Background
ပြည်တွင်းအဝယ်ရှိလို့ အိန္ဒိယနနွင်းဈေးမြင့်လာ အိန္ဒိယကြိုပွိုင့်ဈေးကွက်မှာ နနွင်းဈေးအပြောင်းအလဲမရှိပေမဲ့ လက်ငင်း ဈေးကွက်မှာတော့ တစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၃ ဒသမ ၂၁) ခန့် တိုးတက်ခဲ့ပါတယ်။ ပြည်တွင်းအဝယ်ရှိလာတာကြောင့် ဈေးတက်လာခြင်း ဖြစ် တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးကွက်မှာ နနွင်း တက်ဈေးဟာ တစ်တန်ကို ရူပီး ၉၁၉၉ဝ -၁၂၉၆၉ဝ (ကန်ဒေါ်လာ ၁၉၈၈-၂၈ဝ၂) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့လို့ စက်တင်ဘာလ ၇ ရက်နေ့ဈေးထက် တစ်တန်ကို ရူပီး ၂၄ဝဝ ကျပ် (ကန်ဒေါ်လာ ၅၁ ဒသမ ၈၆) မြင့်တက်ခဲ့ပါတယ်။ နနွင်းဥမဈေးကတော့ တစ်တန်ကို ရူပီး ၉၃ဝဝဝ-၁၃၄၆၉ဝ (ကန်ဒေါ်လာ ၂ဝဝ၉-၂၉၁ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အီရော့သမဝါယမ ဈေးကွက်မှာတော့ နနွင်းတက်ဈေးက တစ်တန်ကို ရူပီး ၁၃ဝ၂၇ဝ-၁၃၆၈၉ဝ (ကန်ဒေါ်လာ ၂၈၁၅-၂၉၅၈) ၊ နနွင်းဥမဈေးက တစ်တန်ကို ရူပီး ၁၂၆၉၉ဝ-၁၃၁ဝ၄ဝ (ကန်ဒေါ်လာ ၂၉၆ဝ-၂၈၃၁) ဈေးဖြစ်ခဲ့ ပါတယ်။ ပြည်ပအဝယ်ကတော့ နနွင်းအသစ်ဝင်လာမယ့် ဒီဇင်ဘာလမှာ ရှိလာ နိုင်ပြီး လတ်တလော ပြည်တွင်း ကုန်သည်များက အဝယ်ရှိနေတယ်လို့ သိရပါ တယ်။ ယမုံနာSources: businessline
ရေကြောင်းက အပို့လျော့ မန်ကျည်း တင်ပို့နိုင်မှုအနေနဲ့ သြဂုတ်လအတွင်းပင်လယ် ရေကြောင်း ကနေ မန်ကျည်းတန်ချိန် ၁၄၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂၉ဝဝဝ ကျော်ဖိုး တင်ပို့နိုင်ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ် ဖက်နိုင်ငံက အိန္ဒိယဈေးကွက်ကို ဦး တည်တင်ပို့ခဲ့တာဖြစ်ပြီး တစ်တန် ကို ပျမ်းမျှ အက်ဖ်အိုဘီ ၂ဝဝ ဒေါ်လာနဲ့ တင်ပို့ခွင့် ရရှိခဲ့ပါတယ်။ မန်ကျည်းသီး တင်ပို့မှုကို ယခင်နှစ် ၂ဝဝ၉ သြဂုတ်လ နဲ့ ယှဉ်ကြည့်ရင် ၂၅ တန်ပိုမို တင်ပို့နိုင် ခဲ့တာတွေ့ရပြီး ယခု ၂ဝ၁ဝ ဇူလိုင်လက တင်ပို့ပြီးခဲ့တဲ့ တန်ချိန် ၂၄၂ တန်နဲ့ယှဉ် ရင်တော့ ဒီလလခုျပ်အနေနဲ့ အပို့တန် ချိန် ၉၈ တန် လျှော့ခဲ့တယ်လို့ ဆိုပါ တယ်။ MIRT (DOT)
စစ်တွေက ၃ တန်ပဲ ပို့နိုင် စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှ နနွင်း တက် ၃ တန်၊ ကန် ဒေါ်လာ ၄၈ဝဝ ဖိုးတင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်က ၆ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ ၃ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ဈေးနှုန်းများပြောင်းလဲမှုမရှိဘဲ ယခင်အပတ်ကအတိုင်းပဲ မိမိဘက်မှာ ၁၄ဝ၇၆ဝဝ ကျပ်နဲ့တစ်ဘက်နိုင်ငံမှာ ၁၂၃၇ဝဝ တာကာအသီးသီး ဈေးပေါက်လျက် ရှိပါတယ်။တင်တင်ထွန်း (MIRT )
သြဂုတ်လနနွင်းတန်ချိန် ၁၆၈ တန်တင်ပို့နိုင် ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ နနွင်းတန်ချိန် ၁၄ ဒသမ ၉၈ တန်ကို စက်တင်ဘာပထမအပတ်မှာ စင်ကာပူနိုင်င ံကိုတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီတန်ဖိုးကန်ဒေါ်လာ ၁၄၆ဝ ခန့်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ၂၁၈၆၃ ဒသမ ၅ ဒေါ်လာ ရရှိခဲ့ပါတယ်။ သြဂုတ်လအတွင်း တစ်လလုံး နနွင်းတင်ပို့မှုကို ကြည့်ရင် တန်ချိန် ၁၆၈ တန် တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းနီးပါးဖိုးတင်ပို့ ခဲ့ပါတယ်။ သြဂုတ်လအတွင်း ပစ္စည်းစုဆောင်းရတာ အရှိန်နှေးနေသလို လှောင် လက်များ ထံက နနွင်းကိုစုဆောင်းတင်ပို့နေတာကြောင့် ယခင်ဇူလိုင်လ အပို့တန် ချိန် ၃၅ဝ ဝန်းကျင်ကို မမှီဘဲ ၁၈၂ တန် လျော့နည်းခဲ့ပါတယ်။MIRT (DOT)
ပုံမှန် အရောင်းအဝယ် ရှမ်းကြက်သွန်ဖြူ ဒီတစ်ပတ်တောင်ကြီး ဈေး ကွက်မှာ ကြက်သွန်ဖြူက ပုံမှန် အရောင်းအဝယ် ဖြစ်နေပါတယ်။ ပြည် တွင်းသုံးအတွက် ရန်ကုန်၊ မိတ္ထီလာက အဝယ်လိုက် နေတယ်လို့လည်း သိရပါ တယ်။ ကျောက်တလုံးနယ်က ကြက် သွန်ဖြူတွေကလည်း အနည်းကျဉ်း လောက်သာဝင်ပါတော့တယ်။ လှောင် လက်တွေကလည်း ကြိုက်ဈေး ရနေ ပြီဖြစ်လို့ ထုတ်ရောင်းနေကြပါတယ်။ ကြက်သွန်ဖြူအသစ်တွေကို နောက် တစ်လမှာ ပြန်စိုက်တော့မှာဖြစ်လို့ တစ်ချိုု့ တောင်သူတွေက မိုျးအဖြစ် (လတ်ခြား) စတွေကို ပြန်ဝယ်နေကြ ပါတယ်။ တောင်ကြီးဈေးကွက်မှာ (လတ်ခြား) စတွေတောင် ပစ္စည်းပြတ် သွားတယ်လို့သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူ ပေါက်ဈေးက (ထူး-၁) ၂၆ဝဝ ကျပ်၊ (ထူး-၂) ၂၇ဝဝ ကျပ်၊ (ထူး-၃) ၂၈ဝဝ ကျပ်၊ (ထူး-၄) ၂၉ဝဝ ကျပ်ဈေး ရှိပါ တယ်။ အောင်ပန်းမှာ (လတ်ခြား) ၂၇ဝဝ ကျပ်၊ (ထူး-၁) ၂၉ဝဝ ကျပ်၊ (ထူး-၂) ၃ဝဝဝ ကျပ်၊ (ထူး-၃) ၃၂ဝဝ ကျပ်၊ (ထူး-၄) ၃၃ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေတာ ကြောင့် စက်တင်ဘာ ၁ ရက်မှ ၈ ရက်နေ့အထိ ကြက်သွန်ဖြူ ပိဿာချိန် ၁၆၁ဝဝဝ စီးဆင်းသွားတယ်လို့ ကြက် သွန်ဖြူ ပွဲရုံတွေက သိရပါတယ်။ဧဧခိုင်
လက်ကျန်နည်းလာပြီး ကြိုက်ရောင်းကြိုက်ဝယ်သာရှိတဲ့ရှမ်းချင်း ဒီတစ်ပတ်ရှမ်းချင်းက ဈေးငြိမ်နေပါတယ်။ ဈေးကွက်မှာလည်း ချင်း(စို) တွေက လက်ကျန်နည်းလာပါပြီ၊ ချင်းအသစ် တွေလည်း အောက်တိုဘာလမှာ ပြန် ပေါ်တော့မှာဖြစ်ပါတယ်။ ဒီနှစ်က ဝယ်လိုအားကောင်းတာကြောင့် ချင်းလက်ကျန် က အသစ် ပေါ်ချိန်မှာ အနည်းငယ်သာကျန်နိုင်တယ်။ ဒါမှမဟုတ်ကုန်သွားနိုင်တယ် လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။ ဈေးကွက် အဝင်ကလည်း အရင် တစ်ပတ်ကလိုပါပဲ၊ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၅ဝဝဝ လောက်သာ အဝင် ရှိပါတော့တယ်။ မိုးကောင်းပြီး ရေကြီးနေတာကြောင့် ပြည်ပဝယ်လိုအား ခဏ ရပ်သွားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ ပြည်တွင်းသုံး အဖြစ်သာ အဝယ် လိုက်နေပါတယ်။ ချင်းသုတ်နဲ့ ဟင်းခတ်အဖြစ်အသုံးပြုဖို့အတွက် မန္တလေး၊ ပြည်၊ မုံရွာ၊ တောင်ငူဖက်ကို စီးနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေး ကွက်မှာ ချင်း(စို)တစ်ပိဿာ ၈ဝဝ ကျပ်၊ ၉ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တော့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကလည်း ကြိုက်ရောင်း ကြိုက်ဝယ်နဲ့သာ အရောင်းအဝယ်အနည်းငယ်ဖြစ်နေပါတယ်။ တောင်ကြီး ဈေးကွက် မှာ ချင်းခြောက် တစ်ပိဿာ ၂၅၅ဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ဧဧခိုင်
ပဲလွန်းဖြူတင်ပို့မှု ဇူလိုင်လထက် သြဂုတ်လမှာလျော့လာ ပင်လယ်ရေကြောင်းက နိုင်ငံစုံကို ပဲလွန်းဖြူတင်ပို့ရာမှာ ဇူလိုင်လက တန်ချိန် ၂၈ဝဝ ကျော်ထိ တင်ပို့ခဲ့ရာမှ သြဂုတ်လမှာတန်ချိန် ၁၁ဝဝ ခန့်ကို လျော့ကျလာတာတွေ့ရပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ် သြဂုတ်လ တင်ပို့မှုတန်ချိန် ၁၅ဝဝ ထက်လည်း ယခုနှစ်ကာလတူမှာ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အပတ်စဉ် တင်ပို့မှုအနေနဲ့ ယခုတစ်ပတ် (စက်တင်ဘာလ ၂ ရက်မှ ၈ ရက်)အတွင်းမှာတော့ တန် ချိန် ၆၈ဝ ခန့်ထိ စံချိန်ထက် တင်ပို့လာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၂၅ဝ ခန့်သာတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ်မှာ ၂ ဆ ကျော် ပိုတင်လာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ စက်တင်ဘာ ၉ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန် ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဈေးရှိပြီး အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၃၆) ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတဲ့ ကမ်းနားပဲကြီး ပြည်ဈေးကွက်မှာယခုတစ်ပတ် ပဲကြီးဈေးနှုန်းအနေဖြင့် ပဲကြီး (ကမ်းနား) အချောစတစ်တင်းလျှင် ၂၉၅ဝဝ ကျပ်နဲ့ အရည် အသွေးညံ့လျှင် ၂၇၅ဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်က ပဲကြီး (ရွှေကျွန်း) မှာ အနည်းငယ် အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ သြဂုတ်လဒုတိယပတ်တွင် ပဲကြီး (ကမ်းနား) အချောစမှာ တစ်တင်းလျှင် ၃၁ဝဝဝ ကျပ်ဈေးရှိခဲ့ပြီး၊ သြဂုတ်လတတိယပတ်မှစ၍ ၂၉၅ဝဝ ကျပ်သို့ ဈေးကျသွားခဲ့ကာ ယခု စက်တင်ဘာ ဒုတိယပတ်အထိ ၎င်းဈေးအတိုင်း ဈေးအပြောင်းအလဲမရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြော်၊ ပဲလှော်ဖိုသမားများ ပုံမှန် အဝယ်ရှိတာကြောင့် တစ်ရက်လျှင် အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပင်လယ်ရေကြောင်းက ပဲယင်းအပို့နည်း ပင်လယ်ရေကြောင်းက ပဲယင်းတင်ပို့မှုအနေနဲ့ သြဂုတ်လတင်ပို့မှုကို ကြည့်မယ်ဆိုရင် ၂ဝဝ၉ ခုနှစ်မှာ တန်ချိန် ၅၉ဝ ခန့်တင်ပို့ခဲ့ပြီး ယခုနှစ် သြဂုတ်လမှာ တန်ချိန် ၃၃ဝ ခန့်ကို လျော့ကျလာတာတွေ့ရပါတယ်။ ယခုနှစ်ဇူလိုင်လ တင်ပို့မှုတန်ချိန် ၃၆ဝ ခန့်ရှိလို့ ဇူလိုင်လထက်လည်း သြဂုတ်လမှာ လျော့နည်းတင်ပို့ခဲ့ပါတယ်။ အပတ်စဉ်တင်ပို့မှုအနေနဲ့ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ် အတွင်း တန်ချိန် ၂၂ဝ ခန့်တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၈ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
တမူးက မှန်မှန်ပို့နေတဲ့ ပဲယင်း စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း တမူးနယ်စပ်မှ ပဲယင်း (ချင်းပဲ) ၁၉ ဒသမ ၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝ တင်ပို့ခဲ့တာဖြစ်တဲ့အတွက် တမူးနယ်စပ်မှ ချင်းပဲ မှန်မှန်တင်ပို့နိုင်နေတာ တွေ့ရပါတယ်။ MIRT (DOBT)