Main menu

Background

Tuesday, 5 Oct 2010

ကုလားပဲဈေးအနည်းငယ်လျော့              ယခု သတင်းပတ်အစောပိုင်း အိနိယ ပြည်တွင်းလက်ငင်းဈေးကွက်များမှာ ကုလားပဲခွဲခြမ်းအဝယ်သွက်နေတာကြောင့် ဈေးမာ ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာတော့ ဝယ်လိုအားထက် ရောင်းလို အားများတာကြောင့် ဈေးအနည်းငယ်လျော့ကြခဲ့ပါတယ်။ တန်ဇန်း နီးယားက တင်သွင်းထားတဲ့ပဲများ ရောက်ရှိလာပြီဖြစ်လို့ ရောင်းလိုအား ပိုများလာခြင်းဖြစ်ပါတယ်။ သြစတြေးလျ အချို့ပဲများမှာ ပိုး ကျရောက်မှုရှိပေမယ့် အထွက်ပိုမိုမယ့် မျှော်လင့်ချက်များကြောင့် ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                     ဒေါ်လာ/တန်ဈေးကွက်       ၃ဝ .၉ .၁ဝ             ၂၉ .၉ .၁ဝ            ၂၈ .၉ .၁ဝ             ၂၇ .၉ .၁ဝမွန်ဘိုင်း             ၅၁၉                   ၅၁ဝ-၅၂၆                ၅၂၈                 ၅၂၂-၅၂၆ဒေလီ             ၅၁ဝ-၅၁၂               ၅ဝ၆                   ၅ဝ၇-၅၁ဝ              ၅ဝ၈-၅၁၁ကန်ပါ               -                     ၅၁၈-၅၁၉                 ၅၂၁                      ၅၁၄

Tuesday, 5 Oct 2010

စက်တင်ဘာ ၁၈ ရက်နေ့မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းညွှန်းကိန်းဟာ ၁၆ ဒသမ ၄၄ ရာခိုင်နှုန်းရှိလာလို့ ယခင်သီတင်းပတ်မှာရှိတဲ့ ၁၅ ဒသမ ၄၆ ရာခိုင် နှုန်းထက် ပိုမိုလာတယ်လို့ သိရပါတယ်။ အဓိကအားဖြင့် လက်လီ ပဲမျိုးစုံ၊ ကြက်သွန်နီနဲ့ ဟင်းသီးဟင်းရွက်ဈေး မြင့်တက်တာကြောင့် လို့သိရပါတယ်။ ပဲစင်းငုံ၊ ဟင်းသီးဟင်းရွက်ဈေးက ၃ ရာခိုင်နှုန်းစီ မြင့်တက်ပြီး ဘာလီ၊ ကုလားပဲနဲ့ ပြောင်းဈေးက ၂ ရာခိုင်နှုန်းစီ၊ရေထွက်ကုန်၊ ပဲနီလေးနဲ့ နွားနို့ဈေးက ၁ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့တယ် လို့ သိရပါတယ်။မတ်ပဲဈေးဆက်လက်ဆင်းလာ     အိန္ဒိယမှာ ပဲအဓိကစိုက်ပိုျးတဲ့ မဟာရပ်ရှတရာ၊ ကာနာတာ ကာနဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က ပဲအသစ်တွေ ဈေးကွက်ထဲဝင်ရောက်မှု အရှိန်ရလာတဲ့အပြင် ဝယ်လိုအားမရှိတာကြောင့် မတ်ပဲဈေးက ယခု တစ်ပတ်မှာလည်း ဆက်လက်ဆင်းတာတွေ့ရပါတယ်။ ပထမအကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုးရာသီ မတ်ပဲထွက်ရှိမှုဟာ တန်ချိန် ၁ ဒသမ ဝ၈သန်းခန့်မှန်းထားလို့ ယခင်နှစ်ထွက်ရှိမှုတန်ချိန် ဝ ဒသမ ၈၅ သန်းထက်တန်ချိန်တစ်သိန်းကျော် ပိုမယ်လို့ဆိုပါတယ်။ လာမယ့် ရက်တွေမှာလည်း ဈေးဆက်လက်လျော့ကျမယ်လို့ သုံးသပ်ကြပါ တယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာ မတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                              ဒေါ်လာ/တန် ဈေးကွက်      ၃ဝ .၉ .၁ဝ        ၂၉ .၉ .၁ဝ          ၂၈ .၉ .၁ဝ            ၂၇ .၉ .၁ဝ မွန်ဘိုင်း         ၁ဝဝ၂               ၁ဝ၄၆           ၁ဝ၄၁-၁ဝ၆၄           ၁ဝ၆၆-၁ဝ၇၁ဒေလီ             ၁ဝ၄၆               ၁ဝ၄၆               ၁ဝ၄၁                     ၁ဝ၉၉ချန်နိုင်း     ၁ဝဝ၂-၁၂ဝ၂        ၁ဝ၂၄-၁၂၂၄     ၁ဝ၃၆-၁၂၃၅         ၁ဝ၄၉-၁၂၄၃

Tuesday, 28 Sep 2010

 ပဲတီစိမ်ဈေး ပြန်ခိုင်လာ        ပြည်တွင်းလက်ငင်းဈေးကွက်များမှာ အဆက်မပြတ်ဝယ်ယူမှုတွေရှိလာလို့ ဒီတစ်ပတ် ပဲတီစိမ်းဈေး ပြန်ခိုင်လာတာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်ခြင်းက ဈေးကွက်တွေကိုပဲဝင်ရောက်မှု ထိခိုက်တဲ့အတွက်ကြောင့်လည်း ဈေးမာလာခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဌာနရဲ့ စက်တင်ဘာလ ၁ဝရက်နေ့ စာရင်းအရ ပဲတီစိမ်းစိုက်ပျိုးမှုဟာ ဟက်တာ ၂၅ ဒသမ ၇၇ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၂၂ဒသမ ၄ဝသိန်းထက် ဟက်တာ ၃သိန်းကျော်ပိုမိုတာ တွေ့ရပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို တင်သွင်းပဲတီစိမ်း အသစ်တွေ ဝင်ရောက်လာတဲ့အပြင် ပြည်တွင်းပဲအသစ်များလည်း တိုးတက်ဝင်လာတော့မှာဖြစ်လို့ ကာလတို အတွင်း ဈေးနှုန်းကျဆင်းနိုင်တယ်လို့ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃                                                                                             ဒေါ်လာ/တန် ဈေးကွက်                ၂၃ .၉ .၁ဝ          ၂၂ .၉ .၁ဝ            ၂၁ .၉ .၁ဝ           ၂ဝ .၉ .၁ဝချန်နိုင်း (ပဲတီရွှေဝါ)    ၉၆၅-၉၇၆            ၉၆၆-၉၇၇                ၉၆၂                    ၉၆၅ဒေလီ (ပဲတီစိမ်း)        ၁ဝ၃၁-၁ဝ၅၃       ၁ဝ၃၂-၁ဝ၅၄        ၁ဝဝ၆-၁ဝ၂၈          ၁ဝဝ၉-၁ဝ၃ဝအင်ဒိုရီ                          -                      -                         ၈၃၁                   ၈၃၃

Tuesday, 28 Sep 2010

ကုလားပဲဈေးအနည်းငယ်လျော့       အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေကို မိုးပဲအသစ်တွေဝင်ရောက်လာပြီဖြစ်လို့ ကုလားပဲလက်ဝယ်ထားသူများ ထုတ်ရောင်း နေကြတဲ့အတွက် ဝယ်အားထက် ရောင်းအားများကာ ဈေးအနည်းငယ် လျော့ကျလာခဲ့ပါတယ်။ ပွဲတော်အတွက် အဝယ်ရှိခြင်းက ဈေးနှုန်းမကျအောင်ထိန်းထားပေမဲ့ လက်ကျန်များခြင်းနဲ့ သြစတြေးလျမှာ အထွက်ပိုမိုခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ကာလတိုအတွင်း ဈေးကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်၊ ဇယား-၂                                                                    ဒေါ်လာ/တန် ဈေးကွက်     ၂၃ .၉ .၁ဝ       ၂၂ .၉ .၁ဝ       ၂၁ .၉ .၁ဝ           ၂ဝ .၉ .၁ဝ   မွန်ဘိုင်း       ၄၉၉-၅ဝ၄               -                ၄၉၉               ၅ဝ၄   ဒေလီ            ၄၉၄               ၄၉ဝ-၄၉၁          ၄၈၇            ၄၈၈-၄၈၉   ကန်ပါ         ၄၉၉-၅ဝဝ                ၄၉၉            ၄၉၆               ၄၈၉

Tuesday, 28 Sep 2010

      အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် သယ်ယူပို့ဆောင်မှု အခက်အခဲဖြစ်ကာ ရောင်းချဖြန့်ဖြူးမှုကိုအဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ၁၅ ဒသမ ၄၆ ရာခိုင်နှုန်းကို မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ပဲမျိုးစုံဈေးနှုန်းက ၄ဒသမ ဝ၁ရာခိုင်နှုန်း၊ ဂံျုဈေးက ၉ ဒသမ၂၁ ရာခိုင်နှုန်း နဲ့ ဆန်ဈေးက ၅ ဒသမ ၅၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။အဝယ်မရှိလို့ မတ်ပဲ     ဈေးကျဆင်း အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ပဲပြုပြင်ထုတ်လုပ်သူများက အဝယ်မရှိလို့ ယခုတစ်ပတ်အတွင်း မတ်ပဲဈေးဆက်လက် ကျဆင်းခဲ့ပါတယ်။ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ ပဲရိတ်သိမ်းမှု အရှိန်အဟုန်ရလာပြီဖြစ်လို့ လာမယ့်ရက် တွေမှာ ပဲအသစ်ဝင်ရောက်မှု တိုးလာမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးဌာနစာရင်းအရ စက်တင်ဘာလ ၁ဝရက်နေ့အထိ မတ်ပဲစိုက်ပျိုးမှုဧရိယာဟက်တာ ၂၂ ဒသမ ၄၃ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ    ၂ဝ ဒသမ ဝ၈ သိန်းထက်၂သိန်း    ကျော်ပိုမိုနေပါတယ်။ ကာလတိုအတွင်း မတ်ပဲဈေး ဆက်လက်လျော့ကျမယ ်လို့သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်-ဇယား-၁                                                                        ဒေါ်လာ/တန်  ဈေးကွက်        ၂၃ .၉ .၁ဝ       ၂၂ .၉ .၁ဝ         ၂၁ .၉ .၁ဝ            ၂ဝ .၉ .၁ဝ မွန်ဘိုင်း          ၁ဝ၃၁-၁ဝ၆၄           -               ၁ဝ၉၃-၁၁၁၅             ၁ဝ၉၇ဒေလီ                ၁၁ဝ၂            ၁၁ဝ၄                  ၁ဝ၉၃                  ၁ဝ၉၇ချန်နိုင်း           ၁ဝ၄၂-၁၂၅ဝ       ၁ဝ၅၄-၁၂၆၃     ၁ဝ၃၉-၁၂၅၇       ၁ဝ၆၃-၁၂၈၃

Monday, 20 Sep 2010

 ပြည်မှာ ကုလားပဲဈေးကျ      မြို့ခံပံခဲစက်လုပ်ငန်းရှင်များက လုလားပဲ(တိုင်ပေ)ကို လက်ရှိပေါက်ဈေးထက် ဈေးလျှော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင်ဈေးကျလာပြီး တစ်ပိသာကို ၉၉ဝကျပ ် (တစ်တန်ကို ၆ဝ၆၂၆၆ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၃ဝဝ ကျပ်(တစ်တန်ကို ၇၉၆၁ဝ၇ ကျပ်)နဲ့ဈေးဖွင့်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည်များကဝယ်ယူတဲ့ဈေးကိုမကြိုက်နှစ်သက် တာကြောင့်အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ဆိုပါတယ်။

Monday, 13 Sep 2010

ပဲစင်းငုံဈေးဆက်လက်ဦးမော့နေ     အဓိကပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များနဲ့ ကုန်သည် များက အဝယ်သွက်နေလို့ ပဲစင်းငုံဈေးကဆက်လက်ဦးမော့နေပါ ယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း အခိုျ့ဒေသတွေမှာ မိုး သည်းထန်ခဲ့လို့ သီးနံှအခိုျ့ပျက်စီးမှု ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်း  ကာနာတာကာမှာ ပဲစင်းငုံစိုက်ဧရိယာ ဟက်တာ ၈၃၃ဝဝဝ ရှိလို့ ယခင်နှစ်စိုက်ပိုျးခဲ့တဲ့  ဟက်တာ ၃၅ဝဝဝဝ ထက် ၂ ဒသမ ၃ ဆပိုမိုစိုက်ပိုျးတယ်လို့ သိရပါတယ်။ လက်ရှိ ရာသီဥတု အခြေအနေအရ ကာနာတာကာက ပဲစင်းငုံအထွက် စံချိန်တင်မယ် လို့ ခန့်မှန်းထားရာ ကာလတိုအတွင်း ပဲစင်းငုံဈေး လျော့ကျဖွယ်ရှိ တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်-

Monday, 13 Sep 2010

ပဲတီစိမ်းဈေးမာနေ     အဓိကဈေးကွက်များမှာ ဝင်ရောက်လာတဲ့ ပဲအသစ်များကို အနိမ့်ဈေးနဲ့ ဝယ်ယူမှုတွေရှိလာလို့ ဒီတစ်ပတ် ပဲတီစိမ်းဈေး မာနေ တာ တွေ့ရပါတယ်။ ပဲစိုက်ပိုျးတဲ့ အခိုျ့ဒေသတွေမှာ မိုးသည်းထန် နေလို့ ပဲအရည်အသွေးများ ထိခိုက်တယ်လို့သိရပါတယ်။ ဒါကြောင့် ဝင်ရောက်လာတဲ့ ပဲအသစ်များကို  အရည်အသွေးအရ ဈေးလျှော့ ရောင်းဝယ်မှုရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှ ပဲတီစိမ်းပမာဏ အနည်းငယ်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေး နှုန်း လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော် ပြလိုက်ပါတယ်-

Monday, 13 Sep 2010

====ကုလားပဲဈေး အပြောင်းအလဲရှိနေ      အိန္ဒိယပြည်တွင်း  လက်ငင်းဈေးကွက်တွေမှာ  ယခုတစ်ပတ် ကုလားပဲဈေးက အတက်အကျ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဈေးကွက်တွေကို  ပဲဝင်ရောက်မှု တိုးတက်လာရင် ဈေးလျာ့ ကျခဲ့ပြီး မိုးရွာသွန်းမှုကြောင့် ပဲဝင်ရောက်မှုကျဆင်းလာရင် ဈေးမြင့် တက်မှုတွေ ရှိနေပါတယ်။ ဈေးကွက်အများစုမှာတော့ ပဲလက်ကျန် သိုလှောင်မှုတွေရှိနေသလို သြစတြေးလျကတင်သွင်းခဲ့တဲ့ ကုလားပဲ များရောက်ရှိလာခြင်းက ဈေးကွက်အတွင်း ရောင်းအားများနေပါတယ်။ ဒါ့အပြင် လက်ရှိရာသီအတွင်း မိုးရွာသွန်းနေခြင်းက ဆောင်းပဲ စိုက်ချိန်မှာ အစိုဓာတ်ကောင်းကောင်းရရှိမှာဖြစ်လို့ ဆောင်းပဲအထွက် မြင့်တက်မယ့် အလားအလာတွေ ရှိနေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား (၂)နဲ့ ဖော်ပြထားပါတယ်-

Monday, 13 Sep 2010

ပခုက္ကူမှာ ရန်ကုန်ဝယ်လက် ပဲတီစိမ်းသေးကို အဝယ်ရှိ ရန်ကုန်ဝယ်လက်က မိုးစိုက်ပဲတီစိမ်းသေးကို တစ်ပိဿာ ၁၁၆၇ ကျပ်(တစ်တန်ကို ၇၁၄၆၅၉ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမဲ့ ယခင်အပတ်နဲ့စာရင် ေဈးကကျ ရိပ်သန်းနေကြောင်း သိရပါတယ်။ ပဲစင်းငုံနီ ကိုရန်ကုန်ဝယ်လက်က ပုံမှန်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည် များအရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉ဝဝ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ် အိတ်၅ဝမှ ၁ဝဝကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

Pages