Background
မျိုးသမားများ အဝယ်ရှိလာတဲ့ ပြည်ပဲတီစိမ်း ပြည်ဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဇူလိုင်လဆန်းမှစ၍ ဝင်ရောက်ခဲ့ပြီး၊ သြဂုတ်လကုန်မှာ အဝင်နည်းလာ ပါတယ်။ ဈေးနှုန်းအနေနဲ့ ဈေးဖွင့်ချိန်တွင် ၂၉၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ၃၂ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ကာ သြဂုတ်လလယ်မှစ၍ တဖြည်းဖြည်းဈေးကျဆင်းခဲ့ရာ ၂၆၅ဝဝ ကျပ်ထိ ဆက်လက်ဈေးကျခဲ့ပါတယ်။ သြဂုတ်လအတွင်း ရန်ကုန်၊ မန္တလေးဝယ် လက်များ အဝယ်ရှိခဲ့ပေမဲ့ သြဂုတ်လကုန်မှစ၍ စက်တင်ဘာဒုတိယပတ်အထိ ပဲတီစိမ်းအဝင်နည်းလာသလို အရောင်းအဝယ်လည်း အေးနေတယ်လို့သိရပါတယ်။ စက်တင်ဘာပထမပတ်မှ စ၍ မိုျးအတွက်အဝယ်ရှိလာလို့ မိုျးပဲတီစိမ်းဈေးက တစ်တင်းလျှင် ၂၆ဝဝဝကျပ်ထိ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ လက်ကားဈေး အရောင်းအဝယ်ဖြစ်နေတာကတော့ ၂၁ဝဝဝ ကျပ်သာရှိကာ တစ်ရက်လျှင် အိတ် ၃ဝ မှ ၄ဝ အထိ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ခင်ဆွေဝင်း
ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယပဲတီစိမ်းဈေးနှုန်းကျ အိန္ဒိယပြည်တွင်းလက်ကားဈေးကွက်တွေမှာ လက်ရှိအမြင့်ဈေးနဲ့ အဝယ်မရှိတာကြောင့် ပဲတီစိမ်း တစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၃ ဒသမ ၂၈) လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို ပဲဝင်ရောက်မှု တိုးတက်လာပြီ ဖြစ်ပြီး ဈေးကွက်တွေမှာ သိုလှောင်လက်ကျန်ရှိနေတာကြောင့်လည်း ဈေးကျဆင်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းနဲ့ ပဲတီစိမ်းခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၂ဝဝဝ ကျဆင်းပြီး ရူပီး ၄၈ဝဝဝ-၅၂ဝဝဝ (ကန်ဒေါ်လာ ၁ဝ၃၉-၁၁၂၅) နဲ့ ရူပီး ၅၇ဝဝဝ-၆၁ဝဝဝ (ကန်ဒေါ်လာ၁၂၃၃-၁၃၂ဝ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT - MAPT
ပင်လယ်ရေကြောင်းက တန် ၁ဝဝဝဝ နီးပါးပို့ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကိုကြည့်ရင် သြဂုတ်လအတွင်း တန်ချိန် ၉၇ဝဝ ကျော်သာ တင်ပို့မှုရှိခဲ့လို့ ၂ဝဝ၉ ခုနှစ ်သြဂုတ်လ တင်ပို့မှုတန်ချိန် ၂၂ဝဝဝ ခန့်ထက်လျော့တာ တွေ့ရပါတယ်။ ယခုနှစ် ဇူလိုင်လမှာ တန်ချိန် ၈၅ဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ အပတ်စဉ် တင်ပို့မှုအနေနဲ့ စက်တင်ဘာလ ၂ ရက် မှ ၈ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၂၅ဝဝ ခန့်ရှိလို့ ယခင်သီတင်းပတ် တင်ပို့မှုတန်ချိန် ၂၁ဝဝ ခန့်ထက်တော့ ပိုမိုတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ခရမ်းရွှေဝါတွေ လက်ကျန်မရှိတော့ဘဲ အညာ စတွေပဲ ကျန်တော့သလို လတ်တလော အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ် ဝင်ရောက်မှု ရှိလာလို့ မြန်မာနိုင်ငံက ဝယ်ယူမှု လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာလည်း ယခင်တစ်ပတ်ထက် သိသိသာသာ လျော့ကျခဲ့ပါ တယ်- FAQ(အညာ) FAQ(ပခုက္ကူ) ပဲတီစိမ်းရွှေဝါအသေး၉-၉-၁ဝ ၈၆ဝ-၈၈ဝ ၁ဝ၆ဝ-၁ဝ၇ဝ ၁၁၈ဝ-၁၂ဝဝ၂-၉-၁ဝ ၉၁ဝ-၉၂ဝ ၁၁၁ဝ-၁၁၂ဝ ၁၂၁ဝ-၁၂၂ဝ MIRT (MAPT)
တရုတ်မှာ ပဲတီစိမ်းအသစ်ထွက်လို့ `နယ်စပ်အပို့လျော့ တစ်ဘက်နိုင်ငံမှာ ပဲတီစိမ်းထွက်ရှိနေခြင်း၊ ပဲဈေးနှုန်းအတက်အကျ မြန်ဆန်ခြင်းတို့ကြောင့် ဈေးကွက် လို အပ်ချက်အရ ဝယ်ယူရောင်းချနေကြတဲ့အတွက် စက်တင်ဘာလလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပဲတီစိမ်း တင်ပို့မှု သိသိသာသာ လျော့ကျသွားတယ်လို့ မူဆယ်နမ့်ခမ်းကုန်သည်အသင်းမှ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း ပဲတီစိမ်း ၂၄၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၃ဝ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၁၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၅၅ သန်းဖိုး နှစ်မိုျးပေါင်းကန်ဒေါ်လာ ဝ ဒသမ ၄၃၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလ အတွင်းကတော့ ပဲတီစိမ်း ၁၅၆၉ တန်ခန့် တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာတော့ ပဲတီစိမ်းတန် ၁၃၂ဝ လျော့နည်း တင်ပို့ခဲ့တယ်လို့သိရပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက် ပါတယ် - မိမိဘက်(ကျပ်/တန်) ပြောင်းလဲမှု ရာခိုင်နှုန်း တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ပြောင်းလဲမှု ရာခိုင်နှုန်းယခုအပတ် ၇၂၁၇၂၂ ၃၁၅၄ ဝ .၄ ၁ဝ၄၉ ၂ဝဝ ၁၇ယခင်အပတ် ၇၂၄၈၇၆ ၉၄၉ MIRT (DOBT)
မှန်မှန်တင်ပို့နေရတဲ့ ပြောင်းဖူးစေ့ စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ် စပ် ရှိ မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ပြောင်းဖူးစေ့ ၃၆၁၄ ဒသမ ၅ဝ တန်၊ နံှစားပြောင်း ၄၂၇ ဒသမ ၈ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ဝ၁၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၃၇၁၇ တန် တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှာ ၃၂၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါ တယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄၄၁၂၂ ၂၉၈၉ဝ၃ ၅၄၇၈ဝ ၂၂ ၂၈၂ ၃ဝဝ ၁၉ ၇ MIRT (DOBT)
အရောင်းအေး ဈေးအေးလာတဲ့ မန်းပြောင်းဈေးကွက် မန်းဈေးကွက်အတွင်းတွင် ပြောင်းဖူးစေ့ဟာ ရောင်းဝယ်မှုအားကောင်းခဲ့ သလို တရုတ်သို့ အများဆုံးတင်ပို့တဲ့ ကုန်ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါ တယ်။ ဇူလိုင်လမှာ ဈေးနှုန်းတွေလည်း အားကောင်းခဲ့ပြီး သြဂုတ်လမှတော့ ပြောင်းဖူးစေ့ဈေးကွက်ဟာ တဖြည်းဖြည်း ဈေးအေးလာတာကို တွေ့ရပါတယ်။ ဈေးအေးပေမဲ့ ရောင်းဝယ်မှုဖြစ်ခဲ့ပါတယ်။ ယခုစက်တင်ဘာလမှာ ပြောင်းဖူး စေ့ အသစ်များဝင်ရောက်မှု ရှိလာသလို ပစ္စည်းအဟောင်းလက်ကျန်ရှိတဲ့ ကုန်သည် များလည်း ရှိနေပါတယ်။ ပစ္စည်းအသစ်၊အဟောင်းတွေရှိပေမဲ့ တရုတ် ဝယ်လက် အေးလာခြင်း ၊ ဒေသတွင်း တိရစ္ဆာန် အစာစပ်သမားများ၊ အရက်ချက် လုပ်ငန်းရှင် များမှလည်း ကုန်ကြမ်း လိုသလောက်သာ ဝယ်ယူနေခြင်း၊ တရုတ်ယွမ်ငွေဈေးတွေ ကျဆင်းလာခြင်းတို့ကြောင့် ဈေးကွက်အတွင်း အရောင်းအေးလာသလို ဈေးနှုန်းမှာ လည်း တဖြည်းဖြည်းနိမ့်လာတာတွေ့ရပါတယ်။ စက်တင်ဘာလ ဒုတိယပတ်မှာ ပြောင်းဖူးစေ့ (ရှမ်း) တစ်ပိဿာ ၂၉၆ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)က ၂၇၈ ကျပ် ဈေးဖြင့်သာ ရောင်းဝယ်နေကြပါတယ်။ တရုတ် တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း ၁၅၃၉ တန်တင်ပို့မှု ရှိခဲ့ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
မလေးရှားအစိုးရ ရော်ဘာကဏ္ဍမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နံှရန် တွန်းအားပေး မလေးရှားအစိုးရဟာ ရော်ဘာကဏ္ဍမှာ ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နံှမှုများပိုမိုဆောင်ရွက်ရန်အတွက် ဆွဲဆောင်စည်းရုံးမှာဖြစ်ပြီး ရော်ဘာနှင့် ဆက်စပ်နေတဲ့စက်မှုကဏ္ဍ ကလည်း တိုင်းပြည်ရဲ့အနာဂတ်အလားအလာအတွက် အရေးကြီးကြောင်း ပြောကြား ခဲ့ပါတယ်။ ရော်ဘာနဲ့ ရော်ဘာဆက်စပ် ပစ္စည်းတင်ပို့မှု လဟာ ၂ဝ၁ဝ ပထမ နှစ်ဝက်မှာ ၃ဝ ရာခိုင်နှုန်းတိုးတက်ကာ ရင်းဂစ် ၉ ဒဿမ ၂၃ ဘီလီယံ (ဒေါ်လာ ၂ ဒဿမ ၉၅၈ ဘီလီယံ ) ရှိပြီး လွန်ခဲ့တဲ့နှစ် အလားတူ ကာလက ရင်းဂစ် ( ၆ ဒဿမ ၉) ဘီလီယံ (ဒေါ်လာ ၂ ဒဿမ ၂၁၁ ဘီလီယံ) ရှိကြောင်းအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနဲ့စက်မှုလုပ်ငန်းဝန်ကြီးက ပြော ကြား ခဲ့ပါတယ်။ ၂ဝ၁ဝ မှာ ပြည်တွင်း ရင်းနှီးမြှုပ်နံှမှု ရင်းဂစ် ၄၂၅ ဒဿမ ၈ သန်း (ဒေါ်လာ ၁၃၆ ဒဿမ ၄၇၄ သန်း ) ဆောင်ရွက်မှာ ဖြစ်ပြီး အထူးသဖြင့် ရော်ဘာလက်အိတ်ထုတ်လုပ်ရေးမှာ မြှုပ်နံှမှာဖြစ်တယ်လို့ ဝန်ကြီးက ဆက်လက် ပြောကြားခဲ့ပါတယ်။ ၂ဝ၂ဝ မှာ ရော်ဘာလက်အိတ်လုပ်ငန်းတွေကနေ ရင်းဂစ် ၃ဝ ဘီလီယံ (ဒေါ်လာ ၉ ဒဿမ ၆၁၅ ဘီလီယံ) ရရန်ရည်ရွယ်ပြီး အခုကတော့ ရင်းဂစ် ၁ဝ ဘီလီယံ (ဒေါ်လာ ၃ ဒဿမ ၂ဝ၅ ဘီလီယံ) ရရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးကဆက်လက် ပြောကြားရာမှာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာကမ္ဘာမှာ ရော်ဘာ ထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်တာကြောင့် အစိုးရအနေနဲ့ ရော်ဘာနဲ့ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်မှာ ဖြစ်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နံှ သူတွေကို ပုဂ္ဂလိကရင်းနှီးမြှုပ်နံှမှုတွေလုပ်ဖို့ ဦးစားပေးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တာယာတင်သွင်းမှုတွေ များလာပြီး သွင်းကုန်ပမာဏ တက်လာတာကို ဝန်ကြီးဌာနအနေနဲ့ စုံစမ်း စစ်ဆေးမှု တွေ လုပ်လိမ့်မယ်လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။ မိမိတို့က ပြဿနာရဲ့အဖြေကို အောက်ခြေအထိ လေ့လာ စုံစမ်းမှာဖြစ်ပြီး ဒါဟာ စက်မှုလုပ်ငန်းတွေအတွက် အရေးကြီးပြီး တရားမျှတမှု မရှိကြောင်းပြောကြားခဲ့ပါတယ်။ စုံစမ်း စစ်ဆေးမှု ကို ကုန်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အကောက်ခွန်ဌာန၊ ဘဏ္ဍာရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန များလည်း ပါဝင်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ှSource: Berrama.com, KZW
ရော်ဘာနယ်စပ်မှ တင်ပို့မှု ပိုမို စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ရော်ဘာအဆင့်စုံ ၁၆ဝ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၈၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာလည်း မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများကပဲ ရော်ဘာအဆင့်စုံ ၆၉၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၉ဝ၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ရော်ဘာအဆင့်လိုက် တင်ပို့နိုင်မှုများမှာ မူဆယ်မှ MSR (၂ဝ) ၇၆၇ ဒသမ ၅ တန်၊ MSR(၅ဝ) ၃၅ တန် ၊RSS (၃) ၅၉၂ ဒသမ ၅ တန်၊ RSS (၅) တန် ၇ဝ နဲ့ ချင်းရွှေဟော်မှ RSS (၃) တန် ၁၄ဝ အသီးသီး ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးများ လျော့ကျလျက်ရှိသော်လည်း တစ်ဘက်နိုင်ငံဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိတဲ့အတွက် တင်ပို့မှု ပိုမိုရကြောင်းသိရှိရပါတယ်။ ယခုအပတ်နဲ့ ယခင် အပတ် ရော်ဘာမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS(၃) ၃ဝ၆၉၇၁၃ ၃၂၆၄ဝ၈ဝ ၁၉၄၃၆၇ ၆ ၂၉၄၆ ၂၈၇၄ ၇၂ ၂RSS(၅) ၂၉၄၇၆၁၃ ၃ဝ၇၉၈၆ဝ ၁၃၂၂၄၇ ၄ .၅ ၂၇၂၅ ၂၆၅၃ ၇၂ ၂MIRT (DOBT)
ပြည်တွင်းနို့ဆီ လက်ကားဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေး ဒွန်း(နို့ဆီ) ၆၆ဝ ၆၇ဝ ဒွန်း(နို့စိမ်း) ၆၁ဝ ၆၂၅ မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅ လပ်ကီးကောင်း(နို့စိမ်း) ၅၃ဝ ၅၄၅နို့ဆီအမိုျးမိုျးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-နို့ဆီလက်လီဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေး ဒွန်း(နို့ဆီ) ၇ဝဝ ၇၁၅ ဒွန်း(နို့စိမ်း) ၆၅ဝ ၆၆၅ Falcon နို့ဆီ ၆ဝဝ ၆၁၅ Happy Cow ၅၈ဝ ၅၉၅ ဝမ်းတီနို့ဆီ ၆၅ဝ ၆၆၅ ယူကေနို့ဆီ ၆ဝဝ ၆၁၅MIRT (DOT)
ကော့သောင်းမှ နို့ဆီ၊ နို့စိမ်းသွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း Falcon နဲ့ My boy တံဆိပ်နို့ဆီ ၃၉ဝဝ ကာတွန်း နဲ့ My boy တံဆိပ် နို့စိမ်း ၃၆ဝဝ ကာတွန်း၊ စုစုပေါင်း ကန်ဒေါ်လာ ၁၁၉၄၉ဝ ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၂၅ရက်မှ ၃၁ရက်ထိ ကာလ မှာ မြဝတီနဲ့ ကော့သောင်းနယ်စပ်များ မှ နို့ဆီကာတွန်း ၇၁ဝဝ ကျော်နဲ့ နို့စိမ်း ကာတွန်း ၆၃ဝဝကျော် တင်သွင်းခဲ့တာ ဖြစ်တဲ့အတွက် ယခုအပတ်နယ်စပ်မှ နို့ဆီ၊ နို့စိမ်း တင်သွင်းမှု လျော့ကျခဲ့ပါ တယ်။ MIRT(DOBT)