Main menu

Background

Monday, 6 Jun 2011

ဘရစ်(ချ်)စတုန်းမှ တာယာဈေးတက်ဖို့ပြင်                    နယူးဇီလန်နိုင်ငံက အကြီးဆုံးတာယာထုတ်လုပ်ရေးဖြစ်တဲ့ ဘရစ်(ချ်) စတုန်းကုမ္ပဏီက ကားတာယာဈေးနှုန်းကို ၁၆ ရာခိုင်နှုန်းအထိ မြှင့်တင်မယ်လို့ သိရပါတယ်။ ရော်ဘာကဲ့သို့ ကုန်ကြမ်းတွေ ဈေးမြင့်တာကြောင့် ဒီလိုဈေးနှုန်း တက်ရတာဖြစ်ကြောင်း ဘရစ်(ချ်)စတုန်းကုမ္ပဏီရဲ့ စီးပွားရေးဌာန ညွှန်ကြားရေးမှူးကပြောကြားခဲ့ပါတယ်။ တကယ်လို့ ကုန်ကြမ်းဈေးတွေ မကျခဲ့ဘူးဆိုရင် နောင်လဲထပ်မံဈေးတက်ဖို့ရှိကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ ဘရစ်(ချ်)စတုန်း ကတော့ ၎င်းတို့ရဲ့ မူပိုင်အမှတ်တံဆိပ်ကို ဈေးမတင်ခဲ့ပေမယ့် ဖိုင်းယာစတုန်း အမျိုးအစားထဲက လူကြိုက်အများဆုံး တာယာတွေကိုတော့ ၉ ရာခိုင်နှုန်းဈေးမြှင့်ပြီး ၁ဝ ဒေါ်လာလောက် ဈေးတက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လာမယ့်လကစပြီး အသုံးများတဲ့အမျိုးအစားတာယာရဲ့ ဈေးကို ၁၆ ရာခိုင်နှုန်း တိုးမြှင့်မှာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံး တာယာနဲ့ ကျွတ်တွေရဲ့ ဈေးနှုန်းကိုတော့ ဇူလိုင် ၁ရက်ကစပြီး ၅ ရာခိုင်နှုန်းတိုးမြှင့်မှာဖြစ်ကြောင်းသိရပါတယ်။ ဂွတ်ရီးယား ကုမ္ပဏီကတော့ ယခုနှစ်စမှာ ဈေးနှုန်းတိုးခဲ့ပေမယ့် ထပ်မံဈေးတက်ဖို့တော့ အစီအစဉ်မရှိသေးကြောင်း သိရပါတယ်။ တာယာဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ များနေပြီး မော်တော်ကားရောင်းဝယ်ရေးတွေ ကောင်းနေကြောင်း မော်တော်ကားအသင်းက ပြောပါတယ်။ လူသုံးများတဲ့ တာယာတွေရဲ့ရောင်းအား တက်နေတယ်လို့ မော်တော်ကားရောင်းဝယ်သူများကပြောကြောင်း သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး ရော်ဘာဈေးတွေလဲ အဆက်မပြတ်တက်ခဲ့ကာ ၂ဝ၁၁ခုနှစ် ဖေဖော်ဝါရီက ၁ ပေါင်ကို ၂ ဒသမ ၈ ဒေါ်လာ အထိမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ှSource;Internet, KZW 

Monday, 6 Jun 2011

မိုးရာသီ အုတ်ဈေးကွက်                  မန္တလေးတိုင်းဒေသကြီး မြို့နယ်အသီးသီးတွင် ယခုနှစ် မိုးဦးစောရွာသွန်းမှုကြောင့် အုတ်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ လုပ်ငန်းထိခိုက်မှု အနည်းငယ်ရှိခဲ့ပါတယ်။ အုတ်ပုံစံကြမ်း ထုတ်လုပ်ထားတဲ့ နေလှမ်းကွင်းထံ ရောက်နေတဲ့ အုတ်တွေ ရယ်၊ မီးမပေးရသေးသောအုတ်တွေ၊ အုတ်ဖိုထဲထည့်ပြီး မီးပေးနေတဲ့ အုတ်တွေမှာ အပေါ်ယံအလွှာ ၁ဝ ရာခိုင်နှုန်းလောက် ပျက်စီးနိုင်တယ်လို့ အုတ်ဖိုပိုင်ရှင်တစ်ဦး က ပြောပြပါတယ်။                ၂ဝ၁၁ မတ်လကုန်ပိုင်း အုတ်ဈေးနဲ့ လက်ရှိယနေ့အုတ်ပေါက်ဈေး တော် တော်လေးကွာလာတာကို တွေ့ရပါတယ်။ မတ်လနဲ့ မေလ အုတ်ချပ်ရေ ၁ဝဝရဲ့ ပေါက်ဈေးနှုန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်နဲ့ နှိုင်းယှဉ်ပြရ မယ်ဆိုရင်တော့ ၂ဝ၁၁ မတ်လ ၂ဝ၁၁ မေလ ပထမတန်းအုတ် ဒုတိယတန်းအုတ် ပထမတန်းအုတ် ဒုတိယတန်းအုတ် မန္တလေး ၇၁ဝဝ ကျပ် ၆၁ဝဝ ကျပ် ၈၃ဝဝ ကျပ် ၇၈ဝဝ ကျပ် ကျောက်ဆည် ၅၆ဝဝ ကျပ် ၄၅ဝဝ ကျပ် ၇၂ဝဝ ကျပ် ၆၂ဝဝ ကျပ် မတ္တရာ ၅၇ဝဝ ကျပ် ၄၇ဝဝ ကျပ် ၇၄ဝဝ ကျပ် ၆၄ဝဝ ကျပ် မိုးရာသီဝင်ရောက်ပြီး ထုတ်လုပ်မှုနဲ့ ဝယ်လိုအားကွာဟမှုကြောင့် အုတ်ဈေး နှုန်း မြင့်တက်ရခြင်းဖြစ်ကြောင်း အုတ်ထုတ်လုပ်ရောင်းဝယ်သူတစ်ဦးက ပြောကြား ပါတယ်။ လွင်အေး 

Tuesday, 31 May 2011

အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များတည်ဆောက်ရေးစီမံကိန်း ဆောက်လုပ်မှုအချို့ ၅ဝ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီး                  မန္တလေးမြို့ ၆၃ လမ်းနှင့် ၆၆ လမ်း ကြား၊ ထုံးဘိုဖြတ်လမ်းနှင့် ကနောင်မင်း သားကြီးလမ်းကြား စွယ်တော်မြတ် စေတီတော်အနီးတွင် အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းနှင့် ကုန်စည်ဒိုင် များ တည်ဆောက်ရေး စီမံကိန်းတွင် ဆောက်လုပ်လျက်ရှိသော ဆောက်လုပ်မှုအချို့မှာ ၅ဝ ရာခိုင်နှုန်းကျော် ဆောက်ပြီးတာ တွေ့ရပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက '' ကုမ္ပဏီ ခုနစ်ခု က လူနေဆိုင်ခန်း နှစ်ထပ်အဆောက် အအုံ ဆောက်လုပ်တယ်။ အဆောက်အအုံ ဆောက်လုပ်နေတာ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးတာလည်းရှိတယ်။ အရှေ့ဘက်က အဆောက်အအုံတွေဆို ဆေးသုတ်ပြီးပြီးဆိုတော့ ၈၅ ရာခိုင်နှုန်း ပြီးတယ်လို့ ပြောရမယ်။ ခုမှစလုပ်နေတဲ့ လုပ်ငန်းတွေလည်းရှိတယ်။ လေးထပ် အဆောက်အအုံနဲ့ နှစ်ထပ်အဆောက် အအုံတွေ ဆောက်လုပ်နေတယ်။ ကိုယ့် ကုမ္ပဏီအလိုက် ခွဲထားတယ်။ ကျွန် တော်တို့က ပေ ၂၅ xပေ ၆ဝ အကျယ် မှာ ခြောက်ခန်းတွဲ နှစ်ထပ်အဆောက် အအုံ အာစီဆောက်နေတာ။ မြေညီ ထပ်မှာ ရေချိုးခန်း၊ အိမ်သာပါမယ်၊ ပထမထပ်မှာ အိတ်ခန်းတစ်ခန်းပါမယ်။ ကားပါကင်က ကားထိုးလို့ရအောင် ၅၂ ပေအကျယ် ပြုလုပ်ထားတယ်''လို့ ပြော ပါတယ်။                 အဆိုပါစီမံကိန်းအကောင်အထည် ဖော်ရာတွင် မြို့ပြအင်္ဂါရပ်နှင့်အညီ ကုန်သွယ်မှုပြုရာတွင် အဆင်ပြေစေရန် အတွက် အကျယ်အဝန်း ၆၂ ဒသမ ဝ၈ ဧကရှိ မြေနေရာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြေသားလမ်းနှင့် ကွန်ကရစ်လမ်းခင်း ခြင်းမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီ ဖြစ်ပါတယ်။ စီမံကိန်းဧရိယာအတွင်းတွင် ကား ရပ်နားရန် ဧရိယာ ၂ ဒသမ ၂၉ ဧက၊ ကွန်တိန်နာကွင်း ဧရိယာ ၄ ဒသမ ၆၃၃ ဧက၊ ကွပ်ကဲရေးဇုန် ဧရိယာ ၄ ဒသမ ၇၂ ဧက၊ ပွဲရုံနှင့်ကုန်စည်ဒိုင်များ ဇုန် ဧရိယာ ၁၃ ဒသမ ၁၁ ဧက၊ သိုလှောင်ရုံများဇုန် ဧရိယာ ၃ ဒသမ ၅၉ ဧက၊ အထောက်အကူပြုလုပ်ငန်းများ ဇုန် ဧရိယာ ၇ ဒသမ ၄၁ ဧက၊ ဝန်ဆောင်မှုလုပ်ငန်းများဇုန် ဧရိယာ ၃ ဒသမ ၅၆ ဧက၊ အကောက်ခွန်နှင့် စစ်ဆေးရေးဇုန် ဧရိယာ ၃ ဒသမ ၂၁ ဧကနှင့် တည်ဆောက်ရေးလုပ်ငန်းများ အဖြစ်ဇုန် ကိုးခုကို ယခုနှစ်ကုန်တွင် တည်ဆောက်ပြီးစီးရန် ခန့်မှန်းထား ကြောင်း သိရပါတယ်။ အဝေးပြေး ကုန်တင်ယာဉ်ရပ်နား စခန်းနှင့် ကုန်စည်ဒိုင်များ တည်ဆောက်ခြင်းကို ၂ဝ၁ဝ ခုနှစ် နှစ်လယ် ကစ၍ အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ စီမံကိန်းဧရိယာအတွင်း ပေ ၁ဝဝ နှင့် ပေ ၈ဝ အကျယ်ရှိ လမ်းများ အပါအဝင် ဂိတ်ကြီး ခြောက်ခု၊ ဂိတ်ငယ် တစ်ခု၊ ယာဉ်စစ်ဆေးရုံး နှစ်ခု၊ X- Ray ပေ တစ်ခု၊ ပေ ၈ဝ x ပေ ၂ဝဝ အကျယ်ရှိ ဂိုဒေါင်ငါးလုံး၊ အကောက် ခွန်လုပ်ငန်းဆိုင်ရာ ရုံးများ၊ ဟိုတယ်၊ မိုတယ်နှင့် မီးသတ်စခန်းများပါဝင်၍ ယာဉ်ရပ်နားရန်နေရာတွင် ကုန်တင်ယာဉ် ၁၁၉ စီး တစ်ပြိုင်တည်းရပ်နား ရန်နှင့် ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ဇူူးးဇူူးး

Tuesday, 31 May 2011

ကားအရောင်းအဝယ် အကောင်းကြီးမဟုတ်သော်လည်း အသင့်အတင့်ရှိနေ                    မေလနောက်ဆုံးပတ် ရန်ကုန်မြို့ကားဈေးကွက်၏ အခြေအနေမှာ ကားဈေးတန်း အနည်းငယ် ခိုင်မာလျက်ရှိ ပြီး ပုံမှန်မဟုတ်သော်လည်း ကြိုကြား ကြိုကြား အရောင်းအဝယ်များ ဖြစ် ကြောင်း သိရသည်။ ကားပွဲစားတန်း နေရာစုံ၌ အစည် ကားကြီးမဟုတ်သော်လည်း လူအသင့် အတင့်အဝင်အထွက်ရှိပြီး အရောင်း အဝယ်လေးများ ဟိုနေရာ တစ်စီးစနှစ်စီးစ၊ ဒီနေရာတစ်စီးစရှိနေကြောင်း၊ ကားဈေးတန်း မာနေသည်ဟု မပြောနိုင်သော်လည်း ယခင်ကထက်စာလျှင် အနည်းငယ်ခိုင်မာနေကြောင်း အပေါ်ဝိုင်း အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။                   အထူးသဖြင့် အလယ်အလတ်တန်းစားကားများ၊ အောက်ကားများ၊ CNG သုံး တက္ကစီအငှားယာဉ်များမှာ ဝယ် လက်၊ ရောင်းလက်များ အနည်းငယ် ရှိနေပြီး အလုပ်ဖြစ်နေကြောင်း၊ သို့ဖြစ်ရခြင်းမှာ ကျောင်းဖွင့်ရာသီရောက် ရှိလာပြီဖြစ်၍ လည်းကောင်း၊ အခြား ရင်းနှီးမြှုပ်နံှမှုများ ဈေးနှုန်းကျဆင်းပြီး ဈေးမတည်ငြိမ်မှုကြောင့် လည်းကောင်း၊ အရင်းအနှီးများပြီး ဈေးနှုန်းမြင့်တက်သထက် တက်နေသော အိမ်၊ခြံ၊မြေ ရင်းနှီးမြှုပ်နံှမှုတွင် ငွေရင်းမပြည့်မီသောကြောင့် လည်းကောင်း၊ ငွေရင်းနည်း သောအချို့မှာ တစ်ပိုင်တစ်နိုင် အောက်ကားလေးများ အလယ်အလတ်တန်း ကားများ ပြန်၍ဝယ်ထိန်းလုပ်လာ ကြ သဖြင့်လည်းကောင်း ယခုအခြေဖြစ် ပေါ်လာကြောင်း ပြောသည်။ သို့ရာတွင် အနည်းငယ် ဈေးမာရုံ နှင့် ဈေးပြန်တက်နိုင် မတက်နိုင်ဆိုသည့် အချက်အား မပြောနိုင်ဘဲ အချိန် အခိုက်အတန့်တစ်ခုသာ ဖြစ်နိုင်ကြောင်း ဝါရင့်အကျိုးဆောင်ပုဂ္ဂိုလ် များမှ ပြောကြသည်။                ယခုလက်ရှိ အရောင်းအဝယ် လိုက်ပြီး ဈေးတန်းပြန်ခိုင်မာသလိုဖြစ်နေသော ကားများမှာ လူသုံးများ လူ ကြိုက်များ ကားများဖြစ်သည်။ ဆူဇူကီး (R+) သည် ၂ဂ/၃ဂဆိုလျှင် ယခင်က ကျပ်သိန်း ၂၂ဝ၊ ၂၃ဝသိန်းခန့်ရှိရာမှ ယခု ကျပ်သိန်း ၂၆၀ ထိခေါ်ရောင်းကြပြီး အဝယ်လိုက်သော စူပါကပ်စတန် မော်ဒယ်မြင့်ကားမှာလည်း ၃၆ဝသိန်း၊ ကျပ်သိန်း ၃၇ဝ မှ ၄ဝဝ ကြားထဲ ခေါ် ရောင်းကြကြောင်း၊ မြန်မာ စမော ဆလွန်းမှာမူ ကျပ်သိန်း ၁၄ဝ-၁၅ဝ ဈေးတန်းနေပြီး ခေါ်ရောင်းကြကာ တေ့တေ့ဆိုင်ဆိုင်ဆိုလျှင် ဈေးဆင်း လာတတ်ကြောင်း သိရသည်။                                             SN

Thursday, 26 May 2011

အမြင့်ဝိုင်းထက် အနိမ့်ဝိုင်းမှာ အလုပ်ဖြစ်နေသည့် ကားဈေးကွက်                   ယခုလအတွင်း ကားဈေးကွက် သည်လည်း ထူးထူးခြားခြားပြောင်းလဲ ကောင်းမွန်လာသည့် အခြေအနေ၏ မတွေ့ရဘဲ ကဲျကဲျနှင့် နည်းနည်းသာ အလုပ်ဖြစ်နေသည်ကိုတွေ့ရပြီး ဟံသာဝတီကားဝိုင်းတွင် သြင်္ကန်ကာလပြီး နောက်ပိုင်း အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ အားရစရာမကောင်းလှဘဲ ကားနှစ်စီးသာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ကားပွဲစားတစ်ဦး၏ ပြောပြချက်အရ သိရသည်။                   သို့သော် အနိမ့်ပိုင်းဖြစ်သည့် ကျောက်မြောင်းကားဈေးကွက်တွင်မူ အရောင်းအဝယ်ဖြစ်မှု ယခင်ထက် ပိုမို များပြားခဲ့သည်ဟုသိရသည်။ အောက်ဝိုင်းမှ ကားပွဲစားတစ်ဦးဖြစ်သူ ကိုခင်မောင်သိန်းက ''ဈေးကွက်က အရင်က လောက် မကောင်းတော့တာ အမှန်ပါပဲ။ ဒါပေမယ့် သြင်္ကန်ပြီးနောက်ပိုင်း အနိမ့်ကားတွေ အရောင်းအဝယ်ဖြစ် ပါတယ်။ အခုဒီလထဲမှာတင် နှစ်စီး၊ သုံးစီးထွက်သွားပြီ''ဟု ပြောပြသွားခဲ့ သည်။                    လက်ရှိအချိန်တွင် အမြင့်ကားများထက် အနိမ့်ကားများမှာ အရောင်း အဝယ်ဖြစ်လျက်ရှိနေပြီး အငှားလိုက်မှု များနေသေးကြောင်းလည်း သိရသည်။ စီအန်ဂျီ တပ်ဆင်ထားသည့် ကားများ မှာမူ အရောင်းအဝယ်မျက်နှာပန်းလှ၍ ဈေးအရာလည်း အဆင်ပြေနေကြောင်း သိရသည်။ မင်းချို

Thursday, 26 May 2011

မန္တလေးမြို့တွင်း ယာဉ်လိုင်းများ ငါးနှစ်အတွင်း ပြေးဆွဲယာဉ်ထက်ဝက်လျော့နည်း                  မန္တလေးမြို့တွင်း ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများမှာ ငါးနှစ်တာကာလအတွင်း ယာဉ်လိုင်းပြေးဆွဲနှုန်း ထက်ဝက် ကျော်လျော့နည်းသွားကြောင်း သိရပါတယ်။ ခြင်္သေ့ဦးခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက''မန္တလေးမှာ ငါးနှစ်တာကာလအတွင်း ဆိုင်ကယ်စီး သူတိုးလာပြီး ကားအဝင်လည်းများလာခဲ့တယ်။ အိမ်ကားတွေကလည်း နားလည်မှုနဲ့ဂိတ်ထိုးပြီး ပြေးဆွဲနေတဲ့အတွက် မြို့တွင်း ယာဉ်လိုင်း လျော့နည်းလာရတယ်။ အသင်းဝင်ကားတချို့လည်း တစ်သင်းနဲ့တစ်သင်း ယာဉ်ပြောင်းရင် ကော်မတီမသိရဘူး။ နားလည်မှုနဲ့ ပြောင်းနေကျတော့ ယာဉ်လိုင်းနည်းလာတယ်။ ကျောင်းပို့ ကျောင်းကြိုကားတွေလည်းများလာတော့ မူလပြေးဆွဲ နေတဲ့ ယာဉ်လိုင်းထက် လျော့နည်းလာတယ်။ ကိုယ်ပိုင်ယာဉ်တွေများလာတဲ့ သဘောပေါ့။ ကျွန်တော့်အသင်းမှာ အရင်က မော်တော်ယာဉ်အစီး ၃ဝ လောက်ပြေးဆွဲခဲ့တာ။ ငါးနှစ်တာကာလအတွင်း ဒီနှစ်မှာ ၁၁ စီးလောက်ပဲ ပြေးဆွဲမှုရှိတော့တယ်'' လို့ ပြောပါတယ်။                 မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ်ထိန်းသိမ်းရေးကော်မတီ(မြို့တွင်း) မော်တော်ယာဉ်လိုင်းတွင် အသင်း ၄၃ သင်းရှိပြီး မော်တော်ယာဉ်အစီး ၄၅ဝ နဲ့ ၅ဝဝ စီးကြား နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။                           ဇူးဇူး

Thursday, 26 May 2011

သိန်းထောင်ချီလေ စိတ်ဝင်စားလေ                  အိမ်ခြံမြေဈေးကွက် အရှိန်အဟုန်ကောင်းလာချိန်တွင် ကွန်ဒိုများ၊ လုံးချင်း များ၊ တိုက်ခန်းများ၊ အရောင်းအဝယ် ဖြစ်လျက်ရှိနေကာ မြေနေရာများမှာလည်း ရင်းနှီးမြှုပ်နံှသူတို့ မျက်စိကျစိတ်ဝင်စားလာကြပြီး သိန်းထောင်ချီတန် သည့် မြေနေရာကွက်များကို ပိုမိုရင်းနှီး မြှုပ်နံှလာကြကြောင်း သိရသည်။ အရောင်းအဝယ်ဖြစ်မှု အပိုင်းမှာ လည်း ယခင်ထက်မြင့်တက်လာခဲ့ပြီး ရောင်းသူ၊ ဝယ်သူတို့ ဘက်မျှနေကြကြောင်း သိရသည်။ သိန်းငါးထောင်နီး ပါးအကွက်များမှာ ပိုမိုစိတ်ဝင်စားလာ ကြသည်ကို တွေ့ရသည်။ သြင်္ကန် ကာလပြီးနောက်ပိုင်းတွင် ၁ဝ မိုင်ကုန်း နှင့် စော်ဘွားကြီးကုန်းဘက်တွင် သိန်း နှစ်ထောင်ကျော် မြေနေရာများ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုမှ တာဝန် ရှိသူတစ်ဦးက ပြောပြခဲ့သည်။                     ရင်းနှီးမြှုပ်နံှသူ အများစုကြောင့် သာ အိမ်ခြံမြေဈေးကွက်မှာ အရောင်း အဝယ် ဖြစ်လျက်ရှိနေကာ အမှန် တကယ်နေထိုင်လိုသူများ၏ ဝယ်ခြင်း နည်းပါးနေသေးသည်ဟု သိရသည်။ အိမ်ခြံမြေဘက်သို့ ရင်းနှီးမြှုပ်နံှသူများ အာရုံကျလာရခြင်းမှာ ရွှေဈေးကွက် မတည်ငြိမ်ခြင်း နိုင်ငံခြားငွေဈေး အတက်အကျ ပြောင်းလဲမှုများနေခြင်း နှင့် ကားဈေးကွက် တုံ့ဆိုင်းနေခြင်း တို့ကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူ တချို့က သုံးသပ်နေကြသည်။ရန်ကုန် မြို့တွင်သာမကဘဲ ပဲခူး၊ နေပြည်တော်၊ တိုက်ကြီးစသည့် မြို့များနှင့် မန္တလေး မြို့များတွင်ပါ လုံးချင်းများထက် မြေကွက်များမှာ ပိုမိုအရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။ မင်းးချို

Thursday, 26 May 2011

မန္တလေးမြေကွက်များ မြို့တွင်းထက် မြို့သစ်မြေဈေးပို၍ မြင့်တက်လာ         မန္တလေးမြေကွက်များမှာ ဈေးနှုန်းဆက်တိုက်မြင့်တက်လျက်ရှိရာ မြို့တွင်း မြေကွက်များထက် မြို့သစ်မြေဈေးမှာ ပို၍မြင့်တက်လာကြောင်း သိရပါတယ်။ ဝါရင့်မြေအကိုျးဆောင်တစ်ဦးက ''သြင်္ကန်ကာလပြီးနောက်ပိုင်းမှာ မြေကွက် အတော်များများ အရောင်းအဝယ်ဖြစ်တယ်။ မြို့တွင်းရော မြို့သစ်ပါအရောင်း အဝယ်ဖြစ်ပေမယ့် မြို့တွင်းပိုင်းက အရောင်းအဝယ်လုပ်ဖို့ ရွေးချယ်စရာ မြေနည်း တဲ့အတွက် မြို့သစ်ပိုင်းမှာပိုပြီး အရောင်းအဝယ်ဖြစ်တယ်။ အရောင်းအဝယ်သွက်တော့ ဈေးကလည်းလိုက်တက်လာတယ်။ မြေလက်ထဲရှိတဲ့သူတိုင်း ပြန်ရောင်းရင် မြတ်နေတယ်။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းကတည်းက အရောင်းအဝယ်ဖြစ်နေတော့ ဆင့်ကဲ ဆင့်ကဲ ဈေးဆက်မြင့်လာတယ်။ မြေရောင်းပြီးပြန်ဝယ်တဲ့အခါ မလိုက်နိုင်လို့ ပြန်ရောင်းတဲ့သူနည်းလာတယ်။ ဝယ်လိုအားက များနေပြီး စီးပွားရေးအဆင်ပြေလာ တော့ ဝယ်တဲ့သူများလာတယ်'' လို့ ပြောပါတယ်။                   မန္တလေးမြေကွက်များမှာ ၂ဝ၁ဝ နှစ်ကုန်ပိုင်းမှစ၍ အရောင်းအဝယ်ဖြစ် လျက်ရှိပြီး တဖြည်းဖြည်း ဈေးနှုန်းမြင့်တက်လာခဲ့ရာ ယခုလတွင် ဈေးနှုန်း ၅ဝ ရာခိုင်နှုန်းနီးပါးမြင့်တက်လာကြောင်း၊ ဈေးမြင့်တက်သော်လည်း ဝယ်ရောင်းသမား များသာမက မန္တလေးမြို့နဲ့အနီးရှိ စီးပွားရေးလုပ်ငန်းရှင် အများဆုံးလာရောက် ဝယ်ယူမှုရှိလာကြောင်း၊ နေရာအကွက်အကွင်းကောင်းပြီး ဈေး၊ ကျောင်းနဲ့ နီးတဲ့ နေရာများမှာ ပို၍လူကြိုက်များကြောင်း သိရပါတယ်။    ဇူးဇူး 

Monday, 23 May 2011

မန်းမြို့တွင်းအရောင်းအဝယ်ဖြစ်နေတဲ့ ဆောက်လုပ်ရေး ပစ္စည်းများ                   မိုးရာသီအစပျိုးပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်ကောင်းနေဆဲ ဖြစ်လို့ အုတ်၊ ထုံး၊ ကျောက်၊ သဲလုပ်ငန်း ရှင်များ အရောင်းအဝယ် ကောင်းနေကြောင်း သိရပါတယ်။ ဧရာဝတီ မြစ်သဲတစ်ကျင်း ကျပ် ၃ဝဝဝ နဲ့ ကား တစ်စီး ၄ ကျင်းပါ ကျပ် ၁၂ဝဝဝ နှုန်းဖြင့် မြို့တွင်းအရောက်ပို့ပေးကြောင်း သိရပါတယ်။                    ကျောက်ကြီး ၆-၉ လက်မ တစ်ကျင်း ကျပ် ၇ဝဝဝ ၊ ၈ဝဝဝ ကျပ်နှုန်း၊ ၂-၄ လက်မ တစ်ကျင်း ၈ဝဝဝ ကျပ်၊ ၉ဝဝဝ နှုန်းနှင့်စက်ခွဲ ၁-၂ လက်မ တစ်ကျင်း ၂၂ဝဝဝ ကျပ်နှုန်း၊ ချစ်ပင်ရှူး တစ်ကျင်း ကျပ် ၂၅ဝဝဝ၊ ၂၇ဝဝဝ နှုန်းများဖြင့် လတ်တလော အရောင်းအဝယ်ဖြစ်နေပြီး ၎င်းဈေးနှုန်းများသည် မြို့တွင်းအရောက်ပို့ ဈေးနှုန်းများဖြစ် ကြောင်းလည်း သိရပါတယ်။ ထုံးအိတ် တစ်အိတ် မြို့တွင်းအရောက် အိတ်ကြီး ကျပ် ၂၃ဝဝ - ၂၅ဝဝ ၊ အိတ်သေး ကျပ် ၂ဝဝဝ - ၂၁ဝဝ နှုန်း၊ အုတ်ဈေးမှာ မိုးရာသီဖြစ် တဲ့အတွက် ပထမတန်းစားအုတ် ယခင် ၆၈ ကျပ်-၇ဝ ကျပ်မှ မိုးရွာပြီးနောက် ပိုင်း ကျပ် ၉ဝ - ၁ဝဝ အထိ ဈေးရှိ ကြောင်းနဲ့ ဘိလပ်မြေတစ်အိတ် စက်ရုံဈေး AAA တစ်အိတ် ၅ဝဝဝ ကျပ်၊ မြန်မာဆင်တစ်အိတ် ကျပ် ၄၈ဝဝ ဖြစ်ပြီး အရောက်ပို့ AAA တစ်အိတ်ကို ကျပ် ၅၄ဝဝ၊ မြန်မာဆင် တစ်အိတ် ကျပ် ၅၂ဝဝ နှုန်း အသီးသီးအရောင်း အဝယ်ဖြစ်နေကြောင်း လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါတယ်။    ခင်မြင့်မြင့်သန်း

Monday, 23 May 2011

ကုန်ကြမ်းဈေးမြင့်၍ တာယာဈေးမြင့်မား                ကုန်ကြမ်းဈေးနှုန်း မြင့်တက်မှုနဲ့ ဝယ်လိုအားတွေ တက်လာတာကြောင့် ထရက်တာနဲ့ လယ်ယာသုံးယာဉ်တွေရဲ့ တာယာဈေးနှုန်းတွေ မြင့်တက်လာကြောင်း သိရပါတယ်။ ကွန်တီနဲလ်တပ်လ် တာယာထုတ်လုပ်ရေးက နေထုတ်လုပ် တဲ့ ထုတ်ကုန်တွေအားလုံးရဲ့ ဈေးနှုန်းကို ယခုလကစပြီး ၁ဝ ရာခိုင်နှုန်း တိုးမြှင့်တော့ မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ မီချီလင်းကုမ္ပဏီကတော့ ဇူလိုင် ၁ ရက်နေ့ကစပြီး တာယာဈေးနှုန်းက ၆ ရာခိုင်နှုန်းတိုးမယ်လို့ ပြောကြားထား ကြောင်း သိရပါတယ်။ မီချီလင်းရဲ့ လယ်ယာထုတ်ကုန်ဌာနက ၂ဝ၁၁ခုနှစ်မှာ ထုတ်လုပ်မှုတိုးမြှင့်မယ်လို့ ပြောကြားခဲ့ပါတယ်။ လယ်ယာသုံးယာဉ်တွေရဲ့ တာယာက ဝယ်လိုအားတက်လာပြီး တစ်ပြိုင်နက်တည်းမှာပဲ ကုန်ကျစရိတ်နဲ့ ကုန်ကြမ်းတွေရဲ့ ရောင်းလိုအားက အကျပ်အတည်းတွေ့တာကြောင့် စက်မှုလုပ်ငန်းတွေက ဈေးတက်ရခြင်းဖြစ်ပါတယ်။ တောင်သူတွေကို အကြံပေးချင်တာကတော့ မိမိတို့ရဲ့စက်ပစ္စည်းများကို စစ်ဆေးထားဖို့နဲ့ ဈေးနှုန်းတက်ခြင်းကို ကာကွယ် နိုင်ဖို့ မိမိတို့ရဲ့တာယာများကို တတ်နိုင်သလောက် ထိန်းသိမ်းကြဖို့လိုကြောင်း စိုက်ပိုျးရေးအင်ဂျင်နီယာအသင်းရဲ့ စီးပွားရေးပညာရှင်က ပြောကြားပါတယ်။ ရော်ဘာဈေးနှုန်းက ဖေဖော်ဝါရီမှာ အမြင့်ဆုံးကိုရောက်ခဲ့ပြီး လာမယ့်လများ မှာလည်း ကမ္ဘာ့ဈေးကွက်မှာ ဈေးတက်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ ထုတ်လုပ်သူအများစုဟာ ကြိုပွိုင့်ဈေးကွက်မှာ ဝယ်တာထက် ရောင်းသူတွေနဲ့ စာချုပ်ချုပ်ပြီး ဝယ်ယူမှုကို ပိုမိုဆောင်ရွက်နေခြင်းအားဖြင့် ရော်ဘာဈေးနှုန်းကို ပုံမှန်လေးသာ မြင့်တက်စေနိုင်မယ်လို့ ၎င်းက အကြံပေး ပါတယ်။Source ; Farmer guardian, K.Z.W

Pages