Background
ကုလား ပဲဈေးလည်း အနည်းငယ်အေး အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ကုလားပဲအဝယ်အေး တာကြောင့် ဈေးလည်းအေးနေပါတယ်။ ရာဂျက်စသန်မှာ ကုလားပဲစိုက်ဧက အနည်းငယ်လျော့တယ်လို့ ခန့်မှန်းကြပေမဲ့ ယခုနှစ် အထွက်နှုန်းကောင်းခြင်းကတော့ စိုက်ဧကလျော့ကျမှုကို ကာမိစေ နိုင်မယ်လို့ ဈေးကွက်ကခန့်မှန်းကြပါတယ်။ ABARE ရဲ့ နောက်ဆုံး အစီရင်ခံစာအရ သြစတြေးလျနိုင်ငံမှာ ရာသီဥတု ပုံမှန်မဟုတ်တာ ကြောင့် ၂ဝ၁ဝ-၂ဝ၁၁ ကုလားပဲထွက်ရှိမှုဟာ ယခင်နှစ်ထက်တန်ချိန် ၂၇ဝဝဝ ကျော်လျော့ကျပြီး တန်ချိန် ၃ ဒသမ ၇၆ သိန်းသာ ထွက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သီးနံှပျက်စီးတဲ့ သတင်းတွေအရ ဝယ် လက်များ ပိုမိုဝယ်ယူမယ့်အလားအလာရှိလို့ လာမယ့်ရက်တွေမှာ ဈေးအနည်းငယ်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၁၆ .၁၂ .၁ဝ ၁၅ .၁၂ .၁ဝ ၁၄ .၁၂ .၁ဝ ၁၃ .၁၂ .၁ဝမွန်ဘိုင်း ၅၄၁ ၅၄၁ ၅၄၉ ၅၄၆ဒေလီ ၅၃၅-၅၃၆ ၅၃၅-၅၃၆ ၅၃၃ ၅၃ဝကန်ပါ ၅၄၆ ၅၄၅ ၅၄၇ ၅၄၃
အိန္ဒိယနိုင်ငံ အချို့ပြည်နယ်တွေမှာ ပုံမှန်မဟုတ်တဲ့မိုးရွာသွန်းမှု ကြောင့် သီးနံှအချို့ပျက်စီးမှုတွေဖြစ်လို့ ဟင်းသီးဟင်းရွက်ဈေးတွေ မြင့်လာတဲ့အတွက် ဒီဇင်ဘာလ ၄ ရက်မှာ ပြီးဆုံးတဲ့ သီတင်းပတ် အတွင်း စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုဟာလည်း ၂ ပတ်မြောက် အဖြစ် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက်က ၂ ရာခိုင်နှုန်း၊ ကုလားပဲက ၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။ မတ်ပဲဈေး ဆင်းနေဆဲ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ မတ်ပဲဈေးက ယခင်အပတ် ကထဲက ဆက်တိုက်ဆင်းလာခဲ့သလို ဒီတစ်ပတ်မှာလည်း ဆင်းနေဆဲ ဖြစ်တာတွေ့ရပါတယ်။ ဒေစီမတ်ပဲကို အဝယ်မရှိသလို မြန်မာမတ်ပဲ ကိုလည်း အဝယ်နည်းတာကြောင့် ခုလိုဈေးကျဆင်းနေတာဖြစ်တယ် လို့သိရပါတယ်။ ဒါ့အပြင် အတ္တရာပရာဒေ့ရှ်မှာ ဆောင်းမတ်ပဲ စိုက် ပိုျးပြီးစီးမှုဟာ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ဟက်တာ ၁ ဒသမ ၈၂ သိန်းရှိပြီဖြစ်လို့ ယခင်နှစ်ကာတူဟက်တာ ၁ ဒသမ ၆၂ သိန်း ထက် ပိုနေပါတယ်။ ဈေးကွက်ထဲကိ ဝင်ရောက်လာတဲ့ အရည်အသွေး နိမ့် မတ်ပဲများကိုလည်း ဈေးပေးဝယ်ယူကြခြင်းမရှိဘူးလို့ သိရပါ တယ်။ ဒါပေမဲ့လည်း အရည်အသွေးကောင်းမတ်ပဲကို ဝယ်လိုအား ကောင်းနေတာကတော့ ဈေးနှုန်းအထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၁၆ .၁၂ .၁ဝ ၁၅ .၁၂ .၁ဝ ၁၄ .၁၂ .၁ဝ ၁၃ .၁၂ .၁ဝမွန်ဘိုင်း ၈၃၈ ၈၃၈ ၈၆၆ ၈၇၈ဒေလီ ၈၃၈ ၈၆၁ ၈၈၉ ၈၈၄ချန်နိုင်း ၈၈၃-၁၁၁၄ ၉၁ဝ-၁၁၃၆ ၉၁၆-၁၁၆၆ ၉၁၇-၁၁၆၆
ပြည်တွင်းနို့ဆီလက်ကားဈေး ကျပ်/ တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၃၅ ၆၅ဝဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်၊နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၆၇ဝ ၇၁၅ ဒွန်း( နို့စိမ်း) ၆၅ဝ ၆၇၅ ၤေူခသည နို့ဆီ ၆ဝဝ ၆၁၅ မာရီဂိုးနို့ဆီ ၆၃ဝ ၆၄၅ အိုကေနို့ဆီ ၆၇ဝ ၆၈၅ MIRT (DOT)
နို့စိမ်းအဝင်ပါးနေ ပြည်တွင်းကို ပင်လယ်ရေကြောင်း လမ်းကနေ ဒီဇင်ဘာ ၆ရက်မှ၁၂ ရက် တာကာလအတွင်း နို့ဆီတန်ချိန် ၃ဝ၁ ဒသမ ၁၁၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၈၁၂၂၇ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ ကုန်သွယ်ဘက် နိုင်ငံကတော့ ဖောက်သည်စင်ကာပူ နိုင်ငံပဲဖြစ်ပါတယ်။ နို့စိမ်းကတော့ အဝင် မရှိခဲ့ပါဘူး၊ ယခင်သီတင်းပတ် နို့ဆီ အဝင်မှာ တန်ချိန် ၃၆၃ဒသမ ၆၃ တန် ရှိခဲ့တာမို့ ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၆ဝ ကျော် လျော့နည်းပြီး တင် သွင်းလာတာ တွေ့ရပါတယ်။ နို့မှုန့်အဝင်ကတော့ နယူးဇီလန် နိုင်ငံဘက်မှ တန်ချိန် ၁၂၉ ဒသမ ၇၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၃၁၈ဝ၁ဖိုးကိုတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်နို့မှုန့်အဝင်က တန်ချိန် ၈၆ တန်ရှိခဲ့တာကြောင့် ဒီသီတင်းပတ် မှာ တန်ချိန် ၄၃ ဒသမ ၇၅ တန် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့စိမ်းတင်သွင်းမှု နှစ်ဆကျော်ပိုမို ယခုအပတ်မှာ ကော့သောင်းနယ် စပ်မှ နို့စိမ်း ၁၈၁တန် (၉၅၅၃ကာတွန်း) တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်က တင်သွင်းမှုရဲ့ နှစ်ဆကျော် ပိုမိုတာ တွေ့ရပါတယ်။ ယခင်အပတ်က ၈၄ တန် (၄၄၃၇ ကာတွန်း) တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ကော့သောင်းမှာ နို့စိမ်း ၁ ကာတွန်းကို ၁၇ဝဝဝ ကျပ်နဲ့ ရနောင်း မှာ ဘတ် ၅ဝဝ ပေါက်တယ်လို့ သိရပါ တယ်။ နို့ဆီတင်သွင်းမှုကတော့ ၃ ဆခွဲ နီးပါးတင်သွင်းမှု လျော့နည်းတာ တွေ့ရပါတယ်။ ယခုအပတ်မှာ ၃၄ တန် (၁၇၆၆ကာတွန်း)ကန်ဒေါ်လာ ၂၈၂၅၆ ဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်က ကာတွန်း ၆၄ဝဝ နီးပါး တင် သွင်းခဲ့တာဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံ ရောင်းလိုအား မိမိဘက် ဝယ်လိုအား အရ တင်သွင်းမှု လျော့ကျတာဖြစ်ပါ တယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ နို့မှုန့် တင်သွင်းနိုင်ခြင်း မရှိပါဘူး။ MIRT(DOBT)
်ဘိလပ်မြေအသွင်း ပို ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၇၁၂၄ ဒသမ ၉၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဒသမ ၂၈ သန်းဖိုးကို ပင်လယ် ရေကြောင်းလမ်းကနေ တင်သွင်းလာပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့ ထိုင်း နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေ၊ စိန်တံဆိပ်ဘိလပ်မြေ၊LION(RED) ဘိလပ် မြေ၊MOUNTAIN ဘိလပ်မြေ စတဲ့ဘိလပ်မြေမျိုးစုံ တန်ချိန် စုစုပေါင်း ၂၇၁၁၅ ဒသမ ၇ တန်နဲ့ သြစတြေးလျနိုင်ငံဘက်မှ ဘိလပ်မြေတန်ချိန် ၉ ဒသမ ၂၈ တန် ကို စမ်းသပ်တင်သွင်းလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေ အဝင်မှာ တန်ချိန်ခြောက်ထောင်ကျော်ကျော်သာ အသွင်းရှိခဲ့တာကြောင့် ဒီတစ် ပတ်ဈေးကွက်အဝင်က တန်ချိန်နှစ်သောင်းကျော် ပိုမိုတင်သွင်းခဲ့ကာ ဈေးကွက် အတွင်း ဖြန့်ဖြူးမှုပိုမိုခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ မှန်မှန်ပဲ တင်သွင်းမှုရှိနေ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကော့သောင်း၊ တာချီလိတ်နဲ့ မောင်တောနယ်စပ်စခန်းများမှ ဘိလပ်မြေ ၂၇၅၇ တန် ကျော် ကန်ဒေါ်လာ ဝ ဒသမ ၂၇၄ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဘိလပ်မြေ ၂၈၁ဝ တန်တင်သွင်းတယ်လို့ သိရပါတယ်။ တာချီလိတ် နယ်စပ်မှာတော့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေများ ယခင် အပတ်ကထက် ၃၄၅ တန် ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၉၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၈၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(AAA) ၅၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(ွှTPI)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၇ဝဝ ဘိလပ်မြေ(နှင်းတောင်) ၆၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(ူLucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၆၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉၂၅ ဘိလပ်မြေ(စိန်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
တရုတ်ဘက်က အဝင်အားသာ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာ ၆ရက်မှ ၁၂ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၉၇ဝ ဒသမ ၂ဝတန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ဝ၂၈၅၈ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေကတော့ ထိုင်းနိုင်ငံဘက်မှ တန်ချိန် ၇၂ဝ၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာတန်ချိန် ၁ဝဝ၊ တရုတ်နိုင်ငံဘက်မှ အမိုးနီးယမ်းဆာလဖိတ် ဓာတ်မြေသြဇာတန်ချိန် ၈၈ဝ နဲ့ ကိုရီးယားနိုင်ငံဘက်မှ အမိုးနီးယားဓာတ်မြေသြဇာတန်ချိန် ၂၇ဝ တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဓာတ်မြေသြဇာ အဝင်ပါးသွားခဲ့ပေမဲ့ ဒီတစ်ပတ်မှာ နယ်စပ်ကသာမက ပင်လယ်ရေကြောင်းကပါ တရုတ်နိုင်ငံဘက်ကမြေဆီတွေ အဝင်အားကောင်းကောင်းနဲ့ ပြန်လည်တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်စခန်များမှ ဓာတ်မြေသြဇာတန်ချိန် ၈ဝဝဝ နီးပါးတင်သွင်း ဒီဇင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ်၊ ကော့သောင်း၊ တာချီလိတ်နဲ့ ရိဒ်နယ်စပ်များမှ ဓာတ်မြေသြဇာ ၇၉၄ဝတန် ကန်ဒေါ်လာ ၁ဒသမ ၅၆ သန်း တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ရိဒ်၊ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁၂၆၆၆ တန် တင်သွင်းခဲ့တဲ့ အတွက် ယခုအပတ်မှာ တန်ချိန် ၄၇ဝဝ နီးပါး တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ခရစ်စ္စမတ်နဲ့ နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်တဲ့အတွက် လိုင်စင်လက်ကျန်များ ကိုသာချိန်ပြီး သွင်းနေကြရခြင်း၊ ရိဒ်နယ်စပ်မှာတော့ တစ်ဖက်နိုင်ငံမှာ ပစ္စည်းအဝင် နည်းခြင်းတို့ကြောင့် တင်သွင်းမှု လျော့နည်းရခြင်းဖြစ်ပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂ဝ၃ဝဝ တီစူပါ(သံကွင်း-တရုတ်) ၂ဝ၅ဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၈ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၈၂ဝဝ တီစူပါGTSP 46% ၁၉၇ဝဝ တီစူပါGSSP 16% ၈၄ဝဝ တီစူပါGSSP 16% ၇၈ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၅၅ဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ် (တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၃ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅ဝဝ တီဆူပါ-(တရုတ်) 12% ၉ဝဝဝ တီဆူပါ-(တရုတ်) 16% ၉၅ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၃၄ဝဝ ပိုတက်(တရုတ်) ၁၂၇ဝဝ ဓာတ်ဆား (တရုတ်) ၂ဝ၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄ဝ၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၆၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၄ဝဝဝ တီစူပါ(တရုတ်)သံကွင်း ၄၆% ၂၂၅ဝဝ တီစူပါ(တရုတ်) မျှား ၄၆% ၂၂ဝဝဝ တီစူပါ(တရုတ်) မျှားကမ္ဘာ ၁၆% ၁၂ဝဝဝMIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz13-December 28.88 2372.16 2324.90 9303.62 1685.0014-December 29.83 2385.60 2331.39 9389.86 1704.0015-December 29.19 2318.18 2328.26 9300.03 1697.0016-Dcember 29.09 2298.46 2304.74 9175.94 1694.0017-December 29.14 2303.39 2323.55 9269.57 1699.00Source:kitco.com
Energy NYMEX 17-12-2010 Price Change Change %Brent Crude Futr (USD/bbl) 92.000 0.400 0.44Gas Oil Fut (ICE) (USD/MT) 768.750 -0.500 -0.07Gasoline Rbob Fut (Cent/gal) 248.430 0.800 0.32Heating Oil Futr (Cent/gal) 231.530 1.100 0.48Natural Gas Futr (USD/MMBtu) 4.020 -0.027 -0.67WTI Crude Future (USD/bbl.) 88.190 0.490 0.56
နယ်စပ်ငွေလဲလှယ်နှုန်း ဒီဇင်ဘာ ၂ဝ၁ဝ (၁ှ့$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)13 6 .66 30.07 70.75 45.2114 6.66 30.04 70.55 45.0115 6 .66 30.09 70.65 4528016 6 .66 30.09 70.53 45.3717 6.67 30.11 70.65 45.37
World Gold Price December 2010 (USD/OZ)Date NY London Zurich13 1384 1385 138614 1399 1401 140115 1384 1386 138816 1379 1380 138017 1373 1375 1375Domestic Gold Price Kyats(Thousand)Date Yangon Mandalay13-12-2010 663.30 662.7014-12-2010 663.50 663.5015-12-2010 663.00 662.6016-12-2010 661.00 661.0017-12-2010 661.00 660.70