Background
ကော့သောင်းမှ နို့ဆီ၊ နို့စိမ်းသွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း Falcon နဲ့ My boy တံဆိပ်နို့ဆီ ၃၉ဝဝ ကာတွန်း နဲ့ My boy တံဆိပ် နို့စိမ်း ၃၆ဝဝ ကာတွန်း၊ စုစုပေါင်း ကန်ဒေါ်လာ ၁၁၉၄၉ဝ ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၂၅ရက်မှ ၃၁ရက်ထိ ကာလ မှာ မြဝတီနဲ့ ကော့သောင်းနယ်စပ်များ မှ နို့ဆီကာတွန်း ၇၁ဝဝ ကျော်နဲ့ နို့စိမ်း ကာတွန်း ၆၃ဝဝကျော် တင်သွင်းခဲ့တာ ဖြစ်တဲ့အတွက် ယခုအပတ်နယ်စပ်မှ နို့ဆီ၊ နို့စိမ်း တင်သွင်းမှု လျော့ကျခဲ့ပါ တယ်။ MIRT(DOBT)
နို့ဆီ စင်ကာပူအပြင်မလေး၊ တရုတ်ကပါ ဝင်လာ စက်တင်ဘာ ပထမပတ်အတွင်း စင်ကာပူနိုင်ငံကနေ နို့ဆီတန်ချိန် ၁၂၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁၁၂ ၁၂၈၊ နို့စိမ်း ၁ဝ၄ တန် တန်ဖိုး ကန်ဒေါ်လာ ၉၉၉ဝ၆ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် သြဂုတ်လ နောက်ဆုံးအပတ်က နို့ဆီ ၂၄၅ ဒသမ ၅၆ တန်၊ နို့စိမ်း ၂၂၂ ဒသမ ၅ တန် အဝင်ရှိခဲ့ပြီး ယခုသီတင်းပတ်မှာတော့ အဝင် ထက်ဝက်လျော့သွားတာတွေ့ရ ပါတယ်။ သြဂုတ်လတစ်လလုံး လခုျပ် အနေနဲ့ နို့ဆီတန်ချိန်ပေါင်း ၆၈၂ ဒသမ ၁၅ ၊ နို့စိမ်းတန်ချိန်ပေါင်း ၂၂၁ဝ ဒသမ ၉ တင်သွင်းခဲ့ပြီး နို့စိမ်းကို ဝယ်လက် အဓိကဖောက်သည်ဖြစ်တဲ့ စင်ကာပူ နိုင်ငံကပဲ အများဆုံး တင်သွင်းခဲ့တာ ဖြစ်ပြီး နို့ဆီကိုတော့ စင်ကာပူအပြင် မလေးရှား၊ တရုတ်တို့ကပါ တင်သွင်း လာတာ ဖြစ်ပါတယ်။ နို့မှုန့် ဒီသီတင်း ပတ်အဝင်ကိုကြည့်ရင် ၉ဝ၂ တန် အဝင် ရှိခဲ့ပြီး ယခင်သီတင်းပတ်က အဝင်မရှိခဲ့ တဲ့အတွက် ယခုအပတ် မှာအသွင်းပိုခဲ့ ပါတယ်။ သြဂုတ်လ လချုပ်နို့မှုန့်အဝင် စုစုပေါင်းကတော့ တန်ချိန် ၁ဝ၂၈ ဒသမ ၇၅ တန်ဖြစ်ပြီး ယခင်လ ၂ဝ၁ဝ ဇူလိုင်လ အဝင်ထက် ၁၆၅ တန်ခန့် ပိုမို ဝင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
လက်လီအဝယ်ဈေး ပြည်တွင်းဒေသများရဲ့ လက်လီအဝယ်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- စက်တင်ဘာ ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၆ ၂၆ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ၇ ၂၆ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ၈ ၂၆ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ၉ ၂၆ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ၁ဝ ၂၆ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ MIRT-DOT
ယခုအပတ် ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုပိုမို စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကော့သောင်းနဲ့ တာချီ လိတ်မှ ဓါတ်ဆီ ၃၃၃၉၅ ဂါလန်၊ ကန်ပိုက်တီးနဲ့ တာချီလိတ်မှ ဒီဇယ်ဆီ ၂၄ဝ၈၆၈ ဂါလန်နဲ့ ကော့သောင်းမှ သဘာဝဓာတ်ငွေ့ရည် ၁၂ဝ၈ဝ ကီလိုဂရမ် စုစုပေါင်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၁၅ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီဇယ်ဆီကို ကန်ပိုက်တီးမှ ၅၁၁၈၇ ဂါလန်၊ တာချီလိတ်မှ ၁၈၉၆၈ဝ ဂါလန်၊ ဓာတ်ဆီကို ကော့သောင်းမှ ၇၅ဝဝ ဂါလန်၊ တာချီလိတ်မှ ၂၅၈၉၅ ဂါလန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၈၄၄၅ ဂါလန်၊ ဒီဇယ်ဆီ ၁၅၁၃ဝဝဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်ဆီပေါက်ဈေး များကို ဖော်ပြပေးလိုက်ပါတယ်- ဓာတ်ဆီ(ဂါလန်/ဒေါ်လာ) ဒီဇယ်(ဂါလန်/ဒေါ်လာ) ကော့သောင်း ၂ .၈ - တာချီလိတ် ၃ .၃၄ ၃ .၇၆MIRT (DOBT)
ဒီဇယ်အဝင် တန် တစ်သောင်းသုံးထောင်ကျော် ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် သြဂုတ်လ ၃ဝ ရက်မှ စက်တင်ဘာ ၅ ရက်တာ ကာလအတွင်း စက်သုံးဆီ အဝင်အနေနဲ့ ဒီဇယ်ဆီ ပီပါ ကိုးသောင်း ကိုးထောင်ကျော် တန်ချိန်အားဖြင့် တစ်သောင်းသုံးထောင်ကျော်ကို ပင်လယ်ရေ ကြောင်းကနေ တင်သွင်းလာခဲ့ပါတယ်။ ယခင်အပတ်က ဒီဇယ်တန်ချိန် နှစ်သောင်း ငါးထောင်ကျော် တင်သွင်းခဲ့တာကြောင့် ဒီအပတ်အဝင်နဲ့ယှဉ်ရင်တန်ချိန်တစ်သောင်းတစ်ထောင်ကျော်လျော့ပြီးတင်သွင်းလာတာတွေ့ရပါတယ်။ လခုျပ်အနေနဲ့သုံးသပ်ရင် ၂ဝ၁ဝဇူလိုင်လ တစ်လလုံးပြည်တွင်းသုံးဖို့ဓာတ်ဆီတန်ချိန် တစ်သောင်းခုနစ်ထောင်ကျော်၊ ဒီဇယ်တန်ချိန် ငါးသောင်းခုနစ်ထောင် ကျော်၊ စုစုပေါင်းတန်ချိန် ခုနစ်သောင်းလေးထောင်ကျော် တင်သွင်းခဲ့ပြီး သြဂုတ်လ မှာ ဓာတ်ဆီတင်သွင်းမှုမရှိပဲ ဒီဇယ်တစ်မိုျးထဲ စုစုပေါင်းတန်ချိန် လေးသောင်း ခြောက်ထောင်ကျော် တင်သွင်းလာတာ တွေ့ရပါတယ်။ ဇူလိုင်လ အဝင်တန်ချိန် စုစုပေါင်းနဲ့ယှဉ်ရင် တန် နှစ်သောင်းခုနစ်ထောင်ကျော် လျော့ပြီး တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT-DOT