Background
အိန္ဒိယနိုင်ငံရဲ့ အောက်တိုဘာလ ၁၆ ရက်မှာ ကုန်ဆုံးတဲ့ သီတင်း ပတ်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ညွှန်းကိန်းဟာ ၁၃ ဒသမ ၇၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက် ဈေးနှုန်းက ၄ ရာခိုင်နှုန်း၊ ပဲနီလေးနဲ့ မတ်ပဲဈေးက ၁ ရာခိုင်နှုန်းစီ ကျဆင်းခဲ့ပေမဲ့ ငါး၊ ပဲစင်းငုံကတော့ ၄ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့တယ် လို့ သိရပါတယ်။ မတ်ပဲဈေး အပြောင်းအလဲရှိနေ အိန္ဒိယပြည်တွင်း ပဲဈေးကွက်များမှာ မတ်ပဲဈေးက အပြောင်းအလဲ အတက်အကျရှိနေပါတယ်။ သီတင်းပတ်အစပိုင်းမှာ အရောင်း အဝယ်ထိုင်းတာကြောင့် ဈေးလျော့ကျခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာ တော့ ပဲဈေးကွက်တွေကို ပဲဝင်ရောက်မှု နှေးကွေးတာရယ်၊ အနိမ့်ဈေးနဲ့ အဝယ်ရှိနေတာရယ်ကြောင့် ဈေးပြန်လည်မာလာခဲ့ပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ စာရင်းအရ မတ်ပဲ စိုက်ဧရိယာ ဟက်တာ ဝ ဒသမ ၁၉၄ သိန်းရှိလို့ ယခင်နှစ် ကာလတူ ဟက်တာ ဝ ဒသမ ၁၆ သိန်းထက် တိုးတက်နေပါတယ်။ လက်ရှိရာသီအတွင်း ပဲမျိုးစုံထွက်ရှိမှုက ယခင်နှစ်ကထက် ၂၅ ရာခိုင် နှုန်း-၃ဝ ရာခိုင်နှုန်းပိုမိုမယ်လို့ ခန့်မှန်းထားကြခြင်းကြောင့် ကာလတို အတွင်း ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂၈ .၁ဝ .၁ဝ ၂၇ .၁ဝ .၁ဝ ၂၆ .၁ဝ .၁ဝ ၂၅ .၁ဝ .၁ဝမွန်ဘိုင်း ၈၈၈-၈၉၉ ၈၈၇ ၉ဝဝ ၉ဝ၂ဒေလီ ၉၁ဝ ၈၈၇ ၉ဝဝ ၉ဝ၂ချန်နိုင်း ၉၆၇-၁၁၂၉ ၉၅၅-၁၁၁၂ ၉၄၅-၁၁ဝ၃ ၉၅၈-၁၁၁၆
ပြည်တွင်း ရွှေဈေးများ ပြန်လည် ကျဆင်းလာနိုင် ယခုအခါတွင် ရွှေဈေးကွက်မှာ ကမ္ဘာ့ရွှေဈေးများလည်း ကျဆင်းလျက်ရှိရာ ပြည်တွင်းရွှေဈေးမှာလည်း ထပ်မံ ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း စီအမ် စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောကြား သည်။ ''ကမ္ဘာ့ရွှေဈေးက တစ်ပတ်၊ တစ်ပတ်ကို သိသိသာသာ ကျဆင်းလာ တယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဒီ တစ်ပတ်က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂ဝ ဝန်းကျင်လောက် ကျဆင်းသွားတယ်။ ကမ္ဘာ့ရွှေဈေးက ဆက်တိုက် ကျဆင်းနေပေမယ့် ပြည်တွင်းရွှေဈေးကတော့ ၆ သိန်းခွဲ ဝန်းကျင်မှာပဲဈေးကစားနေတယ်။ အတက် အကျကလည်း လေးငါးထောင် ဝန်းကျင်လောက်ပဲရှိတယ်။ ဈေးအီနေတာ၊ ကမ္ဘာ့ရွှေဈေး ခုလိုကျဆင်းလာတဲ့အတွက် ပြည်တွင်းရွှေဈေးကလည်း ပြန်ကျလာနိုင်တယ်။ အရောင်းအဝယ်က တော့ ထူးထူးခြားခြား သိပ်မရှိသေးဘူး၊ ပုံမှန်ပဲသွားနေတယ်''ဟု ဦးရွှေကြည်က ပြောသည်။ ရွှေဈေးနှုန်းများမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၁၃၂၅ ၊ ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၃ဝဝဝ ကျပ် ဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ဈေးပိတ်ခဲ့ကြောင်းသိရသည်။ မင်းးသန့််
စိန်ကျင်ဖြူဈေးနှုန်းများ ၁၀ ရာခိုင်နှုန်း ဈေးပြန်ကျလာ ပြည်တွင်းစိန်ဈေးကွက်အတွင်း အရောင်းအဝယ်များအေးနေပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းများပါ ကျဆင်းလာသောကြောင့် စိန်ကျင်ဖြူဈေးနှုန်းများမှာ ၁ဝ ရာခိုင် နှုန်းဝန်းကျင်ကျဆင်းလာကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောသည်။ ''အခုလို ဈေးကျသွားတာ အဓိကက ဝယ်လိုအားမရှိလို့ ကျင်ဖြူကလည်း အဓိကမြန်မာပြည်မှာပဲ သုံးတာ၊ ခုအရောင်းအဝယ်လည်း အေးနေ၊ ဈေးကလည်း ပြန်ကျလာတဲ့အတွက် စိန်ဝယ်ထားတဲ့ သူတွေပြန်လာရောင်း ရင် ၃၅ ရာခိုင်နှုန်း ဖြတ်ပြီးမှ ပြန်ဝယ်တယ်။ ဘယ်သူကမှ ဒီလောက်အရှုံးခံပြီး ပြန်မရောင်းဘူး၊ စိန် အသန့်ကတော့ ဈေးမကျဘူး။ ဈေးမကျတာက ပစ္စည်းကလဲသိပ်မထွက်ဘူး။ အခု အချိန်မှာတော့ ဈေးကြီးကြီးနဲ့ မြကွပ်ရောင်းတဲ့သူလောက်ပဲ ဝယ်နိုင်တယ်။ သာမန်အခြေအနေကတော့ သိပ်မဝယ်နိုင်ဘူး။ ပွင့်လင်းရာသီလက်ထပ်ပွဲတွေကိုပဲ မျှော်နေရတာ၊ မနှစ်ကနဲ့ယှဉ်ရင်တော့ ဒီနှစ်က ရောင်းအားအရမ်းကိုကျတယ်'' ဟု ဦးရွှေကြည်က ပြောသည်။ ယခုရက်ပိုင်းအတွင်း စိန်ဈေးကွက်မှာ ခန့်မှန်းရခက်နေပြီး တစ်ချို့ရက်များတွင် မထင်မှတ်ပဲ အရောင်းအဝယ်ဖြစ်တတ်ကြောင်း၊ စိန်ဈေးနှုန်းများကျဆင်းလာမှုမှာ ဝယ်လိုအားပေါ်တွင်မူတည်ပြီး အရောင်းအဝယ်များ ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် တရုတ်နိုင်ငံတွင် ဝယ်လိုအားမြင့်မားမှုကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းမရှိကြောင်း ယင်းကထပ်မံပြောကြားသည်။ မင်းသန့်
အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းနှင့် ပင်လယ်ကွေ့ဒေသသို့ ဦးတည်နေသည့် မုန်တိုင်းကြောင့် ရေနံစိမ်းဈေးနှုန်းမြင့်တက် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းနဲ့ မက္ကဆီကို ပင်လယ်ကွေ့ဒေသတွင် Richard အမည်ရှိ လေမုန်တိုင်းဝင်ရောက်နိုင်မှုကြောင့် ရင်းနှီးမြူပ်နံှသူများမှ ရေနံစိမ်းဝယ်ယူဖို့ စာချုပ်ချုပ်ဆိုမှုများရှိလာရာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ရေနံစိမ်းဈေးနှုန်းက နှစ်ရက်ဆက်တိုက် မြင့်တက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီဇင်ဘာလသင်္ဘောတင်မဲ့ ရေနံစိမ်းဈေးနှုန်းက နယူးယောက်ကုန်စည်ရောင်းဝယ်ရေးတွင် တစ်စည်ကို ၈၅ ဆင့် ဈေးတက်သွားပြီး တစ်စည်ကို ကန်ဒေါ်လာ ၈၂ ဒသမ ၅၄ မြင့်တက်ခဲ့ကာ ရက်သတ္တပတ်ဈေးနဲ့ နှိုင်းယှဉ်ပါက သုည ဒသမ ၅ ရာခိုင်နှုန်း ဈေးတက်သွားကြောင်း သတင်းရရှိပါတယ်။ လန်ဒန်ကုန်စည်ရောင်းဝယ်ရေးတွင်လည်း ဒီဇင်ဘာလသင်္ဘောတင်မဲ့ ဘရင့် ရေနံစိမ်းဈေးနှုန်းက သုည ဒသမ ၈ ရာခိုင်နှုန်း ဈေးတက်သွားကာ တစ်စည်ကို ကန်ဒေါ်လာ ၈၃ ဒသမ ၆၂ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ G 20 အစည်းအဝေးတွင် မိမိတို့ ငွေကြေးကို ယှဉ်ပြိုင်နိုင်မှုရှိစေဖို့၊ တန်ဖိုးချခြင်းမှ ရှောင်ကြဉ်ကြဖို့ ကတိကဝတ်ပြု ခဲ့ကြပြီးနောက် အမေရိကန်ဒေါ်လာက ယူရိုငွေနဲ့ လဲလှယ်ရာမှာ သုည ဒသမ ၆ ရာခိုင်နှုန်း တန်ဖိုးကျဆင်းသွားကာ လောင်စာဆီဈေးနှုန်းနဲ့ အမေရိကန် ဒေါ်လာ အကြား ပြောင်းပြန်ဆက်နွယ်နေမှုက ဆက်လက်ဖြစ်ပေါ်နေကြောင်း သုံးသပ်လျက်ရှိပါတယ်။ Source :bloomberg.com အေးမွန်လှိုင်
ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံးစက်သုံးဆီများကို ပင်လယ်ရေကြောင်းကနေ အဝင်ပုံမှန်ရှိနေတတ်ပေမဲ့ တစ်ခါတစ်ရံအဝင်ကဲျသွားတာတွေ့ရပါတယ်။ ဒီသီတင်းပတ် အောက်တိုဘာ တတိယပတ်ကာလအတွင်း ဒီဇယ်ပီပါ နှစ်သိန်းလေးသောင်း ကျော်၊ တန်ချိန်အားဖြင့် တန်သုံးသောင်း သုံးထောင်နီးပါးကို တမင်သွင်းခဲ့ပါတယ်။ နယ်စပ်အဝင်အားကောင်းခဲ့ပေမယ့် ရေကြောင်းလမ်းက အဝင်ခပ်ကဲျကဲျသာရှိခဲ့ပြီး ယခင်သီတင်းပတ်မှာ ဒီဇယ်ဆီအဝင်ရှိခဲ့တာတွေရပါတယ်။ ယခုသီတင်းပတ် အတွင်းမှာ ပြန်လည်တင်သွင်းခဲ့မှုကြောင့် အဝင်တန်ချိန် သုံးသောင်းကျော်ကျော် ပြည်တွင်းဈေးကွက် ဖြန့်ခဲ့ပါတယ်။ MIRT-DOT ဒီဇယ်ဆီတင်သွင်းမှု နှစ်သိန်းနီးပါးပိုမို ယခုအပတ်မှာ နယ်စပ်မှ ဒီဇယ်ဆီ ၂၉၇၇၆၉ ဂါလန်နဲ့ ဓာတ်ဆီဂါလန် ၅ဝဝဝဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၂၂၉ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါ တယ်။ ယခင်အပတ်က ဒီဇယ်ဆီ ၁ဝ၁၂၂၃ ဂါလန်နဲ့ ဓာတ်ဆီ ၈ဝ၄၇၅ ဂါလန်သာ တင်သွင်းခဲ့တဲ့အတွက် ဒီဇယ်ဆီတင်သွင်းမှု ၁၉၆၅၄၆ ဂါလန် ပိုမိုခဲ့ပြီး ဓာတ်ဆီတင် သွင်းမှုမှာတော့ ဂါလန် ၃ဝဝဝဝ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ တာချီလိတ်နယ်စပ်ကသာ တင်သွင်းမှုရှိခဲ့ပြီး MPPE မှ စက်သုံးဆီတင်သွင်းမှု လျော့ကျပြီး ပုဂ္ဂလိကကုမ္ပဏီများရဲ့တင်သွင်းမှု ပိုမိုခဲ့ကြောင်းနဲ့ စက်သုံးဆီဈေး ၁ လီတာလျှင် ၁ဘတ်ခန့် တာချီလိတ်ဘက်မှာ ဈေးမြင့်လျက်ရှိတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။ လက်လီအရောင်းအဝယ်ဈေးပြည်တွင်းဒေသများရဲ့ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- အောက်တိုဘာ ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂၅ ၂၈ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၂၆ ၂၈ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၂၇ ၂၈ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၂၈ ၂၈ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၂၉ ၂၈ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ MIRT-DOT