Main menu

Background

Wednesday, 2 Mar 2011

 ကုန်စည်ဒိုင် သုံးသပ်ချက်           မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယ-မွန်ဘိုင်း ဈေးကွက်မှာ မြန်မာမတ်ပဲဈေးအနည်းငယ်ကျနေတာရယ်၊ ရန်ကုန်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာ ရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ နဲ့ ဟင်္သာတမှာ ဈေးကျနေပြီး ပြည်တွင်ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။                ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက ပြည်ပအဝယ်အေး နေတာကို အကြောင်းပြပြီး ဈေးချဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့် နောင်၊ မန္တလေး၊ မုံရွာ၊မကွေး၊ ပြည်၊ မြင်းခြံ၊ အောင်လံနဲ့ ပခုက္ကူ မှာ ဈေးကျနေကြောင်း သိရပါတယ်။                  ပဲတီစိမ်းကြီး(အညာ)ကို တရုတ်ဝယ်လက်တွေက အဝယ် နည်းသွားတာကြောင့် မန္တလေးနှင့် အောင်လံတွင် ဈေးကျ နေပြီး ပြည်၊ မုံရွာနဲ့ မကွေးမှာ ဈေးတန့် နေကြောင်း သိရပါတယ်။                    ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို တရုတ်ဝယ်လက်က ဝယ်အား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များကလည်း အရောင်းများ လာသလို ပဲတီစိမ်းကလည်း ဈေးကွက်သို့ အဝင်များတာကြောင့် ဘုရင့်နောင် နဲ့ မန္တလေးတငွ ် ဈေးကျ နေကြောင်း တွေ့ ရပါတယ။်                     ကုလားဖြူလုံံံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန် ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ကုလားပဲဖြူလုံးကြီး ဈေးကွက်သို့ အဝင်များတာကြောင့် မန္တလေး နှင့် မုံရွာ မှာ ဈေးကျ နေပြီး ဘုရင့်နောင်နဲ့ မြင်းခြံမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များကဝယ်အားပုံမှန်ရှိတာကြောင့် မူဆယ်နဲ့တောြင်ကီး မှာ ဈေးမြင့့်် နေပြီး လားရှိုး မှာ ဈေးမဆိုသိသလောက်က်ကျနေတာ တွေ့ ရပါတယ။်

Wednesday, 2 Mar 2011

အောင်လံကုန်စည်ဒိုင်စဉ် အမျိုးအမည်            ရေတွက်ပုံ                 ဈေးနှုန်း(ကျပ်)           ပြောင်းလဲမှု                                                       ယခင်အပတ်    ယခုအပတ် -၁ ကုလားပဲ                   ၁ ပိဿာ             ၁ဝ၅ဝ          ၉၅ဝ၂ ပဲတီစိမ်း                    ၁ ပိဿာ             ၁၃၅ဝ         ၁၃ဝဝ၃ သိပ္ပံနှမ်း                    ၁ ပိဿာ              ၂၄၄၄        ၂၄၄၄၄ ပဲစင်းငုံနီ                   ၁ ပိဿာ              ၁၁၂၅        ၁၁ဝဝအောင်လံဈေးကွက်မှာ ပဲစင်းငုံဈေးကျပြီး သိပ္ပံနှမ်းဈေးငြိမ်              ပဲစင်းငုံနီကီ ဈေးကွက်သို့အဝင်ရှိသလောက် အိတ်စပို့ဝယ်လက်တွေအဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁ဝဝ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၇ဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သိပံ နှမ်းကို ရန်ကုန်ဝယ်လက် ကအဝယ်ခပ်ပါးပါးသာရှိသလို ဈေးကလည်း ငြိမ်နေတယ်လို့ မြို့ခံ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Sunday, 27 Feb 2011

ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည်         ရေတွက်ပုံ                 ဈေးနှုန်း(ကျပ်)                      ပြောင်းလဲမှု                                                       ယခင်အပတ်    ယခုအပတ်၁ မတ်ပဲ                      ၁ ပိဿာ               ၁၁ဝဝ          ၁၁ဝဝ၂ ပဲတီစိမ်း                  ၁ ပိဿာ                ၁၃၂၅          ၁၃၂၅၃ ကုလားပဲ                 ၁ ပိဿာ                ၁၁ဝဝ           ၁ဝ၅ဝ၄ ပဲစင်းငုံနီ                 ၁ ပိဿာ                 ၁၁၃၅            ၁၁ဝဝပြည်ဈေးကွက်မှာ မတ်ပဲဈေးအေးနေပြီး ပဲစင်းငုံနီဈေးဆင်းလာ                 မတ်ပဲ ပြည်ဈေးကွက်သို့ ပြည်အနီးအနား နယ်စုံမှ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက် အဝယ်အေးနေပြီး မြို့တွင်းဝယ်လက် တချို့သာ အရောင်းအဝယ် အနည်းငယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁ဝဝ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၁၁ဝဝ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ အရောင်းအဝယ်ပုံမှန်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သန်းနေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 22 Feb 2011

 အောင်လံ ကုန်စည်ဒိုင်စဉ် အမျိုးအမည်        ရေတွက်ပုံ                 ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု                                                   ယခင်အပတ်     ယခုအပတ်     -၁ ကုလားပဲ             ၁ ပိဿာ                  -                    ၁ဝ၅ဝ     -၂ ပဲတီစိမ်း              ၁ ပိဿာ             ၁၄ဝဝ                  ၁၃၅ဝ၃ စမုံနက်နှမ်း          ၁ ပိဿာ            ၂၄၄၄                 ၂၄၄၄၄ ပဲစင်းငုံနီ              ၁ ပိဿာ          ၁၁၅ဝ                  ၁၁၂၅ အောင်လံမှာ ကုလားပဲနဲ့ ပဲစင်းငုံနီ ပုံမှန်အရောင်းအဝယ်ဖြစ်             ကုလားပဲ(တိုင်ပေ) သစ်က ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ပဲခွဲစက်သမားများက တစ်ပိဿာကို ၁ဝ၅ဝ ကျပ်(တစ်တန်ကို ၆၄၃ဝဝ၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို  ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၁၂၅ ကျပ်(တစ်တန်ကို ၆၈၈၉၃၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးမဆိုသိသ လောက်ကျနေကြောင်း သိရပါတယ်။

Tuesday, 22 Feb 2011

ပြည်ကုန်စည်ဒိုင်  စဉ် အမျိုးအမည်        ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု                                                  ယခင်အပတ်    ယခုအပတ်၁ မတ်ပဲ                      ၁ ပိဿာ        ၁၁၂၅           ၁၁ဝဝ၂ ပဲတီစိမ်း                   ၁ ပိဿာ       ၁၄ဝဝ            ၁၃၂၅၃ ကုလားပဲ                  ၁ ပိဿာ        ၁၂၅ဝ           ၁၁ဝဝ၄ ပဲစင်းငုံနီ(သစ်)          ၁ ပိဿာ       ၁၁၂၅            ၁၁၃၅ပြည်ဈေးကွက်မှာ ပဲစင်းငုံနီဈေးမြင့်ပြီး ပဲတီစိမ်းဈေးကျ                 ပဲစင်းငုံနီ ကဈေးကွက်သို့ အဝင်လှိုင်နေသလို အိတ်စပို့ဝယ်လက်နဲ့ မြို့ခံလှောင်လက်တွေကလည်း အဝယ်သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၃၅ ကျပ် (တစ်တန်ကို ၆၉၅ဝ၆၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကို ဝယ်လက် ကုန်သည်တွေက အရည်အသွေးလိုနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးနိမ့်လ့ ာပြီး တစ် ပိဿာကို ၁၃၂၅ ကျပ်(တစ်တန်ကို ၈၁၁၄၁၆ ကျပ်)နဲ့ အရောင်းအ ဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 17 Feb 2011

ကုန်စည်ဒိုင် သုံးသပ်ချက်များ               မတ်ပဲ(ကုန်ကြမ်း    ) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်တွေနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေး ကျနေတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ မုံရွာနဲ့ ဟင်္သာတမှာ ဈေးကျ နေကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီကို အိန္ဒိယဘက်မှ အဆွဲပြန်နည်းသွားတဲ့အပေါ် အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ပြည်၊မုံရွာ၊မြင်းခြံနဲ့ ပခုက္ကူမှာဈေးကျနေပြီး အောင်လံမှာ ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။                ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က တရုတ်နှစ်ကူးပွဲတော်အပြီး အဆွဲပြန်ရှိလာပေမယ့် ပုံမှန်ထက်စာရင် အဆွဲနည်းနေသေးတာကြောင့် မန္တလေး၊ ပြည်နဲ့ မုံရွာမှာ ဈေးကျ နေပြီး အောင်လံမှာ ဈေးတန့်ေ့ နကြောင်း သိရပါတယ်။ ကုလားဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်အဝယ်အေးနေပြီး ပဲခွဲစက်သမား တချို့လောက်သာ အဝယ် အထိုက်အလျောက်ရှိ တာကြောင့် ဘုရင့်နောင်၊ မန္တလေးနဲ့ မုံရွာမှာ ဈေးကအကျဘက် မှာ ရှိနေကြောင်း တွေ့ရပါတယ်။                     ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက ဝယ်အားပုံမှန်ရှိတာကြောင့် မူဆယ်၊ တောင်ကြီးနဲ့ လားရှိုး တွင် ဈေးအနည်းငယ်မြင့်နေပြီး အောင်ပန်းမှာ ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။

Thursday, 17 Feb 2011

အောင်လံကုန်စည်ဒိုင်စဉ် အမျိုးအမည်            ရေတွက်ပုံ                ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                                       ယခင်အပတ် ယခုအပတ်               -၁ ကုလားပဲ                ၁ ပိဿာ                  ၁၃ဝဝ     ၁၂၂၅၂ ပဲတီစိမ်း                 ၁ ပိဿာ                  ၁၆ဝဝ     ၁၆ဝဝ၃ စမုံနက်နှမ်း             ၁ ပိဿာ                  ၂၄၉ဝ     ၂၄၄၄၄ ပဲစင်းငုံနီ                ၁ ပိဿာ                   ၁၁၅ဝ     ၁၁၅ဝအောင်လံမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးတန့်                ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေး ပေါ်မူုတည်ပြီး ပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်် နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၆ဝဝ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန် ဝယ်လက်က တစ်ပိဿာ ၁၁၅ဝ ကျပ်(တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်) နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲ မရှိဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 15 Feb 2011

ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည်        ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                           ယခင်အပတ်        ယခုအပတ်၁ မတ်ပဲ                   ၁ ပိဿာ         ၁၁၃၅              ၁၁၂၅၂ ပဲတီစိမ်း                 ၁ ပိဿာ        ၁၄၂၅              ၁၄ဝဝ၃ ကုလားပဲ                ၁ ပိဿာ        ၁၃၇၅              ၁၂၅ဝ၄ ပဲစင်းငုံနီ(သစ်)         ၁ ပိဿာ        ၁၁၅ဝ               ၁၁၂၅ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျလာ                   မတ်ပဲ (ကုန်ကြမ်း)က ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်အဆွဲအေးနေပြီး မြို့တွင်းအရောင်းအနေနဲ့သာ အနည်းငယ် ရှိတဲ့အတွက် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ၁၁၂၅ ကျပ်(တစ်တန်ကို ၆၈၈၉၃၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင်ဈေး  ကျလာပြီး တစ်ပိဿာ ၁၁၂၅ကျပ်(တစ်တန်ကို ၆၆၈၉၃၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိ ရပါတယ်။

Monday, 7 Feb 2011

 ကုန်စည်ဒိုင်သုံးသပ်ချက်           မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပို့ကုန်ဝင်ငွေ ဒေါ်လာ တန်ဖိုး အေးနေတာရယ်၊ ပြည်တွင်းဈေးကွက်အတွင်းကို မကြာမီ ပဲအသစ်တွေ အဝင်လှိုင်နိုင်တာရယ်ကြောင့် တွက်ချက်ဝယ်ယူမှု တွေရှိနေလို့ ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ မုံရွာနဲ့ ဟင်္သာတမှာ ဈေးအနည်းငယ်ကျနေကြောင်း သိရ ပါတယ်။ ပဲစင်းငုံနီကို အိန္ဒိယဘက်မှာ ဈေးလှုပ်လာတဲ့အပေါ် မူတည်ပြီး အိတ်စပို့ဝယ်လက်တွေနဲ့ လှောင်လက်ကုန်သည်အချို့က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ မုံရွာ၊ မကွေး၊ မြင်းခြံ၊ ပခုက္ကူနဲ့ အောင်လံမှာ ဈေးမြင့်ေ့ နကြောင်း တွေ့ရပါတယ်။           ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ယ်လက်က တရုတ်နှစ်ကူးပွဲတော်နှင့် တိုက်ဆိုင်နေလို့ ဝယ်အား ပြန်အေးသွား တာကြောင့် မန္တလေးမှ ဈေးအနည်းငယ်ကျနေပြီး မုံရွာ၊ ပြည်နဲ့ မကွေးမှာ ဈေးအနည်းငယ်မြင့်နေကြောင်း တွေ့ရပါတယ်။ ကုလားဖြူလုံးကြီးကတော့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင် များက အဝယ်ပြန်အေးသွားသလို ရောင်းသူကုန်သည်တွေထဲမှာ လည်းပစ္စည်းပြတ်လပ်နေတာကြောင့် မန္တလေး နဲ့မုံရွာဈေးကျနေ ပြီး ဘုရင့်နောင်မှာ ဈေးအနည်းငယ်မြင့်နေကြောင်းတွေ့ရပါသည်။ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက တရုတ်နှစ်ကူးပွဲတော်ရှိနေလို့ အဝယ်ပါးသွားတာကြောင့် မူဆယ်မှာ ဈေးကျနေပြီး လားရှိုးတွင် ဈေးတန့် နေကာ တောင် ကြီးမှာ ဈေးမဆိုသိသလောက်မြင့်နေတာ တွေ့ရပါတယ်။

Monday, 7 Feb 2011

အောင်လံကုန်စည်ဒိုင်စဉ် အမျိုးအမည်     ရေတွက်ပုံ       ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု                                            ယခင်အပတ်      ယခုအပတ် -၁ ကုလားပဲ        ၁ ပိဿာ            ၁၃၂၅            ၁၃ဝဝ၂ ပဲတီစိမ်း         ၁ ပိဿာ            ၁၅ဝဝ            ၁၆ဝဝ၃ စမုံနက်နှမ်း    ၁ ပိဿာ            ၂၅၅၆           ၂၄၉ဝ၄ ပဲစင်းငုံနီ       ၁ ပိဿာ             ၁၁၂၅             ၁၁၅ဝအောင်လံမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးမာ             ပဲတီစိမ်းကြီးကို အရည်အသွေးပေါ်မူတည်ပြီး မန္တလေး-ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၆ဝဝ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၅ဝဝ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်များနေသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငြယ်မင့့်် လာပြီး တစ်ပိဿာက ို ၁၁၅ဝ ကျပ်(တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝဝ နဲ့အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။

Pages