Background
World Gold Price October 2011 (USD/OZ) Date NY LandonZurich 3 1627 1586 1595 4 1664 1646 1649 5 1613 1662 1662 6 1636 1604 1621 7 1653 16551660 Domestic Gold Price Kyats(Thousand) Date Yangon Mandalay 3-10-2011 720.00 720.30 4-10-2011 730.00 730.00 5-10-2011 722.30 722.00 6-10-2011 725.00 724.80 7-10-2011 723.80 722.80
Currency Exchange Rate Currency Exchange Rate OCTOBER 7, 2011 Base Currency is United States Dollar - USD Currency Unit Units per USD AUD Australia Dollars 1.02 BDT Bangladesh Taka 75.55 CAD Canada Dollars 1.04 CNY China Yuan Renminbi 6.38 EUR Euro 0.74 HKD Hong Kong Dollars 7.78 INR India Rupees 49.16 IDR Indonesia Rupiahs 8930.00 JPY Japan Yen 76.62 MYR Malaysia Ringgits 3.16 PKR Pakistan Rupees 87.23 PHP Philippines Pesos 43.54 RUB Russia Rubles 32.21 SGD Singapore Dollars 1.29 KRW South Korea Won 1177.70 LKR Sri Lanka Rupe 110.17 THB Thailand Baht 30.90 GBP United Kingdom Pounds 0.65 VND Vietnam Dong 20850.00 Source : xe.com
စက်တင်ဘာ ၆ ရက်က တစ်အောင်စကို ၁၉၂၃ ဒသမ ၇၀ ဒေါ်လာအထိ ရောက်ရှိစံချိန်တင်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေး နှုန်းတွေက စက်တင်ဘာ ၂၆ ရက်မှာ တစ်အောင်စကို ၁၅၃၅ ဒေါ်လာအထိ ပြန်လည်ကျဆင်းသွားခဲ့တယ်။ ရက် ၂၀ အတွင်း ဈေးနှုန်းကွာခြားချက်မှာ ၂၀ ဒသမ ၂၀ ရာခိုင်နှုန်း ဖြစ်တဲ့အပြင် စက်တင်ဘာလ တစ်လတည်း ရွှေဈေး ကျဆင်းမှု ရာခိုင်နှုန်းမှာ ၁၁ ရာခိုင်နှုန်း ဖြစ်ရာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းလအလိုက် ဈေးနှုန်းကျ ဆင်းမှု ရာခိုင်နှုန်း အများဆုံး ပမာဏ ဖြစ်တယ်လိ့ု Bloomberg သတင်းမှာ ဖော်ပြထားတယ်။ ရွှေဈေးနှုန်း ကျဆင်းရခြင်းမှာ ကန်ဒေါ်လာတန်ဖိုး မြင့်လာလို့ဖြစ်ကြောင်း၊ လက်ရှိ စီးပွားရေး အကျပ်အတည်း ကာလအတွင်း ကန်ဒေါ်လာကို ရွှေ ထက် လုံခြုံစိတ်ချရတယ်လို့ ထင်မှတ် နေကြကြောင်း၊ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်း အထိ ကျန်ရှိကာလတွေမှာ ရွှေတစ် အောင်စကို ၁၆၀၀ ဒေါ်လာမှ ၁၇၀၀ ဒေါ်လာအကြား ပြောင်းလဲအရောင်း အဝယ်ဖြစ်နေနိုင်တယ်လို့ ကနေဒါနိုင်ငံ တိုရွန်တိုရှိ First Asset Investment Management Inc.,မှ ဒုဥက္ကဋ္ဌနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မန်နေဂျာ John Stephenson က ပြောကြားပါတယ်။ အောက်တိုဘာ ၃ ရက် ဂရင်းနစ် စံတော်ချိန် ဝရး၀၂ နာရီမှာ ရွှေလက် ငင်းအရောင်းဈေးနှုန်းမှာ တစ်အောင်စ ကို ၁၆၄၂ ဒသမ ၀၉ ဒေါ်လာ ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ှSource:Bloomberg.comပပ
အောက်တိုဘာ ၆ ရက်က နယူးယောက်မှာ ရေနံစိမ်းဈေးနှုန်း ဒုတိယ မြောက်နေ့အဖြစ် မြင့်မားလာတယ်လို့ သိရတယ်။ စီးပွားရေးဆိုင်ရာ စာရင်း ဇယားတွေ မျှော်လင့်ထားတာထက် အခြေအနေ ပိုမိုကောင်းမွန်လာခြင်း၊ အီးယူအနေနဲ့ ၎င်းင်းရဲ့ ကြွေးမြီအကျပ် အတည်းကိုထိန်းချုပ်နိုင်မယ့် လက္ခဏာ တွေက ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ် ပူပန်မှုကို လျော့ကျစေခြင်းတို့ကြောင့် ရေနံစိမ်းဈေးနှုန်း မြင့်လာကြောင်း သိရတယ်။ ဒါကြောင့် နိုဝင်ဘာလအရောက် ပို့ရေနံစိမ်းက တစ်စည်ကို ၁ ဒသမ ၂၉ ဒေါ်လာ မြင့်မားကာ ၈၀ ဒသမ ၉၇ ဒေါ်လာနဲ့နယူးယောက်ကုန်စည်ရောင်း ဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရတယ်။ နိုဝင်ဘာလ ငွေချေမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်မားကာ ၁၀၃ ဒသမ ၆၄ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ Source:Bloomberg.com၊ ပပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မိုးထိ၊ မိုးမိနဲ့ ထုံးကြီးတောင် ဒေသတွင် ရွှေတူးဖော်တဲ့ အကြီးစားလုပ်ကွက်ကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။ မိုးထိ၊ မိုးမိနဲ့ ထုံးကြီးတောင်ဒေသ ရွှေလုပ်ကွက်လုပ်ကိုင်ခွင့်ကို ၆၁၀၅ ဧက အတွက် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ မှရရှိခဲ့ကြောင်း၊ လုပ်ကိုင်ခွင့် သက်တမ်းမှာ ၅ နှစ်တူးဖော်ခွင့်ရရှိခဲ့ရာ ၂၀၁၁ ခုနှစ် သြဂုတ်လမှစ၍ တင်ဒါရရှိခဲ့ခြင်း ကြောင့် ၂၀၁၆ ခုနှစ်အထိ တူးဖော်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေတူးဖော်လုပ်ကိုင် ခွင့်အတွက် ရွှေတန်ချိန် ၅ ဒသမ ၅၇၇ တန်ကို ပြန်လည်ပေးသွင်းရမှာဖြစ်ကြောင်း၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မိုးထိ၊ မိုးမိနဲ့ ထုံးကြီးတောင်ဒေသတွင် ရွှေတူးဖော်ရေး အသေးစားကုမ္ပဏီ ၃၉ ခုရှိပြီး လုပ်ကွက် ၅၆ ခုရှိရာ ယခုချပေးထားတဲ့လုပ်ကွက်မှာ အကြီးစားလုပ်ကွက် ဖြစ်ပြီး လုပ်ကွက် ၃ ခုချထားပေးကာ လုပ်ကွက်စုစုပေါင်း ၅၉ ခုမြောက် လုပ် ကွက်ဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
နယ်စပ်မှ ဒီဇယ်အသွင်းပို မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၃၈၅၆၃ တန်ဖိုးရှိ ဓာတ်ဆီ ၁၀၄၇၂ တန်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၅၂၇ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၁၅၅၅၇၉ တန် အသွင်းရှိခဲ့ပါတယ်။ အပတ်ကထက် ဓာတ်ဆီ ၄၆၈၄ ဂါလန် တင်သွင်းမှုလျော့နည်းခဲ့ပြီး ဒီဇယ်ဆီတင်သွင်းမှုက ၁၀၃၅၃၅ ဂါလန် ပိုမိုခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ ဓာတ်ဆီ ၅၈၄၁၀ ဂါလန်၊ ဒီဇယ်ဆီ ၃၂၉၄၀၅ ဂါလန်၊ သဘာဝဓာတ်ငွေ့ရည် ၁ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် အောက်တိုဘာလ ၂၀၁၁ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး၃ ၄၁၀၀ ၄၀၀၀ ၄၁၀၀ ၃၃၀၀ ၃၃၀၀ ၃၃၀၀၄ ၄၁၀၀ ၄၀၀၀ ၄၂၀၀ ၃၃၀၀ ၃၃၀၀ ၃၃၀၀၅ ၄၀၀၀ ၄၀၀၀ ၄၂၀၀ ၃၂၀၀ ၃၂၀၀ ၃၃၀၀၆ ၄၀၀၀ ၄၀၀၀ ၄၁၀၀ ၃၂၀၀ ၃၂၀၀ ၃၃၀၀၇ ၄၀၀၀ ၄၀၀၀ ၄၁၀၀ ၃၂၀၀ ၃၂၀၀ ၃၃၀၀ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည် အောက်တိုဘာလ ၂၀၁၁ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၃ ၃၇၀၀ ၂၅၀၀ ၃၄၀၀ ၃၆၀၀၄ ၃၇၀၀ ၂၅၀၀ ၃၄၀၀ ၃၆၀၀၅ ၃၇၀၀ ၂၅၀၀ ၃၄၀၀ ၃၆၀၀၆ ၃၇၀၀ ၂၅၀၀ ၃၄၀၀ ၃၆၀၀၇ ၃၇၀၀ ၂၅၀၀ ၃၄၀၀ ၃၆၀၀MIRT-DOT
မုံရွာဂျုံဈေးကွက် မန်းအဝယ်သွက် ပေါ်ခါစကတည်းက ယနေ့ထိ တဖြည်းဖြည်းချင်းသာ ဈေးအတက်အဆင်း ညင်သာနေတဲ့ မုံရွာ ဂျုံဈေးကွက်ဟာ စက်တင်ဘာလအတွင်း ဂံျုဖြူသန့်တစ်တင်း ကျပ် ၁၅၂၀၀ ထိ အမြင့်ဆုံးရောက်လာခဲ့ပြီး ဂျုံအထွက်တိုးဈေးလည်း တစ်တင်း ကျပ် ၁၁၅၀၀ ထိ ဈေးလိုက်လာခဲ့တာ တွေ့ရပါတယ်။ မုံရွာဂျုံဈေးကွက်ရဲ့ သမားရိုးကျ ဖြစ်စဉ်အတိုင်း၊ ဂျုံပေါ်ခါစကတည်းက မုံရွာကုန်သည်နဲ့ လှောင်လက်တွေ ထုံးစံအတိုင်းဝယ်ယူခဲ့ကြပြီး လှောင်သက်ကာလကြာလာ တာနဲ့အမျှ ပိုးလိုက်လာလို့ ဈေးမကိုက်ပေမဲ့ ဒီရာသီမှာ ထုတ်ရောင်းကြစမြဲဖြစ်ပါတယ်။ မန္တလေးဝယ်လက်ကလည်း မုံရွာဂျုံဈေးကွက်အထာကို သိနေလေတော့ လိုအပ်ချက်သာ နေ့စဉ်ဝယ်ယူလျက်ရှိပါတယ်။ ဒီလထဲမှာတော့ မန်းအဆွဲ တော်တော်သွက်ခဲ့လို့ အခုလိုဈေးရလာခြင်းဖြစ်ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁၀၀၀ မှ ၂၀၀၀ အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကာ စက်တင်ဘာလအတွင်း မုံရွာကနေ မန္တလေးကို ဂျုံတင်းတစ်သောင်းကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်
MY BOY နဲ့ DAWNတံဆိပ် တင်သွင်း စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက် တာကာလအတွင်း နို့ဆီ/စိမ်း တန်ချိန် ၅၃၉ ဒသမ ၁၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းလေးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ မှာ ယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ထုတ်လုပ်တဲ့ My Boy တံဆိပ် နို့စိမ်း ၃၉၀ ဒသမ ၈၃ တန်နဲ့ စင်ကာပူနိုင်ငံထုတ် DAWN တံဆိပ် နို့ဆီ ၁၄၈ ဒသမ ၃၅ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ တင်သွင်း မှုမှာ တန်ချိန် ၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် နို့ဆီတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၅၀ ကျော်လောက် ပိုမိုတင် သွင်းခဲ့တာတွေ့ရပါတယ်။ နို့စိမ်းအဝင် ကိုကြည့်ရင် ယခင်သီတင်းပတ်တန်ချိန် နှစ်ရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်တန်ချိန် သုံးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ နို့စိမ်းတန်ချိန် ၁၀၀ လောက် ပိုမို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က အီရန်နိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ စပိန်နိုင်ငံတို့မှ အသီးသီးမှာယူတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ရှစ်ဆယ်ကျော်တင်သွင်းခဲ့ပြီး ဒီတစ်ပတ် တန်ချိန် ၃၄ တန်သာ တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့ဆီ၊နို့စိမ်း၊နို့မှုန့် ယခုအပတ်အသွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၂၄ သန်း တန်ဖိုးရှိ နို့ဆီ ၂၆ တန် (၁၃၅၀ တာ) နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၃၁ သန်းတန်ဖိုးရှိ နို့စိမ်း ၃၂ တန် (၁၇၀၀ တာ) အသွင်းရှိခဲ့ပြီး ယခင်အပတ်က ထက် နို့ဆီ ၁၂ တန်နဲ့ နို့စိမ်း ၁၈ တန် လျော့နည်း တင်သွင်းခဲ့ပါတယ်။ ယခု အပတ် မူဆယ်နယ်စပ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၅၄ သန်းတန်ဖိုးရှိ လိပ်ပြာ ၂ ကောင်တံဆိပ် နို့မှုန့် ၄၀၀ ဂရမ်ပါ အထုပ် ၁၉ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နို့မှုန့်တင်သွင်းမှုမရှိဘဲ ယခုအပတ်မှာ အသွင်းရှိတာ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၈၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၃၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၄၀ ၆၈၀အိုကေ( နို့ဆီ) ၆၆၀ ၆၈၅အိုကေ( နို့စိမ်း) ၆၆၀ ၆၈၅ဟက်ပီးကောင်း( နို့ဆီ) ၆၀၀ -MIRT (DOT)
ထိုင်းနဲ့ စင်ကာပူမှ ဘိလပ်မြေတင်သွင်း စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ဘိလပ်မြေ ၇၉၆၇ ဒသမ ၁၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းခုနစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံမှ စိန်တံဆိပ် ဘိလပ်မြေ ၃၂၀၀ တန်၊ စင်ကာပူနိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေ တန်ချိန် ၃၀၀၀၊ အခြားတံဆိပ်ဘိလပ်မြေတန်ချိန် ၁၇၆၇ ဒသမ ၁၀ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သောင်းသုံးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တန်ချိန်ထက်ဝက်မျှ လျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၁၃၀၀ ကျော်အသွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၀ ဒသမ ၁၁၇ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၃၆၉ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၆၈ တန် အသွင်းပိုခဲ့ပါတယ်။ တာချီလိတ်နဲ့ မြိတ်နယ်စပ်စခန်းများမှ အသွင်းပိုမိုခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၈၁၉ တန်ခန့်၊ ကန်ပိုက်တီးမှ တန် ၂၀၀ နဲ့ မြိတ်မှ တန် ၃၅၀ အသီးသီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ်ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၉၀၀ ၅၈၀၀ ဘိလပ်မြေ (AAA) ၅၂၀၀ ၅၁၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၀၀၀ ၄၉၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၀၀၀ ၄၀၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၂၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၅၀၀၀ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၅၀၀ ၅၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅၀၀ ၆၅၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၀၀ ၃၆၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၄၉၅၀ ၄၉၅၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၇၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ MIRT(MAPT)