Background
မြန်မာ့ချဉ်ပေါင်ဖာလာ တိုးခဲျ့တင်ပို့ရန် ကြိုးပမ်းသင့် မြန်မာနိုင်ငံမှာ ချဉ်ပေါင်ဖာလာကို ဧရာဝတီတိုင်းဒေသကြီးမှာ အဓိကထားစိုက်ပျိုးကြပါတယ်။ ရေမြေ ရာသီဥတုရဲ့ အခြေအနေအရတခြားဒေသတွေထက် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အနံှ့အပြားတွေမှာ စိုက်ပျိုးထွက်ရှိကြကြောင်း သိရှိရပါတယ်။ ချဉ်ပေါင်ဖာလာကို မြို့နယ်အသီးသီးရှိဈေး တွေမှာ တိုင်းရင်းပရဆေးဆိုင်များမှာ အနည်းအကျဉ်း လက်လီရောင်းချမှုများရှိပြီး သီးခြားအဝယ်ဒိုင်လေးများ ဖွင့်လှစ်ကောက်ခံကာ သက်ဆိုင်ရာဈေးကွက်ဖြစ်တဲ့ ရန်ကုန် တိုင်းဒေသကြီး ဘုရင့်နောင်ဈေး၊ ညောင်ပင်လေးဈေး၊ ကုန်ဈေးတန်းတို့ကို သွားရောက်ရောင်းချလျက်ရှိကြောင်း သိရှိရ ပါတယ်။ ချဉ်ပေါင်ဖာလာအသုံးပြုပုံကတော့ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုကြောင်း သိရှိရပါတယ်။ ချဉ်ပေါင်ဖာလာဝယ်ယူရောင်းချကြရာတွင် အခွံပါနဲ့ အခွံမပါ ဆိုပြီး ခွဲခြားကာ ဈေးနှုန်းသတ်မှတ်ရောင်းချလေ့ရှိရာ အခွံမပါ ဈေးနှုန်းမှာ ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိရပါတယ်။ မြန်မာ့ပို့ကုန်ချဉ်ပေါင်ဖာလာကို ပြည်တွင်းသာမက ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံတွေကို တင်ပို့ လျက်ရှိရာ ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုကို လေ့လာကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိနိုင်ပါတယ်စဉ် ဘဏ္ဍာနှစ် တန်ချိန် တန်ဖိုး(ကန်ဒေါ်လာ)၁။ ၂ဝဝ၇-၂ဝဝ၈ ၂၁၅.၁၃ ၇၉၄ဝဝ၅.ဝဝ၂။ ၂ဝဝ၈-၂ဝဝ၉ ၁၄၂.၆ဝ ၅၁၆၃၂ဝ.ဝဝ၃။ ၂ဝဝ၉-၂ဝ၁ဝ ၃၂ဝ.၈၃ ၁၃၁၁၁၇၉.ဝဝ၄။ ၂ဝ၁ဝ-၂ဝ၁၁ ၂ဝ၁.၉၈ ၅၉၅၅၄၆.၉ဝ အထက်ပါဇယားအရ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ တန်ချိန် (၃၂ဝ ဒသမ ၈၃) နဲ့ အများဆုံးတင်ပို့နိုင်ခဲ့ ကြောင်းတွေ့ရှိရပြီး ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်မှာ တန်ချိန် (၁၄၂ ဒသမ ၆ဝ)နဲ့ အနည်းဆုံးတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိပါတယ်။ ပျမ်းမျှပုံမှန်နှစ်စဉ်တန်ချိန် (၂ဝဝ) ခန့်သာတင်ပို့နိုင်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ရာ ဗီယက်နမ် နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ယူအေအီးနဲ့ တရုတ်နိုင်ငံတွေကိုလည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဟာ မြန်မာ့ပို့ကုန်တွေအနက် စားသောက်ကုန်နဲ့ ပရဆေး ကုန်ကြမ်းတွေ ဒိုင်ခံဝယ်ယူတဲ့နိုင်ငံဖြစ်သလို ချဉ်ပေါင်ဖာလာ တို့လို ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းတွေကို နှစ်စဉ်ဝယ်ယူတဲ့ နိုင်ငံဖြစ်ရာ ရရှိပြီးတဲ့ဈေးကွက်မပျောက်ဖို့ ရေရှည်ထိန်းသိမ်း ပြီး အရည်အသွေးကောင်းပစ္စည်းတွေ ရွေးချယ်တင်ပို့နိုင်ဖို့ ယခုထက် ပိုမိုကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ပါတယ်။ ဝင်းးသန်းးကျော်
ဈေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့ အရန်သိုလှောင်မှုထဲက သကြားများလေလံတင် တရုတ်နိုင်ငံမှာ ဈေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့နဲ့ ဈေးကွက်ရောင်းချမှု အာမခံချက်ရှိစေဖို့ အရန်သိုလှောင်မှုထဲက သကြားတန်ချိန် ၂ သိန်းကို နိုဝင်ဘာလ ၂၂ ရက်မှာ လေလံတင်သွားမယ်လို့ စီးပွားကူးသန်းဝန်ကြီး ဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အရန်သိုလှောင်ထားတဲ့ သကြားများကို တရုတ်လူမျိုးများ အစားအသောက်ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီများကို တစ်တန် ကန်ဒေါ်လာ ၅၉၇ အခြေခံဈေးနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ယခုလေလံဟာ ၂ဝ၁ဝ-၂ဝ၁၁ ကြိတ်ခွဲရာသီအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်မှာ နိုင်ငံတော်အရန် သကြားထဲက တန်ချိန် ၂၁ဝဝဝဝ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အမြင့်ဆုံးလေလံဈေးဟာ တစ်တန်ကို ယွမ် ၆၆၈ဝ ဒသမ ၅၆ (ကန်ဒေါ်လာ ၉၉၇) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ အတွင်း သကြားဈေးနှုန်းဟာ ၂ဝဝ၈ ခုနှစ်အောက်တိုဘာလမှာ တစ်တန်ကို ယွမ် ၂၈ဝဝ (ကန်ဒေါ်လာ ၄၁၈ )ရှိခဲ့ရာမှ ယွမ် ၆ဝဝဝ (ကန်ဒေါ်လာ ၈၉၅) ကျော် ကို မြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းနိုင်ငံရဲ့ သကြားအများဆုံးထုတ်လုပ်တဲ့ ကွမ်ရှီးမှာ နိုဝင်ဘာလ ၈ ရက် သကြားဈေးဟာ တစ်တန်ကို ယွမ် ၇၆ဝဝ (ကန်ဒေါ်လာ ၁၁၃၄) ထိ စံချိန်တင်မြင့်တက်သွားခဲ့လို့ ၂ဝဝ၉-၂ဝ၁ဝ ကာလတူထက် ၇၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဗဟိုအစိုးရရဲ့ ဝက်ဘ်ဆိုဒ် သတင်း အရ အစိုးရအနေနဲ့ ဈေးနှုန်းထိန်းချုပ်မှု မူဝါဒများကို စဉ်းစားနေကြောင်း သိရပါတယ်။ ယမုံနာ၊Sources: Xinhua
မုံရွာပြောင်းဈေးကွက် ဒေသမွေးမြူရေးအစာအတွက် အရောင်းသွက်နေ မုံရွာကုန်စည်ဒိုင် နိုဝင်ဘာ ဒုတိယ ၁ဝ ရက်ပတ်ပြောင်းဈေးကွက်မှာ တန်ဆည်၊ ရေဦး၊ ကန့်ဘလူနယ်တွေက နေ့စဉ် တစ်ရက်အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြား ဝင်ရောက်လျက်ရှိပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ အဓိကဝယ်လက်မှာ ဒေသတွင်း မွေးမြူရေး အစာလိုင်းသမားတွေဖြစ်ပြီး မုံရွာဈေးကွက်ကနေ မန္တလေးကို တင်ပို့မှုမရှိသလောက် နည်းခဲ့တယ်လို့ သိရပါတယ်။ မုံရွာမှာရှိတဲ့ ကြက်မွေးမြူရေးဇုန် အတွက် အစာစပ်လိုင်းသမားတွေ ပုံမှန်ဝယ်ယူမှုရှိပေမဲ့ ယခုရက်ပတ်အတွင်း တစ်တင်း ၅၁ဝဝ ကျပ်မှာ ပြောင်းဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပြောင်းဖူးစေ့ တင်ပို့မှုအားကောင်း မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက ထွက်ရှိတဲ့ ပြောင်းဖူးစေ့များ ကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့လျက်ရှိရာ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပြောင်းဖူးစေ့တန်ချိန် ၂ဝ၉၆ဝ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ ဒသမ ၂၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်ကလည်း တန်ချိန် ၂၆ဝ ကန်ဒေါ်လာ ၆၆၈၆ဝ ဖိုး နဲ့ ချင်းရွှေဟော်မှ ၁၆၄ တန်၊ ကန်ဒေါ်လာ ၄၁ဝဝဝ ကျော်ဖိုးတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာနယ်စပ်မှ စုစုပေါင်း ပြောင်း၂၁၃၈၄ တန်၊ ကန်ဒေါ်လာ ၅ ဒသမ ၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်မှ ၉ ရက် ထိ ကာလတုန်း ကေတော့ မူဆယ်နဲ့လွယ်ဂျယ်မှ ပြောင်းဖူးစေ့ တန်ချိန် ၁၈၁၈၂ ကျော်သာ တင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၃၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကဝယ်လိုအားရှိသလို မိမိပြည်တွင်း ထွက်ရှိမှုကလည်း ပိုမိုတဲ့အတွက် တင်ပို့မှုအားကောင်းနေတယ်လို့ မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းမှ သိရပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ပြောင်းဈေးသိသိသာသာ ပြောင်းလဲတာ မတွေ့ရပါ ဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပြောင်းမြေပြင် ပေါက်ဈေးများ ဖော်ပြပေးလိုက် ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅ဝ၄၉၃ ၂၄၂၇ဝ၆ ၇၇၈၇ ၃ ၂၉၂ ၂၇၆ ၁၆ ၅နံှစားပြောင်း ၂၇၃၅၂၇ ၂၄၂၆၂၉ ၃ဝ၈၉၈ ၁၁ ၂၇၃ ၂၇၃ - -MIRT (DOBT)
ပြောင်းတင်ပို့မှု အခြေအနေကောင်းဆဲ နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၅၄၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၁၃၆ သန်းဖိုးတင်ပို့ ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၇၈ တန်တင်ပို့ခဲ့တာကြောင့် ၁၆၉ တန်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကို ၁၉၂ တန်နဲ့ စင်ကာပူကို ၃၅၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ KZW
အပိုလိုမှ တာယာ ဈေးမြှင့်မည် အပိုလိုတာယာထုတ်လုပ်ရေးဟာ ရော်ဘာဈေးနှုန်းတွေမှတ်တမ်းတင်လောက်အောင် မြင့်တက်နေတာကြောင့် ၎င်းရဲ့ တာယာဈေးနှုန်းများကို ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်တော့မှာဖြစ်ကြောင်း ထိပ်တန်းအရာရှိများက ပြောကြားပါတယ်။ ဈေးနှုန်းတက်တာဟာ စိန်ခေါ်မှုအဖြစ်ရင်ဆိုင်နေရပြီးကုန်ကြမ်းပစ္စည်း တွေအတွက် ဖိအားပေးခံနေရ ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ အိန္ဒိယတာယာထုတ်လုပ်ရေးတွေဟာ ရော်ဘာဈေးနှုန်းမြင့်တက်မှုရဲ့ ဖိအားကို ရင်ဆိုင်နေရပြီး အချိန်အခါမဟုတ်ရွာတဲ့မိုးက ကမ္ဘာ့စတုထ္ထအကြီးဆုံး ထုတ်လုပ်သူကို ရောင်းလိုအား အခက်ကြုံစေခဲ့ပါတယ်။ ဒါ့ကြောင့် အိန္ဒိယရဲ့ နံပါတ် (၂ )တာယာထုတ်လုပ်ရေး အပိုလိုက ဈေးတက်ဖို့ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါတယ်။တာယာတစ်ခုမှာ ရော်ဘာရဲ့ ကုန်ကျစရိတ်က ၄ဝ ရာခိုင်နှုန်း ရှိပြီး ကုမ္ပဏီအနေနဲ့ အမြင့်ဈေးနဲ့ပဲ သွင်းကုန်တင်သွင်းရမှာဖြစ်ပြီး ပြည်တွင်း ရောင်းလိုအားကတော့ ဝယ်လိုအားကို မလိုက်နိုင်ကြောင်းသိရပါတယ်။ အပိုလိုဟာ ယခုနှစ်ဇူလိုင်ကနေ စက်တင်ဘာအထိ သွင်းကုန်တန်ချိန် ၁၅ဝဝဝ တန်တင်သွင်းပြီးဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ကားထုတ်လုပ်မှှုဟာ အလယ်အလတ်မှာရှိပြီး နှစ်စဉ်ကားရောင်းရနှုန်းတွေမြင့်တက်ခဲ့ကာ အောက်တိုဘာမှာ ၃၈ ရာခိုင်နှုန်းမြင့်တက်ပြီး မှတ်တမ်းတင်နိုင်တဲ့အဆင့်ကို ရောက်ရှိ ခဲ့ပါတယ်။ ထို့အတူအခြားတာယာထုတ်လုပ်ရေးတွေဖြစ်တဲ့ MRF၊ JK စိဒ်နဲ့ ဖလ်ကွန်တာယာထုတ်လုပ်ရေး တို့ ကလည်း မကြာမီဈေးနှုန်းတွေထပ်မံမြှင့်တင်တော့မယ်လို့ သိရပါတယ်။ တာယာထုတ်လုပ်ရေးတွေဟာ ယခုနှစ်မှာ ဈေးတင် ခဲ့တာ ၃ ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ JK နဲ့ စိဒ်တာယာတို့ရဲ့ ဇူလိုင်ကနေစက်တင်ဘာအမြတ်ဟာ ကားဈေးကွက် အရောင်းသွက် နေပေမဲ့ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဥရောပမှာရှိတဲ့ အပိုလိုလုပ်ငန်းတွေကတော့ အိန္ဒိယထက်ပိုမိုကောင်းမွန် ကြောင်းနဲ့ ဥရောပရဲ့ ထုတ်လုပ်မှုစွမ်းအားကို ၂ဝ ရာခိုင်နှုန်းတိုးမြှင့်ဖို့ စီမံကိန်း ရေးဆွဲထားကြောင်း သတင်းရရှိပါတယ်။ Source: mint,KZW
တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက တန် ၃၅ဝ တင်ပို့ နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၃၅၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ဝ၆၉ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၇၇ တန်တင်ပို့ခဲ့တာကြောင့် ယခုရက်သတ္တပတ်မှာ ၂၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မလေးရှားတစ်နိုင်ငံထဲကို RSS-5 ၁၆၃တန်၊ RSS- 3 ၈၈ တန်နဲ့ MSR -20 တန်၁ဝဝ အသီးသီး တင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
ယခုတစ်ပတ် ပဲကြီးဈေးနှုန်းမှာ ပဲကြီး (ကမ်နား) အချောစတစ်တင်းကို ၃၁ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ ကြပြီး၊ ပဲအရည်အသွေးပေါ် မူတည်၍ တစ်တင်းကို ၂၉ဝဝဝ ကျပ်၊ ၂၉၅ဝဝ ကျပ်ဖြင့်လည်း အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲကြော်ဖို၊ ပဲလှော်ဖိုလုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိလျက်ရှိတာကြောင့် တစ်ရက်ကို အိတ် ၂ဝဝအထိ ရောင်းဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်အတွင်းပဲကြီး (ရွှေကျွန်း) မှာ အရောင်းအဝယ်မဖြစ်သလောက်ရှိခဲ့ပြီး ပဲကြီး(ကမ်းနား) တစ်မိုျးသာ အရည်အသွေးအလိုက် သူ့ဈေးနဲ့သူ အရောင်းအဝယ်ဖြစ်လျက်ရှိ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ဈေးကွက်အတွင်း ထောပတ်ပဲမှာ လက်ကျန်မရှိသလောက်ဖြစ်ခဲ့ပြီး ဈေးနှုန်းကတော့ တစ်တင်းကို ၂၆ဝဝဝ ကျပ်ထိ အရောင်း အဝယ်ဖြစ်နေပါတယ်။ လက်ကားဈေးမှာ ၂၅၅ဝဝ ကျပ်၊ လက်လီဈေးမှာ ၂၆ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုရက်ပိုင်းတွင် ရန်ကုန် ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်များအဝယ်ရှိလာသော်လည်း ပဲလက်ကျန်မှာ မရှိသလောက်ဖြစ်ခဲ့တဲ့အတွက် ဒေသတွင်း လက်လီသမားများနဲ့သာ ရောင်းဝယ်ခဲ့ကြရသဖြင့် တစ်ရက်ကို အိတ် ၂ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
မန္တလေးဈေးကွက်မှာသြဂုတ်လ ပထမပတ်လောက်က ထောပတ်ပဲတစ်ပိဿာ ၁၂၂ဝ ကျပ်၊ ၁၄၂ဝ ကျပ် ပေါက်ဈေးရှိခဲ့ပြီး ဒုတိယပတ်မှ စလို့ တစ်ပိဿာကို ၁၄၈ဝ ကျပ်၊ ၁၅၁ဝ ကျပ်ထိ ဈေးအနည်းငယ် မြင့်တက်ခဲ့ကာ ယခုလက်ရှိအထိ ဈေးငြိမ်နေခဲ့ပါတယ်။ ဈေးအေးဈေး ငြိမ်နေပေမဲ့ သြဂုတ်လအတွင်း တရုတ်ဈေးကွက်ကို ထောပတ်ပဲတန် ၁ဝဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ဈေးကွက်ကို ကလေးထောပတ်ပဲ အနည်းငယ် ဝင်ရောက်မှုရှိကြောင်းသိရပြီး ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူမှုရှိတာကြောင့် တစ်ရက်အိတ် ၂ဝဝ မှ ၅ဝဝ ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ သက်သက်နိုင်
