Background
်ပုံမှန်အဝင်ရ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၈၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄ဝ၈၄ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ တရုတ်နိုင်ငံက ယူရီးယား (ရွှေတောင်တံဆိပ်) ကွန်ပေါင်းဓာတ်မြေသြဇာတန်ချိန် ၆၈ဝ၊ တန်ဖိုး ကန်ဒေါ်လာ ၁၇၆၈ဝဝ ဖိုးနဲ့ ဘူဂေးရီးယားနိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၂၁၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၆၄ဝ၄ဝ ဖိုးကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တော့ ဓာတ်မြေသြဇာတန်ချိန် ၁၉ဝဝ ကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ အဝင်နည်းနည်းလျော့နည်းချိန်ဆကာ တင်သွင်းလာခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ လည်း မြေဆီဓာတ်မြေသြဇာကို နယ်စပ်လမ်းကနေသာမက ရေကြောင်းလမ်းကပါ အပတ်စဉ် စဉ်ဆက်မပြတ် စိုက်ပိုျးရေးသွင်းအားစုအဖြစ် အားဖြည့်တင်သွင်းလျက် ရှိနေပါတယ်။ MIRT (DOT) မူဆယ်နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၁၁ဝဝ ခန့်တင်သွင်း ဒီဇင်ဘာလ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ် ရေးဇုန်၊ ရိဒ်၊ တာချီလိတ်နဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၅၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၁၇၃၃ တန်ခန့်တင်သွင်းနိုင် ခဲ့ပါတယ်။ ယခင်အပတ်က ၇၉၄ဝ တန်သာ တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ၃၇၉၂ တန်ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ် ရေးဇုန်တစ်ခုတည်းရဲ့ တင်သွင်းမှုပမာဏဟာ တန်ချိန် ၁ဝ၉၅၅ ရှိခဲ့ပါတယ်။ မူဆယ် နယ်စပ်ကနေ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား ၈၁၅၆ တန်၊ တြိုင်စူပါဖော့စဖိတ် ၉၁၈ တန်နဲ့ ကွန်ပေါင်း NPK ၁ဝး၁ဝး၅ ၅၆၈ တန်ကျော် ပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးရာသီရောက်ပြီဖြစ်လို့ ဓာတ်မြေသြဇာတင်သွင်းမှု အရှိန် ပြန်ရနေတာလို့ တာချီလိတ်နယ်စပ်ကနေ ဓာတ်မြေသြဇာ တင်သွင်းသူတစ်ဦးထံမှ= သိရပါတယ်။ တာချီလိတ်မှ ကွန်ပေါင်းဓာတ်မြေသြဇာတင်သွင်းခဲ့ပြီး တမူးမှ ပို တက်ရှ်နဲ့ ရိဒ်မှ ပိုတက်ရှ်နဲ့ယူရီးယားတို့တင်သွင်းနေတာဖြစ်ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁ဝ၉၅၅ တန်၊ ရိဒ်မှ တန် ၇ဝဝ ကျော်၊ တာချီလိတ်မှ ၄၂ တန်နဲ့ တမူးမှ ၃၅ တန်ဖြစ်ပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂၁ဝဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂ဝဝဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၃၆ဝဝ တီစူပါ(မြှား-တရုတ်) ၂၂၉ဝဝ ပိုတက်(အိန္ဒိယ) ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၆ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၁၉၄ဝဝ တီဆူပါGTSP 46% ၂၁၁ဝဝ တီဆူပါGSSP 16% ၉၁ဝဝ တီဆူပါGSSP 12% ၈၅ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၈ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ် (တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၃ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၃ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅ဝဝ တီဆူပါ-(တရုတ်) 12% ၈၅ဝဝ တီဆူပါ-(တရုတ်) 16% ၉၇ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၃၇ဝဝ ပိုတက်(တရုတ်) ၁၉၇ဝဝ ဓာတ်ဆား (တရုတ်) ၁၃ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄ဝ၅ဝဝMIRT (MAPT)
World Metal Price (US$) Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz20-December 29.32 2311.68 2351.55 9357.38 1711.0021-December 29.31 2328.03 2363.42 9405.98 1709.0022-December 29.36 2328.26 2328.26 9512.16 1727.0023-Dcember 29.33 2336.99 2440.03 9485.73 1727.0024-December 29.29 2330.72 2341.47 9529.63 1731.00Source:kitco.com
နယ်စပ်ငွေလဲလှယ်နှုန်း ဒီဇင်ဘာ ၂ဝ၁ဝ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)20 6 .68 30.18 70.90 45.4021 6.66 30.14 70.45 45.2022 6 .65 30.10 70.45 45.1523 6 .65 30.17 70.65 45.0924 6.63 30.11 70.65 45.22
Energy NYMEX 24-12-2010 Price Change Change %Brent Crude Futr (USD/bbl) 94.730 0.480 0.51Gas Oil Fut (ICE) (USD/MT) 785.750 1.250 0.16Gasoline Rbob Fut (Cent/gal) 254.080 1.230 0.49Heating Oil Futr (Cent/gal) 244.260 1.810 0.75Natural Gas Futr (USD/MMBtu) 4.080 -0.069 -1.66WTI Crude Future (USD/bbl.) 91.310 1.030 1.14
World Gold PriceDecember 2010 (USD/OZ)Date NY London Zurich20 1382 1384 138421 1382 1384 138422 1385 1386 138723 1383 1383 138424 1380 1382 1383Domestic Gold Price Kyats(Thousand)Date Yangon Mandalay20-12-2010 660.00 659.7021-12-2010 659.70 659.2022-12-2010 660.20 659.5023-12-2010 658.50 657.6024-12-2010 654.80 654.20
Currency Exchange Rate December 17, 2010 Base Currency is United States Dollar - USDCurrency Unit Units per USDAUD Australia Dollars 1.00BDT Bangladesh Taka 70.65CAD Canada Dollars 1.01CNY China Yuan Renminbi 6.63EUR Euro 0.76HKD Hong Kong Dollars 7.78INR India Rupees 45.22IDR Indonesia Rupiahs 9035.00JPY Japan Yen 82.96MYR Malaysia Ringgits 3.09PKR Pakistan Rupees 85.80PHP Philippines Pesos 44.04RUB Russia Rubles 30.59SGD Singapore Dollars 1.30KRW South Korea Won 1149.42LKR Sri Lanka Rupees 111.17THB Thailand Baht 30.19GBP United Kingdom Pounds 0.65VND Vietnam Dong 19490.00 Source : xe.com
ရွှေဈေးကွက်အတွင်း ပစ္စည်းပေါပေါများများနှင့် အရောင်းအဝယ်ရှိနေ ရန်ကုန် ရွှေဈေးကွက်အတွင်း အခေါက်ရွှေပစ္စည်း ပေါပေါများများဖြင့် အရောင်းအဝယ်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ''ဒီဇင်ဘာလ တတိယပတ်အနေ အထားမှာ အခေါက်ရွှေပစ္စည်း ပေါပေါ များများနဲ့ အရောင်းအဝယ်ရှိနေတယ်။ ရောင်းတဲ့သူများပြီး ပစ္စည်းများနေတာ၊ ဒါကြောင့် မန္တလေးဘက်ကလည်း ရွှေ အဝင်မရှိသလောက်ဘဲ။ကျပ် ၆၇ဝဝဝဝ လောက်မှာ ရောင်းကြ၊ ဝယ်ကြလုပ်ခဲ့ ကြတဲ့အရပ်ဝယ်လက်တွေလဲ ၆၆ဝဝဝဝ စွန်းစွန်းမှာ ဝယ်ဖြည့်ထားခဲ့ကြတော့ ဈေးကွက်မှာ အရောင်းအဝယ်ပါးတယ်။ ကမ္ဘာ့ဈေး တက်သလောက် ပြည်တွင်း ပေါက်ဈေးက မလိုက်နိုင်ဘူး။ ခရစ္စမတ် မတိုင်မီအတွင်းမှာ ဈေးကွက်ခပ်ငြိမ်ငြိမ် သွားလိမ့်မယ် ခန့်မှန်းပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ ရွှေကုန်သည်တစ်ဦးက ပြော ကြားသည်။ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၆၅၉၆ဝဝ-၆၅၈၈ဝဝ) ကျပ် ဖြစ်ခဲ့ပြီး၊ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၃၈၆-၁၃၈၁ ဒေါ်လာ ဖြစ်ပေါ်ခဲ့ သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ဥရောပကြွေးမြီပြဿနာနဲ့ ဒေါ်လာတန်ဖိုးကျဆင်းမှုက ရွှေဈေးကို တွန်းတင် နှစ်ပတ်ကြာ ကျဆင်းသွားခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စပြီး ပြန်လည်အားကောင်းလာခဲ့ပါတယ်။ ကျဆင်းခဲ့တဲ့ဈေးနှုန်းက ရွှေဝယ်ယူသူ များနဲ့ ရင်းနှီးမြူပ်နံှသူများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဈေးနှုန်းပြန်မြင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီဇင်ဘာ ၂ဝ ရက်နေ့ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁းဝ၃ နာရီက ချက်ချင်း အရောက်ပို့ရွှေဈေးနှုန်းက တစ်အောင်စကို သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်မားကာ ၁၃၈၂ ဒသမ ၃၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုနှစ်အတွင်း ရွှေဈေးက ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁ဝ နှစ်ဆက်တိုက် ဈေးမြင့်မားခြင်းဖြစ်ကြောင်း၊ ဥရောပြွေကးမြီပြဿနာနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုတို့က ရွှေဈေးကို မြင့်မားစေခဲ့ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က တစ်အောင်စကို ၁၄၃၁ ဒသမ ၂၅ ဒေါ်လာအထိမှတ်တမ်းတင်ဖွယ်မြင့်မားခဲ့တယ်။ ကိုရီးယား ကျွန်းဆွယ်နိုင်ငံရေးတင်းမာမှုကလည်း ရွှေဈေးနှုန်းကို တွန်းအားပေး ဖွယ်ရှိကြောင်း သိရပါတယ်။ှSource:bloomberg.com, ပပ
ဓာတ်ဆီကို သတ်မှတ်ဂါလန်နှုန်းဖြင့် ရောင်းချနေ ယခုရက်ပိုင်းအတွင်းမှာ ဓာတ်ဆီလာထုတ်တဲ့ကားတွေ ပိုများလာတာကို တွေ့ရပါတယ်လို့ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ ဆိုင်အမှတ် (ဝဝ၁)၊ 'ထူး' စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်တာဝန်ခံ ဦးမြင့်ဆွေက ဒီဇင်ဘာ ၁၆ ရက် က ၎င်းဆိုင်ကိုရောက်ရှိခဲ့ချိန်မှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ အဲဒီဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ဇွန်လ ၁ဝ ရက်ကနေ ယနေ့ အချိန်ထိ ဓာတ်ဆီဈေးနှုန်းကို ပြောင်းလဲမှုမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီ အချိန်ကဆိုရင် စွမ်းအင်ဝန်ကြီးဌာနနဲ့ ထူးရုံးချုပ်တို့က ချမှတ်ထားတဲ့ မူအတိုင်း ဆိုင်မှာ ဆီလာထုတ်တဲ့ကားတွေကို သူတို့လိုသလောက် ရောင်းချပေးခဲ့တယ်လို့ လည်း သိရပါတယ်။ ဒီလိုရောင်းချပေးရာမှာ တစ်ရက်ကို ဓာတ်ဆီဂါလံ ၃ဝဝဝ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမိုျးတစ်ရက်မှာ ကားတစ်စီး ဓာတ်ဆီဘယ်လောက်ပဲ ထုတ်ခွင့်ရှိတယ်လို့ စတင်သတ်မှတ်ချိန်က ဆိုင်မှာဆီလာထုတ်တဲ့ကား နည်းတဲ့အတွက် နိုဝင်ဘာ ဒုတိယပတ်အထိ ကားတစ်စီးကို ၈ ဂါလန်ရောင်းချပေးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ဒုတိယပတ်နောက်ပိုင်းမှာ ဓာတ်ဆီထုတ်တဲ့ကား များလာတဲ့အတွက် ကားတစ်စီး တစ်ရက် ၄ ဂါလန်နှုန်းကို ပြောင်းလဲလိုက်ရတယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။ ဒါပေမယ့် လေးဘီးကားလေးတွေကိုတော့ ၂ ဂါလန်သာ ရောင်းချပေးကြောင်းကို လည်း ဦးမြင့်ဆွေ က ပြောပါတယ်။ ဘုရားဖူးယာဉ်တွေကိုတော့ ၆ ဂါလန်အထိ ရောင်းချပေးပြီး ခရီးစဉ်လမ်းကြောင်းအတွက် ကားတွေကို ၈ ဂါလန်အထိ ရောင်းပေးတယ်လို့လည်း ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း ဓာတ်ဆီထုတ်တဲ့ကား များလာတာဟာ တစ်ဂါလန် ကျပ် ၂၅ဝဝ ဖြစ်လို့ လမ်းဘေးဆိုင်တွေထက် ဈေးသက်သာတာကတစ်ကြောင်း၊ ဆီရဲ့ စွမ်းအားပြည့်ဝတာကြောင့် တစ်ကြောင်း၊ ဝယ်ယူတဲ့ဂါလန်ကို အပြည့်အဝ ရရှိလို့ကြောင့်တစ်ကြောင်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ဆိုင်မှာ ဓာတ်ဆီလာထုတ်တဲ့ကား ၅၈ဝ စီးရှိခဲ့တာမှာ ဂါလန် ၂၂ဝ၈ ရောင်းချခဲ့ရ တယ်လို့ ဦးမြင့်ဆွေက ပြောသွားခဲ့ပါတယ်။ ဝင်းဦး
ဒီဇယ်ဆီအဝင်တန်ချိန် ငါးသောင်းနှစ်ထောင်ရှိ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလ အတွင်း ဒီဇယ်ပီပါ သုံးသိန်းကိုးသောင်းကျော်၊ တန်ချိန်အားဖြင့် ငါးသောင်း နှစ်ထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ရဲ့ ဒီဇယ်ဆီအဝင်မှာ တန်ချိန် သုံးသောင်းလေးထောင်ကျော် ရှိခဲ့တာမို့ ဒီတစ်ပတ် ဒီဇယ်အဝင်နဲ့ယှဉ်ရင် တန်ချိန် တစ်သောင်းရှစ်ထောင်ကျော် ပိုမိုတင် သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT-DOT နယ်စပ်မှ ဒီဇယ်ဆီတင်သွင်းမှု ယခင်အပတ်ကထက်ပို ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၆၃ဝ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၁ဝ၅၂၄ ဂါလန်နဲ့ ကန်ဒေါ်လာ ၃၄၆၄၃ တန်ဖိုးရှိ ဓာတ်ဆီ ၁၇၈၉၅ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ဓာတ်ဆီကို တာချီလိတ် နယ်စပ်မှ တင်သွင်းခဲ့ပြီး ဒီဇယ်ဆီကို ကန်ပိုက်တီးမှ ၁ဝ၅ဝ ဂါလန်နဲ့ တာချီလိတ်မှ ၃ဝ၉၄၇၄ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ တင်သွင်းမှု ဂါလန် ၅၁၁ဝဝ ကျော် လျော့နည်းတင်သွင်းခဲ့သော်လည်း ဒီဇယ်ဆီ ၁၄၇၁ဝဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT(DOBT)လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဒီဇင်ဘာ ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂ဝ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝ၂၁ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝ၂၂ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝ၂၃ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝ၂၄ ၃၃ဝဝ ၃၄ဝဝ ၂၉ဝဝ ၃၃ဝဝMIRT-DOT