Background
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်မှ ၃၁ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၂၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၈၃၄၀ဝ စောင်ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၂၃၈ ဒသမ ၉၂ သန်းရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုချင်းစီ၏ အစု ရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ် ယာ ၆၆၅၀ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၇ ဒသမ ၈၄ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ်ယာ ၄၂၃၀၇ စောင် ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နနွင်း များ စတင်ထွက်ပေါ်နေပြီး ယခင်နှစ် ထက်ဈေးပိုရနေကြောင်း နနွင်း စိုက်တောင်သူများထံမှ သိရသည်။ ကျောက်ဆည်ခရိုင် တွင် နနွင်းစိုက်ဧကပေါင်း ၂၃၅၈ ဧကရှိ၍ နနွင်းများကို နွေရာသီ ဆည်ရေရရှိချိန်တွင် စတင်စိုက်ပျိုးပြီး မြစ်သားမြို့ နယ်တွင် ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်း ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၁၂ သိန်းမှ ၁၅ သိန်းခန့်ထိ ကုန်ကျ၍ မြေအမျိုးအစားလိုက် သွင်းအားစုအပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။
လက်ရှိ ဆားရာသီတွင် မွန်ပြည်နယ်မှ ဆားတန်ချိန် ငါးသောင်းနီးပါး ထွက်ရှိရန် မျှော်မှန်းထားကြောင်း သတ္တုတွင်းဦးစီးဌာန၊ မွန်ပြည်နယ် ဆား လုပ်ငန်းဌာနခွဲမှ သိရသည်။ ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ လာမည့် ၂၀၂၄ ခုနှစ် မေလကုန်အထိ ဆားရာသီတွင် ထွက်ရှိနိုင်မည့်စာရင်းကို ခန့်မှန်းထား ခြင်းဖြစ်ပြီး တန်ချိန် ၄၇၀ဝ၀ ခန့် ထွက်ရှိနိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိ သူတစ်ဦးက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။ ]]ဒီလကုန်လောက်ဆို ဆား အနည်းအကျဉ်း စထွက်ပါပြီ။ ဆားရာသီကတော့ ဒီဇင်ဘာလကနေစပြီး လေးလပိုင်း သင်္ကြန်မိုးရွာပြီး ခဏလောက်နားပြီးတော့ ဆက်ပြီး မရွာရင် ငါးလပိုင်းကုန်မှ စာရင်းချုပ်တယ်။ ဒီနှစ်ကတော့ တန်ချိန် လေး
လက်ရှိ ထောပတ်သီးရာသီအတွင်း ထိုင်း နိုင်ငံသို့ မြန်မာ့ထောပတ်သီး တန်ချိန် ၂၅၀ဝ ဝန်းကျင်အထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
ယခု ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံသို့ မြန်မာ့ထောပတ်သီး အများဆုံးတင်ပို့ရန် စီစဉ် ထားပြီး ျေံ ထောပတ်သီး တစ်ကီလိုဂရမ်လျှင် ကြမ်းခင်းဈေး ကျပ် ၆၀ဝ၀-၁၀ဝ၀ဝ အတွင်း ရရှိ ရန် မျှော်မှန်းထားကြောင်း အဆိုပါအသင်းအတွင်း ရေးမှူး ဦးကျော်စိုးမင်းက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA) ) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးကွက်ဈေးနှုန်းမှာ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ ကျပ် ၃၇ သိန်းဝန်းကျင်သို့ ရောက်ရှိလာကြောင်း အဆိုပါအသင်းမှသိရသည်။
ဒီဇင်ဘာ ၁၄ ရက်YGEA) ၏ ဈေးကွက်အဖွင့်ဈေးသည် အကယ်ဒမီ မီးလင်း ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၆၉၉၁၀ဝ ဖြစ်ပြီး နေ့လယ်ပိုင်းတွင်တော့ တစ်ကျပ် သား ကျပ် ၃၇၀ဝ၉၀ဝ သို့ ဈေးမြင့်တက်လာကာ ညနေပိုင်းတွင် ကျပ် ၃၆၉၇၃၀ဝ ဖြင့် ဈေးပိတ်သွားခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၃၆၇၉၂၀ဝ ဖြင့် ဈေးဖွင့်ခဲ့သည်။
ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စားအုန်း ဆီ တင်သွင်းမှု မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လယ်ယာ ကဏ္ဍဆိုင်ရာ အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဧပြီလမှ စက်တင်ဘာလအထိ ပထမ ခြောက်လအတွင်း ပြည်တွင်းသို့ စားအုန်းဆီ ၂၉၄၄၅၇ တန် တင်သွင်းထားကာ ယင်းပမာဏသည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက တန်ချိန်၆၅၀ဝ၀ ကျော် ပိုမိုမြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် နှမ်းဈေးများအနေဖြင့် နှမ်းနီ တစ်တင်းလျှင် ကျပ် ၇၃၀ဝ၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၆၀ဝ၀ နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ် ၈၈၀ဝ၀ ဖြင့် ဈေး စတင်ဖွင့်ခဲ့ သည်။ ဖေဖော်ဝါရီလတွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၈၃၀ဝ၀၊ နှမ်း နက်တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ အထိ ဈေးများမြင့်တက်လာခဲ့သည်။ နွေနှမ်းများ စိုက်ပျိုးချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်း နှမ်းလက်ကျန်ရှားလာပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိသောကြောင့် ဈေးမြင့် တက်လာခဲ့သည်။
မော်လမြိုင်မြို့၌ အောက်တိုဘာလ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းဝယ်ပုံမှန် ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၅၀ဝ၊ ဆင်(ထိုင်း)ကျပ် ၁၀၆၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၄၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ် နေသောဈေးမှာ ယခုတစ်ပတ်တွင် ကွန်ပေါင်း(မြန်မာ့သြဘာ ရွှေကောမက်) ၁၅း၁၅း၁၅ ၅၀ါု ပါတစ်အိတ် မှာ ကျပ် ၁၆၀ဝ၀ဝ၊ ကွန်ပေါင်း 20;12;12 50kg ပါတ
ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ အောက်တိုဘာ ၆ ရက် ပေါက်ဈေးအရ ကျပ်သိန်း ၂၁၄၅၃၀ဝ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ၁၈၂၁ ဒေါ်လာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် စက် တင်ဘာ ၂၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၂၀၆၀ဝ၀၊ ၃၀ ရက်တွင် ကျပ် ၂၁၇၈၃၀ဝ၊ အောက်တိုဘာ ၂ ရက်တွင် ကျပ် ၂၁၆၇၇၀ဝ၊ ၃ ရက်တွင် ကျပ် ၂၁၄၈၉၀ဝ၊ ၄ ရက်တွင် ကျပ် ၂၁၄၇၇၀ဝ၊ ၅ ရက်တွင် ကျပ် ၂၁၄၅၃၀ဝ ဖြစ်သည်။
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် သြဂုတ် ၇ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် ဖိလစ်ပိုင်နိုင်ငံသည် ယခုတစ်ပတ်တွင် ၈ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ ပြီး အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် ၅ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဗမကဘေ နိုင်ငံတွင် ၄ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် သြစတြေးလျနိုင်ငံတွင် ၄ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ကာ ဈေးနှုန်း မြင့်တက် ခဲ့သည့် နိုင်ငံပေါင်း ၃၇ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။