Main menu

Background

Tuesday, 28 Feb 2023

ဖေဖော်ဝါရီလ တတိယပတ်အတွင်း မန္တလေးကုန်စည် ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံ  အရောင်းအဝယ်ဖြစ်လျက်ရှိရာ ကုလားပဲအုပ်စုအနေဖြင့် ပြည်တွင်းသုံးစွဲမှု မြင့်မားလာကာ၊ ပြည်ပပို့ကုန်သမားများ ဝယ်ယူနေခြင်း၊ ပြည်တွင်းပဲခွဲစက်များ အဝယ်လိုက်နေခြင်း၊ ပို့ကုန်ပဲများကို တရုတ်နှင့်  အိန္ဒိယမှ ဝယ်ယူနေသောကြောင့် ဈေးမြင့်လာခြင်းနှင့်အတူ ပြည်တွင်း သုံးပဲများလည်း ဈေးကောင်းရရှိနေကြောင်း မန္တလေးကုန်စည် ဒိုင် ဈေးကွက်မှသိရသည်။

Tuesday, 20 Dec 2022

မန္တလေးကုန်စည်ဒိုင်သို့   နွားထိုး၊ အောင်လံ၊ မြင်းမူဘက်မှ   မြေပဲဆန်များ၊ ရှမ်းပြည်နယ်ဘက်မှ ရှမ်းမြေပဲများ ဝင်ရောက်လျက်ရှိကြောင်း၊ အညာကျွန်းဘက်မှ စိုက်ပျိုးမည့် မျိုးမြေပဲများ ဝယ်ယူနေပြီး ဆီဆန်များကို ဆီစက်များမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၃၀ဝမှ ၅၁၀ဝ၊ ယခင်တစ်ပတ်ကကျပ် ၅၄၅၀ မှ ၅၃၀ဝ၊ ယခင်လက ကျပ် ၅၄၀ဝ မှ ၅၃၀ဝ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၅၀ မှ ၂၀ဝ၊ ယခင်လထက် ကျပ် ၁၀ဝ မှ ၂၀ဝ နိမ့်ကျလာသည်။

Tuesday, 13 Dec 2022

နိုဝင်ဘာလ နောက်ဆုံးပတ်တွင်  မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ပျဉ်းမနား၊ တပ်ကုန်းဘက်မှ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်နေပြီး ရန်ကုန်သင်္ဘောတင်ဝယ်လက်နှင့်  တိရစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ 

Monday, 28 Nov 2022

နိုဝင်ဘာလ တတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်သို့ မကွေး၊ နတ်မောက်၊ စစ်ကိုင်း၊ ဝက်လက်၊ နွားထိုး၊ မြင်းမူ၊ ကျောက်ဆည်၊ မလှိုင်၊ မြင်းခြံ၊ ပခုက္ကူဘက်မှ မြေပဲဆန်အသစ် များ ဝင်ရောက်လျက်ရှိပြီး မြေပဲလုံးဆန်နီများကို တရုတ်ဝယ် လက်က ဝယ်ယူလျက်ရှိ၍ ဈေးမြင့်လာကာ ဆီဆန်များကို ဆီ စက်များက ဝယ်ယူ လျက်ရှိကြောင်း သိရသည်။ မန္တလေးကုန် စည်ဒိုင်သို့ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နှင့် မန္တလေးအနီးတစ် ဝိုက်မှ နှမ်းအသစ်များ ဝင်ရောက်နေပြီး အရောင်းဝယ်အေး ဈေးအေးနေကာ တရုတ်ဝယ်လက်က အနည်းငယ် ဝယ်ယူမှုရှိ ကြောင်း သိရသည်။  နှမ်းဖြူနှင့် နှမ်းညိုမှာ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ဈေးကျဆင်းခဲ့သည်။ နှမ်းနက်

Pages