Main menu

Background

Monday, 6 Sep 2010
Monday, 6 Sep 2010
Monday, 6 Sep 2010
Monday, 6 Sep 2010

 နယ်စပ်မှ ဒီဇယ်တင်သွင်းမှုပို      သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း   တာချီလိတ် နဲ့ ကော့သောင်းနယ်စပ် စခန်းများမှ ဓါတ်ဆီ ၂၄၉၅ဝ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၆၂၈၅ ဒသမ ၃၆၂ ဖိုးတင်သွင်းခဲ့ပြီး ဒီဇယ်ဆီ ၈၉၅၆၇ ဒဿမ ၅၄၄ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၆၅၆၂၁ ဒဿမ ၉၂၃ နဲ့ သဘာဝ ဓာတ်ငွေ့ရည် ၁၂၁၁ဝ ကီလိုဂရမ်  ၅၆၃၂ ဒဿမ ၆၅၈  ဒေါ်လာဖိုး တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ကထက် ဒီဇယ်ဆီ ၅၄၉၅၇ ဂါလန် ပိုမိုတင်သွင်း ခဲ့ပြီး ဓာတ်ဆီ ၈၃၅၃၃ ဂါလန် လျော့နည်း တင်သွင်းခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ ရည် ၁၃ဝ ကီလိုဂရမ်  ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှာ ဒီဇယ်ဆီ ၁ ဂါလန်  ၃ ဒဿမ ၇၆ ဒေါ်လာနဲ့ကော့သောင်း နယ်စပ်မှာ ဓာတ်ဆီ ၁ ဂါလန် ကို  ၂ ဒဿမ ၈ဝ ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။         MIRT (DOBT)

Monday, 6 Sep 2010

 တန်ချိန်နှစ်သောင်းငါးထောင်ကျော်ဝင်ခဲ့         ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် သြဂုတ်လ ၂၄ ရက်မှ ၂၉ ရက်နေ့ကာ လအတွင်း စက်သုံးဆီအနေနဲ့ ဒီဇယ်ဆီတစ် သိန်း ကိုးသောင်းပီပါ တန်ချိန်အားဖြင့် နှစ်သောင်းငါးထောင်ကျော်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းလာခဲ့ပါတယ်။ ယခင် အပတ်က ဒီဇယ်တန်ချိန် တစ်သောင်းကျော်သာတင်သွင်းခဲ့တာကြောင့် ဒီ အပတ်အဝင်တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း လေးထောင်ကျော်ပိုမိုတင် သွင်းခဲ့တာတွေ့ရပါတယ်။ သြဂုတ်လအတွင်း ဒီဇယ်တင်သွင်းမှုများမှာ ယခုအပတ် ဒီဇယ် အဝင်အများဆုံးဝင်ခဲ့တာဖြစ်ပါတယ်။                                                                                                                    MIRT-DOT   

Monday, 6 Sep 2010

ပြည်ထောပတ်ပဲ ဈေးအနည်းငယ်လှုပ်ရှားလာ       ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ထောပတ်ပဲဈေးနှုန်း အနည်းငယ်မြင့် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ် တင်းကို  လက်လီ ဈေးမှာ  ၂၆ဝဝဝ ကျပ်၊  လက်ကားဈေးနှုန်းမှာ ၂၅၅ဝဝ ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခု စက်တင်ဘာလဆန်းပိုင်းတွင် လက်လီ တစ်တင်းကို  ၂၆၅ဝဝ ကျပ်နဲ့ လက် ကားတစ်တင်းကို  ၂၆ဝဝဝ ကျပ် အ ရောင်းအဝယ်ဖြစ်နေတာကြောင့် ယခင် အပတ်နဲ့ယှဉ်ရင် တစ်တင်းကို   ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်များ အဝယ်ရှိလာလို့ ဈေးမြင့် ခဲ့ခြင်းဖြစ်ပြီး ဝယ်လိုအားရှိသလောက် မရောင်းချနိုင်ဘဲ လက်ကျန် နည်းလာ တဲ့အတွက် လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ တစ်ရက်ကို အိတ် ၁၅ အိတ်ခန့်သာ အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။                                                                                                                    ခင်ဆွေဝင်း

Monday, 6 Sep 2010

 ပြည်ထောပတ်ပဲ ဈေးအနည်းငယ်လှုပ်ရှားလာ    ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ထောပတ်ပဲဈေးနှုန်း အနည်းငယ်မြင့် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ် တင်းကို  လက်လီဈေး မှာ  ၂၆ဝဝဝ ကျပ်၊  လက်ကားဈေးနှုန်းမှာ ၂၅၅ဝဝ ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခု စက်တင်ဘာလဆန်းပိုင်းတွင် လက်လီ တစ်တင်းကို  ၂၆၅ဝဝ ကျပ်နဲ့ လက် ကားတစ်တင်းကို  ၂၆ဝဝဝ ကျပ် အ ရောင်းအဝယ်ဖြစ်နေတာကြောင့် ယခင် အပတ်နဲ့ယှဉ်ရင် တစ်တင်းကို   ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်များ အဝယ်ရှိလာလို့ ဈေးမြင့် ခဲ့ခြင်းဖြစ်ပြီး ဝယ်လိုအားရှိ သလောက် မရောင်းချနိုင်ဘဲ လက်ကျန် နည်းလာ တဲ့အတွက် လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ တစ်ရက်ကို  အိတ် ၁၅ အိတ်ခန့်သာ အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။                                                                                                                  ခင်ဆွေဝင်း

Monday, 6 Sep 2010

 တစ်ခါတစ်ရံ မူဆယ်ကပို့         သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ် ဘက် နိုင်ငံသို့ ထောပတ်ပဲ ၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၂၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လ တစ်လလုံး ၃၅ တန်သာ တင်ပို့ နိုင်ခဲ့တာဖြစ်ပြီး ဇူလိုင်လမှာ တန် ၇ဝ၊ ဧပြီလမှ ဇူလိုင်လထိ တန်ချိန် ၄ဝ၆၉ တန် နယ်စပ်မှ တင်ပို့ခဲ့ပြီးဖြစ်ပါ တယ်။                                                                                                         MIRT (DOBT)

Pages