Main menu

Background

Tuesday, 28 Jun 2011

ရန်ကုန်မြို့ ကားဈေးကွက် အရောင်းအဝယ် အေးသော်လည်း ဈေးတန်းနေ               ရန်ကုန်မြို့တွင်းကားပွဲစားတန်းများ နှင့် ဆင်ခြေဖုံးရှိ ကားပွဲစားတန်းနေရာ အသီးသီးတို့တွင် ယ ခုရက်သတ္တပတ် အတွင်း မိုးရွာသွန်းမှု များပြားသဖြင့် ညနေပိုင်းများတွင် ယခင်အပတ်များကဲ့ သို့ လူစည်ကားမှုမရှိဘဲ လူဝင် လူထွက် နှင့် ကားဝင်ထွက်မှု ကဲျပါးခဲ့ကြောင်း၊ အရောင်းအဝယ်မှာလည်း လူပါးမှုနှင့် အတူ ကျိုးတိုးကဲျတဲသာရှိကြောင်း သိရသည်။                လက်ရှိ ကားပွဲစားဝိုင်းများအတွင်း ဈေးဖွင့်ထားသော ကားများမှာ တစ်စီးစ နှစ်စီးစ အရောင်းအဝယ်ရှိသော် လည်း ဈေးတန်းမှာ ဆင်းမလာဘဲ ဈေး တန်းနေကြောင်း သိရသည်။ တစ်စီးစ နှစ်စီးစ အရောင်းအဝယ်ဖြစ်နေသည့် ကားများမှာလည်း စက်မှုဇုန်ထုတ် အဆင့်မြင့်ယာဉ် (ဘက်စုံသုံး အပ်ပီဗီ ယာဉ်) အများဆုံးဖြစ်ပြီး ၎င်းတို့မှာ  ယခင်ဈေးတန်းအတိုင်း ရောင်းချသည် ကိုမတွေ့ရဘဲ ခေါ်ဈေးထက် ၃ဝ သိန်း ၄ဝ သိန်းခန့်ဆင်းကာ ရောင်းချလာ ကြောင်း သိရသည်။             ထို့သို့ ရှိရင်းဈေးတန်းထက်ဆင်း ကာရောင်းချလာကြခြင်းမှာ ဌာနဆိုင် ရာမှ စက်မှုဇုန်ထုတ် မော်တော်ယာဉ် များအား အင်ဂျင်အစိတ်အပိုင်းမှလွဲ ၍ အခြားပြောင်းလဲခွင့် မရှိကြောင်း သတ်မှတ်ချက်တစ်ရပ် ထွက်ပေါ်လာ ပြီးနောက်ပိုင်း ဖြစ်ပေါ်လာရခြင်းဖြစ် ကြောင်း၊ အဆိုပါ သတင်းထွက်ကာ စက စက်မှုဇုန်ထုတ် အဆင့်မြင့်ယာဉ်များ (ရှိပြီးယာဉ်များ) ပိုမိုဈေးမာလာ နိုင်သည်ဟု ယူဆခဲ့ကြသော်လည်း  အမှန်မှာ ထို့သို့မဟုတ်ဘဲ ကန့်သတ် ချက်များကြောင့် ဈေးကွက်ပါးသွား မည်စိုးရိမ်သဖြင့် လက်တွင်းရှိ အမ်ပီဗီ ယာဉ်များအား ထုတ်ရောင်းရာမှ ဈေးကျဆင်းလာခြင်း ဖြစ်နိုင်ကြောင်း ဝါရင့် ယာဉ်ဝယ်ရောင်းတစ်ဦးမှ သုံးသပ်ပြသည်။ယခင် သိန်း ၄ဝဝ ခေါ်ရောင်းနေ သော ၉၇ ခုနှစ်ထုတ် ကပ်စတန် ဝက် ဂွန်များသည် ယခု ၃၆၅ သိန်း ၃၇ဝ သိန်းခန့်ဖြင့် ရောင်းချလာကြပြီး ထို့ ထက် အဆင့်မြင့်သည့် စက်မှုဇုန်ထုတ် အဆင့်မြင့်ယာဉ် နောက်တစ်မျိုးဖြစ်သည့် အယ်(လ်)ဖတ် အဆင့်မြင့် ဟိုက် အေ(စ့်)ယာဉ်များသည် ယခင် သိန်း ၁ဝဝဝ ကျော် ခေါ်ရောင်းရာမှ ယခု သိန်း ၉ဝဝ ကျော်ကျော်ဖြင့် ရောင်းချ လာကြောင်း လတ်တလောရောင်းဈေး မှာ ဈေးသင့်သဖြင့် ဝယ်ယူစီးနင်းသူ များလည်းရှိလာကြောင်း သိရသည်။SN

Tuesday, 28 Jun 2011

အကျအတက်နဲ့ မန်းဘိလပ်မြေဈေးကွက်            မန္တလေးမြို့ ဘိလပ်မြေအရောင်းအဝယ်ပုံမှန်ရှိနေပေမယ့်လည်း ဈေးနှုန်းအနည်းငယ်အပြောင်းအလဲ၊ အတက်အကျရှိတာကို တွေ့ရပါတယ်။ မြန်မာပြည်တွင်းဖြစ် ဘိလပ်မြေဈေး အရင်လတွေထက် တစ်အိတ်ကို ၁ဝဝ ကျပ်၊ ၁၅ဝ ကျပ် အတက်ဘက်မှာရှိပြီး နိုင်ငံခြားဘိလပ်မြေ (ထိုင်း)ဈေး အရင်လတွေအောက် တစ်အိတ်ကို ၁၅ဝ ကျပ်၊ ၃ဝဝ ကျပ် အကျဘက်မှာ ရှိတာကို တွေ့ရပါတယ်။ လက်ရှိ မန်းဘိလပ်မြေ အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးနဲ့ ယခင်လဈေးကိုနှိုင်ယှဉ်ပြရမယ်ဆိုရင် -စဉ် ဘိလပ်မြေတံဆိပ်အမည်      ယခင်လတစ်အိတ်ဈေး      ယခုလတစ်အိတ်ဈေး၁။ AAA (အေသုံးလုံး)                 ၅၄ဝဝ ကျပ်                  ၅၅ဝဝ ကျပ်၂။ မြန်မာဆင်                           ၅၂ဝဝ ကျပ်                  ၅၃ဝဝ ကျပ်၃။ ဆင်မင်း(ကျောက်ဆည်)          ၄၉ဝဝ ကျပ်                   ၄၉ဝဝ ကျပ်၄။ မြင်းခေါင်း                            ၅ဝဝဝ ကျပ်                   ၅၁ဝဝ ကျပ်၅။ ကျားခေါင်း                          ၅၃ဝဝ ကျပ်                   ၅၃ဝဝ ကျပ်၆။ စိန်(ထိုင်း)                           ၆၉ဝဝ ကျပ်                   ၆၄ဝဝ ကျပ်၇။ ဆင် (ထိုင်း)                         ၆၉ဝဝ ကျပ်                  ၆၅ဝဝ ကျပ်        ဧပြီလ၊ မေလများမှာ သယ်ယူခ၊ တန်ဆာနှုန်း မြင့်မားတဲ့အတွက် ထိုင်းကဝင်တဲ့ စိန်တံဆိပ်နဲ့ဆင်တံဆိပ် တွေဈေးမာတာ ကိုတွေ့ရပြီး ယခုလ မှာ ပုံမှန်အနေအထားလည်း ရောက်ရှိလာပြီး နယ်စပ်မှာနိုင်ငံခြားငွေ တည်ငြိမ်မှုမရှိဘဲ ကျဆင်းတာကြောင့် ဈေးအေးလာတာကိုတွေ့ရပြီး အရောင်းအဝယ်အနေအထားက အေးလည်းမအေး သွက်လည်းမသွက်ဘဲ ပုံမှန်သာရှိကြောင်း ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဈေးကွက်မှ သိရပါတယ်။ စိုးအောင်လ

Sunday, 19 Jun 2011

မန္တလေးတောင်ကို ထပ်ဆင့် သျှောင်ထုံးဖို့ ကြိုးစား                မန္တလေးတောင် စိမ်းလန်းစိုပြေစေရေးအတွက် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ၁၉၉၄-၁၉၉၅ ခုနှစ်မှစ၍ သစ်ပင်စိုက်ပျိုးခြင်းပြုလုပ် ခဲ့ရာ ယခုအခါ ပြည်သူလူထု ပါဝင်၍ ထပ်မံစိမ်းလန်းစိုပြေရန် သစ်ပင်များ စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။                 'ပထမအဆင့်မှာ သီးခြားသစ်ပင် စိုက်ဖွဲ့ငါးဖွဲ့နဲ့ လူအင်အား ၅၅ ဦးဖြင့် ကျောက်သားများတဲ့နေရာမှာ ကျောက် ဖောက်ပြီး မြေသားအစားထိုးထည့် စိုက်ပျိုးသွားမယ်။ ပထမလမှာ အပင် တစ်သောင်းစိုက်မယ်။ အဖွဲ့တစ်ဖွဲ့ကို ကျောက်ခွေ ၁ဝ ခွေ၊ အပင် ၂ဝဝဝနှုန်း စိုက်ပျိုးမယ်။ စိုက်ပျိုးပြီး အပင်တွေကို ရေလောင်းထိန်းသိမ်း နိုင်အောင် ရေ ကန်ငယ် ၄ ကန်စီပြုလုပ်သွားမယ်။ စီမံချက် ဒုတိယပတ်မှာ တစ်နှစ်ပတ်လုံး ရှင်သန်အောင်ပြုစုသွားမယ်'' ဟု ပန်း ဥယျာဉ်နှင့် ကစားကွင်းများဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မန္တလေးတောင်သို့ တောင်တက် သူများ၊ ကုသိုလ်ပြုသစ်ပင်စိုက်ပျိုးလိုပါ က တောင်ခြေရှိ ကနောင်ရေတင်စက် နေရာမှာ သုံးပေအမြင့်ရှိ အရိပ်ရပင် များ စိုက်ပျိုးထားပြီး တောက်တက်လမ်း ကျန်စစ်သားခြေရာ (ရတနာမာန် အောင်မုခ်ဦး)နှင့် အဆင်းလမ်း ပတ္တမြား တောင်မုခ်ဦးမှာ စခန်းများဖွင့်လှစ်၍ သစ်ပင်များ ထုတ်ဝေပေးမှာ ဖြစ်ပါ တယ်။ မန္တလေးတောင်တွင် လက်ရှိ ပေါက်နေတဲ့ အပင်အမိုျးအစား ၃၃ မျိုး ပေါက်ရောက်၍ ဇွန် ၁၃ ရက်မှစပြီး စိန်ပန်း၊ တမာ၊ တရုတ်စကားပင်များ စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဇူူးးဇူူးး

Sunday, 12 Jun 2011

ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် သီးခြားမဆောင်လိုပါက မန္တလေး မြို့တွင်းယာဉ်လိုင်းများတွင် အသင်းဝင်၍ ဆောင်ရွက်နိုင်               ရတနာပုံတက္ကသိုလ် (မန္တလေး)ကိုပြေးဆွဲနေသည့် နံပါတ်အနက် ဖယ်ရီလိုက်ထရပ်ကားများကို ပဋိညာဉ်အရ ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် (ဃလိုင်စင်) ပြုလုပ်ရန် မေ ၂၅ ရက်က ကားပိုင်ရှင်များအား အသိပေးအကြောင်းကြားထားကြောင်း သိရ ပါတယ်။ ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် (ဃ လိုင်စင်) ပြုလုပ်ရန်ထုတ်ပြန်ပြီးနောက် မန္တလေးတိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှာ ဇွန် ၆ ရက်ထိ လိုင်စင်ပြုလုပ်ယာဉ် ၃၂ စီး ပြုလုပ်ပြီးဖြစ်ကြောင်း သိရပါတယ်။             ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် (ဃ လိုင်စင်)ကို တစ်ဦးတည်း သီးခြားအခွန်ဆောင်ခြင်းထက် မြို့တွင်းယာဉ်လိုင်းများတွင် လည်း အသင်းဝင်၍ဆောင်ရွက်ပါက မိသားစု ကျန်းမာရေး၊ ပညာရေး၊ သွားလာမှု အဆင်ပြေချောမွေ့စေရေးကို အသင်းမှ ကူညီဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခွန်ပေးဆောင်ရာတွင် အသင်းမှကြီးကြပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ခြင်္သေ့လိုင်းမှ ဦးတိုးက ပြောကြားပါတယ်။              ''လုပ်ငန်းလိုင်စင်လုပ်ဖို့ ထုတ်ပြန်ပြီးနောက်မှာ အသင်းဝင်လို့ရမလားဆိုပြီး လာမေးကြတယ်။ ကျွန်တော်တို့အသင်း ဝင်မယ်ဆို အခကြေးငွေမပေးရပါဘူး။ နေ့စဉ်ပြေးဆွဲမယ့် ဂိတ်ကြေးဘဲ ပေးသွင်းရပါတယ်။ အသင်းကခွဲတမ်းရရှိတဲ့ စက်သုံးဆီ ကို ကားစီးရေအလိုက် ပြန်ပေးတယ်။ အသင်းဝင်ထားတော့ တစ်ဦးတစ်ယောက်ထဲ ရပ်တည်စရာမလိုဘဲ အသင်းကဆောင် ရွက် သွားလို့ရတယ်'' လို့ ဦးတိုးက ပြောပါတယ်။              ယာဉ်လိုင်းအသင်းသို့ဝင်ပါက ပြေးဆွဲလိုတဲ့အပေါ်မူတည်၍ လမ်းကြောင်းဆွဲပေးမယ်လို့ သိရပါတယ်။ မန္တလေးမြို့တွင် တက္ကသိုလ်ကျောင်းမျာသို့ ပြေးဆွဲနေသည့် လိုက်ထရပ်ဖယ်ရီကားပေါင်း ၅ဝဝ ကျော်ရှိပြီး ရတနာပုံတက္ကသိုလ်သို့ ပြေးဆွဲပေး သည့် လိုက်ထရပ်ကားပေါင်း ၃ဝဝ ကျော်ရှိကြောင်း သိရပါတယ်။ ဇူးဇူး

Sunday, 12 Jun 2011

ကျောင်းဖွင့်ကာလ ကျော်လွန်၍ ကားအရောင်းအဝယ် အနည်းငယ်ပြန်အေးသွား                    ကျောင်းဖွင့်ရာသီဖြစ်သော ဇွန်လ၏ ဒုတိယရက်သတ္တပတ်အတွင်း အခြေ အနေမှာ ကားအရောင်းအဝယ်များ ကျောင်းမဖွင့်မီကာလ ဧပြီ၊ မေလအတွင်း အခြေအနေလောက် အရောင်းအဝယ် ထင်သလောက်မဖြစ်တော့ဘဲ ဈေးအေး ဈေးတန်းသွားကြောင်း သိရသည်။                    ရန်ကုန်မြို့တွင်းရှိ အပေါ်ဝိုင်း၊ အောက်ဝိုင်းနှင့် အခြားဝိုင်းများတွင် နေ့လယ် နေ့ခင်းပိုင်း လူသူကင်းရှင်းကာ ညနေပိုင်းများတွင်သာ လူအသင့်အတင့် စည်ကားနေကြောင်း သိရသည်။ အပေါ်ဝိုင်းတွင် အထူးသဖြင့် အပေါ်ကားများ စတည်း ချလေ့ရှိသည့် ထုံးစံအတိုင်း အဖွဲ့အစည်းသွင်း သိန်း ၁ဝဝဝ ဝန်းကျင်ကားများ အထိုးများနေပြီး ဈေးတန်းမှာ ယခင်လများကကဲ့သို့ ကျပ်သိန်း ၁ဝဝဝ ဝန်းကျင် အဝယ်မရှိတော့ဘဲ သိန်း ၁ဝဝဝ နှင့် ၎င်းအောက်ထိ ပြန်ဆင်းခေါ်နေကြောင်း သိရသည်။ ကျောင်းဖွင့်ရာသီအမီ ဈေးတန်းမြောက်ခဲ့သော မြန်မာစမော်ဆလွန်း များလည်း အဝယ်ပြန်အေးကာ ဈေးတန်းပြန်ငြိမ်သွားကြောင်း သိရသည်။                 ဈေးကွက်တွင်း အရောင်းအဝယ် ပြန်အေး ပြန်တန်းသွားသော်လည်း ယခု ရက်ပိုင်းအတွင်း ဌာနဆိုင်ရာမှ စက်မှုဇုန်ယာဉ်များ အာတီအေ ကန့်သတ်ချက် တစ်ရပ်ကြောင့် ကားပွဲစားဝိုင်းများရှိ လိုင်စင်ဝင်ဆဲ စက်မှုဇုန်ထုတ်တောင်းအေ့(စ်) များ၊ ပုဇင်းခေါင်းပစ်ကပ်များ အနည်းငယ်အဝယ်ရပ်တန့်သွားသဖြင့် လိုင်စင်ဝင်ပြီး ဝက်ဂွန်များ၊ ပစ်ကပ်များ ပြန်လည်ဈေးမော့လာနိုင်သည်ဟု သုံးသပ်ကြသလို ဈေးတန်းသွားမည်ကို စိုးရိမ်သဖြင့် ယခုကာလ ဈေးတန်းထက်ပင် အနည်းငယ်ဆင်းပေးပြီး ရောင်းချမှုများရှိလာကြောင်း အပေါ်ဝိုင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှပြောသည်။                   ယခုရက်ပိုင်းအတွင်းအောက် ကားလေးများဝယ်ယူပြီး တက္ကစီအငှားယာဉ် ပြောင်းလဲစီးပွားရေးလုပ်ကိုင်မည့် လုပ်ငန်းသမားများလည်း အထက်ပါ အာတီအေ သတင်းနှင့်ဆက်နွှယ်၍ ပေါ်ပေါက်လာသည့် အကြားသတင်းများကြောင့် အောက် ကားဈေးကွက်လည်း အေးသွားကြောင်း သိရသည်။ SN

Sunday, 12 Jun 2011

ဇုန်အကြောင်း မြေဖယောင်းသက်သေ                  မြေဖယောင်း(Bentonite) ဆိုတာ မီးတောင်များပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ချော်မှုန့်တွေ၊ ပြာတွေဟာ ချောင်းများတစ်လျှောက် နှစ်ပေါင်းများစွာ အနည်ထိုင်ပြီး သဘာဝအလျှောက် မြေဖယောင်း (Bentonite ) အဖြစ် ပြောင်းလဲလာတဲ့ မြေသယံဇာတတစ်ခုဖြစ်ပါတယ်။                    မြေဖယောင်း (Bentonite)ကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ နယ်အတွင်းမှာ ထုတ်လုပ်နေကြောင်း သိရှိရပါတယ်။ မြေဖယောင်း (Bentonite) ကို စက်မှုကုန်ကြမ်းအဖြစ် ဆည်များ၊တံတားတိုင်ကြီးများ ဆောက်လုပ်ရာမှာ အောက်ခြေမြေထိန်းနံရံ ရေမစိမ့်စေရန် ဘိလပ်မြေနှင့် တွဲဖက်သုံး စွဲခြင်း၊ သံရည်ကြိုပုံလောင်းရာတွင် သံမို (Mould) များပြုလုပ်ရာမှာ အသုံးပြုခြင်း၊ စားသုံးဆီ၊ စက်ဆီ၊ ချောဆီများ အရောင်ချွတ်ရာမှာ အသုံးပြုခြင်း၊ တိရစ္ဆာန်အစာတောင့်နဲ့ သဘာဝမြေသြ ဇာများကို အစိုင်အခဲ ပြုလုပ်ရာမှာ ကော်အဖြစ် အသုံးပြုခြင်း၊ ရေနံတွင်းနဲ့ အဝီစိတွင်းများထူးဖော်ရာမှာ ဘေးသား မြေများ ပြိုမကျဖို့ မြေသားနံရံထိန်း အဖြစ်အသုံးပြုခြင်း၊ ဆေးဝါး၊ အလှကုန် နဲ့ အသားလိမ်းအလှဆီများ ပြုလုပ်ရာ မှာ အသုံးပြုခြင်းနဲ့ အချိုရည်၊ အရက် များ အနည်စစ်သန့်စင်ရာမှာ အသုံးပြုခြင်းလိုမျိုး ဘက်စုံအသုံးပြုကြတာကို တွေ့ရပါတယ်။                        မန္တလေးစက်မှုဇုန်(၂)မှာကမ္ဘာသစ် စက်မှုကုန်ကြမ်းပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်ဦးနဲ့ တွေ့ဆုံမေးမြန်းရာမှာ ''မြေဖယောင်း (Bentonite)ဟာ စက်မှုဇုန်တွေရဲ့ မရှိ မဖြစ် စက်မှုကုန်ကြမ်းပါ။ စက်မှုပုံ လောင်းနဲ့ အခြားလုပ်ငန်းတွေ အလုပ်ဖြစ်မဖြစ်ဆိုတာ မြေဖယောင်း ရောင်းရတဲ့ ပမာဏကိုကြည့်ရင် အကြမ်းဖျင်း သိနိုင်ပါတယ်''လို့ ဆိုပါတယ်။ မြေဖယောင်း (Bentonite)ကို ပွနှုန်းပေါ်အခြေခံပြီး Grade(၃) မျိုး ခွဲခြားထားပါတယ်။ ပွနှုန်းအဆင့် ၇ဝ အထက်ကို ွမေိန ဗ သတ်မှတ်ပြီး၊ ပွနှုန်း ၄ဝ မှ ၅ဝအတွင်းကို ွGrade A နဲ့ ပွနှုန်း ၃ဝ နဲ့ အောက်ကိုတော့ Grade B  သတ်မှတ်ပါတယ်။ ပိဿာ ၃ဝ ပါအိတ် တစ်အိတ်ကို ၃ဝဝဝ ကျပ် မှ ၃၈ဝဝ ကျပ်အထိ Grade ပေါ်မူ တည်ပြီး ရောင်းချတယ်လို့ ကမ္ဘာသစ် စက်မှုကုန်ကြမ်း ရောင်းဝယ်ရေးလုပ် ငန်းရှင် ဦးမောင်မောင်ဦးမှ ပြောပါတယ်။ သူရဲ့လုပ်ငန်းမှ တစ်လကို အိတ် ၂ဝဝ ဝန်းကျင်ခန့် တောင်ကြီးအေးသာ ယာ စက်မှုဇုန်၊ မုံရွာစက်မှုဇုန်နဲ့ မန္တလေးစက်မှုဇုန်တို့ကို ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း စက်မှုဇုန်တွေရဲ့ မရှိမဖြစ်တဲ့ မြေဖယောင်း (Bentonite) အကြောင်း ရေးသားတင်ပြလိုက် ပါတယ်။ ဇေယျာဆွေ

Tuesday, 7 Jun 2011

ပုသိမ်ကြီးမြို့နယ်ရဲ့ ဓာတ်မြေသြဇာဈေးကွက                     မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှာ မိုးသီးနံှအဖြစ် ပဲစင်းငုံကို မြေပဲ၊ နေကြာ၊ ပြောင်းတို့နဲ့ သီးညှပ် အဖြစ် စိုက်ပျိုးလျက်ရှိပြီး ပဲတီစိမ်း၊ ဝါ၊ မိုးနှမ်း၊ ပြောင်းနဲ့ အခြားပဲမျိုးစုံတို့ကို စိုက်ပျိုးရန် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ မြို့နယ်တွင်းမှာ တောင်သူတွေ အကြိုက်များပြီး အာနိသင်အနေနဲ့ ထိရောက်မှုရှိတဲ့ ဓာတ်မြေသြဇာများကို လက်ငင်းဈေးတစ်မျိုး၊ သီးနံှပေါ်ပေးဈေး တစ်မျိုးနဲ့ရောင်းဝယ်နေကြပါတယ်။ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ဓာတ်မြေသြဇာ ၅ဝ ကီလို တစ်အိတ်ဈေးများမှာ ပုလဲ(ရွှေတောင်) ၂ဝ၇ဝဝ ကျပ်၊ ပုလဲ (ပန်းဖူး) ၂၁၆ဝဝ ကျပ်၊ တိုးပွားမန်းကွန် ပေါင်း (၁၅း၁၅း၁ဝ) ၂၂၅ဝဝ ကျပ်၊ တိုးပွားမန်းကွန်ပေါင်း (၁ဝး၁ဝး၅) ၁၇ဝဝဝ ကျပ်၊ သားပိုက်ကောင် ကွန်ပေါင်း (၁၆း၁၆း၈) ၂၃၅ဝဝ ကျပ်၊ မြင်း ကျား ကွန်ပေါင်း ၂၂ဝဝဝ ကျပ်ဖြစ်ပြီး တီစူပါဈေးနှုန်းများက တီစူပါ ၄၆ ရာခိုင်နှုန်း (တရုတ်သံကွင်း) ၂၆ဝဝဝ ကျပ်၊ တီစူပါ ၁၂ ရာခိုင်နှုန်း (တရုတ်မျှားနီ) ၁၄၅ဝဝ ကျပ်၊ တီစူပါ ၁၆ ရာခိုင်နှုန်း (တရုတ်မျှားနီ) ၁၆၅ဝဝ ကျပ်အသီးသီး နဲ့ လက်ငင်းဈေးကွက် အရောင်းဖြစ်ပြီး သီးနံှပေါ်ချိန်ပေးနဲ့ ပုလဲ(ရွှေတောင်) ၂၆ဝဝဝ ကျပ်၊ ပုလဲ(ပန်းဖူး) ၂၇ဝဝဝ ကျပ်၊ တိုးပွားမန်း (၁၅း ၁၅း ၁ဝ) ၂၄၅ဝဝ ကျပ်၊ သားပိုက်ကောင် ကွန်ပေါင်း (၁၆း၁၆း၈) ၂၇ဝဝဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါတယ်။                                     ဘိုနိုနိနီ

Tuesday, 7 Jun 2011

မန္တလေးမြို့တွင် စာအုပ်ချုပ်လုပ်ငန်း လုပ်ကိုင်သူများလာ                 ယခုနှစ်တွင် မန္တလေး ရပ်ကွက် အတွင်း တစ်ပိုင်တစ်နိုင် စာအုပ်ချုပ် လုပ်ငန်းလုပ်ကိုင်သူနှစ်ဆခန့် တိုးတက် လာကြောင်း သိရပါတယ်။ ကျောင်းဖွင့်ရာသီချိန်တွင် ရန်ကုန် စက်ရုံကြီးများမှ မှာယူမှုများခဲ့ရာမှ ယခုအခါ ဝန်ဆောင်မှုစရိတ်သက်သာ တဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်လာကြပါတယ်။ ၎င်းအပြင်ယခုနှစ် ကျောင်းဖွင့်ရာသီ၌ ပညာရေး အထောက်အပံ့လုပ်ငန်းများ များလာပြီး ကိုယ်ပိုင်တံဆိပ်ဖြင့် စာအုပ်အပ်နံှမှု များလာခြင်းကြောင့် စာအုပ်ချုပ် လုပ် ကိုင်သူများလာခြင်းဖြစ်ကြောင်း သိရပါ တယ်။                   PP ကျောင်းသုံး ဗလာစာအုပ်ချုပ်လုပ်ငန်းမှ ဒေါ်အေးအေးဝင်းက '' စက်ရုံကြီးတွေမှာ လုပ်ခဲ့တဲ့ အလုပ်သမား တွေက ကိုယ့်ဖာ့သာ တစ်ပိုင်တစ်နိုင် လုပ်ရင် မှာတာများတော့ လုပ်ငန်းတိုးလာတယ်။ ကျွန်မတို့ရပ်ကွက်မှာကို ဒီလုပ်ငန်းလုပ်တာ ၃ ဦးရှိတယ်။ ဒီနှစ် မှာ စာအုပ်ဒါဇင် ၁ဝဝဝ ဝန်းကျင် လောက် နေ့စဉ်လုပ်ရတယ်။ မေ၊ ဇွန်၊ ဇူလိုင်လဆို လူမနားရအောင်ကို လုပ်ရတာ။ စာအုပ်ချုပ်ရတဲ့ ကာလက မတ် လကနေ စက်တင်ဘာလအတွင်း လုပ် ရတယ်။ နယ်ဘက်တွေကလည်း မှာကြတယ်။ မန္တလေးအနီးက နယ်တွေဆို မှာ ယူမှုရှိပေမယ့်မပို့နိုင်ဘူး။ ရှမ်းပြည်ဘက် ကဝေးတော့ သူတို့ကို ဦးစားပေးပြီး ပို့ပေးလိုက်တယ်။ ကိုျင်းတုံ၊ တာချီလိတ်၊မိုးကုတ်၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ကွတ်ခိုင်မြို့က ဗမာစက္ကူချုပ်စာအုပ်ကို အမှာများတယ်လို့ ပြောပါတယ်။ ကျောင်သုံးဗလာစာအုပ်နဲ့ လက်ရေးလှ ဗလာစာအုပ်များကို ပြည်တွင်း စက္ကူ (ဘားပြာ၊ ဘားဖြူ) နဲ့ တရုတ် စက္ကူများအသုံးများပြီး ဘားပြာနဲ့ ဘားဖြူ စက္ကူချုပ်စာအုပ် တစ်ဒါဇင်ကို ၁၁ဝဝ ကျပ်နဲ့ ၁၅ဝဝ ကျပ်ကြားရှိပြီး တရုတ်စက္ကူ တစ်ဒါဇင်ကို ကျပ် ၁၆ဝဝ ကျပ် ၁၇ဝဝ ကျပ်ဈေးရှိကြောင်း သိရ ပါတယ်။ ဇူူးဇူူး

Tuesday, 7 Jun 2011

မြေပြင်သတင်းအချက်အလက်များကို လုပ်ငန်းခွင်မစတင်မီ ကြို တင်သိနိုင်မည့် GIS(Geospatial Information System) နည်းပညာအသုံးချရေး သင်တန်းဖွင့်လှစ်                   Myanmar Credent Technology ကုမ္ပဏီမှ မြေပြင်သတင်းအချက် အလက်များကိုလုပ်ငန်းခွင်မစတင်မီ ကြိုတင်တိုင်းတာသိရှိနိုင်မည့်  GIS (Geospatial Information System) Soft ware  နည်းပညာအသုံးချရေး သင်တန်းကို မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ (အထက်မြန်မာပြည်)မှာ မေ ၁၈ ရက်မှ ၂၇ ရက်အတွင်း သင်ကြားပေးခဲ့ကြောင်း သိရပါတယ်။                 အဆိုပါသင်တန်းကို ဆည်မြောင်းဌာနမှ သင်တန်းသား၊ သင်တန်းသူနဲ့ လေ့ လာသူ အရာရှိဝန်ထမ်း ၂၅ ဦး တက်ရောက်ခဲ့ပါတယ်။ သင်တန်းတွင် ဆရာကြီး ဦးမောင်မောင်ဝင်း၊ ပညာရှင် ဦးကျော်ဇေယျာထွန်းနဲ့ ဒေါ်ကေသီဦးတို့ကGIS Soft ware နည်းပညာဖြင့် ဆည်မြောင်းနဲ့ပတ်သက်လို့ မြေအနိမ့်အမြင့် ကဏ္ဍနဲ့ မြေပြင်မရောက်ခင် ရေနေမှုအနေအထား ကြိုတင်ပြင်ဆင်သည့် ကဏ္ဍများကို သင်ကြားပို့ချခဲ့ပါတယ်။    ဆရာကြီး ဦးမောင်မောင်ဝင်းက ''ကိုရီးယားအေဂျင်စီ  KOIKA က အန်ကယ်တို့ရဲ့ GIS ကိုဝယ်ပြီးလှူတဲ့အတွက် အန်ကယ်တို့က Software Solution ၊ Technology ၊ Training Program  ပို့ချပေးခဲ့တယ်။ ၁၉၉၉-၂ဝဝဝ ခုနှစ်က စပြီး နည်းပညာအသုံးပြုပြီး GIS Software  ကိုင်တွယ်တတ်အောင် သင်ပေးခဲ့တယ်။ မန္တလေးမှာ လာသင်တာ ပထမဆုံးအကြိမ် သင်တန်းပါ။ သင်တန်းမှာ ဆည်မြောင်းဌာနနဲ့ကိုက်ညီတဲ့ လေ့ကျင့်ခန်းလုပ်ခိုင်းတယ်။ွျှater Management  နဲ့ပတ်သက်တာ၊Water Shed  နဲ့ပတ်သက်တာကို တည်းဖြတ်ခိုင်းတယ်။ သင်တန်း ဆင်း Certificate လက်မှတ်ကိMyanmar Credent ကုမ္ပဏီက ချီးမြှင့်ပေးသွား မယ်''ဟု ပြောပါတယ်။ ဇူူးဇူူး

Monday, 6 Jun 2011

ကမ္ဘာ့အကြီးဆုံး ရော်ဘာစက်ရုံ စင်ကာပူ၌ ဖွင့်လှစ်                ကမ္ဘာ့အကြီးဆုံး ရော်ဘာတုထုတ်လုပ်တဲ့ စက်ရုံကို ဂျာမန်ဓာတုလုပ်ငန်း Lanxess က စင်ကာပူနိုင်ငံမှာ ဆောက်လုပ်လိုက်ပြီလို့ သိရပါတယ်။ ရင်းနှီးမြှုပ်နံှမှု ဒေါ်လာသန်း ၃၅ဝ ရှိပြီး ရော်ဘာတု အထူးထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးစက်ရုံဖြစ်တယ်လို့သိရပါတယ်။ ရော်ဘာတုနဲ့ထုတ်လုပ်တဲ့ပစ္စည်းတွေက သုံးစွဲမှုမြင့်မားပြီး တာယာ ထုတ်လုပ်ရေးတွေအတွက်လည်း စီးပွားရေးတွက်ချေ ကိုက်စေတယ်လို့ သိရပါတယ်။                 ဒါကြောင့် အာရှတာယာဈေးကွက်ကို မြှင့်တင်ဖို့ အတွက် ယခုလို စက်ရုံတည်ဆောက်ရခြင်းဖြစ် ကြောင်း သိရပါတယ်။ Lanxess ရဲ့ ပျမ်းမျှခြင်းတွက်ချက်မှုအရ ကမ္ဘာ့တာယာဈေးကွက်ဟာ နှစ်စဉ် ၉ ရာခိုင်နှုန်းခန့် တိုးတက်လာတာကို တွေ့ရကြောင်း သိရပါတယ်။               Jurong  ကျွန်းမှာ ရော်ဘာစက်ရုံတစ်ခု ဆောက် လုပ်ပြီး တစ်နှစ်အကြာမှာ Lanxess က ဒီလိုကြီးမားတဲ့ ရင်းနှီးမြှုပ်နံှမှုကို ဆောင်ရွက်တာဖြစ်ပါတယ်။ ဂျာမန် ကုမ္ပဏီတွေက ရော်ဘာတုအမိုျးအစားအသစ်ကို နှစ်စဉ် တန်ချိန် ၁၄ဝဝဝဝ ခန့် ထုတ်လုပ်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ ၎င်းအမျိုးအစားကို လောင်စာလျှော့ချ သုံးစွဲနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု နည်းစေတဲ့ Green တာယာပြုလုပ်ရာမှာ အသုံးပြုမှာဖြစ်ပါ တယ်။ ဒီထုတ်လုပ်မှုက တစ်နှစ်ကို မက်ထရစ်တန် ရှစ်သိန်းသုံးစွဲပြီး တစ်ကမ္ဘာလုံးရှိ စက်ရုံ ခြောက်ရုံမှ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ စင်ကာပူက ဒီမဟာဗျူဟာရဲ့ အရေးကြီး နေရာဒေသဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် ွGreen  တာယာဈေးကွက်ကို ဒီဒေသမှာ လျင်လျင်မြန်မြန် တိုးတက်အောင် အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။                 အာရှတိုက်က ကမ္ဘာ့ရော်ဘာတု ဝယ်လိုအားရဲ့ ၅ဝ ရာခိုင်နှုန်း ရှိပါတယ်။ အာရှဟာ မိမိတို့ကုမ္ပဏီရဲ့ အလယ်အလတ်အဆင့် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမြတ် အစွန်းကို ရရှိစေနိုင်မှာ ဖြစ်တယ်လို့  Lanxess ရဲ့ အကြီး အကဲက ပြောကြားခဲ့ပါတယ်။ မိမိထုတ်ကုန်ရဲ့ အရည် အသွေးအတွက် စိတ်ကျေနပ်ဖွယ်ရာ ဝယ်လိုအားတွေ လည်း တက်လာမယ်လို့ ၎င်းက ပြောကြားခဲ့ပါသေးတယ်။ Lanxess  က စက်ရုံအသစ်အတွက် လူ ၁ဝဝ ခန့် ငှားရမ်းထားပြီး ၂ဝ၁၅ခုနှစ် ပထမနှစ်ဝက်လောက် မှာစတင် လည်ပတ်နိုင်မယ်လို့ သိရပါတယ်။ Jurong ကျွန်းမှာရှိတဲ့ ရော်ဘာတုစက်ရုံမှာတော့ လုပ်သား ၁၈ဝ ခန့် အလုပ်လုပ်ပြီး ၂ဝ၁၃ခုနှစ်မှာ စတင်ဖွင့်လှစ်လည်ပတ်နိုင်မယ်လို့ သတင်းရရှိပါတယ်။ Source: commodity online, KZW

Pages