာသည်မှာ သိန်း ၁ဝဝ အောက်ကား များဖြစ် သော ဆန်နီပစ်ကပ်၊ ပါပလေကာများ၊ ဆလွန်းအက္ခရာနိမ့်များသာဖြစ်ပြီး၊ သိန်း ၁၅ဝ ဝန်းကျင်ခန့်နှင့် အသစ်စီး နိုင်သော မြန်မာမီနီဆလွန်းမှာ ဈေးအဝယ်ရှိ၍ ဈေးပြန်မာလာပြီး ဈေးတန်း ၁၆၅/၁၇ဝသိန်းခန့်ခေါ်ကာ သိန်း ၁၆ဝ ခန့် အရောင်း အဝယ်ရှိ လာကြောင်း သိရသည်။                    အဆိုပါကားများမှာ ကျောင်းဖွင့်ရာသီအပြီး ပြီးခဲ့သည့်လက ဈေးတန်း ၁၃၅/၁၄ဝ သိန်းခန့်ဖြင့် ဝယ်ယူလာနိုင်သော်လည်း ယခုအခါဌာနဆိုင်ရာမှ မူရင်း ရောင်းချပေးသောဈေးထက် ၃ဆကျော်ခန့် ပြန်မာလာပြီး အမှန်လည်း အဝယ် လိုက်လာကြောင်း၊ သို့ဖြစ်ရခြင်းမှာ စက်မှုဇုန်ထုတ်ကားများ ဂယက်ကြောင့်လည်း တစ်ချက်အပါအဝင်ဖြစ်ပြီး၊ ၎င်းတို့နှင့် ဈေးတန်းချိန်ထိုးနိုင်သည့် စက်မှုဇုန်ကား မရှိခြင်း၊ ဈေးကွက်တွင်း ရောက်ရှိပြီးဖြစ်သည့် ငါးယောက်စီး၊ ရှစ်ယောက်စီး အမ်ပီဗီ ယာဉ်ငယ်များမှာလည်း ပြင်ပပေါက်ဈေး သိန်း ၁၈ဝ ခန့်ဖြစ်နေပြီး၊ ယခု အချိန်ထိ ဆိုင်ရာမှ နံပါတ်ထုတ်မပေးသေးခြင်းကြောင့်လည်းကောင်း၊ စက်မှုဇုန် ယာယီမှတ်ပုံတင်ဖြင့် စက်သုံးဆီဆိုင်များတွင် ဝယ်ယူခွင့်မရှိဘဲ ပြင်ပတွင်သာ ဝယ်ယူ သုံးစွဲနေရသဖြင့် ၎င်းကန့်သတ်ချက်များ များလာ၍ မြန်မာမီနီများ ဈေးမာလာရ ခြင်းဖြစ်ကြောင်း အပေါ်ဝိုင်းအကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။ SN

Tuesday, 12 Jul 2011

ကားဈေးကွက် အေးနေသော်လည်း အရောင်းအဝယ် အနည်းငယ်ရှိ                  ရန်ကုန် ကားဈေးကွက်အတွင်း၌ ပြီးခဲ့သည့် ရက်သတ္တပတ်က အခွန် ဆောင် ကားသတင်းများ ကျယ်ကျယ် လောင်လောင်ထွက်ပေါ်လာပြီးနောက် အရောင်းအဝယ် မရှိသလောက် အေးသွားခဲ့ကြောင်း သိရသည်။ သို့ရာတွင် ယခုထက်တိုင် မနှစ်ကခွင့်ပြုပေးသည့် အတိုင်း ရာနှုန်းဖြတ်က အခွန်ဆောင် ပေးဦးမည်ဟု အကြားသတင်းဂယက် မှာ ရှိနေဆဲဖြစ်ပြီး ယခုရက်သတ ္တပတ် အတွင်း၌မူ အရောင်းအဝယ်လေးများ တစ်စီးစနှစ်စီးစ ပြန်ဖြစ်လာကြောင်း သိရသည်။                     အပေါ်ဝိုင်း (ဟံသာဝတီဝိုင်း) မှ အစပြု၍အခြားသောကျောက်မြောင်း ဝိုင်း၊ အောက်ဝိုင်းများတွင် ရာသီဥတု ကောင်းသော ရက်များတွင် နေ့လယ်ပိုင်းနှင့် ညနေပိုင်းများတွင် ပြန်၍လူ စည်ကားလာပြီး ကားမေးသူ/ ကြည့် သူများလာကြောင်း သိရသည်။ အရောင်းအဝယ်အနေဖြင့် သိသိသာသာကြီး မကောင်းသော်လည်း အသင့်အတင့် အရောင်းအဝယ်ရှိနေ ပြီး လတ်တလော အရောင်းအဝယ်ဖြစ် သည်မှာ ယခင်သုံးလခန့်က လူကြိုက် များ ကားဈေးမာခဲ့သော မြန်မာမီနီဆ လွန်းများမှာ ယခုအက္ခရာ ၆ဂ ထွက် ပေါ်နေပြီဖြစ်၍ ၁၄ဝ သိန်း၊ ၁၄၅ သိန်း ခန့်ဈေးဖွင့်ကာ တေ့တေ့ဆိုင်ဆိုင် ဆိုလျှင် ၁၃၅သိန်းခန့်နှင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ၅ဂ အက္ခရာတန်းဆိုလျှင် ၁၃ဝ သိန်းနှင့် ၁၃ဝ သိန်းအောက် ခေါ်လာကြောင်း သိရသည်။ အခြားကားများထဲတွင်မူ လူစီးကားများဖြစ်သည့် ဗင်နှင့် စူပါဆလွန်း၊ ဆူဇူကီး (R+) များမှာ အနည်းဆုံးတစ်စီးစ နှစ်စီးစခန့် အမြဲအရောင်းအဝယ်ရှိကြောင်း၊ ယခင် အပတ်က အခွန်ဆောင်ကားသတင်း ကြောင့် စက်မှုဇုန်ထုတ် ကားဈေးများ လျှော့ရောင်းမှုရှိသော်လည်း ယခုအခါ ပုံမှန်ဈေးတန်းသို့ ပြန်ခေါ်လာကြောင်း၊ အကြားသတင်းများကြောင့် အရောင်း အဝယ်အေးသလို ဖြစ်သွားခဲ့သည့် မနှစ် ကလိုင်စင်ဝင်ထားသည့် အခွန်ဆောင် ၄ဂ/၅ဂ အက္ခရာတန်း ကားများမှာ လည်း တစ်စီးစ နှစ်စီးစ အရောင်း အဝယ်ရှိလာကြောင်းသိရသည်။SN

Tuesday, 12 Jul 2011

မန္တလေးဟိုတယ်ဇုန်တည်ဆောက်ရန် နေရာလေးခု သတ်မှတ်ထားပြီးဖြစ်သော်လည်း ဆောက်လုပ်ရန်အတည်ပြုချက်မရသေး                မန္တလေးဟိုတယ်ဇုန်တည်ဆောက်ရန် နေရာလေးခုသတ်မှတ်၍ ဗီဒီယိုမှတ် တမ်းဖြင့် တင်ပြထားဆဲဖြစ်ကြောင်း မန္တလေးဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပါတယ်။ ဟိုတယ်ဇုန် တည်ဆောက်ရန်နေရာလေးခုမှာ နယ်မြေအမှတ် ၁ က ဧရာဝတီမြစ်ရိုးတစ်လျှောက် ကွဲျစွန်းမှ စစ်ကိုင်းတံတားထိ၊ နယ်မြေအမှတ် ၂ က တောင်သမန်အင်း တောင်ဘက်တစ်ကြော၊ နယ်မြေအမှတ် ၃ က အင်းဝမြို့၊ ဒုဋ္ဌဝတီမြစ်နဲ့ ဧရာဝတီမြစ်ဆုံဒေသ၊ နယ်မြေအမှတ် ၄ က အောင်ပင်လယ်ရေတံခွန် တောင် သွားရာလမ်းတစ်လျှောက်သို့ ရွေးချယ်သတ်မှတ်၍ တင်ပြထားဆဲဖြစ် ကြောင်း သိရပါတယ်။                 ''မန္တလေး ဟိုတယ်ဇုန်က အရင်ကတည်းက တည်ဆောက်ထားတဲ့ ဟိုတယ် လုပ်ငန်းရှင်များနဲ့ဖွဲ့စည်းထားတဲ့ ဇုန်ဖြစ်တယ်။ ၂ဝ၁ဝ ခုနှစ်က ဧည့် ၂ ဒသမ ၃ သိန်း ဝင်ရောက်မှုရှိခဲ့တဲ့အတွက် မန္တလေးမှာရှိတဲ့ဟိုတယ်တွေက အခန်းပြည့်ပဲ။ နောင်နှစ်တွေမှာ ဧည့် ငါးသိန်းလောက်ဝင်မယ် ခန့်မှန်းတဲ့အတွက် ဟိုတယ်လုံ လောက်မှုရှိအောင် မန္တလေးဟိုတယ်ဇုန်မှာရှိတဲ့ ဟိုတယ်အခန်းတိုးခဲျ့ဖို့ မဖြစ်နိုင်ခြင်း၊ မြေဈေးကြီးမားခြင်း၊ ဆောက်လုပ်ထားတဲ့ ဟိုတယ်တွေက မိမိတို့ပိုင်အိမ်နေရာမှာ ဆောက်လုပ်ထားတဲ့အတွက် ဘုန်းကြီးကျောင်းတွေကြား၊ ဗလီတွေကြား၊ သီလရှင် ကျောင်းတွေကြားမှာ ရှိနေတာများတယ်။ မန္တလေးမြို့ရဲ့ ခေတ်မီတယ်ဆိုတဲ့ Mandalay Hill Resort Hotel ဆို အရှေ့ဘက်နဲ့တောင်ဘက်မှာ ဘုန်းကြီး ကျောင်းရှိပြီး အနောက်ဘက်မှာ သီလရှင်ကျောင်းနဲ့ တိရစ္ဆာန်ဥယျာဉ်ရှိတဲ့အတွက် မန္တလေးဇုန်မှာရှိတဲ့ ဟိုတယ်တွေက တည်နေရာ မကောင်းတဲ့အတွက် ဇုန်နယ် မြေသစ်ဖော်ထုတ်ပြီး ဇုန်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဟိုတယ်များတည် ဆောက်ဖို့ သတ်မှတ်တင်ပြထားတာပါ။ ဘယ်နေရာမှာ ဆောက်မယ်လို့ အတည်ပြုချက် မရသေးပါဘူး၊ လောလောဆယ် ဆောက်လုပ်ဖို့လည်း အစီအစဉ် မရှိသေးဘူး'' လို့ မန္တလေးဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပါတယ်။ မန္တလေးဟိုတယ်ဇုန်ဆောက်လုပ်မဲ့ မြေနေရာကို သဘာဝရှုခင်းများ မြင်တွေ့ နိုင်တဲ့တောင်တန်းများ၊ ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ်နဲ့ မြေနုကျွန်းများ၊ ဘုရားစေတီများ နဲ့ အင်းဝယဉ်ကျေးမှုနယ်မြေနဲ့ နီးတဲ့နေရာများမှာ ရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ ရှမ်းကလေးကျွန်းနဲ့ ရွှေကြက်ယက်ကျေးရွာကြားမှာ ဟိုတယ်ဇုန် ဆောက်လုပ်မယ်ဆိုတဲ့ဂျာနယ်အခိုျ့ရဲ့ ဖော်ပြထားချက်များမှာ အတည်ပြုချက်ချထားခြင်း မရှိ သေးကြောင်း ဦးမြင့်အောင်က ဆက်လက်ပြောပါတယ်။ မန္တလေးဟိုတယ်ဇုန်တွင် ဟိုတယ်ပေါင်း ၁၂၁ လုံးနဲ့ အခန်းပေါင်း ၄၃၂၂ ခန်းပါရှိမယ်လို့ သိရပါတယ်။ ဇူးဇူး

Tuesday, 12 Jul 2011

အထက်မြန်မာပြည်ရှိ နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ                  အထက်မြန်မာပြည် နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၆ ရက်က မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲသို့ မွေးမြူရေးနှင့် ရေ လုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးခင်မောင်အေး၊ စိုက် ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ဦးမြင့်သန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကြီးနဲ့ တာဝန်ရှိသူများ၊ ဝန်ထမ်း များ တက်ရောက်ကြပါတယ်။               အခမ်းအနားမှာ ဒေသတွင်း နွားမွေးမြူရေး မြင့်မားတိုးတက်ရေး၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု တိုးတက်ရေး၊ ဒေသနွားနဲ့ မေထုန်မဲ့ နို့စားနွားများ မျိုးရိုးမြင့်တက်လာရေး၊ ဒေသအတွင်းနို့ထွက်ပစ္စည်း ဈေးကွက်ဖွံ့ဖြိုးတိုးတက် ရေး ကိုဆောင်ရွက်နိုင်ရန် နည်းလမ်း ကောင်းများအား ဆွေးနွေးခြင်း၊ အလုပ် ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်တဲ့စာတမ်း၊ မန္တလေးဒေသအတွင်း ဒေသနွားနဲ့ နို့ စားနွားမွေးမြူရေးကို လေ့လာတင်ပြ ထားတဲ့စာတမ်းနဲ့ အထက်မြန်မာပြည်နို့ ထွက်ပစ္စည်း ထုတ်လုပ်မှု အခြေအနေ၊ ဒေသတွင်း နို့နဲ့ နို့ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေ အနေများနဲ့ နို့စားနွားမွေးမြူရေးခြံ ကြီးများရဲ့ လုပ်ငန်းဆောင်ရွက်မှုအား ဖတ်ကြားတင်ပြခြင်း၊ ဒေသတွင်း နွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး၊ နို့ထွက် ပစ္စည်းထုတ်လုပ်မှု မြင့်မားရေး၊ နို့ထွက် ပစ္စည်း ဈေးကွက်မြှင့်တင်ရေးကို အုပ်စု ဖွဲ့၍ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဇူးဇူး

Tuesday, 5 Jul 2011

မန္တလေး ဈေးချိုဧရိယာဝန်းကျင်တွင် ကုန်တင်ကုန်ချယာဉ်များ ရပ်နားရန်နေရာနှင့် အဝေးပြေးယာဉ်လိုင်း မဝင်ရနေရာများ သတ်မှတ်                မန္တလေးဈေးချိုတော် ဧရိယာဝန်းကျင်တွင် ကုန်တင်ကုန်ချယာဉ်များအား ၈၄ လမ်းမပေါ် ၂၆ လမ်းနှင့် ၂၈ လမ်း ကြားရှိ ရုံပေါက်ဝများတွင်သာ ကုန်တင် ကုန်ချပြုလုပ်ရန် ဇွန်လ ၁၃ ရက်က စသတ်မှတ်ခဲ့ပြီး အဆိုပါလမ်းပေါ်တွင် ယာဉ်နှစ်ထပ်ရပ်ခြင်း မပြုလုပ်ရန် ပညာပေးကာလ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လဆန်းမှစ၍ စည်းကမ်းဖောက် ယာဉ်များအား ဒဏ်တပ်အရေးယူမည် ဖြစ်ကြောင်း သိရပါတယ်။                '' မန္တလေး ဈေးချိုတော်တိုက်သစ် က မန်းမြန်မာပလာဇာတိုက်ထိ ကား ရှုပ်တဲ့အတွက် တစ်လမ်းမောင်းစနစ် သတ်မှတ်ပြီး ကုန်တင်ကုန်ချပြီးတာနဲ့ ချက်ချင်းထွက်ခွာခိုင်းတယ်။ မြို့တွင်း ယာဉ်လိုင်းတွေကိုလည်း သတ်မှတ်နေ ရာမှာရပ်ဖို့ ပညာပေး ဆောင်ရွက်နေတယ်။ အနှေးယာဉ်မဝင်ရ နယ်မြေ အဖြစ်လည်းသတ်မှတ်ထားတယ်။ ခုချိန် ထိ ပညာပေးကာလမှာ စည်းကမ်း ဖောက်ယာဉ် မတွေ့သေးဘူး၊ ဈေးချို တော် တိုက်သစ်ကြီးပတ်လည်ကိုတော့ အရင်ကတည်းက တစ်လမ်းမောင်းစနစ် သတ်မှတ်ထားတယ်''ဟု မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ၊ဈေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။                     အဝေးပြေးယာဉ်လိုင်း (မိုင် ၄ဝ)အထက် မော်တော်ယာဉ်များအား သစ် သီးပွဲရုံတန်းနှင့် ကိုင်းတန်းဈေးများသို့ ဝင်ခွင့်မပြုတော့ကြောင်း၊ မဟာအောင် မြေ ကားဝင်းမှ ၃၅ လမ်းအတိုင်းမောင်း ၍ ၈၅ လမ်းသို့ မောင်းနှင်နိုင်ကြောင်း၊ ၈၅ လမ်းအတိုင်း ၃၂ လမ်းအထိရောက် ရှိပါက အရှေ့ဘက် ၈၄ လမ်းသို့သာ မောင်းနှင်ရန် သတ်မှတ်ထားကြောင်း သိရပါတယ်။                      ''အဝေးပြေး ယာဉ်တွေအနေနှင့် သစ်သီးပွဲရုံတန်းဘက်ကို အရင်ကဖြတ် မောင်းတော့ ကားပိတ်ဆို့ပြီး လမ်းရှုပ် တဲ့အတွက် ဈေးရောင်းဈေးဝယ်တွေ အတွက် အဆင်မပြေဘူး။ ၂၉ လမ်း၊ လမ်း ၃ဝ၊ ၃၁ လမ်းဘက်ဝင်တာတွေ့ ရင် ဒဏ်တပ်အရေးယူမယ်။ အခုလောလောဆယ် အခွန်ဌာန၊ဈေးဌာန၊ ယာဉ်ထိန်းနဲ့ မထသတို့ ပူးပေါင်းပြီးပညာ ပေးကာလ ဆောင်ရွက်နေတယ်လို့''ဈေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။                     သစ်သီးပွဲရုံတန်းများမှာတော့ သစ် သီး အတင်အချကုန်တင်ယာဉ်များအား ယခင်အတိုင်း ကုန်တင်ကုန်ချ ပြုလုပ် နိုင်ကြောင်း သိရပါတယ်။ ဇူးဇူး

Tuesday, 5 Jul 2011

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင် ရွှေစင်လမင်း စက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီအသစ် ထပ်မံဖွင့်လှစ်                      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရဲ့ ပုဂ္ဂလိက စက်သုံးဆီဈေးကွက်တွင် ဧရာရွှေဝါကုမ္ပဏီ၊ Green Luck ကုမ္ပဏီ၊ New Day Energy Coporation၊ ကျော်စံကုမ္ပဏီများမှ အောက်တိန်း၊ ဓာတ်ဆီ၊ဒီဇယ်စက်သုံးဆီများကို ရောင်း ချပေးလျက်ရှိပါတယ်။ ဈေးကွက်စီးပွား ရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍများ ဖွံ့ဖြိုးလာချိန်တွင် စက်သုံးဆီဈေးကွက် ပိုမိုကျယ်ပြန့်လာစေရန်နှင့် ပြင်ပစက်သုံးဆီရောင်းဝယ်မှု လျော့နည်းသွားစေ ရန်အတွက်လည်း ပုသိမ်မြို့၊ မဟာ ဗန္ဓုလလမ်း၊ ဂေါက်ကွင်းအရှေ့တွင် ရွှေစင်လမင်း စက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီဆိုင်သစ်ကို ၂ဝ၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ ကုမ္ပဏီမှ အဆင့်မြင့် Premium  ဒီဇယ် တစ်ဂါလန် ၃၉ဝဝ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၃၅ဝဝ ကျပ်ဈေးနဲ့ နံနက် ၇ နာရီမှ ည ၇နာရီ အထိ ပိတ်ရက်မရှိ ရောင်းချပေးမည် ဖြစ်ကြောင်း သိရပါတယ။် မင်းမင်းဦီး 

Tuesday, 5 Jul 2011

မန္တလေးကားဈေးကွက်တွင် လဆန်းပိုင်းက အရောင်းအဝယ်သွက်သည့်ကားများ ဇွန်လကုန်ပိုင်းမှာ အရောင်းအဝယ် အနည်းငယ်ပြန်အေး                မန္တလေး ကားဈေးကွက်တွင် လဆန်းပိုင်းက အရောင်းအဝယ် သွက်ခဲ့သော် လည်း ဇွန်လနောက်ဆုံးပတ်တွင် အရောင်းအဝယ် အနည်းငယ်ပြန်အေးလာကြောင်း သိရပါတယ်။                 လမ်း ၆ဝ ကားရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးဝင်းမြင့်ဦးက ''လဆန်းပိုင်းက နယ်ဝယ်လက်တော်တော်များများ ဆင်းလာတယ်။ ဇုန်ထုတ် ကားတွေနဲ့ ပုဂ္ဂလိကတင်သွင်းတဲ့ကားတွေ၊ စူပါဆလွန်း၊ လီမိတက်၊ မှန်ခုံးဗင်၊ ရှေ့ဆွဲဗင်၊ ပါဂဲျရိုး၊ ဆန်နီ၊ မတ်တူး(ဆလွန်း)ကားတွေ အရောင်းအဝယ်ဖြစ်တယ်။ ဈေးနှုန်း ကလည်း သိပ်မကြီးဘူး။ ကားတွေကလည်း ရွေးစရာများ၊ ဒီဇိုင်းစုံလာတော့ အဝယ် လိုက်တယ်။ အနိမ့်ကားရော၊ အမြင့်ကားရော ကြိုက်ရောင်းကြိုက်ဝယ်နဲ့ အရောင်း အဝယ်ဖြစ်တယ်။ အခုလဆန်းပိုင်းကထက် အရောင်းအဝယ်ပြန်အေးသွားပေမယ့် ပုံမှန်တော့ အရောင်းအဝယ်ရှိနေပါတယ်''လို့ ပြောပါတယ်။                    ဇွန်လနောက်ဆုံးပတ်ကားဈေးနှုန်းများမှာ ရှေ့ဆွဲဗင်90-91 M ၁ခ ကျပ်သိန်း ၃ဝဝ ဝန်းကျင်၊ စူပါဆလွန်း လ၊ သ၊ အ အက္ခရာ၊ ကားသန့်ကျပ်သိန်း ၁၇ဝ ဝန်းကျင်၊ အလျော့ ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊ လီမိတက် လ၊ သ၊ အ အက္ခရာ ကားသန့် ကျပ်သိန်း ၂၂ဝ ဝန်းကျင်၊ ကားလျော့ကျပ်သိန်း ၂ဝဝ ဝန်းကျင်၊ မှန်ခုံး 2001-2002 M (၁ဂ၊ ၄ဂ၊ ၅ဂ) ကျပ်သိန်း ၅၅ဝ ဝန်းကျင်၊ ဆပ် 2001-2002 M  (၄ဂ၊ ၅ဂ) ကျပ်သိန်း ၇၅ဝ ဝန်းကျင်၊ ဆန်နီ 87-88 M (လ၊ သ၊ အ) ကားသန့် ကျပ်သိန်း ၁ဝဝ စွန်းစွန်း၊Light Truck 97 M ဗမာခေါင်း ကျပ်သိန်း ၁၅၅ ဝန်း ကျင်၊ ဂျစ်ကား ကျပ်သိန်း ၆၅ ဝန်းကျင်၊ ဟိုက်အေ့စ်စူပါကာစတန်  95 M လီမိတက် ဂရေ့စ် ကျပ်သိန်း ၃၅ဝ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ ဇူူးဇူုး

Tuesday, 28 Jun 2011

မန္တလေး သံချောင်းဈေးကျ               မန္တလေးမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်လျက်ရှိတဲ့ သံချောင်း အရောင်းဆိုင်များမှာ မိုးရာသီဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ အချို့ရပ်နားထားတဲ့အတွက် အရောင်းအဝယ်အေးသလို ဈေးကလည်းယခင်လနဲ့ နှိုင်းယှဉ် လိုက်လျှင် သံချောင်းတစ်တန်ကို ၅ဝဝဝကျပ်မှ ၁၅ဝဝဝကျပ် ထိကျဆင်းတာကို တွေ့ရပါတယ်။ ကိုရီးယားသံချောင်းတွေ ဈေးအနည်းငယ်ကျဆင်းပေမယ့် စက်မှုဇုန်ထုတ် ပြည်တွင်း သံတွေတော့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ယခုလက်ရှိ ရောင်းဝယ်နေတဲ့ဈေးကတော့ -စဉ် အရွယ်အစား       ရေတွက်ပုံ         ကိုရီးယားသံချောင်း                စက်မှုဇုန်ထုတ်သံချောင်း                                                        ဈေးနှုန်း(ကျပ်)                        ဈေးနှုန်း(ကျပ်)၁ တစ်မတ်လုံး            တန်                      ၈၅၅ဝဝဝ                                 -၂ သုံးမူးလုံး                တန်                     ၇၅၅ဝဝဝ                            ၆၂ဝဝဝဝ၃ သုံးမူးလုံးလျော့        တန်                         -                                    ၅၈ဝဝဝဝ၄ ငါးပဲလုံး                  တန်                     ၈၆ဝဝဝဝ                                  -၅ ငါးမူးလုံး                 တန်                     ၇ဝဝဝဝဝ                          ၅၆ဝဝဝဝစဉ် အရွယ်အစား      ရေတွက်ပုံ           ကိုရီးယားသံချောင်း            စက်မှုဇုန်ထုတ်သံချောင်း                                                         ဈေးနှုန်း(ကျပ်)                    ဈေးနှုန်း(ကျပ်)၆ ခြောက်မူးလုံး          တန်                    ၇ဝ၅ဝဝဝ                           ၆၂ဝဝဝဝ၇ ခြောက်မူးလုံးလျော့  တန်                        -                                  ၄၉ဝဝဝဝ၈ သုံးမတ်လုံး             တန်                    ၆၉ဝဝဝဝ                           ၆၂ဝဝဝဝ၉ သုံးမတ်လုံးလျော့     တန်                    ၇၅ဝဝဝဝ                          ၅၆ဝဝဝဝ၁ဝ မူးတင်းလုံး           တန်                     ၇၄ဝဝဝဝ                              -၁၁ ကျပ်လုံး               တန်                    ၆၆ဝဝဝဝ                              -             ယခင်ဧပြီလနဲ့ မေလမှာ ကားတွေရဲ့ ကုန်တင်ဝန် (အလေးချိန်)သတ်မှတ်တဲ့အတွက် သံတစ်တန်ရဲ့တန်ဆာခ ဈေးနှုန်းမြင့်တာကြောင့် သံဈေးလည်း အနည်းငယ်မြင့်ခဲ့ပါတယ်။ ယခုလမှာတော့နိုင်ငံခြားငွေ (ဒေါ်လာ၊ယွမ်) ဈေးတည် ငြိမ်မှုမရှိတာကြောင့် ဈေးအနည်းငယ် အေးလာကြောင်း အရောင်းအဝယ်ပုံမှန်အောက် အနည်းငယ်ရောက်ကြောင်း သံနှင့်သံချောင်း ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။ စိုးအောင်

Tuesday, 28 Jun 2011

စက်မှုဇုန်ထုတ် မော်တော်ယာဉ်များတွင် Inspection Certificate (I.C) အခွန်ပြေစာရှိမှသာ မော်တော်ယာဉ် ရောင်းချခွင့်ပေးမည်             စက်မှုဇုန်ထုတ်မော်တော်ယဉ်များမှ ထုတ်လုပ်သည့် မော်တော်ယာဉ်များ တွင် ယခင်က ယာယီနံပါတ်ဖြင့် မော် တော်ယာဉ်ရောင်းချခွင့် ရှိခဲ့သော် လည်း ဇွန် ၁၃ ရက်နောက်ပိုင်းမှစ၍ Inspection Certificate (I.C) နှင့် အခွန်ပြေစာရှိမှသာ မော်တော်ယာဉ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။                  စက်မှုဇုန်များမှ ထုတ်လုပ်ပြီးသော မော်တော်ယာဉ်များကို စစ်ဆေးရေး အဖွဲ့မှ စစ်ဆေးပြီး (I.C) ထုတ်ပေး၍ ၎င်း (I.C)နှင့်အတူ သက်ဆိုင်ရာအခွန် ဦးစီးဌာနရုံးတွင် တစ်စီးချင်းအလိုက် ထုတ်လုပ်သူ(သို့မဟုတ်)ကုမ္ပဏီမှအခွန် ပေးဆောင်ရမှာ ဖြစ်ကြောင်း၊ (I.C)၊ အခွန်ထမ်းပြေစာ၊ အရောင်းပြေစာတို့ နှင့်အတူ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန တွင်လိုင်စင် ကြေး၊အခြား အခွန်အခများပေးဆောင်ပြီးစီးမှ မော်တော်ယာဉ်အမှတ် ထုတ်ပေးမည်ဖြစ် ကြောင်း မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုး တက်ရေးကော်မတီမှ မော်တော်ယာဉ် ထုတ်လုပ်သူများအား ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။                 စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ခွင့်ပြုချက်ရရှိသည့်၊ စစ်ဆေးခံပြီးသည့်၊ အခွန်ပေးဆောင် ပြီးသည့် စက်မှုဇုန်ထုတ်မော်တော်ယာဉ်များကို နေ့ချင်းပြီး မော်တော်ယာဉ် လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ် ထုတ်လုပ်သူ လုပ်ငန်း ရှင်များအနေဖြင့် နိုင်ငံတော်က သတ်မှတ်ထားသည့် အခွန်အခများကို အပြည့်အဝပေးဆောင်သွားကြရန် လို အပ်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်သည့်လုပ်ငန်းမှာ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရန် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍမှာ အရေးပါသည့် လုပ်ငန်းဖြစ်ကြောင်း၊ ပြည်တွင်းတွင်မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံများမှာ ကားအမျိုးအစား ၈၆၈ မျိုးတွင်ကားအစီးရေ ၁ သိန်းကျော်ထုတ်လုပ်ပြီးဖြစ်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်သည့် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် စက်မှုဇုန်များရှိ ကားထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်လုပ်သော မော်တော်ယာဉ် များအတွက် သတ်မှတ်ကုန်သွယ်ခွန်၏ ၂ဝ ရာခိုင်နှုန်းကိုသာ ပေးဆောင်ရန် လျှော့ပေါ့ပေးထားကြောင်း ဇွန် ၁၃ရက် က နေပြည်တော်၊ အမှတ် ၂ စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် စက်မှုလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီနှင့် မော် တော်ယာဉ်ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမှတ်(၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့ပါတယ်။                      မန္တလေးစက်မှုဇုန်တွင် မော်တော် ယာဉ်ထုတ်လုပ်သည့်လုပ်ငန်း၊ ကုမ္ပဏီ ပေါင်း ၂၇ ခုမှ မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။                           ဇူးဇူး 

Pages